ကွန်ပြူတာ ဓာတ်မှန် Ultrasound ခဏခဏရိုက်တာ ကလေးထိခိုက်နိုင်လား?

ကွန်ပြူတာ ဓာတ်မှန် Ultrasound ရိုက်တယ်ဆိုတာ ကိုယ်ဝန်ဆောင်စဉ် ၉ လကာလအတွင်းမှာ ကလေးအနေအထားသိဖို့၊ အချင်းအနေအထားသိဖို့၊ ရေမွှာရည် အနည်းအများသိဖို့၊ ယောကျာ်းလေးမိန်းကလေးသိဖို့၊မွေးမယ့်ခန့်မှန်ရက်သိဖို့ ရိုက်ကြပါတယ်။

ပုံမှန်ကိုယ်ဝန်ဆိုရင်တော့ Ultrasound တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ရိုက်ရတတ်ပါတယ်။ တစ်ချို့လည်း လိုအပ်ချက်အရ၊ ဆရာဝန်ညွှန်ကြားချက်အရ အကြိမ်ရေများများရိုက်ရတတ်ပါတယ်။

Ultrasound ပိုရိုက်ရနိုငိတဲ့အနေအထားတွေကတော့

  • အမွှာကိုယ်ဝန်ဆောင်တွေ
  • ကိုယ်ဝန်ပျက်ကျဘူးသူတွေ
  • အချင်းအရှေ့ရောက်သူတွေ
  • ကိုယ်ဝန်ဆောင်စဉ် သွေးဆင်းသူတွေ
  • ကိုယ်ဝန်ဆိပ်တက်သူတွေ
  • ဆီးချို၊ သွေးတိုးရှိနေသူတွေမှာပိုရိုက်ရတတ်ပါတယ်။

Ultrasound ရိုက်တာ အန္တရာယ်ကင်းမကင်းသိနိုင်ဖို့အရင်ဆုံးUltrasound ဘယ်လိုရိုက်တယ်ဆိုတာ ပြောပြချင်ပါတယ်။Ultrasound ရိုက်တဲ့အခါ အသံလှိုင်းတွေထွက်ပါတယ် ။ ဒီအသံလှိုင်းတွေက ကလေးဆီကိုရောက်သွားပြီး တန်ပြန်လာတဲ့အခါ ပုံရိပ်လေးတွေထွက်ပေါ်လာပါတယ်။ဒီလို ထွက်လာတဲ့လှိုင်းတွေနဲ့အတူ အပူဓာတ်တွေပါထွက်ပါတယ်။သိပ်စိတ်ပူစရာမလိုတာကတော့ ထွက်လာတဲ့ အပူဓာတ်ဟာ နည်းလွန်းပြီး 1°C ထက်နည်းတယ်လို့ဆိုပါတယ်။ဒါ့အပြင် ဒီအပူလှိုင်းဟာ ကလေးဆီကို တိုက်ရိုက်ရောက်မှာမဟုတ်ဘဲ ရေမွှာရည်ကို ဖြတ်သေးတာမို့ ကလေးဆီရောက်တာအတော်နည်းသွားပါတယ်။ဓာတ်မှန်ဆရာဝန်ကလည်း တစ်နေရာထဲကိုရိုက်တာမဟုတ်ဘဲ ဗိုက်အနှံရိုက်တာမို့ ကလေးရဲ့ ကိုယ်အဂါၤ အစိတ်အပိုင်း တစ်ခုထဲကို ထိခိုက်မှာတေ့ာမပူရပါဘူး။

ဒါဆို Ultrasound ကလုံးဝစိတ်ချရတဲ့ စစ်ဆေးမှုလား?

တကယ့်လက်တွေ့မှာ Ultrasound ဟာအရမ်းအသုံးဝင်တဲ့ အချက်အလက်တွေအများကြီးပေးတဲ့ လွယ်ကူတဲ့ စစ်ဆေးမှုပါ။တိုးတက်လာတဲ့ ဆေးပညာလောကမှာ စက်ပစ္စည်းအသစ်တွေ၊ ဆေးအသစ်တွေအများကြီးပေါ်လာတဲ့အထဲမှာ Ultrasound ပေါ်လာတာ ၁၀နှစ်ကျော်ပဲ ရှိပါသေးတယ်။ဒီ နှစ်တွေအတွင်းမှာတေ့ာ Ultrasoundရိုက်လို့ကလေးထိခိုက်တယ်ဆိုတဲ့သက်သေတွေတော့မရှိသေးပါဘူး။ ဒါတွေကြောင့် ကိုယ်ဝန်ဆောင်စဉ်ကာလအတွင်းမှာ *၅*ကြိမ်အထိ စိတ်ချလက်ချရိုက်နိုင်တယ်လို့ဆိုပါတယ်။ဒီထက်ပိုရိုက်ဖို့လိုမယ်ဆိုရင်တော့ ဆရာဝန်က ကောင်းကျိုးဆိုးကျိုး ၊ လိုအပ်မလိုအပ်ကို ချင့်ချိန်ပေးပါလိမ့်မယ်။ဒါကြောင့်မေမေတို့ကိုပြောခြင်တာကတော့ Ultrasoundကို ဆရာဝန်ညွှန်ကြားလို့လိုအပ်မှသာရိုက်ကြပါလို့။

မယ်တင်(ဆေး ၁)

ကြန္ျပဴတာ ဓာတ္မွန္ Ultrasound ခဏခဏရိုက္တာ ကေလးထိခိုက္ႏိုင္လား?

ကြန္ျပဴတာ ဓာတ္မွန္ Ultrasound ရိုက္တယ္ဆိုတာ ကိုယ္ဝန္ေဆာင္စဥ္ ၉ လကာလအတြင္းမွာ ကေလးအေနအထားသိဖို႔၊ အခ်င္းအေနအထားသိဖို႔၊ ေရမႊာရည္ အနည္းအမ်ားသိဖို႔၊ ေယာက်ာ္းေလးမိန္းကေလးသိဖို႔၊ေမြးမယ့္ခန္႔မွန္ရက္သိဖို႔ ရိုက္ၾကပါတယ္။

ပံုမွန္ကိုယ္ဝန္ဆိုရင္ေတာ့ Ultrasound တစ္ႀကိမ္၊ ႏွစ္ႀကိမ္ခန္႔ ရိုက္ရတတ္ပါတယ္။ တစ္ခ်ိဳ႕လည္း လိုအပ္ခ်က္အရ၊ ဆရာဝန္ညႊန္ၾကားခ်က္အရ အႀကိမ္ေရမ်ားမ်ားရိုက္ရတတ္ပါတယ္။

Ultrasound ပိုရိုက္ရႏိုငိတဲ့အေနအထားေတြကေတာ့

  • အမႊာကိုယ္ဝန္ေဆာင္ေတြ
  • ကိုယ္ဝန္ပ်က္က်ဘူးသူေတြ
  • အခ်င္းအေရွ႕ေရာက္သူေတြ
  • ကိုယ္ဝန္ေဆာင္စဥ္ ေသြးဆင္းသူေတြ
  • ကိုယ္ဝန္ဆိပ္တက္သူေတြ
  • ဆီးခ်ိဳ၊ ေသြးတိုးရွိေနသူေတြမွာပိုရိုက္ရတတ္ပါတယ္။

Ultrasound ရိုက္တာ အနၱရာယ္ကင္းမကင္းသိႏိုင္ဖို႔အရင္ဆံုးUltrasound ဘယ္လိုရိုက္တယ္ဆိုတာ ေျပာျပခ်င္ပါတယ္။Ultrasound ရိုက္တဲ့အခါ အသံလႈိင္းေတြထြက္ပါတယ္ ။ ဒီအသံလႈိင္းေတြက ကေလးဆီကိုေရာက္သြားၿပီး တန္ျပန္လာတဲ့အခါ ပံုရိပ္ေလးေတြထြက္ေပၚလာပါတယ္။ဒီလို ထြက္လာတဲ့လႈိင္းေတြနဲ႔အတူ အပူဓာတ္ေတြပါထြက္ပါတယ္။သိပ္စိတ္ပူစရာမလိုတာကေတာ့ ထြက္လာတဲ့ အပူဓာတ္ဟာ နည္းလြန္းၿပီး 1°C ထက္နည္းတယ္လို႔ဆိုပါတယ္။ဒါ့အျပင္ ဒီအပူလိွုင္းဟာ ကေလးဆီကို တိုက္ရိုက္ေရာက္မွာမဟုတ္ဘဲ ေရမႊာရည္ကို ျဖတ္ေသးတာမို႔ ကေလးဆီေရာက္တာအေတာ္နည္းသြားပါတယ္။ဓာတ္မွန္ဆရာဝန္ကလည္း တစ္ေနရာထဲကိုရိုက္တာမဟုတ္ဘဲ ဗိုက္အႏွံရိုက္တာမို႔ ကေလးရဲ႕ ကိုယ္အဂါၤ အစိတ္အပိုင္း တစ္ခုထဲကို ထိခိုက္မွာေတ့ာမပူရပါဘူး။

ဒါဆို Ultrasound ကလံုးဝစိတ္ခ်ရတဲ့ စစ္ေဆးမႈလား?

တကယ့္လက္ေတြ႕မွာ Ultrasound ဟာအရမ္းအသံုးဝင္တဲ့ အခ်က္အလက္ေတြအမ်ားႀကီးေပးတဲ့ လြယ္ကူတဲ့ စစ္ေဆးမႈပါ။တိုးတက္လာတဲ့ ေဆးပညာေလာကမွာ စက္ပစၥည္းအသစ္ေတြ၊ ေဆးအသစ္ေတြအမ်ားႀကီးေပၚလာတဲ့အထဲမွာ Ultrasound ေပၚလာတာ ၁၀ႏွစ္ေက်ာ္ပဲ ရွိပါေသးတယ္။ဒီ ႏွစ္ေတြအတြင္းမွာေတ့ာ Ultrasoundရုိက္လို႔ကေလးထိခိုက္တယ္ဆိုတဲ့သက္ေသေတြေတာ့မရွိေသးပါဘူး။ ဒါေတြေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္ကာလအတြင္းမွာ *၅*ႀကိမ္အထိ စိတ္ခ်လက္ခ်ရိုက္ႏိုင္တယ္လို႔ဆိုပါတယ္။ဒီထက္ပိုရိုက္ဖို႔လိုမယ္ဆိုရင္ေတာ့ ဆရာဝန္က ေကာင္းက်ိဳးဆိုးက်ိဳး ၊ လိုအပ္မလိုအပ္ကို ခ်င့္ခ်ိန္ေပးပါလိမ့္မယ္။ဒါေၾကာင့္ေမေမတို႔ကိုေျပာျခင္တာကေတာ့ Ultrasoundကို ဆရာဝန္ညႊန္ၾကားလို႔လိုအပ္မွသာရိုက္ၾကပါလို႔။

မယ္တင္(ေဆး ၁)

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *