သားသားလား မီးမီးလား ဒယ်ဒီကြိုက်တာပြော
အိမ်ထောင်တစ်ခုတည်ဆောက်လို့ အခြေတကျဖြစ်လာပြီဆိုရင် ဇနီးမောင်နှံတို့ဟာ အိမ်ရဲ့ဆည်းလည်းလေးတွေလိုချင်လာကြပါပြီ။ ဒီအခါမှာ ပန်းရောင်အဝတ်လေးတွေကြိုဝယ်ပြီး မီးမီးလေးပဲလိုချင်တယ်ဆိုသူတွေ၊ အပြာရောင်လေးတွေဝယ်ပြီး အင်တင်နာလေးနဲ့မွေးလာတာလိုချင်တာကွဆိုသူတွေအတွက် ကိုယ်လိုချင်သောသား သို့မဟုတ် သမီး ရဖို့ နည်းလမ်းတွေကို ဒီနေ့ခေတ်အခါမှာ တီထွင်လာကြပါပြီ။ ဒီအထဲကမှ အကောင်းဆုံးနည်းလမ်းတစ်ခုဖြစ်တဲ့ In Vitro Fertilization (IVF)ဆိုတဲ့ ဖန်ပြွန်သန္ဓေ နည်းလမ်းကို ဗဟုသုတအဖြစ် ဝေမျှလိုက်ပါတယ်။
In Vitro Fertilization (IVF) ဆိုတာဘာလဲ?
IVF ဆိုတာ အမျိုးသမီးရဲ့မျိုးဥ နဲ့ အမျိုးသားရဲ့ သုက်ကို ခန္ဓာကိုယ်ရဲ့အပြင်ဘက် တနည်းအားဖြင့် ဓာတ်ခွဲခန်းမှာ သန္ဓေတည်စေပြီး မိခင်လောင်ရဲ့ သားအိမ်ထဲကိုမျိုးအောင်ပြီးသား သန္ဓေသားလောင်းကိုပြန်ထည့်ပေးတာပဲ ဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့ အမျိုးသမီးဆီမှ မျိုးဥများကိုယူကာ အမျိုးသားရဲ့သုက်ကောင်နဲ့ထိတွေ့စေပြီး သန္ဓေသားလောင်းများဖြစ်စေပါတယ်။ ထို သန္ဓေသားလောင်းများကို ဇီဝအနုစိတ် ခွဲခြမ်းစိတ်ဖြာကြည့်ကာ ကျား၊မ ခွဲခြားလိုက်ပါတယ်။ သည့်နောက်မှာတော့ သားသားလေးလိုချင်သူအတွက် သားမျိုးဥသန္ဓေ၊ မီးမီးလေးလိုချင်သူအတွက် သမီးမျိုးဥသန္ဓေကို ယူပြီး မိခင်လောင်းရဲ့သားအိမ်မှာ သန္ဓေပြန်တည်စေပါတယ်။ ကျန်တဲ့စမ်းသပ်ပြီးမျိုးဥသန္ဓေများကိုတော့ဖယ်ထုတ်လိုက်ပါတယ်။ ဒီအခါမှာ ကိုယ်လိုချင်တဲ့ ရင်သွေးငယ်ကို ကျားရယ် မရယ် ခွဲခြားကိုယ်ဝန်ဆောင်နိုင်ပါပြီ။
နည်းလမ်းတိုင်းမှာကောင်းကျိုးဆိုးကျိုးရှိသလိုပဲ IVF ဖန်ပြွန်သန္ဓေမှာလည်း ဆိုးကျိုးရှိပါတယ်။ တစ်ခုကတော့ ကုန်ကျမှုစားရိတ်ပါ။ အနည်းဆုံးသိန်းတစ်ရာကျော်ကုန်နိုင်ပါတယ်။ ဒုတိယအနေနဲ့ကတော့ ဖန်ပြွန်နည်းလမ်းဟာ ကျား၊မလိင်ကို တိတိကျကျခွဲနိုင်ပေမယ့် သန္ဓေသား သားအိမ်မှာတွယ်ပြီး ကိုယ်ဝန်ရသွားဖို့ကိုတော့အာမ မခံပါဘူး။ အချို့သော ဖန်ပြွန်သားလောင်းတွေဝါ မိခင်ရဲ့ သားအိမ်မှာမတွယ်တဲ့အတွက် အချည်းနှီးဖြစ်သွားရတတ်ခြင်းတွေရှိခဲ့ပါတယ်။ ဒါပေမယ့် အောင်မြင်စွာ သန္ဓေတည်မယ်ဆိုရင်တော့ မိဘတို့လိုချင်သလို သားသားလား မီးမီးလား ဒယ်ဒီကြိုက်တဲ့ရင်သွေးကို ရွေးချယ်ကာမွေးဖွားနိုင်ပြီ ဖြစ်ပါကြောင်း။
မေတ္တာဖြင့်
စိုင်းမြတ်သူ
သားသားလား မီးမီးလား ဒယ္ဒီႀကိဳက္တာေျပာ
အိမ္ေထာင္တစ္ခုတည္ေဆာက္လို႔ အေျခတက်ျဖစ္လာၿပီဆိုရင္ ဇနီးေမာင္ႏွံတို႔ဟာ အိမ္ရဲ႕ဆည္းလည္းေလးေတြလိုခ်င္လာၾကပါၿပီ။ ဒီအခါမွာ ပန္းေရာင္အဝတ္ေလးေတြႀကိဳဝယ္ၿပီး မီးမီးေလးပဲလိုခ်င္တယ္ဆိုသူေတြ၊ အျပာေရာင္ေလးေတြဝယ္ၿပီး အင္တင္နာေလးနဲ႔ေမြးလာတာလိုခ်င္တာကြဆိုသူေတြအတြက္ ကိုယ္လိုခ်င္ေသာသား သို႔မဟုတ္ သမီး ရဖို႔ နည္းလမ္းေတြကို ဒီေန႔ေခတ္အခါမွာ တီထြင္လာၾကပါၿပီ။ ဒီအထဲကမွ အေကာင္းဆံုးနည္းလမ္းတစ္ခုျဖစ္တဲ့ In Vitro Fertilization (IVF)ဆိုတဲ့ ဖန္ျပြန္သေႏၶ နည္းလမ္းကို ဗဟုသုတအျဖစ္ ေဝမ်ွလိုက္ပါတယ္။
In Vitro Fertilization (IVF) ဆိုတာဘာလဲ?
IVF ဆိုတာ အမ်ိဳးသမီးရဲ႕မ်ိဳးဥ နဲ႔ အမ်ိဳးသားရဲ႕ သုက္ကို ခႏၶာကိုယ္ရဲ႕အျပင္ဘက္ တနည္းအားျဖင့္ ဓာတ္ခြဲခန္းမွာ သေႏၶတည္ေစၿပီး မိခင္ေလာင္ရဲ႕ သားအိမ္ထဲကိုမ်ိဳးေအာင္ၿပီးသား သေႏၶသားေလာင္းကိုျပန္ထည့္ေပးတာပဲ ျဖစ္ပါတယ္။
ပထမအဆင့္အေနနဲ႔ အမ်ိဳးသမီးဆီမွ မ်ိဳးဥမ်ားကိုယူကာ အမ်ိဳးသားရဲ႕သုက္ေကာင္နဲ႔ထိေတြ႔ေစၿပီး သေႏၶသားေလာင္းမ်ားျဖစ္ေစပါတယ္။ ထို သေႏၶသားေလာင္းမ်ားကို ဇီဝအႏုစိတ္ ခြဲျခမ္းစိတ္ျဖာၾကည့္ကာ က်ား၊မ ခြဲျခားလိုက္ပါတယ္။ သည့္ေနာက္မွာေတာ့ သားသားေလးလိုခ်င္သူအတြက္ သားမ်ိဳးဥသေႏၶ၊ မီးမီးေလးလိုခ်င္သူအတြက္ သမီးမ်ိဳးဥသေႏၶကို ယူၿပီး မိခင္ေလာင္းရဲ႕သားအိမ္မွာ သေႏၶျပန္တည္ေစပါတယ္။ က်န္တဲ့စမ္းသပ္ျပီးမ်ိဳးဥသေႏၶမ်ားကိုေတာ့ဖယ္ထုတ္လိုက္ပါတယ္။ ဒီအခါမွာ ကိုယ္လိုခ်င္တဲ့ ရင္ေသြးငယ္ကို က်ားရယ္ မရယ္ ခြဲျခားကိုယ္ဝန္ေဆာင္ႏိုင္ပါၿပီ။
နည္းလမ္းတိုင္းမွာေကာင္းက်ိဳးဆိုးက်ိဳး႐ွိသလိုပဲ IVF ဖန္ႁပြန္သေႏၶမွာလည္း ဆိုးက်ိဳး႐ွိပါတယ္။ တစ္ခုကေတာ့ ကုန္က်မႈစားရိတ္ပါ။ အနည္းဆံုးသိန္းတစ္ရာေက်ာ္ကုန္ႏိုင္ပါတယ္။ ဒုတိယအေနနဲ႔ကေတာ့ ဖန္ႁပြန္နည္းလမ္းဟာ က်ား၊မလိင္ကို တိတိက်က်ခြဲႏိုင္ေပမယ့္ သေႏၶသား သားအိမ္မွာတြယ္ၿပီး ကိုယ္ဝန္ရသြားဖို႔ကိုေတာ့အာမ မခံပါဘူး။ အခ်ိဳ႕ေသာ ဖန္ႁပြန္သားေလာင္းေတြဝါ မိခင္ရဲ႕ သားအိမ္မွာမတြယ္တဲ့အတြက္ အခ်ည္းႏွီးျဖစ္သြားရတတ္ျခင္းေတြ႐ွိခဲ့ပါတယ္။ ဒါေပမယ့္ ေအာင္ျမင္စြာ သေႏၶတည္မယ္ဆိုရင္ေတာ့ မိဘတို႔လိုခ်င္သလို သားသားလား မီးမီးလား ဒယ္ဒီႀကိဳက္တဲ့ရင္ေသြးကို ေရြးခ်ယ္ကာေမြးဖြားႏိုင္ၿပီ ျဖစ္ပါေၾကာင္း။
ေမတၱာျဖင့္
စိုင္းျမတ္သူ