လက်ကိုင်ဖုန်းတာဝါတွေက ကင်ဆာဖြစ်စေသတဲ့လား
မြန်မာပြည်မှာ ကင်ဆာတွေကများလို့ အော်နေကြရတဲ့၊ လက်ရှိအချိန်မှာ၊ အသုံးများလာတဲ့ လက်ကိုင်ဖုန်းအမျိုးမျိုးအတွက်၊ ဆက်သွယ်ရေးတာဝါတိုင်တွေက၊ ရပ်ကွက်လူနေစိတ်တဲ့ မြို့လယ် နေရာတွေပါမရှောင်၊ နေရာအနှံ့၊ ဆောက်လုပ်လာကြတယ်။ ဆေးရုံအနီး ကျောင်း အနီးမရှောင်၊ ဖုန်းကုမ္ပဏီတွေက နေရာငှားလာရင် ကျန်းမာရေးအသိ မလေ့လာဘဲ၊အိမ်ပိုင်ရှင် မြေပိုင်ရှင်တွေက၊ မြေငှားခ မြိုးမြိုးမျက်မျက်လေးရတာ တစ်ခုထဲမြင်ပြီး၊ မိမိတိုက်အမိုးပေါ် (သို့) အိမ်ဝန်းထဲမှာ၊ ဖုန်းတာဝါတွေက စိုက်ထူခံကြပါတယ်။ နေ့တဓူ၀ ထွက်နေတဲ့ လျှပ်စစ် သံလိုက်စက်ကွင်း၊ (Electro- megnectic wave)တွေရဲ့၊ ဆိုးကျိုးကို မိမိအပါအဝင် မိသား စုဝင်ရော၊ ပတ်ဝန်းကျင်အနီးရှိ လူတွေအားလုံးပါ၊ မဆီမဆိုင် ခံစားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်နပ်စား ဝင်ငွေရရုံလေးနဲ့ မိမိတို့အတွက်ရော ပတ်ဝန်းကျင်ရှိ ကလေးလူ ကြီးအတွက်ပါ ကျန်းမာရေးဆိုင်ရာ အန္တရာယ်ရှိတဲ့၊ မိုးဘိုင်းဖုန်းတာဝါတွေအကြောင်းကို လေ့လာဖော်ပြလိုက် ပါတယ်။ ဆင်ခြင်စဉ်းစားကြဘို့ပါ။
အဲဒီတာဝါတွေကြောင့်၊ ဦးနှောက်ကင်ဆာ ဖြစ်စေတယ်လို့၊ (Kasliwals)ဆိုသူ ဂျေပါး (Jarpur) မြို့မှာ၊ နေထိုင်သူက ပြောခဲ့တယ်။ သူ့အိမ်နီးနားမှာ ဖုန်းတာဝါ ၃ ခု လာထောင် အပြီးသူနဲ့ တခြားတစ်ယောက်မှာ၊ ဦးနှောက်ကင်ဆာ ခံစားလာရတာပါ။ဒါ့အပြင်၊ သူ့ ပတ်ဝန်းကျင် က အိမ်နီးချင်းမိသားစု ၅၀ မှာလည်းသာမာန်နဲ့ သာမန်ထက်ပိုတဲ့ရောဂါ လက္ခ တွေ၊ ခံစားခဲ့ကြရတာ တွေ့ကြရတယ်။
”လွန်ခဲ့တဲ့နှစ်က၊ကျနော့ညီ ပရာမိုဒ်နဲ့ကျနော့်မှာ ဦးနှောက်ကင်ဆာဖြစ်လာခဲ့တယ်။ ကျနော် ညီက အသည်းအသန်ကို ခံဏားခဲ့ရတာလို့၊ ဆန်ဂျေးကပ်စ်လီဝါ (Sanjay Kasliwals) ကပြောခဲ့တယ်။ သူတို့မှာ အရင့်အရင်တုန်းက၊ ဘယ်မိသားစုဝင်မှာမှ၊ ကင်ဆာ ဖြစ်ဖူးတဲ့ ရာဇဝင်မရှိခဲ့ဘူး။
အဲ့ဒါကို၊ ကျွမ်းကျင်သူတွေက လက်ခံသဘောတူခဲ့ကြပြီး၊ (မိုဘိုင်းတာဝါတွေရဲ့ အနီး မီတာ ၅၀ အတွင်းနေထိုင်သူတွေဟာ၊ မိုက်ခရိုဝေ့(သံလိုက်လှိုင်း) မီးဖိုနဲ့ ၂၄ နာရီပတ်လုံး ထိတွေ့ နေရသူတွေနဲ့ အလားတူညီတယ်လို့၊လျှပ်စစ်အင်္ဂျင်နီယာဌာနမှူး ပါမောက္ခ ဂျီရစ်ရှ် ကူးမား(Prof. Girich Kumar) က၊ သတိပေးခဲ့တယ်။ (IIT Bombay) မှာ နေထိုင်တဲ့၊ အဲဒီ ပါမေက္ခဟာ၊ ၂၀၁၀ ဒီဇင်ဘာလထဲက၊ တယ်လီဖုန်းဆက်သွယ်ရေးဌာနသို့ ဆဲလ်ဖုန်းတာဝါ တွေရဲ့ radiation wave လှိုင်းတွေ ဖြာထွက်နေပုံ အန္တရာယ် ပေးပုံတွေကြောင့် သုတေသန စာတမ်း တင်ပြခဲ့သူဖြစ်တယ်။ အဲဒီနောက်၊ ၂၀၁၀ ဇန်နဝါရီလမှာ၊ ဝန်ကြီးဌာနဆိုင်ရာ ကော်မတီက၊ wave လှိုင်းထုတ်လွှင်မှုကို၊ ၄၅၀ mw/sq.m အထိ လျှော့ချဘို့ အကြံပြုစာ ညွှန်ကြားချက် ထုတ်ခဲ့ပေမဲ့၊ အခုထက်ထိတော့။ အကောင်အထည် မပေါ်သေးဘူးလို့ ထပ် ပြောသေးတယ်။
ပြင်းထန်စွာ ထိတွေ့ရသူတွေမှာ၊ ကင်ဆာအထိ ဖြစ်လာသလို၊ မိုဘိုင်းတာဝါ တွေနဲ့ နီးကပ်စွာနေထိုင်သူတိုင်းမှာ ညအိပ်မပျော်လွယ်တာ၊ ခေါင်းခဲခေါင်းကိုက်တာ၊ အလိုလို နှုန်းချည့် အားမရှိသလို ခံစားရတာနဲ့ အဆစ်အမြစ်တွေ နာကျင်တာတွေခံစားရ ပါတယ်။
မိုဘိုင်းဖုန်းတွေကို အမြဲတမ်းနဲ့ နာရီများစွာ နေ့စဉ်သုံးစွဲသူတွေမှာ၊ ဦးခေါင်းနဲ့ ဦးနှောက် ရောင်ရမ်းတာ၊ ခေါင်းကိုက်တာ၊ နားကြာအာရုံချွတ်ယွင်းတာ နားရွက်အပူလောင် တာ၊ စိတ်ပူပင် သောကများတာဖြစ်ပေါ်လာစေတယ်လို့၊ နယူးဒေလီ အင်ထရာပရာစတာ အပိုလိုဆေးရုံကြီးမှ၊ ကင်ဆာခွဲစိတ်ဆရာကြီး Dr Sameer Kaul ကလည်း၊ ပြောပြတယ်။
အဲဒီအန္တရာယ်တွေဟာ၊ အသက်ငယ်တဲ့ ကလေးတွေကို ပိုထိခိုက်စေတယ်။ သူတို့မှာ ပါးလွှာ သေးငယ်တဲ့ ဦးခေါင်းခွံပဲ ရှိနေသေးလို့ဖြစ်ပါတယ်။ ဒါ့ကြောင့် ၁၂ နှစ်နဲ့ အဲဒီအောက် အရွယ်ရှိ ကလေးတွေကို မိုဘိုင်းဖုန်းတွေလုံး၀ ပေးမသုံးသင့်ပါဘူး။
စက်ရုံတွေ မိုဘိုင်းကုမ္ပဏီတွေဖက်ကလည်း ပြန်လည်ငြင်းချက်ထုတ်ကြတယ်။ သူတို့ မှာ ကျယ်ပြန့်စွာလေ့လာထားတဲ့၊ သိပ္ပံနည်းကျ ပြုစုထားတဲ့ သုတေသနစာတမ်း တွေရှိကြောင်း၊ လျှပ်စစ် သံလိုက်လှိုင်းတွေကြောင့် ရောဂါဆိုးတွေဖြစ်စေတယ်လို့ ကောက် ချက်ချနိုင်တာတွေ မတွေ့ ရကြောင်း။ အပြည်ပြည်ဆိုင်ရာ ကော်မတီက၊ ညွှန်ကြားထားတဲ့ ဓါတ်ရောင်ခြည် အန္တရာယ် ကာကွယ်သင့်တဲ့ ပမာဏ အချိုးအစား လယ်ဗယ်တွေကသာ၊ ဘယ်သူကိုမဆို ကျန်းမာရေး ထိခိုက်နိုင်သေးကြောင်း။ စသဖြင့် ရာဂျန်မက်သယူးဆိုသူ ဆယ်လူလာဖုန်းအော်ပရေတာ အဖွဲ့ အစည်းမှ ဒါရိုက်တာအကြီးအကဲက ချေပပြော ဆိုခဲ့တယ်။ ကုမ္ပဏီဖက်ကတော့ ကိုယ့်ငါးချဉ် ကိုယ်ချဉ်တဲ့ ဘက်လိုက် ပြောဆိုမှုကတော့၊ ရှိနိုင်တာပါပဲ။ သူတို့စီးပွားရေးမထိခိုက်အောင်၊ လည်ဆည်ပြောဆိုဘို့၊ ဝန်လေးကြမှာ မဟုတ်ဘူး။
ဖုန်းတာဝါတွေရဲ့အန္တရာယ်များ
ဖုန်းတာဝါတွေရဲ့ ပတ်လည် မီတာ ၅၀ အကွာမှာ နေတဲ့သူတွေဟာ၊ ခဲသတ္တူ ,ဒီတီတီ ပိုးသတ်ဆေး၊ကလိုရိုဖောင်း၊ရေနံ ဓါတ်ဆီထွက် အညစ်အကြေးတွေနဲ့ ထိတွေ့နေရသူတွေလို၊ ကင်ဆာဖြစ်ဘို့ အလားအလာ ထပ်တူရှိနေတယ်။ Kasliwalနဲ့ အိမ်နီးချင်း ၅၀ မှာ ကျန်းမာရေးပြဿနာတွေ တေါ့နေရသလို၊ အခြားအိမ်နီးချင်း ၇ ယောက်မှာလည်း၊ ၂၀၀၃ ခုနှစ်က ဖုန်းတာဝါတာတိုင် စထောင်လာပြီးတဲ့နောက်ပိုင်းမှာ၊ ကင်ဆာ ဖြစ်ပွားလာတာတွေ့ရ တယ်။
Kasliwal မှာ ညီအကို ၃ ယောက်အနက်၊ သူနဲ့ သူ့ညီက ဦးနှောက်ကင်ဆာဖြစ်လာ သလို၊ သူတို့ ခွေးတစ်ကောင်လည်း၊ ကင်ဆာဖြစ်ပြီး ဆုံးသွားတယ်။ (ပြီးခဲ့တဲ့ နှစ်မှာ ကျနော်နဲ့ ကျနော့်ညီ ကင်ဆာခံစားရတော့ ဆရာဝန်က ဓါတ်ရောင်ခြည်တွေနဲ့ ထိတွေ့မှု ရာဇဝင် ရှိသလားလို့ မေးခဲ့တယ်။ ကျနော်တို့အတွက် တစ်နေရာထဲမှာ၊ ထပ်တူထိတွေ့နေ ရတာက၊ ဘေးအိမ်ထဲလာ စိုက်ထူထားတဲ့၊ ဆဲလ်ဖုန်းတာဝါတိုင်ကြီးတွေဆီက၊ လျှပ်စစ်သံ လိုက်လှိုင်းထိတွေ့မှုပဲရှိပါတယ်။) ဒါ့ကြောင့် ဦးနှောက်ကင်ဆာ ဖြစ်ရတာရဲ့ အဓိက တရားခံ ဟာ၊ ဆဲဖုန်းတာဝါလို့ ပြောလို့ရပါတယ်။ အဲဒီတာဝါတွေဟာ၊ ဂျေးပါမြူနီစပါယ်ဆီက ခွင့်ပြုမိန့်လည်း၊ မရှိပဲ လာရောက်စိုက်ထူထားတဲ့ တရာမဝင်တာဝါတွေ ဖြစ်နေပြန်တယ်လို့၊ Kasliwal က ဆက်ပြောပြတယ်။
WHO ရဲ့အပြည်ပြည်ဆိုင်ရာ ကင်ဆာသုတေသနအေဂျင်ဆီရဲ့ အဆိုအရဆိုရင်၊ ဆဲလ်ဖုန်း တွေက ထွက်လာတဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက၊ လူတွေကို ကင်ဆာဖြစ်စေတဲ့ ကာစီနိုဂျင်လှိုင်း တွေ ထုတ်လွှင်နေတယ်။ ဦးနှောက်ထဲမှာ Glioma ဂလီယိုးမားခေါ်တဲ့ ကင်ဆာကိုဖြစ်စေတယ်။ ဖုန်းတာဝါတိုင်တွေက ထုတ်လုပ်တာကြောင့်ဖြစ်တယ်၊လို့ဖော်ပြ ထားပါတယ်။
တာဝါရဲ့ အနီးဘယ်လောက်ဝေးဝေးအထိ အန္တရာယ်ကျရောက်စေ့မယ်ဆိုတာကတော့၊ တာဝါတိုင်ကနေ ဆဲလ်ဖုန်း ဘယ်လောက်အနည်းအများနဲ့ အဆက်အသွယ်လုပ်နေ သလဲဆို တဲ့ အပေါ် မူတည်နေတယ်။ သူကနေ ၂၄ နာရီပတ်လုံး လှိုင်းတွေများများ တောက် လျှောက် ထုတ်လွှင် နေတယ်ဆိုရင်၊ အနီးရပ်ကွက်ကလူတွေအတွက် အန္တရာယ်ပိုမိုကြီးမားပါတယ်။ အဲဒါကိုတော့၊ ၂၀၀၉ ခုနှစ်ထဲမှာ၊ လျှပ်စစ်သံလိုက်လှိုင်းကျွမ်းကျင်ပညာရှင်ကော်မတီ အဖွဲ့က ပြောဆိုခဲ့တာ ဖြစ်ပါ တယ်။
ဖုန်းတာဝါအနီးနေတဲ့သူတွေအတွက် အားပေးစကားပြောသလို ဖြစ်ရတာကတော့၊ အိန္ဒိယအစိုးရဲ့ ကြိုတင်ခန့်မှန်းထုတ်ပြန်ချက်ပဲဖြစ်တယ်။ အဲဒီအစိုးရအာဘော်ကတော့ (ဆက်သွယ်ရေးတာဝါတွေကြောင့်၊ ကျန်းမာရေးပြဿနာတွေ ခံစားရတယ်ဆိုတဲ့၊ သိပ္ပံ နည်းကျ သက်သေပြချက် တစ်စုံတစ်ခုမှ၊ အိန္ဒိယမှာ၊ မရှိသေးဘူး။ WHO က လျှပ်စစ်လှိုင်း ထုတ်လွှင်တဲ့ အရေအတွက်ကို၊ ဘယ်လောက်ဘယ်လောက်ပဲ တပ်ဆင်ရမယ်ဆိုတာ ညွန်ကြားထားတာရှိတယ်။ အိန္ဒိယမှာ တပ်ဆင်ထားတာက၊ WHO ညွှန်ကြားတဲ့ အရေအတွက် (radiation emission norms) ထက်ကို၊ နည်းပါးပြီးစိတ်ချရတဲ့၊ အနေအထားရောက်အောင်၊ တပ်ဆင်ထားတာပါလို့၊ R Chandrasekhar ဆိုသူ ဆက်သွယ်ရေးဌာန အတွင်းရေးမှူးက ပြောခဲ့တယ်။ အိန္ဒိယအစိုးရကလည်း၊ သိပ္ပံနည်းပညာ ဌာန လက်အောက်မှာ ကော်မတီဖွဲ့ပြီး၊ အမြဲလေ့လာ ဆန်းစစ်နေတယ်လို့လည်း၊ ဆိုပါတယ်။
ဒါပေမဲ့၊ ၂၀၀၉ ခုနှစ်ကတည်းက လက်ခံအသုံးပြုခဲ့တဲ့၊ (Radiation norms) အရေအတွက်က၊ ဒိတ်အောက်နေပြီ၊ သူတို့ အာမခံထားတာကလည်း၊ (radiation hazard) အန္တရာယ်ကို၊ခဏတဖြုတ်လေးသာခံရတဲ့သူတွေအတွက်သာ၊မထိခိုက်စေဘူးလို့ဆိုလိုတာဖြစ်တယ်။ ကင်ဆာ လို၊ မျိုးရိုးဗီဇ ထိခိုက်ခြင်းလို (Bilolgical effects) ထိ တယ်လို့ မပြောနိုင်ပါ ဘူး)လို့၊ (I I T) ဘုံဘေ မြို့ လျှပ်စစ်အင်ဂျင်နီယာဌာန ပါမောက္ခ ကျွမ်းကျင် ပညာရှင်၊Dr Girish Kumar က ထပ်ပြောပြန် တယ်။ သူကိုယ်တိုင်ကလည်း၊ ဖုန်းတာဝါတိုင်တွေနဲ့ ပတ်သက်တဲ့၊လျှပ်စစ်လှိုင်းဖြာထွက်မှု အန္တရာယ်တွေကို၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေထံသို့၊ ဖော်ထုတ်တင်ပြပေးသူဖြစ်တယ်။ အဲဒီအန္တရာယ်တွေက ကင်းလွတ်နိုင်တာက၊ တနေ့မှာ ၆ မိနစ်လောက်သာ၊ အဲဒါတွေနဲ့ ထိတွေ့တာဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ နေ့စဉ်ရက်ဆက် အဲဒါတွေနဲ့ ၂၄ နာရီပတ်လုံး(၂၄/၇) ထိတွေ့နေရသူ၊ အဲဒီပတ်လည်ရဲ့၊ လျှပ်စစ်သံလိုက်လှိုင်း ထုတ်လွှင်မှုဟာ၊ E M F (၄၅၀၀ mw/ sq2) ပမာဏအထိ ရှိနေတယ်။
အဲဒီ တင်ပြချက် (report)ပို့ပြီးတဲ့နောက်မှာတော့၊ EMF ထုတ်လွှင်မှုကို၊ (၄၅၀ m2 ) အထိ လျှော့ချပေးဘို့၊ ၂၀၁၁ ခုနှစ်ထဲမှာ၊ ညွှန်ကြားချက်ထွက်လာတယ်။ ဒါပေမဲ့လည်း၊ လက်တွေ့ အကောင်အထည်ဖော်လာတာတွေ အခုထိ မတွေ့ရသေးဘူးလို့။ Kumar က ညည်းတွား ပြောဆိုခဲ့တယ်။
၂၀၁၁ ခုနှစ်ကုန်ပိုင်းရောက်တော့၊ အိန္ဒိယတစ်နိုင်လုံးမှာ၊ ဖုန်းတာဝါတိုင်ပေါင်း ၅.၄ သိန်း ရှိနေပြီး၊ ဒေလီမြို့ကြီးတစ်ခုထဲတင်၊ ၅၃၆၄ တိုင်ရှိနေတယ်။ တရားဝင်ရော တရားမဝင် စိုက်ထူထား တာတွေမပါအဝင်ပေါ့။
အထိနာနေတဲ့ သူတွေ
မွန်ဘိုင်းမြို့နေ ဆုရှီလာ (Suchila Shah 57 years old)ဆိုတဲ့၊ အိမ်ရှင်မတစ်ယောက် ကင်ဆာရောဂါခံစားရတာကလည်း ၅၀ ပေအကွာမှာ၊ အိမ်နီးဝန်းကျင်ရှိ အဆောက်အဦး အသီးသီး တွေအပေါ် အဆင့်ဆင့်အလိုက်၊ တပ်ဆင်ထားတဲ့၊ ဖုန်းတာဝါပေါင်း ၂၀ ရှိနေလို့ ဖြစ်နိုင်ပါတယ်။သူမက၊ ကျွမ်းကျင်သူတွေကို သူ့အိမ်ထဲရှိ လျှပ်စစ်သံလိုက်လှိုင်းပမာဏာ ကိုတိုင်း တာခိုင်းတော့၊ အမြင့်ဆုံးထုတ်လွှတ်နေတဲ့ တာဝါတွေရှိတဲ့ တောင်ကုန်းနိမ့်မြင့်အနီးရှိ၊ သူတို့အိမ် အိပ်ခန်းမီးဖိုချောင် နဲ့ အခန်းကျယ်ကြီးတွေအတွင်းမှာ၊ မြင့်မားစွာ အန္တရာယ်ရှိတဲ့ ဇုန်ဖြစ်နေတာ၊ တွေဖြစ်နေကြတယ်။ ” ကျွန်မတို့မှာ နေ့တိုငးပဲ ခေါင်းကိုက်တာ ကြွက်သား တွေနာကျင်တာ၊ ပြောမပြတာ အဲဒီတာဝါတိုင် တွေရှိတာ လွန်ခဲ့ ၃ နှစ်လောက်ကတည်းကပဲ။ ဘေးပတ်ဝန်းကျင်လူထုကို၊ အဲဒီကတည်းက စဒုက္ခပေးနေတော့တာပဲလို့၊ ဆုရှီလာက ပြောပြ တယ်။ အဲဒီရဲ့အနောက်ဖက်၊ ဗီကာ ပူရီ အပိုင်းမှာ နေထိုင်တဲ့၊ သူတွေပြောကြတာကတော့၊ ကျေးငှက်တရိစ္ဆာန်တွေတောင်၊ လွန်ခဲ့တဲ့ ၇ နှစ်က၊ဒီဖက်မှာ တာတိုင်တွေ လာဆောက်က တည်းက၊ အသိုက်လာမလုပ်ကြတော့ဘူး လို့ ပြောကြတယ်။ ပတ်ဝန်းကျင်လူတွေကလည်း၊ ကန့်ကွက်ရကောင်းမှန်း၊ သဘောတူခွင့်ပြုချက်ပေးမှ ဆောက်လို့ ရမယ်မှန်းလည်း မသိကြ ဘူး။ AK Anand ဆိုသူက၊ အဲဒီတာဝါတိုင်တွေ ရပ်ကွက်ထဲကနေ ဖယ်ရှားဘို့ အထက်သက် ဆိုင်ရာထံစာတင်ဘို့၊ ပြင်ဆင်နေတယ်။
လူနေရပ်ကွက်စိုက်ထူ မယ်ဆိုရင်၊ အကျိုးအပြစ်ရှင်ပြပြီး၊ ပတ်ဝန်းကျင်လူထုထံမှ စိုက်ထူခွင့်ပြုကြောင်း လက်မှတ်ထိုးထားတဲ့စာ မပါဘဲ၊ ဖုန်းတာဝါတိုင်စိုက်ရင်၊ဒါဟာ တရား မဝင်ဘူး။ သက်ဆိုင် မြူနီစပါယ်ဌာနကို တိုင်ကြားနိုင်တယ်လို့၊ ” Mahender Nagpal” ဆိုတဲ့ ဒေလီ အနောက်မြူနီစပါယ် အဖွဲ့ခေါင်းဆောင်က ပြောတယ်။ အပြောသာရှီပြီး အလုပ်မဖြစ်၊ အရေးလည်းမယူလို့၊AK Anandတို့တော့၊ အိမ်နီးချင်းတွေ လူစုပြီး၊သက်ဆိုင်ရာ တရားရုံးက နေတရားစွဲဘို့၊ ပြင်ဆင်နေကြတာပါ။
ပြဿနာကို ဖြေရှင်းဘို့ ကြိုးစားကြခြင်း
တိကျတဲ့ စည်းကမ်းသတ်မှတ်ချက်နဲ့ ဥပဒေတွေ မထွက်မချင်း အောက်ပါ ကျန်းမာရေး ပြဿနာတွေက၊ တာဝါတိုင်တွေ အနီးနေထိုင်သူတွေ ခံစားရမဲ့ဝေဒနာတွေ ဖြစ်ကြတယ်။
အဲဒါတွေကတော့၊ အိပ်မပျော်တဲ့ ပြဿနာ၊ ခေါင်းကိုက် ခေါင်းမူတာ၊ တုန့်ပြန်မှု မမှန်တာ၊ စိတ်ဓါတ်ကျတာ၊ အင်အားချည့်နဲ့တာ၊ အဆစ်အမြစ် နာကျင်တာ၊ နှလုံးဆိုင်ရာ ဝေဒနာခံစားရတာ၊ အယ်လ်ဇိုင်းမားသက်ကြီး သတိမေ့လွန်ရောဂါခံစားရတာ၊ ပါကင်ဆန်ဆို တဲ့ ခြေတုန် လက်တုန်ရောဂါ ဝေဒနာခံစားရတာ၊ ဆဲတွေအတွင်း ဒီအင်အေ ချွတ်ယွင်းမှုတွေ နဲ့ ကင်ဆာဝေဒနာ Girish Kumar က၊ တယ်လီဖုန်းဆက်သွယ်ရေးဌာနသို့ တင်သွင်းတဲ့ စာတမ်းမှာ ဖော်ပြထားတာဖြစ်ပါတယ်။
ဖုန်းသုံးနေစဉ်ဖြစ်ဖြစ် မသုံးနေစဉ်ဖြစ်ဖြစ် ဖုန်းကထွက်တဲ့ လှိုင်းတွေက ကျန်းမာရေးကို ထိခိုက် စေသလား
ကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဥပမာပြောရရင်၊ လက်ဖုန်းနဲ့ စကားပြောလို့ မိနစ် ၂၀ ကြာတဲ့အခါ နားရွက်ပတ်ဝန်းကျင်မှာ ပူလောင်တာခံစားရတယ်။ ဘာကြောင့်လဲဆိုတော့၊ နားရွက်တွေ မှာ ၁ ဒီဂရီ ဆဲလ်စီးယပ်အထိ အပူချိန်မြင့်တက်လာလို့ ဖြစ်ပါတယ်။ တစ်နေ့လုံး ဖုန်းပြောမယ်ဆိုရင်၊ ၆၀ မိနစ်အထိပဲ၊ အန္တရာယ်နည်းစွာပြောနိုင်တယ်။ အဲလောက်ပြော မယ်ဆိုရင်တော့၊ ဆဲလ်ဖုန်းတွေက တစ်ဝပ် မှ ၂၀ ဝပ်လောက်အထိ အန္တရာယ်မြင့်မားတဲ့၊ ပါဝါတွေ ထုတ်လွှတ်နေတာကြောင့် ၆ မိနစ် ထက် ပိုမပြောသင့်ဘူး။ အမေရိကန်မှာတော့ အဲဒီ အတိုင်းလိုက်နာကြ ပေမဲ့၊ အိန္ဒိယနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံ တွေမှာ လက်ကိုင်ဖုန်းပြောရင် သတိထား သင့်တဲ့ ဆောင်ရန် ရှောင်ရန်တွေကို၊ ပညာပေးတာ အားနည်းကြတယ်။ မြန်မာနိုင်ငံအတွင်း မှာလည်း၊ ပညာပေးအစီအစဉ်တွေ မတွေ့ရသေးပါဘူး။
WHO မှ လေ့လာမှုများ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHOက ၊ ၂၀၀၀ ခုနှစ်မှာ ၁၀ နှစ်ကျော်ကြာ စမ်းသပ်လေ့လာ မှုကို၊ မိုဘိုင်းအသုံးများတဲ့ လူတွေအပေါ်၊ နိုင်ငံပေါင်း ၁၃ နိုင်ငံမှာ၊ ပြုလုပ်ခဲ့တယ်။ တနေ့ကို ၁ နာရီ ၂ နာရီအထိ အသုံးများသူတွေမှာ၊ ဦးနှောက်နဲ့ ကျောရိုး မကြီးထဲမှာ၊ ဂလီယိုးမား Glioma cnecer ကင်ဆာအကြိတ် ဖြစ်ပေါ်ခံစားလာရတာ တွေ့ခဲ့ရတယ်။ အဲလို သုံးစွဲတာ ၁၀ နှစ်ကျော်ကြာတဲ့ လူတွေရဲ့ ၅၅% ရာနှုန်းမှာ ကင်ဆာခံစားရတာမို့၊ လူပေါင်း ၅၁၁၁၇ ယောက်မှာ ဦးနှောက်ကင်ဆာ ရောဂါ ဖြစ်လာတာ တွေ့ရှိရတယ်။
ကင်ဆာကတော့ နောက်ဆုံးအဆိုးဆုံး ခံစားရတာဖြစ်ပြီး၊ ဖုန်းတာဝါတိုင်တွေအနီး နေထိုင် သူတွေကတော့ ယုတ်စွအဆုံး အိပ်မပျော်၊ ခေါင်းကိုက်၊ စိတ်အာရုံစုစည်းလို့ မရ၊ နှုန်းချည့်၊ အဆစ်နာ၊ မျက်စိကြည့်မကောင်း၊ မှတ်ဉာဏ် လျော့နည်း၊ ကိုယ်ဝန်ပျက်၊ နဲ့ နှလုံးရောဂါ စတာတွေ ခံစားလာရစေတယ်။ ဖုန်းတရစပ် သုံးသူတွေနဲ့ ဖုန်းတာဝါတိုင် အနီးနေထိုင်သူတွေမှာ၊ အဆိုပါ လက္ခဏာတွေ ခံစားရတာကို၊ အိန္ဒိယမှာ တွေ့ရတယ်။ ဖုန်းအ ကြာကြီးပြောပါသူတွေမှာ ခေါင်းမူး တာနဲ့၊ နားအကြာအာရုံပြဿနာတွေ ဖြစ်ပေါ်လာတယ်။
လျှပ်စစ်သံလိုက်လှိုင်းတွေကို အထိအတွေ့နည်းအောင် ဘယ်လိုလျှော့ချမလဲ
ပတ်ဝန်းကျင်ထိခိုက်မှုနည်းပါးစေဘို့၊ တာဝါတိုင်တွေက ( antenna) နဲ့ အင်တင်နာ ပမာဏကို လျှော့ချသင်တယ်။ အဲလိုဆောင်ရွက်ရင်၊ ဖုန်းလိုင်းဆွဲ အားလျော့နည်းကုန် လို့ နောက်ထပ်တာဝါတိုင်တွေ နေရာအနှံ့ ထပ်ဆောက်ဘို့ လိုအပ်လိမ့်မယ်။ဆေးရုံတွေ၊ နေ့ ကလေးထိန်းကျောင်း၊ လူအိုရုံ၊ စာသင်ကျောင်း စတာတွေနဲ့ နီး မနီးစီစစ်ပြီး၊ သိပ်နီး ကပ်နေရင် ရွှေ့ပြောင်းဆောက်လုပ်သင့်တယ်။ အစက တည်းကလည်း၊ အဲဒါတွေနဲ့ နီးတဲ့ နေရာတွေမှာတာဝါတိုင် ဆောက်လုပ်ခွင့် မပေးသင့် ဘူး။ ထုတ်လွှင်မှုလှိုင်း ပမာဏလျော့နည်း လေလေ၊ ပတ်ဝန်းကျင်လူတွေကို ကျန်းမာရေး ပြဿနာအပေး နည်းလေဖြစ်တယ်။ နောက်ပြီးတော့၊ ဒုက္ခအပေးနည်းအောင်၊ တာဝါတိုင် တွေ ပိုမိုမြင့်မားစွာ ဆောက်လုပ်သင့် တယ်။
ရေဒီအေးရှင်း Radiation အကာအကွယ်များ
လျှပ်စစ်သံလိုက် အကာအကွယ်ပေးတဲ့ ကိရိယာ(Radiation Shielding machines)၊ လျှပ်စစ် လှိုင်းကာ ဖလင်ပြား၊ အဆိုပါဓါတ်ရောင်ခြည်မဝင်အောင် ပိတ်ဆို့နိုင်တဲ့ လိုက်ကာ ထူထူနဲ့ နံရံကပ် စက္ကူ Wallpaper တွေကို အိမ်တွေမှာ တပ်ဆင်ထားမယ်ဆိုရင်၊ ပိုပြီးအကာ အကွယ်ရစေတယ်။ Dadar မြို့ရှိ တာဝါတိုင်တွေ ၁၂တိုင်လောက် ခပ်စိတ်တပ်ဆင်ထားတဲ့၊ တောင်စောင်းလေးက ဆူရက်ကာ(Surakar) တို့အတွက်၊ အဲလိုကာကွယ်ပေးထားရင်း၊ လျှပ်စစ်လှိုင်း အန္တရာယ် လျော့ နည်းစေနိုင်ပါတယ်။ သူကိုယ်တိုင်ကလည်း၊ ဦးနှောက်ကင်ဆာ ခံစားနေရပြီး၊ သူက ပြောခဲ့တာက အဲလိုဖုန်းတာဝါတိုင်တွေနဲ့ နီးလွန်းရင်၊ အထက်ပါ အကာအကွယ်တွေ မဖြစ်မနေတပ်ကိုတပ်ဆင် သင့်တယ် ဆိုပါတယ်။ အဲဒီကာကွယ် ပစ္စည်း တွေက၊ ဈေးကြီးပြီး ရှာဖွေရခက်ခဲနိုင်ပေမဲ့၊ Radiation အန္တရာယ် ထိခိုက် မခံရဘို့အတွက်၊ ၎င်းတို့ကို ရှာဖွေတပ်ဆင်သင့်ပါတယ်။
အထူးသဖြင့် ဆောက်ပြီးသားလူနေအိမ်တွေ တိုက်ခေါင်မိုးတွေပေါ်မှာ၊ တာဝါတိုင်တွေ နဲ့ repeater ထပ်ဆင်လွှင် အင်တင်နာတွေ ကို၊ ငှားခ ပိုက်ဆံရတယ်ဆိုပြီး၊ တပ်ဆင်ခွင့်မပြု သင့်ဘူး။ အိမ်တွင်းရှိလူအားလုံးနဲ့ ပတ်ဝန်းကျင် အနီးအနားက လူတွေကို၊ ကျန်းမာရေး ပြဿနာတွေ ပေးနေ တာကြောင့်၊ ရှောင်ကျဉ်သင့်တာဖြစ်တယ်။
တာဝါတိုင်တွေ စုပြုံတပ်ဆင်ထားတဲ့ တိုက်ခေါင်းမိုးတွေ အနီးနေထိုင်သူတွေမှာ၊ အထက် ဖော်ပြပါ ရေဒီအေးရှင်း ရောင်ခြည်သင့်မှု လက္ခဏာတွေခံစားရတာ အပြင်၊ ကင်ဆာ ဖြစ်နိုင်ခြေပါ ပိုမြင့်မားလာတာကို၊ ပက်ဒါလမ်း(Pedder road) ထဲနေထိုင်သူတွေမှာ၊ တွေ့ရှိ ရတယ်။ အဂ္ဂဝါ ဆိုသူ အမျိုးသမီးဟာ၊ (Maheshwari Niketan) တိုက် အပေါ်ဆုံးထပ်မှာ၊ နေထိုင်သူဖြစ်ပြီး၊ လျှပ်စစ် သံလိုက်လှိုင်းအန္တရာယ်ခံစားနေရတဲ့ရောဂါဖြစ်နေတာလို့ ဆရာဝန် တွေက ပြောကြတယ်။သူ့ကလေးတွေမှာလည်း ခေါင်းကိုက်တာနဲ့ အိပ်မပျော်တာတွေ ခံစားနေကြရတယ်။
အဲဒီပက်ဒါ (Peddar road) လမ်းထဲမှာ၊ရေဒီအေးရှင်းကြောင့် ကင်ဆာဖြစ်ပြီး၊ လူ့ ၂ ယောက်တောင်သေဆုံးသွားပြီးပြီ။ အဲဒီလမ်းထဲမှာ နာမည်ကြီး ဆေးရုံ၊ ပညာတတ် အသိုင်း အဝိုင်းတွေ နေထိုင်ရာ တိုက်တာတွေနဲ့ လုံးချင်းဘန်ဂလိုတွေလည်း ရှိကြတယ်။ ဖုန်းတာဝါ တွေကလည်း မှိုလို ပေါက်နေကြတာဆိုတော့၊ အဲဒီလမ်းထဲနေထိုင်သူတွေက တာဝါတိုင်တွေ ရွှေ့ပြောင်းပေးဘို့၊ ချီတက် ဆန္ဒပြခဲ့ကြတယ်။
အဂ္ဂဝါ Agarwal က ဆက်ပြောတာက၊ ကျမကိုယ်တိုင်နဲ့ ကျမိသားစုကို အဲဒီ ဓါတ်ရောင်ခြည် အန္တရာယ်ကနေ ဘယ်လိုကာကွယ်ရမယ်ဆိုတာ၊ မသိခဲ့ရဘူး။ တာဝန်ရှိ သူတွေကိုယ်တိုင်က၊ အနီးက လူတွေ ကျန်းမာရေးနဲ့ ညီညွတ်အောင် စည်းကမ်းတကျ စီစစ်ပြီးဂရုတစိုက် ဆောင်ရန်ရှောင်ရန်တွေ နဲ့ကိုက်ညီအောင် ဆောက်လုပ်မှုရှိ မရှိစစ်ဆေး အရေးယူသင့်တယ်။ အိမ်ဝင်းထဲ (သို့) တိုက်ခေါင်းမိုး ပေါ်နေရာ ငှားစားသူတွေကလည်း၊ ငွေလေးအသင့်အတင့်သိန်းဂဏန်းလေးရရုံလောက်နဲ့ သူတို့ ကိုယ်တိုင်ရော အိမ်နီးချင်းတွေ ကိုပါ၊ ကျန်းမရေးထိခိုက်စေအောင်၊ မငှမ်းရမ်းသင့်ဘူး၊ ဆောက်လုပ် ခွင့်၊ စိုက်ထူခွင့်မပြုသင့် ဘူးလို့၊ ပြောခဲ့တယ်။
အထက်ပါဆောင်းပါးက အိန္ဒိယ အခြေစိုက် သုတေသနတွေရဲ့ တွေ့ရှိချက် တွေ့ဖြစ် ပါတယ်။ စည်းကမ်းတင်းကြပ်မှုလျော့လျဲပြီး လာဘ်စားမှုထူပြောသလောက်၊ အသေးစိတ်စစ် ဆေးတိုင်းတာမှု န အားနည်းတဲ့ မြန်မာနိုင်ငံမှာလည်း၊ မိုဘိုင်းဖုန်းတာဝါစင်တွေ ဟိုမှာဒီမှာ လူနေရပ်ကွက်ထဲ ခြံထဲနဲ တိုက်အိမ်ခေါင်းမိုးတွေပေါ် အစီအရီတပ်ဆင်လာနေကြပါပြီ။ ငှားခ ရတာနဲ့ အသက်အန္တရာယ်ထိခိုက်တာ မကာမိအောင်ဖြစ်စေတာမို့၊ မိမိအိမ်ဝန်းထဲနဲ့ အိမ်အနီးပတ်ဝန်းကျင်မှာ မိုဘိုင်းဖုန်းတာဝါ လာတပ်ဆင်ရင်၊ လက်မခံသင့်ပါကြောင်း၊ အထက်ပါအန္တရာယ်တွေ ပေးနိုင်တာ နားလည်သဘော ပေါက်စေလိုပါကြောင်း၊ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေကလည်း၊ သေချာစီစစ်ပြီးမှ၊ အန္တရာယ် အနည်းဆုံးနေရာမှာ ရွေးချယ် ဆောက်လုပ်ခွင့် ပြုစေလိုပါကြောင်း လေ့လာ ဖော်ပြပေး လိုက်ပါတယ်။
ဒေါက်တာ အေးမြချယ်
လက္ကုိင္ဖုန္းတာ၀ါေတြက ကင္ဆာျဖစ္ေစသတဲ့လား
ျမန္မာျပည္မွာ ကင္ဆာေတြကမ်ားလုိ႕ ေအာ္ေနၾကရတဲ့့၊ လက္ရွိအခ်ိန္မွာ၊ အသုံးမ်ားလာတဲ့ လက္ကုိင္ဖုန္းအမ်ဳိးမ်ဳိးအတြက္၊ ဆက္သြယ္ေရးတာ၀ါတုိင္ေတြက၊ ရပ္ကြက္လူေနစိတ္တဲ့ ၿမိဳ႕လယ္ ေနရာေတြပါမေရွာင္၊ ေနရာအႏွံ႕၊ ေဆာက္လုပ္လာၾကတယ္။ ေဆး႐ုံအနီး ေက်ာင္း အနီးမေရွာင္၊ ဖုန္းကုမၸဏီေတြက ေနရာငွားလာရင္ က်န္းမာေရးအသိ မေလ့လာဘဲ၊အိမ္ပုိင္ရွင္ ေျမပုိင္ရွင္ေတြက၊ ေျမငွားခ ၿမိဳးၿမိဳးမ်က္မ်က္ေလးရတာ တစ္ခုထဲျမင္ၿပီး၊ မိမိတုိက္အမုိးေပၚ (သို႕) အိမ္၀န္းထဲမွာ၊ ဖုန္းတာ၀ါေတြက စုိက္ထူခံၾကပါတယ္။ ေန႕တဓူ၀ ထြက္ေနတဲ့ လွ်ပ္စစ္ သံလုိက္စက္ကြင္း၊ (Electro- megnectic wave)ေတြရဲ႕၊ ဆုိးက်ဳိးကုိ မိမိအပါအ၀င္ မိသား စု၀င္ေရာ၊ ပတ္၀န္းက်င္အနီးရွိ လူေတြအားလုံးပါ၊ မဆီမဆုိင္ ခံစားၾကရမွာျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တစ္နပ္စား ၀င္ေငြရ႐ုံေလးနဲ႕ မိမိတုိ႕အတြက္ေရာ ပတ္၀န္းက်င္ရွိ ကေလးလူ ႀကီးအတြက္ပါ က်န္းမာေရးဆုိင္ရာ အႏၱရာယ္ရွိတဲ့၊ မုိးဘုိင္းဖုန္းတာ၀ါေတြအေၾကာင္းကုိ ေလ့လာေဖာ္ျပလုိက္ ပါတယ္။ ဆင္ျခင္စဥ္းစားၾကဘုိ႕ပါ။
အဲဒီတာ၀ါေတြေၾကာင့္၊ ဦးေႏွာက္ကင္ဆာ ျဖစ္ေစတယ္လုိ႕၊ (Kasliwals)ဆုိသူ ေဂ်ပါး (Jarpur) ၿမိဳ႕မွာ၊ ေနထုိင္သူက ေျပာခဲ့တယ္။ သူ႕အိမ္နီးနားမွာ ဖုန္းတာ၀ါ ၃ ခု လာေထာင္ အၿပီးသူနဲ႕ တျခားတစ္ေယာက္မွာ၊ ဦးေႏွာက္ကင္ဆာ ခံစားလာရတာပါ။ဒါ့အျပင္၊ သူ႕ ပတ္၀န္းက်င္ က အိမ္နီးခ်င္းမိသားစု ၅၀ မွာလည္းသာမာန္နဲ႕ သာမန္ထက္ပုိတဲ့ေရာဂါ လကၡ ေတြ၊ ခံစားခဲ့ၾကရတာ ေတြ႕ၾကရတယ္။
”လြန္ခဲ့တဲ့ႏွစ္က၊က်ေနာ့ညီ ပရာမုိဒ္နဲ႕က်ေနာ့္မွာ ဦးေႏွာက္ကင္ဆာျဖစ္လာခဲ့တယ္။ က်ေနာ္ ညီက အသည္းအသန္ကုိ ခံဏားခဲ့ရတာလုိ႕၊ ဆန္ေဂ်းကပ္စ္လီ၀ါ (Sanjay Kasliwals) ကေျပာခဲ့တယ္။ သူတို႕မွာ အရင့္အရင္တုန္းက၊ ဘယ္မိသားစု၀င္မွာမွ၊ ကင္ဆာ ျဖစ္ဖူးတဲ့ ရာဇ၀င္မရွိခဲ့ဘူး။
အ့ဲဒါကုိ၊ ကၽြမ္းက်င္သူေတြက လက္ခံသေဘာတူခဲ့ၾကၿပီး၊ (မုိဘုိင္းတာ၀ါေတြရဲ႕ အနီး မီတာ ၅၀ အတြင္းေနထုိင္သူေတြဟာ၊ မုိက္ခ႐ုိေ၀့(သံလုိက္လႈိင္း) မီးဖုိနဲ႕ ၂၄ နာရီပတ္လုံး ထိေတြ႕ ေနရသူေတြနဲ႕ အလားတူညီတယ္လို႕၊လွ်ပ္စစ္အဂၤ်င္နီယာဌာနမွဴး ပါေမာကၡ ဂ်ီရစ္ရွ္ ကူးမား(Prof. Girich Kumar) က၊ သတိေပးခဲ့တယ္။ (IIT Bombay) မွာ ေနထုိင္တ့ဲ၊ အဲဒီ ပါေမကၡဟာ၊ ၂၀၁၀ ဒီဇင္ဘာလထဲက၊ တယ္လီဖုန္းဆက္သြယ္ေရးဌာနသုိ႕ ဆဲလ္ဖုန္းတာ၀ါ ေတြရဲ႕ radiation wave လႈိင္းေတြ ျဖာထြက္ေနပုံ အႏၱရာယ္ ေပးပုံေတြေၾကာင့္ သုေတသန စာတမ္း တင္ျပခဲ့သူျဖစ္တယ္။ အဲဒီေနာက္၊ ၂၀၁၀ ဇန္န၀ါရီလမွာ၊ ၀န္ႀကီးဌာနဆုိင္ရာ ေကာ္မတီက၊ wave လိႈင္းထုတ္လႊင္မႈကုိ၊ ၄၅၀ mw/sq.m အထိ ေလွ်ာ့ခ်ဘုိ႕ အႀကံျပဳစာ ညႊန္ၾကားခ်က္ ထုတ္ခဲ့ေပမဲ့၊ အခုထက္ထိေတာ့။ အေကာင္အထည္ မေပၚေသးဘူးလုိ႕ ထပ္ ေျပာေသးတယ္။
ျပင္းထန္စြာ ထိေတြ႕ရသူေတြမွာ၊ ကင္ဆာအထိ ျဖစ္လာသလုိ၊ မုိဘုိင္းတာ၀ါ ေတြနဲ႕ နီးကပ္စြာေနထုိင္သူတုိင္းမွာ ညအိပ္မေပ်ာ္လြယ္တာ၊ ေခါင္းခဲေခါင္းကုိက္တာ၊ အလုိလုိ နႈန္းခ်ည့္ အားမရွိသလုိ ခံစားရတာနဲ႕ အဆစ္အျမစ္ေတြ နာက်င္တာေတြခံစားရ ပါတယ္။
မိုဘုိင္းဖုန္းေတြကုိ အၿမဲတမ္းနဲ႕ နာရီမ်ားစြာ ေန႕စဥ္သုံးစြဲသူေတြမွာ၊ ဦးေခါင္းနဲ႕ ဦးေႏွာက္ ေရာင္ရမ္းတာ၊ ေခါင္းကုိက္တာ၊ နားၾကာအာ႐ုံခြ်တ္ယြင္းတာ နားရြက္အပူေလာင္ တာ၊ စိတ္ပူပင္ ေသာကမ်ားတာျဖစ္ေပၚလာေစတယ္လုိ႕၊ နယူးေဒလီ အင္ထရာပရာစတာ အပုိလုိေဆး႐ုံႀကီးမွ၊ ကင္ဆာခြဲစိတ္ဆရာႀကီး Dr Sameer Kaul ကလည္း၊ ေျပာျပတယ္။
အဲဒီအႏၱရာယ္ေတြဟာ၊ အသက္ငယ္တဲ့ ကေလးေတြကုိ ပုိထိခုိက္ေစတယ္။ သူတုိ႕မွာ ပါးလႊာ ေသးငယ္တဲ့ ဦးေခါင္းခြံပဲ ရွိေနေသးလုိ႕ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ၁၂ ႏွစ္နဲ႕ အဲဒီေအာက္ အရြယ္ရွိ ကေလးေတြကုိ မုိဘုိင္းဖုန္းေတြလုံး၀ ေပးမသုံးသင့္ပါဘူး။
စက္႐ုံေတြ မုိဘုိင္းကုမၸဏီေတြဖက္ကလည္း ျပန္လည္ျငင္းခ်က္ထုတ္ၾကတယ္။ သူတုိ႕ မွာ က်ယ္ျပန္႕စြာေလ့လာထားတဲ့၊ သိပၸံနည္းက် ျပဳစုထားတဲ့ သုေတသနစာတမ္း ေတြရွိေၾကာင္း၊ လွ်ပ္စစ္ သံလုိက္လႈိင္းေတြေၾကာင့္ ေရာဂါဆုိးေတြျဖစ္ေစတယ္လုိ႕ ေကာက္ ခ်က္ခ်ႏုိင္တာေတြ မေတြ႕ ရေၾကာင္း။ အျပည္ျပည္ဆုုိင္ရာ ေကာ္မတီက၊ ညႊန္ၾကားထားတ့ဲ ဓါတ္ေရာင္ျခည္ အႏၱရာယ္ ကာကြယ္သင့္တဲ့ ပမာဏ အခ်ဳိးအစား လယ္ဗယ္ေတြကသာ၊ ဘယ္သူကုိမဆုိ က်န္းမာေရး ထိခိုက္ႏုိင္ေသးေၾကာင္း။ စသျဖင့္ ရာဂ်န္မက္သယူးဆုိသူ ဆယ္လူလာဖုန္းေအာ္ပေရတာ အဖြဲ႕ အစည္းမွ ဒါ႐ုိက္တာအႀကီးအကဲက ေခ်ပေျပာ ဆုိခဲ့တယ္။ ကုမၸဏီဖက္ကေတာ့ ကုိယ့္ငါးခ်ဥ္ ကုိယ္ခ်ဥ္တဲ့ ဘက္လုိက္ ေျပာဆုိမႈကေတာ့၊ ရွိႏုိင္တာပါပဲ။ သူတုိ႕စီးပြားေရးမထိခိုက္ေအာင္၊ လည္ဆည္ေျပာဆုိဘုိ႕၊ ၀န္ေလးၾကမွာ မဟုတ္ဘူး။
ဖုန္းတာ၀ါေတြရဲ႕အႏၱရာယ္မ်ား
ဖုန္းတာ၀ါေတြရဲ႕ ပတ္လည္ မီတာ ၅၀ အကြာမွာ ေနတဲ့သူေတြဟာ၊ ခဲသတၱဴ ,ဒီတီတီ ပုိးသတ္ေဆး၊ကလုိ႐ုိေဖာင္း၊ေရနံ ဓါတ္ဆီထြက္ အညစ္အေၾကးေတြနဲ႕ ထိေတြ႕ေနရသူေတြလုိ၊ ကင္ဆာျဖစ္ဘုိ႕ အလားအလာ ထပ္တူရွိေနတယ္။ Kasliwalနဲ႕ အိမ္နီးခ်င္း ၅၀ မွာ က်န္းမာေရးျပႆနာေတြ ေတါ႕ေနရသလုိ၊ အျခားအိမ္နီးခ်င္း ၇ ေယာက္မွာလည္း၊ ၂၀၀၃ ခုႏွစ္က ဖုန္းတာ၀ါတာတုိင္ စေထာင္လာၿပီးတဲ့ေနာက္ပုိင္းမွာ၊ ကင္ဆာ ျဖစ္ပြားလာတာေတြ႕ရ တယ္။
Kasliwal မွာ ညီအကုိ ၃ ေယာက္အနက္၊ သူနဲ႕ သူ႕ညီက ဦးေႏွာက္ကင္ဆာျဖစ္လာ သလုိ၊ သူတုိ႕ ေခြးတစ္ေကာင္လည္း၊ ကင္ဆာျဖစ္ၿပီး ဆုံးသြားတယ္။ (ၿပီးခဲ့တဲ့ ႏွစ္မွာ က်ေနာ္နဲ႕ က်ေနာ့္ညီ ကင္ဆာခံစားရေတာ့ ဆရာ၀န္က ဓါတ္ေရာင္ျခည္ေတြနဲ႕ ထိေတြ႕မႈ ရာဇ၀င္ ရွိသလားလုိ႕ ေမးခဲ့တယ္။ က်ေနာ္တုိ႕အတြက္ တစ္ေနရာထဲမွာ၊ ထပ္တူထိေတြ႕ေန ရတာက၊ ေဘးအိမ္ထဲလာ စုိက္ထူထားတဲ့၊ ဆဲလ္ဖုန္းတာ၀ါတုိင္ႀကီးေတြဆီက၊ လွ်ပ္စစ္သံ လုိက္လိႈင္းထိေတြ႕မႈပဲရွိပါတယ္။) ဒါ့ေၾကာင့္ ဦးေႏွာက္ကင္ဆာ ျဖစ္ရတာရဲ႕ အဓိက တရားခံ ဟာ၊ ဆဲဖုန္းတာ၀ါလုိ႕ ေျပာလုိ႕ရပါတယ္။ အဲဒီတာ၀ါေတြဟာ၊ ေဂ်းပါျမဴနီစပါယ္ဆီက ခြင့္ျပဳမိန္႕လည္း၊ မရွိပဲ လာေရာက္စုိက္ထူထားတဲ့ တရာမ၀င္တာ၀ါေတြ ျဖစ္ေနျပန္တယ္လုိ႕၊ Kasliwal က ဆက္ေျပာျပတယ္။
WHO ရဲ႕အျပည္ျပည္ဆုိင္ရာ ကင္ဆာသုေတသနေအဂ်င္ဆီရဲ႕ အဆုိအရဆုိရင္၊ ဆဲလ္ဖုန္း ေတြက ထြက္လာတဲ့ လွ်ပ္စစ္သံလုိက္လိႈင္းေတြက၊ လူေတြကုိ ကင္ဆာျဖစ္ေစတဲ့ ကာစီနိဳဂ်င္လိႈင္း ေတြ ထုတ္လႊင္ေနတယ္။ ဦးေႏွာက္ထဲမွာ Glioma ဂလီယုိးမားေခၚတဲ့ ကင္ဆာကုိျဖစ္ေစတယ္။ ဖုန္းတာ၀ါတုိင္ေတြက ထုတ္လုပ္တာေၾကာင့္ျဖစ္တယ္၊လုိ႕ေဖာ္ျပ ထားပါတယ္။
တာ၀ါရဲ႕ အနီးဘယ္ေလာက္ေ၀းေ၀းအထိ အႏၱရာယ္က်ေရာက္ေစ့မယ္ဆုိတာကေတာ့၊ တာ၀ါတုိင္ကေန ဆဲလ္ဖုန္း ဘယ္ေလာက္အနည္းအမ်ားနဲ႕ အဆက္အသြယ္လုပ္ေန သလဲဆုိ တဲ့ အေပၚ မူတည္ေနတယ္။ သူကေန ၂၄ နာရီပတ္လုံး လႈိင္းေတြမ်ားမ်ား ေတာက္ ေလွ်ာက္ ထုတ္လႊင္ ေနတယ္ဆုိရင္၊ အနီးရပ္ကြက္ကလူေတြအတြက္ အႏၱရာယ္ပုိုမိုႀကီးမားပါတယ္။ အဲဒါကုိေတာ့၊ ၂၀၀၉ ခုႏွစ္ထဲမွာ၊ လွ်ပ္စစ္သံလုိက္လႈိင္းကြၽမ္းက်င္ပညာရွင္ေကာ္မတီ အဖြဲ႕က ေျပာဆုိခဲ့တာ ျဖစ္ပါ တယ္။
ဖုန္းတာ၀ါအနီးေနတဲ့သူေတြအတြက္ အားေပးစကားေျပာသလုိ ျဖစ္ရတာကေတာ့၊ အိႏၵိယအစုိးရဲ႕ ႀကိဳတင္ခန္႕မွန္းထုတ္ျပန္ခ်က္ပဲျဖစ္တယ္။ အဲဒီအစုိးရအာေဘာ္ကေတာ့ (ဆက္သြယ္ေရးတာ၀ါေတြေၾကာင့္၊ က်န္းမာေရးျပႆနာေတြ ခံစားရတယ္ဆုိတဲ့၊ သိပၸံ နည္းက် သက္ေသျပခ်က္ တစ္စုံတစ္ခုမွ၊ အိႏိၵယမွာ၊ မရွိေသးဘူး။ WHO က လွ်ပ္စစ္လႈိင္း ထုတ္လႊင္တဲ့ အေရအတြက္ကုိ၊ ဘယ္ေလာက္ဘယ္ေလာက္ပဲ တပ္ဆင္ရမယ္ဆိုတာ ညြန္ၾကားထားတာရွိတယ္။ အိႏၵိယမွာ တပ္ဆင္ထားတာက၊ WHO ညႊန္ၾကားတဲ့ အေရအတြက္ (radiation emission norms) ထက္ကုိ၊ နည္းပါးၿပီးစိတ္ခ်ရတဲ့၊ အေနအထားေရာက္ေအာင္၊ တပ္ဆင္ထားတာပါလုိ႕၊ R Chandrasekhar ဆုိသူ ဆက္သြယ္ေရးဌာန အတြင္းေရးမွဴးက ေျပာခဲ့တယ္။ အိႏၵိယအစုိးရကလည္း၊ သိပၸံနည္းပညာ ဌာန လက္ေအာက္မွာ ေကာ္မတီဖြဲ႕ၿပီး၊ အၿမဲေလ့လာ ဆန္းစစ္ေနတယ္လို႕လည္း၊ ဆုိပါတယ္။
ဒါေပမဲ့၊ ၂၀၀၉ ခုႏွစ္ကတည္းက လက္ခံအသုံးျပဳခဲ့တဲ့၊ (Radiation norms) အေရအတြက္က၊ ဒိတ္ေအာက္ေနၿပီ၊ သူတုိ႕ အာမခံထားတာကလည္း၊ (radiation hazard) အႏၱရာယ္ကုိ၊ခဏတျဖဳတ္ေလးသာခံရတ့ဲသူေတြအတြက္သာ၊မထိခိုက္ေစဘူးလုိ႕ဆုိလုိတာျဖစ္တယ္။ ကင္ဆာ လုိ၊ မ်ဳိး႐ုိးဗီဇ ထိခိုက္ျခင္းလုိ (Bilolgical effects) ထိ တယ္လုိ႕ မေျပာႏုိင္ပါ ဘူး)လုိ႕၊ (I I T) ဘုံေဘ ၿမိဳ႕ လွ်ပ္စစ္အင္ဂ်င္နီယာဌာန ပါေမာကၡ ကၽြမ္းက်င္ ပညာရွင္၊Dr Girish Kumar က ထပ္ေျပာျပန္ တယ္။ သူကိုယ္တုိင္ကလည္း၊ ဖုန္းတာ၀ါတုိင္ေတြနဲ႕ ပတ္သက္တဲ့၊လွ်ပ္စစ္လႈိင္းျဖာထြက္မႈ အႏၱရာယ္ေတြကုိ၊ သက္ဆုိင္ရာအဖြဲ႕အစည္းေတြထံသို႕၊ ေဖာ္ထုတ္တင္ျပေပးသူျဖစ္တယ္။ အဲဒီအႏၱရာယ္ေတြက ကင္းလြတ္ႏုိင္တာက၊ တေန႕မွာ ၆ မိနစ္ေလာက္သာ၊ အဲဒါေတြနဲ႕ ထိေတြ႕တာဆုိရင္ေတာ့ ျဖစ္ႏုိင္ပါတယ္။ ေန႕စဥ္ရက္ဆက္ အဲဒါေတြနဲ႕ ၂၄ နာရီပတ္လုံး(၂၄/၇) ထိေတြ႕ေနရသူ၊ အဲဒီပတ္လည္ရဲ႕၊ လွ်ပ္စစ္သံလိုက္လႈိင္း ထုတ္လႊင္မႈဟာ၊ E M F (၄၅၀၀ mw/ sq2) ပမာဏအထိ ရွိေနတယ္။
အဲဒီ တင္ျပခ်က္ (report)ပုိ႕ၿပီးတဲ့ေနာက္မွာေတာ့၊ EMF ထုတ္လႊင္မႈကုိ၊ (၄၅၀ m2 ) အထိ ေလွ်ာ့ခ်ေပးဘုိ႕၊ ၂၀၁၁ ခုႏွစ္ထဲမွာ၊ ညႊန္ၾကားခ်က္ထြက္လာတယ္။ ဒါေပမဲ့လည္း၊ လက္ေတြ႕ အေကာင္အထည္ေဖာ္လာတာေတြ အခုထိ မေတြ႕ရေသးဘူးလုိ႕။ Kumar က ညည္းတြား ေျပာဆုိခဲ့တယ္။
၂၀၁၁ ခုႏွစ္ကုန္ပုိင္းေရာက္ေတာ့၊ အိႏၵိယတစ္ႏုိင္လုံးမွာ၊ ဖုန္းတာ၀ါတုိင္ေပါင္း ၅.၄ သိန္း ရွိေနၿပီး၊ ေဒလီၿမိဳ႕ႀကီးတစ္ခုထဲတင္၊ ၅၃၆၄ တုိင္ရွိေနတယ္။ တရား၀င္ေရာ တရားမ၀င္ စိုက္ထူထား တာေတြမပါအ၀င္ေပါ့။
အထိနာေနတဲ့ သူေတြ
မြန္ဘုိင္းၿမိဳ႕ေန ဆုရွီလာ (Suchila Shah 57 years old)ဆုိတဲ့၊ အိမ္ရွင္မတစ္ေယာက္ ကင္ဆာေရာဂါခံစားရတာကလည္း ၅၀ ေပအကြာမွာ၊ အိမ္နီး၀န္းက်င္ရွိ အေဆာက္အဦး အသီးသီး ေတြအေပၚ အဆင့္ဆင့္အလုိက္၊ တပ္ဆင္ထားတဲ့၊ ဖုန္းတာ၀ါေပါင္း ၂၀ ရွိေနလုိ႕ ျဖစ္ႏုိင္ပါတယ္။သူမက၊ ကၽြမ္းက်င္သူေတြကုိ သူ႕အိမ္ထဲရွိ လွ်ပ္စစ္သံလုိက္လႈိင္းပမာဏာ ကုိတုိင္း တာခုိင္းေတာ့၊ အျမင့္ဆုံးထုတ္လႊတ္ေနတဲ့ တာ၀ါေတြရွိတဲ့ ေတာင္ကုန္းနိမ့္ျမင့္အနီးရွိ၊ သူတုိ႕အိမ္ အိပ္ခန္းမီးဖုိေခ်ာင္ နဲ႕ အခန္းက်ယ္ႀကီးေတြအတြင္းမွာ၊ ျမင့္မားစြာ အႏၱရာယ္ရွိတဲ့ ဇုန္ျဖစ္ေနတာ၊ ေတြျဖစ္ေနၾကတယ္။ ” ကၽြန္မတို႕မွာ ေန႕တုိ္ငးပဲ ေခါင္းကုိက္တာ ၾကြက္သား ေတြနာက်င္တာ၊ ေျပာမျပတာ အဲဒီတာ၀ါတုိင္ ေတြရွိတာ လြန္ခဲ့ ၃ ႏွစ္ေလာက္ကတည္းကပဲ။ ေဘးပတ္၀န္းက်င္လူထုကုိ၊ အဲဒီကတည္းက စဒုကၡေပးေနေတာ့တာပဲလုိ႕၊ ဆုရွီလာက ေျပာျပ တယ္။ အဲဒီရဲ႕အေနာက္ဖက္၊ ဗီကာ ပူရီ အပိုင္းမွာ ေနထိုင္တဲ့၊ သူေတြေျပာၾကတာကေတာ့၊ ေက်းငွက္တရိစာၦန္ေတြေတာင္၊ လြန္ခဲ့တဲ့ ၇ ႏွစ္က၊ဒီဖက္မွာ တာတုိင္ေတြ လာေဆာက္က တည္းက၊ အသိုက္လာမလုပ္ၾကေတာ့ဘူး လုိ႕ ေျပာၾကတယ္။ ပတ္၀န္းက်င္လူေတြကလည္း၊ ကန္႕ကြက္ရေကာင္းမွန္း၊ သေဘာတူခြင့္ျပဳခ်က္ေပးမွ ေဆာက္လုိ႕ ရမယ္မွန္းလည္း မသိၾက ဘူး။ AK Anand ဆုိသူက၊ အဲဒီတာ၀ါတိုင္ေတြ ရပ္ကြက္ထဲကေန ဖယ္ရွားဘုိ႕ အထက္သက္ ဆုိင္ရာထံစာတင္ဘုိ႕၊ ျပင္ဆင္ေနတယ္။
လူေနရပ္ကြက္စုိက္ထူ မယ္ဆုိရင္၊ အက်ိဳးအျပစ္ရွင္ျပၿပီး၊ ပတ္၀န္းက်င္လူထုထံမွ စုိက္ထူခြင့္ျပဳေၾကာင္း လက္မွတ္ထုိးထားတဲ့စာ မပါဘဲ၊ ဖုန္းတာ၀ါတိုင္စုိက္ရင္၊ဒါဟာ တရား မ၀င္ဘူး။ သက္ဆုိင္ ျမဴနီစပါယ္ဌာနကုိ တုိင္ၾကားႏုိင္တယ္လုိ႕၊ ” Mahender Nagpal” ဆုိတဲ့ ေဒလီ အေနာက္ျမဴနီစပါယ္ အဖြဲ႕ေခါင္းေဆာင္က ေျပာတယ္။ အေျပာသာရွီၿပီး အလုပ္မျဖစ္၊ အေရးလည္းမယူလုိ႕၊AK Anandတုိ႕ေတာ့၊ အိမ္နီးခ်င္းေတြ လူစုၿပီး၊သက္ဆုိင္ရာ တရား႐ုံးက ေနတရားစြဲဘုိ႕၊ ျပင္ဆင္ေနၾကတာပါ။
ျပႆနာကုိ ေျဖရွင္းဘုိ႕ ႀကိဳးစားၾကျခင္း
တိက်တဲ့ စည္းကမ္းသတ္မွတ္ခ်က္နဲ့ ဥပေဒေတြ မထြက္မခ်င္း ေအာက္ပါ က်န္းမာေရး ျပႆနာေတြက၊ တာ၀ါတုိင္ေတြ အနီးေနထုိင္သူေတြ ခံစားရမဲ့ေ၀ဒနာေတြ ျဖစ္ၾကတယ္။
အဲဒါေတြကေတာ့၊ အိပ္မေပ်ာ္တဲ့ ျပႆနာ၊ ေခါင္းကုိက္ ေခါင္းမူတာ၊ တုန္႕ျပန္မႈ မမွန္တာ၊ စိတ္ဓါတ္က်တာ၊ အင္အားခ်ည့္နဲ႕တာ၊ အဆစ္အျမစ္ နာက်င္တာ၊ ႏွလုံးဆုိင္ရာ ေ၀ဒနာခံစားရတာ၊ အယ္လ္ဇိုင္းမားသက္ႀကီး သတိေမ့လြန္ေရာဂါခံစားရတာ၊ ပါကင္ဆန္ဆုိ တဲ့ ေျခတုန္ လက္တုန္ေရာဂါ ေ၀ဒနာခံစားရတာ၊ ဆဲေတြအတြင္း ဒီအင္ေအ ခြ်တ္ယြင္းမႈေတြ နဲ႕ ကင္ဆာေ၀ဒနာ Girish Kumar က၊ တယ္လီဖုန္းဆက္သြယ္ေရးဌာနသုိ႕ တင္သြင္းတဲ့ စာတမ္းမွာ ေဖာ္ျပထားတာျဖစ္ပါတယ္။
ဖုန္းသုံးေနစဥ္ျဖစ္ျဖစ္ မသုံးေနစဥ္ျဖစ္ျဖစ္ ဖုန္းကထြက္တဲ့ လႈိင္းေတြက က်န္းမာေရးကုိ ထိခိုက္ ေစသလား
က်န္းမာေရးကုိ ထိခိုက္ေစပါတယ္။ ဥပမာေျပာရရင္၊ လက္ဖုန္းနဲ႕ စကားေျပာလုိ႕ မိနစ္ ၂၀ ၾကာတဲ့အခါ နားရြက္ပတ္၀န္းက်င္မွာ ပူေလာင္တာခံစားရတယ္။ ဘာေၾကာင့္လဲဆုိေတာ့၊ နားရြက္ေတြ မွာ ၁ ဒီဂရီ ဆဲလ္စီးယပ္အထိ အပူခ်ိန္ျမင့္တက္လာလုိ႕ ျဖစ္ပါတယ္။ တစ္ေန႕လုံး ဖုန္းေျပာမယ္ဆုိရင္၊ ၆၀ မိနစ္အထိပဲ၊ အႏၱရာယ္နည္းစြာေျပာႏုိင္တယ္။ အဲေလာက္ေျပာ မယ္ဆုိရင္ေတာ့၊ ဆဲလ္ဖုန္းေတြက တစ္၀ပ္ မွ ၂၀ ၀ပ္ေလာက္အထိ အႏၱရာယ္ျမင့္မားတဲ့၊ ပါ၀ါေတြ ထုတ္လႊတ္ေနတာေၾကာင့္ ၆ မိနစ္ ထက္ ပုိမေျပာသင့္ဘူး။ အေမရိကန္မွာေတာ့ အဲဒီ အတိုင္းလုိက္နာၾက ေပမဲ့၊ အိႏၵိယနဲ႕ ဖံြ႕ၿဖိဳးဆဲႏုိင္ငံ ေတြမွာ လက္ကုိင္ဖုန္းေျပာရင္ သတိထား သင့္တဲ့ ေဆာင္ရန္ ေရွာင္ရန္ေတြကုိ၊ ပညာေပးတာ အားနည္းၾကတယ္။ ျမန္မာႏုိင္ငံအတြင္း မွာလည္း၊ ပညာေပးအစီအစဥ္ေတြ မေတြ႕ရေသးပါဘူး။
WHO မွ ေလ့လာမႈမ်ား
ကမၻာ႕က်န္းမာေရးအဖြဲ႕ႀကီး WHOက ၊ ၂၀၀၀ ခုႏွစ္မွာ ၁၀ ႏွစ္ေက်ာ္ၾကာ စမ္းသပ္ေလ့လာ မႈကုိ၊ မုိဘုိင္းအသုံးမ်ားတဲ့ လူေတြအေပၚ၊ ႏုိင္ငံေပါင္း ၁၃ ႏိုင္ငံမွာ၊ ျပဳလုပ္ခဲ့တယ္။ တေန႕ကုိ ၁ နာရီ ၂ နာရီအထိ အသုံးမ်ားသူေတြမွာ၊ ဦးေႏွာက္နဲ႕ ေက်ာ႐ုိး မႀကီးထဲမွာ၊ ဂလီယုိးမား Glioma cnecer ကင္ဆာအႀကိတ္ ျဖစ္ေပၚခံစားလာရတာ ေတြ႕ခဲ့ရတယ္။ အဲလုိ သုံးစြဲတာ ၁၀ ႏွစ္ေက်ာ္ၾကာတဲ့ လူေတြရဲ႕ ၅၅% ရာႏႈန္းမွာ ကင္ဆာခံစားရတာမုိ႕၊ လူေပါင္း ၅၁၁၁၇ ေယာက္မွာ ဦးေႏွာက္ကင္ဆာ ေရာဂါ ျဖစ္လာတာ ေတြ႕ရွိရတယ္။
ကင္ဆာကေတာ့ ေနာက္ဆုံးအဆုိးဆုံး ခံစားရတာျဖစ္ၿပီး၊ ဖုန္းတာ၀ါတုိင္ေတြအနီး ေနထုိင္ သူေတြကေတာ့ ယုတ္စြအဆုံး အိပ္မေပ်ာ္၊ ေခါင္းကုိက္၊ စိတ္အာ႐ုံစုစည္းလုိ႕ မရ၊ ႏႈန္းခ်ည့္၊ အဆစ္နာ၊ မ်က္စိၾကည့္မေကာင္း၊ မွတ္ဥာဏ္ ေလ်ာ့နည္း၊ ကုိယ္၀န္ပ်က္၊ နဲ႕ ႏွလုံးေရာဂါ စတာေတြ ခံစားလာရေစတယ္။ ဖုန္းတရစပ္ သုံးသူေတြနဲ႕ ဖုန္းတာ၀ါတုိင္ အနီးေနထို္င္သူေတြမွာ၊ အဆုိပါ လကၡဏာေတြ ခံစားရတာကုိ၊ အိိႏၵိယမွာ ေတြ႕ရတယ္။ ဖုန္းအ ၾကာႀကီးေျပာပါသူေတြမွာ ေခါင္းမူး တာနဲ႕၊ နားအၾကာအာ႐ုံျပႆနာေတြ ျဖစ္ေပၚလာတယ္။
လွ်ပ္စစ္သံလုိက္လိႈင္းေတြကုိ အထိအေတြ႕နည္းေအာင္ ဘယ္လုိေလွ်ာ့ခ်မလဲ
ပတ္၀န္းက်င္ထိခိုက္မႈနည္းပါးေစဘုိ႕၊ တာ၀ါတိုင္ေတြက ( antenna) နဲ႕ အင္တင္နာ ပမာဏကုိ ေလွ်ာ့ခ်သင္တယ္။ အဲလုိေဆာင္ရြက္ရင္၊ ဖုန္းလုိင္းဆြဲ အားေလ်ာ့နည္းကုန္ လုိ႕ ေနာက္ထပ္တာ၀ါတုိင္ေတြ ေနရာအႏွံ႕ ထပ္ေဆာက္ဘုိ႕ လုိအပ္လိမ့္မယ္။ေဆး႐ုံေတြ၊ ေန႕ ကေလးထိန္းေက်ာင္း၊ လူအုိ႐ုံ၊ စာသင္ေက်ာင္း စတာေတြနဲ႕ နီး မနီးစီစစ္ၿပီး၊ သိပ္နီး ကပ္ေနရင္ ေရႊ႕ေျပာင္းေဆာက္လုပ္သင့္တယ္။ အစက တည္းကလည္း၊ အဲဒါေတြနဲ႕ နီးတဲ့ ေနရာေတြမွာတာ၀ါတုိင္ ေဆာက္လုပ္ခြင့္ မေပးသင့္ ဘူး။ ထုတ္လႊင္မႈလႈိင္း ပမာဏေလ်ာ့နည္း ေလေလ၊ ပတ္၀န္းက်င္လူေတြကုိ က်န္းမာေရး ျပႆနာအေပး နည္းေလျဖစ္တယ္။ ေနာက္ၿပီးေတာ့၊ ဒုကၡအေပးနည္းေအာင္၊ တာ၀ါတုိ္င္ ေတြ ပုိမုိျမင့္မားစြာ ေဆာက္လုပ္သင့္ တယ္။
ေရဒီေအးရွင္း Radiation အကာအကြယ္မ်ား
လွ်ပ္စစ္သံလုိက္ အကာအကြယ္ေပးတဲ့ ကိရိယာ(Radiation Shielding machines)၊ လွ်ပ္စစ္ လႈိင္းကာ ဖလင္ျပား၊ အဆုိပါဓါတ္ေရာင္ျခည္မ၀င္ေအာင္ ပိတ္ဆုိ႕ႏုိင္တဲ့ လုိက္ကာ ထူထူနဲ႕ နံရံကပ္ စကၠဴ Wallpaper ေတြကုိ အိမ္ေတြမွာ တပ္ဆင္ထားမယ္ဆုိရင္၊ ပုိၿပီးအကာ အကြယ္ရေစတယ္။ Dadar ၿမိဳ႕ရွိ တာ၀ါတုိင္ေတြ ၁၂တုိင္ေလာက္ ခပ္စိတ္တပ္ဆင္ထားတဲ့၊ ေတာင္ေစာင္းေလးက ဆူရက္ကာ(Surakar) တုိ႕အတြက္၊ အဲလုိကာကြယ္ေပးထားရင္း၊ လွ်ပ္စစ္လႈိင္း အႏၱရာယ္ ေလ်ာ့ နည္းေစႏုိင္ပါတယ္။ သူကိုယ္တုိင္ကလည္း၊ ဦးေႏွာက္ကင္ဆာ ခံစားေနရၿပီး၊ သူက ေျပာခဲ့တာက အဲလုိုဖုန္းတာ၀ါတုိင္ေတြနဲ႕ နီးလြန္းရင္၊ အထက္ပါ အကာအကြယ္ေတြ မျဖစ္မေနတပ္ကုိတပ္ဆင္ သင့္တယ္ ဆုိပါတယ္။ အဲဒီကာကြယ္ ပစၥည္း ေတြက၊ ေစ်းႀကီးၿပီး ရွာေဖြရခက္ခဲႏုိင္ေပမဲ့၊ Radiation အႏၱရာယ္ ထိခုိက္ မခံရဘုိ႕အတြက္၊ ၎တုိ႕ကုိ ရွာေဖြတပ္ဆင္သင့္ပါတယ္။
အထူးသျဖင့္ ေဆာက္ၿပီးသားလူေနအိမ္ေတြ တုိက္ေခါင္မုိးေတြေပၚမွာ၊ တာ၀ါတိုင္ေတြ နဲ႕ repeater ထပ္ဆင္လႊင္ အင္တင္နာေတြ ကုိ၊ ငွားခ ပိုက္ဆံရတယ္ဆုိၿပီး၊ တပ္ဆင္ခြင့္မျပဳ သင့္ဘူး။ အိမ္တြင္းရွိလူအားလုံးနဲ႕ ပတ္၀န္းက်င္ အနီးအနားက လူေတြကုိ၊ က်န္းမာေရး ျပႆနာေတြ ေပးေန တာေၾကာင့္၊ ေရွာင္က်ဥ္သင့္တာျဖစ္တယ္။
တာ၀ါတိုင္ေတြ စုၿပဳံတပ္ဆင္ထားတဲ့ တုိက္ေခါင္းမုိးေတြ အနီးေနထုိင္သူေတြမွာ၊ အထက္ ေဖာ္ျပပါ ေရဒီေအးရွင္း ေရာင္ျခည္သင့္မႈ လကၡဏာေတြခံစားရတာ အျပင္၊ ကင္ဆာ ျဖစ္ႏုိင္ေျခပါ ပိုျမင့္မားလာတာကုိ၊ ပက္ဒါလမ္း(Pedder road) ထဲေနထုိင္သူေတြမွာ၊ ေတြ႕ရွိ ရတယ္။ အဂၢ၀ါ ဆုိသူ အမ်ဳိးသမီးဟာ၊ (Maheshwari Niketan) တုိက္ အေပၚဆုံးထပ္မွာ၊ ေနထုိင္သူျဖစ္ၿပီး၊ လွ်ပ္စစ္ သံလုိက္လႈိင္းအႏၱရာယ္ခံစားေနရတဲ့ေရာဂါျဖစ္ေနတာလို႕ ဆရာ၀န္ ေတြက ေျပာၾကတယ္။သူ႕ကေလးေတြမွာလည္း ေခါင္းကိုက္တာနဲ႕ အိပ္မေပ်ာ္တာေတြ ခံစားေနၾကရတယ္။
အဲဒီပက္ဒါ (Peddar road) လမ္းထဲမွာ၊ေရဒီေအးရွင္းေၾကာင့္ ကင္ဆာျဖစ္ၿပီး၊ လူ႕ ၂ ေယာက္ေတာင္ေသဆုံးသြားၿပီးၿပီ။ အဲဒီလမ္းထဲမွာ နာမည္ႀကီး ေဆး႐ုံ၊ ပညာတတ္ အသိုင္း အ၀ုိင္းေတြ ေနထိုင္ရာ တုိက္တာေတြနဲ႕ လုံးခ်င္းဘန္ဂလုိေတြလည္း ရွိၾကတယ္။ ဖုန္းတာ၀ါ ေတြကလည္း မႈိလို ေပါက္ေနၾကတာဆုိေတာ့၊ အဲဒီလမ္းထဲေနထုိ္င္သူေတြက တာ၀ါတုိင္ေတြ ေရႊ႕ေျပာင္းေပးဘုိ႕၊ ခ်ီတက္ ဆႏၵျပခဲ့ၾကတယ္။
အဂၢ၀ါ Agarwal က ဆက္ေျပာတာက၊ က်မကို္ယ္တုိင္နဲ႕ က်မိသားစုကုိ အဲဒီ ဓါတ္ေရာင္ျခည္ အႏၱရာယ္ကေန ဘယ္လုိကာကြယ္ရမယ္ဆိုတာ၊ မသိခဲ့ရဘူး။ တာ၀န္ရွိ သူေတြကုိယ္တုိင္က၊ အနီးက လူေတြ က်န္းမာေရးနဲ႕ ညီညြတ္ေအာင္ စည္းကမ္းတက် စီစစ္ၿပီးဂ႐ုတစိုက္ ေဆာင္ရန္ေရွာင္ရန္ေတြ နဲ႕ကုိက္ညီေအာင္ ေဆာက္လုပ္မႈရွိ မရွိစစ္ေဆး အေရးယူသင့္တယ္။ အိမ္၀င္းထဲ (သို႕) တုိက္ေခါင္းမုိး ေပၚေနရာ ငွားစားသူေတြကလည္း၊ ေငြေလးအသင့္အတင့္သိန္းဂဏန္းေလးရ႐ုံေလာက္နဲ႕ သူတုိ႕ ကိုယ္တုိင္ေရာ အိမ္နီးခ်င္းေတြ ကိုပါ၊ က်န္းမေရးထိခိုက္ေစေအာင္၊ မငွမ္းရမ္းသင့္ဘူး၊ ေဆာက္လုပ္ ခြင့္၊ စုိက္ထူခြင့္မျပဳသင့္ ဘူးလုိ႕၊ ေျပာခဲ့တယ္။
အထက္ပါေဆာင္းပါးက အိႏၵိယ အေျခစုိက္ သုေတသနေတြရဲ႕ ေတြ႕ရွိခ်က္ ေတြ႕ျဖစ္ ပါတယ္။ စည္းကမ္းတင္းၾကပ္မႈေလ်ာ့လ်ဲၿပီး လာဘ္စားမႈထူေျပာသေလာက္၊ အေသးစိတ္စစ္ ေဆးတုိင္းတာမႈ န အားနည္းတဲ့ ျမန္မာႏုိင္ငံမွာလည္း၊ မိုဘုိင္းဖုန္းတာ၀ါစင္ေတြ ဟုိမွာဒီမွာ လူေနရပ္ကြက္ထဲ ၿခံထဲနဲ တုိက္အိမ္ေခါင္းမုိးေတြေပၚ အစီအရီတပ္ဆင္လာေနၾကပါၿပီ။ ငွားခ ရတာနဲ႕ အသက္အႏၱရာယ္ထိခိုက္တာ မကာမိေအာင္ျဖစ္ေစတာမုိ႕၊ မိမိအိမ္၀န္းထဲနဲ႕ အိမ္အနီးပတ္၀န္းက်င္မွာ မုိဘုိင္းဖုန္းတာ၀ါ လာတပ္ဆင္ရင္၊ လက္မခံသင့္ပါေၾကာင္း၊ အထက္ပါအႏၱရာယ္ေတြ ေပးႏုိင္တာ နားလည္သေဘာ ေပါက္ေစလုိပါေၾကာင္း၊ သက္ဆုိင္ရာ အာဏာပုိင္အဖြဲ႕အစည္းေတြကလည္း၊ ေသခ်ာစီစစ္ၿပီးမွ၊ အႏၱရာယ္ အနည္းဆုံးေနရာမွာ ေရြးခ်ယ္ ေဆာက္လုပ္ခြင့္ ျပဳေစလုိပါေၾကာင္း ေလ့လာ ေဖာ္ျပေပး လုိက္ပါတယ္။
ေဒါက္တာ ေအးျမခ်ယ္