All Articlesမျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေး

အပျိုတွေမှာ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်လို့ ရ၏/မရ၏

1 Mins read

အပျိုတွေမှာ သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်လို့ ရ၏/မရ၏

ရွေးချယ်စရာ သန္ဓေတားနည်းများစွာရှိသည့်အနက် သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း(IUD)သည်လည်း တစ်ခုအပါအဝင်ပါ။

-နှစ်ရှည်ကိုယ်ဝန်တားနိုင်ခြင်း၊

-အရေးပေါ်သန္ဓေတားနိုင်ခြင်း၊

-နေ့စဉ်ဆေးသောက်စရာမလိုခြင်း၊

-သန္ဓေအောင်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိတာမို့ ကလေးလိုချင်တဲ့အခါ အချိန်မရွေးပြန်ပြီး ကိုယ်ဝန်ယူနိုင်ခြင်း……စတဲ့အားသာချက်တွေကြောင့် သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းကို အသုံးပြုလိုသူများပြားလှသောာ်လည်း …..အမျိုးသမီးများအနေနှင့် တစ်ဖက်က စိုးရိမ်မိတဲ့ အချက်လေးတွေလည်း ရှိနေပြန်တယ်။

-ယင်ဖိုတောင်မသမ်းဖူးသေးတဲ့ အပျိုတွေမှာ ထည့်လို့ရပါ့မလား?

-ကလေးမွေးဖူးတဲ့သူတွေမှာပဲ သုံးလို့ရတာလား?

-ဒီပစ္စည်းထည့်ရင် နာမှာလား?

စသဖြင့်ပေါ့။

တကယ်တမ်းကတော့

– ရေမရောတဲ့ အပျိုစစ်စစ်တွေ မင်္ဂလာဆောင်တော့မှာမို့ ဒီပစ္စည်းလေးကြိုထည့်၊ ကိုယ်ဝန်ကြိုတားထားချင်လား? ရပါတယ်။
ဒီပစ္စည်းလေးထည့်မယ်ဆိုရင် ကျွမ်းကျင်တဲ့ဆရာဝန်က လိုအပ်တဲ့ ကိရိယာလေးတွေ အသုံးပြုပြီး စနစ်တကျထည့်ပေးမှာဖြစ်ပါတယ်။ ဘဲနှုတ်သီးပုံ ကိရိယာကို မိန်းမကိုယ်ထဲ ထည့်မယ်၊ နောက်….သားအိမ်အဝ(သားအိမ်ခေါင်းကို ချဲ့ပေးတဲ့ ကိရိယာလေးသုံးပြီးချဲ့မယ်၊ ပြီးရင် အဆိုပါသန္ဓေတားပစ္စည်းလေးထည့်မယ်။အပျိုတွေအနေနဲ့တော့ အနည်းငယ် တင်းကျပ်ကျပ်…..သက်တောင့်သက်သာမရှိသလို ခံစားရနိုင်ပေမယ့် ဒါဟာ ခဏပဲဖြစ်ပါတယ်။ဒီပစ္စည်းထည့်တာ အချိန်လည်းမကြာပါဘူး။ IUD ထည့်ပြီးနောက် ဆီးစပ်တစ်ဝိုက်အနည်းငယ်နာနိုင်သော်လည်း နောက်တစ်ရက်လောက်နေရင် ပုံမှန်ပြန်ဖြစ်သွားမှာဖြစ်ပါတယ်။ IUD စထည့်ထည့်ချင်း တစ်လ နှစ်လမှာ ရာသီသွေးပမာဏပုံမမှန်တာ၊ ရာသီလာလျှင် ဆီးစပ်ကိုက်တာမျိုးရှိနိုင်ပေမယ့် ၃လလောက်ကြာတဲ့အခါ အားလုံးပုံမှန်ပြန်ဖြစ်သွားပါလိမ့်မယ်။

-ကဲ…အပျိုတွေတောင် သုံးလို့ရတယ်ဆိုမှတော့ ကလေးမမွေးထားဖူးတဲ့ အိမ်ထောင်သည်တွေလည်း သုံးလို့ရပြီပေါ့နော်။

-ဒီပစ္စည်းထည့်ရင် နာမှာလားဆိုတော့…..အထက်မှာ ပြောပြခဲ့သလိုပါပဲ…အနည်းငယ်နာနိုင်ပေမယ့် အချိန်တိုအတွင်း သက်သာသွားမှာဖြစ်ပါတယ်။ဒါ့အပြင် လေဒီယာ(Lydia)ကထုတ်တဲ့ သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းတစ်မျိုးဖြစ်တယ့် Copper Y(ကော့ပါး ဝိုင်)ဟာ အရွယ်အစား ပိုမိုသေးတာကြောင့် ပိုထည့်ရလွယ်ပြီး သက်တောင့်သက်သာပိုရှိပါတယ်။အပျိုတွေနဲ့ ကလေးမမွေးဖူးသူတွေမှာဆိုရင် ဒီလို IUD အမျိုးအစားက ပိုမိုသင့်တော်ပါလိမ့်မယ်။

-လတ်တလော ကိုယ်ဝန်လည်းတားချင်တယ်…တစ်ချိန်ကျ ကလေးယူဖို့လည်း အစီအစဉ်ရှိတယ်…ဆိုရင်
သားအိမ်တွင်းထည့်သန္ဓေတားပစ္စည်းသည်လည်းပဲ…အပျိုရော အိမ်ထောင်ရှင်များပါ ရွေးချယ်နိုင်တယ့် ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါကြောင်း …….

ပိုင်နီမေ

အပ်ိဳေတြမွာ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္း ထည့္လို႔ ရ၏/မရ၏

ေရြးခ်ယ္စရာ သေႏၶတားနည္းမ်ားစြာရွိသည့္အနက္ သားအိမ္တြင္းထည့္ သေႏၶတားပစၥည္း(IUD)သည္လည္း တစ္ခုအပါအဝင္ပါ။

-ႏွစ္ရွည္ကိုယ္ဝန္တားႏိုင္ျခင္း၊

-အေရးေပၚသေႏၶတားႏိုင္ျခင္း၊

-ေန႔စဥ္ေဆးေသာက္စရာမလိုျခင္း၊

-သေႏၶေအာင္ႏိုင္စြမ္းအေပၚသက္ေရာက္မႈမရွိတာမို႔ ကေလးလိုခ်င္တဲ့အခါ အခ်ိန္မေရြးျပန္ၿပီး ကိုယ္ဝန္ယူႏိုင္ျခင္း……စတဲ့အားသာခ်က္ေတြေၾကာင့္ သားအိမ္တြင္းထည့္သေႏၶတားပစၥည္းကို အသံုးျပဳလိုသူမ်ားျပားလွေသာာ္လည္း …..အမ်ိဳးသမီးမ်ားအေနႏွင့္ တစ္ဖက္က စိုးရိမ္မိတဲ့ အခ်က္ေလးေတြလည္း ရွိေနျပန္တယ္။

-ယင္ဖိုေတာင္မသမ္းဖူးေသးတဲ့ အပ်ိဳေတြမွာ ထည့္လို႔ရပါ့မလား?

-ကေလးေမြးဖူးတဲ့သူေတြမွာပဲ သံုးလို႔ရတာလား?

-ဒီပစၥည္းထည့္ရင္ နာမွာလား?

စသျဖင့္ေပါ့။

တကယ္တမ္းကေတာ့

– ေရမေရာတဲ့ အပ်ိဳစစ္စစ္ေတြ မဂၤလာေဆာင္ေတာ့မွာမို႔ ဒီပစၥည္းေလးႀကိဳထည့္၊ ကိုယ္ဝန္ႀကိဳတားထားခ်င္လား? ရပါတယ္။
ဒီပစၥည္းေလးထည့္မယ္ဆိုရင္ ကြ်မ္းက်င္တဲ့ဆရာဝန္က လိုအပ္တဲ့ ကိရိယာေလးေတြ အသံုးျပဳၿပီး စနစ္တက်ထည့္ေပးမွာျဖစ္ပါတယ္။ ဘဲႏႈတ္သီးပံု ကိရိယာကို မိန္းမကိုယ္ထဲ ထည့္မယ္၊ ေနာက္….သားအိမ္အဝ(သားအိမ္ေခါင္းကို ခ်ဲ့ေပးတဲ့ ကိရိယာေလးသံုးၿပီးခ်ဲ့မယ္၊ ၿပီးရင္ အဆိုပါသေႏၶတားပစၥည္းေလးထည့္မယ္။အပ်ိဳေတြအေနနဲ႔ေတာ့ အနည္းငယ္ တင္းက်ပ္က်ပ္…..သက္ေတာင့္သက္သာမရွိသလို ခံစားရႏိုင္ေပမယ့္ ဒါဟာ ခဏပဲျဖစ္ပါတယ္။ဒီပစၥည္းထည့္တာ အခ်ိန္လည္းမၾကာပါဘူး။ IUD ထည့္ၿပီးေနာက္ ဆီးစပ္တစ္ဝိုက္အနည္းငယ္နာႏိုင္ေသာ္လည္း ေနာက္တစ္ရက္ေလာက္ေနရင္ ပံုမွန္ျပန္ျဖစ္သြားမွာျဖစ္ပါတယ္။ IUD စထည့္ထည့္ခ်င္း တစ္လ ႏွစ္လမွာ ရာသီေသြးပမာဏပံုမမွန္တာ၊ ရာသီလာလၽွင္ ဆီးစပ္ကိုက္တာမ်ိဳးရွိႏိုင္ေပမယ့္ ၃လေလာက္ၾကာတဲ့အခါ အားလံုးပံုမွန္ျပန္ျဖစ္သြားပါလိမ့္မယ္။

-ကဲ…အပ်ိဳေတြေတာင္ သံုးလို႔ရတယ္ဆိုမွေတာ့ ကေလးမေမြးထားဖူးတဲ့ အိမ္ေထာင္သည္ေတြလည္း သံုးလို႔ရၿပီေပါ့ေနာ္။

-ဒီပစၥည္းထည့္ရင္ နာမွာလားဆိုေတာ့…..အထက္မွာ ေျပာျပခဲ့သလိုပါပဲ…အနည္းငယ္နာႏိုင္ေပမယ့္ အခ်ိန္တိုအတြင္း သက္သာသြားမွာျဖစ္ပါတယ္။ဒါ့အျပင္ ေလဒီယာ(Lydia)ကထုတ္တဲ့ သားအိမ္တြင္းထည့္သေႏၶတားပစၥည္းတစ္မ်ိဳးျဖစ္တယ့္ Copper Y(ေကာ့ပါး ဝိုင္)ဟာ အရြယ္အစား ပိုမိုေသးတာေၾကာင့္ ပိုထည့္ရလြယ္ၿပီး သက္ေတာင့္သက္သာပိုရွိပါတယ္။အပ်ိဳေတြနဲ႔ ကေလးမေမြးဖူးသူေတြမွာဆိုရင္ ဒီလို IUD အမ်ိဳးအစားက ပိုမိုသင့္ေတာ္ပါလိမ့္မယ္။

-လတ္တေလာ ကိုယ္ဝန္လည္းတားခ်င္တယ္…တစ္ခ်ိန္က် ကေလးယူဖို႔လည္း အစီအစဥ္ရွိတယ္…ဆိုရင္
သားအိမ္တြင္းထည့္သေႏၶတားပစၥည္းသည္လည္းပဲ…အပ်ိဳေရာ အိမ္ေထာင္ရွင္မ်ားပါ ေရြးခ်ယ္ႏိုင္တယ့္ ထိေရာက္တဲ့ နည္းလမ္းတစ္ခုျဖစ္ပါေၾကာင္း …….

ပိုင္နီေမ

Related posts
မျိုးဆက်ပွားကျန်းမာရေးအမျိုးသား ကျန်းမာရေး

ကိုမျိုးအောင် ဖြစ်စေဖို့ (သုက်ပိုး)

1 Mins read
အမျိုးမျိုးသော ရောဂါပြဿနာများဟာ အမျိုးသားတွေရဲ့ သုက်ပိုး အပါအဝင် မျိုးပွားမှုဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ –          Testosterone ဟော်မုန်းနှင့် သုက်ပိုးများထုတ်လုပ်ရန် ဝှေးစေ့များကို အချက်ပြပေးတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ hypothalamus သို့မဟုတ် pituitary gland မှာ ပြဿနာတစ်ခုခုရှိနေခြင်း…
မျိုးဆက်ပွားကျန်းမာရေးအမျိုးသမီး ကျန်းမာရေးအမျိုးသား ကျန်းမာရေး

ရာသီလာစဉ်လိင်ဆက်ဆံခြင်း (Sex During Menstruation)

1 Mins read
ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာ ကာယကံရှင်တွေရဲ့ရွေးချယ်မှုသာဖြစ်ပြီး မှားတယ်မှန်တယ်မဆိုသာတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ အချို့သူတွေအတွက်တော့ ရာသီလာစဉ်လိင်ဆက်ဆံလျှင် အညစ်အကြေးများကြောင့်စိတ်အနှောင့်အယှက်ဖြစ်ရလို့ မကြိုက်တဲ့သူရှိသလို၊ ဒီအတွက်ပြဿနာမရှိဘူးဆိုသူများလည်းရှိပါတယ်။ ဆေးပညာရှုထောင့်အရကြည့်လျှင်တော့ ရာသီလာစဉ်လိင်ဆက်ဆံခြင်းဟာကျန်းမာရေးအရဆိုးကျိုးမရှိပါဘူး။ လိင်ဆက်ဆံဖော်နှစ်ဦးကြား အဆင်ပြေသဘောတူညီမှုရှိဖို့ပဲလိုပါတယ်။ ဒီအတွက်ကြောင့် ရောဂါပိုးတွေကူးစက်မှာ ဒဏ်ရာအနာတရဖြစ်တာမျိုးမရှိပါဘူး။ ဒါပေမယ့် ရာသီသွေးများနဲ့ထိတွေ့မှုရှိတဲ့အတွက် တစ်ဦးဦးမှာသာ လိင်ပိုင်းဆိုင်ရာရောဂါတစ်ခုခုရှိနေမယ်ဆိုရင်တော့ ကူးစက်ခံရနိုင်ခြေအတော်များနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ ဒါကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…