သင့်မှာ HIV ရှိနေရင် ကလေးယူလို့ဖြစ်ရဲ့လား။
သင်ကိုယ်တိုင် သို့မဟုတ် သင့်ရဲ့အဖော် သို့မဟုတ် နှစ်ယောက်စလုံးမှာ HIV ပိုးရှိနေတယ်ဆိုပါစို့။ရင်သွေးလေးတွေယူပြီး မိသားစုဘဝလေးတည်ဆောက်ချင်တယ်ဆိုတဲ့စိတ်ကူးလေးဟာ အကောင်အထည်ဖော်ဖို့ဖြစ်နိုင်ရဲ့လား။
အဓိကအားဖြင့်စိုးရိမ်ပူပန်တတ်ကြတာကတော့ မိမိရဲ့အဖော်ကိုပါ HIV ပိုးကူးသွားမှာ နဲ့ အရေးကြီးဆုံးအနေနဲ့ ရင်သွေးလေးကိုပါကူးစက်သွားမှာတွေပဲဖြစ်ပါတယ်။
ဒီနေရာမှာအုပ်စုနှစ်စုခွဲပြောလိုပါတယ်။
ယောကျာ်း သို့မဟုတ် မိန်းမတစ်ယောက်ယောက်မှာသာ ပိုးရှိနေတာ နဲ့ နှစ်ယောက်စလုံးပိုးရှိနေတာဆိုတဲ့ အုပ်စုနှစ်စုခွဲပြောရပါမယ်။
(၁)ပထမအုပ်စုမှာက ကလေးယူဖို့ဆုံးဖြတ်ပြီဆိုရင် အရင်ဆုံးကိုယ့်အဖော်ကိုမကူးစေဖို့သတိပြုရတာလေး ပိုပါမယ်။
– ယောကျာ်းဖြစ်သူက HIV Negative နဲ့ မိန်းမဖြစ်သူက HIV Positive ဆိုရင်…
လိင်မဆက်ဆံဘဲ ကိုယ်ဝန်ရအောင်လုပ်တဲ့နည်းကတော့ အမျိုးသားရဲ့သုက်ရည်ကို အပ်ဖြုတ်ထားတဲ့ဆေးထိုးအပ်နဲ့ယူပြီးအမျိုးသမီးရဲ့ မိန်းမကိုယ်ထဲထည့်သွင်းတဲ့နည်းပါ။ဒီနည်းကို မိမိဘာသာအိမ်မှာပြုလုပ်နိုင်သလို HIV Clinic တွေမှာကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းအကူအညီရယူပြီးလည်း လုပ်နိုင်ပါတယ်။
ပုံမှန်အတိုင်းလိင်ဆက်ဆံခြင်းဖြင့်လည်းကိုယ်ဝန်ရယူနိုင်ပါတယ်။အမျိုးသမီးရဲ့ သားဥကြွေချိန်မှာသာ လိင်ဆက်ဆံခြင်းကိုပြုလုပ်ခြင်းဖြင့် ကူးစက်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။အမျိုးသားဖြစ်သူကိုမကူးစက်စေဖို့အတွက် အမျိုးသမီးဟာ ART ဆေး(Antiretroviral treatment)ကိုရယူနေသူ သွေးထဲမှာ ပိုးကောင်ရေမရှိသလောက်နည်းပါးအောင်ထိန်းထားနိုင်သူဖြစ်ရပါမယ်။ဒီနည်းဟာတော့ အမျိုးသားကိုကူးစက်နိုင်ချေရှိတဲ့အတွက် PrEP လို့ခေါ်တဲ့ HIV ပိုးမကူးအောင်ကြိုတင်ကာကွယ်ဆေးသောက်စေတာမျိုးကိုလည်း ဆရာဝန်ကညွှန်ကြားနိုင်ပါတယ်။
– ယောကျာ်းဖြစ်သူက HIV Positive နဲ့ မိန်းမဖြစ်သူက HIV Negative ဆိုရင်…
ဒီအခြေအနေမျိုးမှာတော့ မိန်းမဖြစ်သူကိုမကူးစက်ရအောင် ယောကျာ်းဖြစ်သူမှာ HIV ပိုးကောင်ရေမတွေ့သလောက်နည်းပါးရမယ့်အပြင် ART ဆေးကိုပုံမှန်သောက်နေသူလည်းဖြစ်ရပါမယ်။လိုအပ်ရင် မိန်းမကိုလည်း PrEP လို့ခေါ်တဲ့ HIV ပိုးမကူးအောင်ကြိုတင်ကာကွယ်ဆေးသောက်တာမျိုးကိုလည်း ဆရာဝန်ကညွှန်ကြားနိုင်ပါတယ်။အမျိုးသမီးရဲ့ သားဥကြွေချိန်မှာသာ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်းကိုပြုလုပ်ခြင်းဖြင့် ကူးစက်နိုင်ချေကိုလျှော့ချပေးနိုင်ပါတယ်။
တစ်ချို့သော နိုင်ငံတွေမှာတော့ အမျိုးသားရဲ့ သုက်ရည်ထဲက သုက်ပိုးကို HIV ပိုးမပါအောင် ဓာတ်ခွဲခန်းမှာ သေချာခွဲယူပြီးမှ အမျိုးသမီးရဲ့ ခန္ဓာကိုယ်ထဲထည့်ပေးတာမျုးိလည်း လုပ်တတ်ကြပါတယ်။
(၂)ဒုတိယအုပ်စုဖြစ်တဲ့ နှစ်ယောက်လုံးမှာ HIV ပိုးရှိနေရင်ရော ကလေးယူလို့ဖြစ်ရဲ့လားဆိုဖြစ်ပါတယ်။ဒီအုပ်စုအနေနဲ့ကတော့ ကလေးကိုမကူးစက်ဖို့သာ အာရုံထားရမှာဖြစ်ပါတယ်။
အမျိုးသမီးမှာ HIV ပိုးရှိနေရင် ကိုယ်ဝန်ရသွားပြီးတဲ့နောက်မှာ ကလေးကိုမကူးစက်အောင် ART ဆေးကို ပုံမှန်ဆက်လက်သောက်သုံးရပါမယ်။ကလေးမွေးပြီးတဲ့နောက်မှာလည်း ကလေးကိုကူးစက်ခြင်းမှကာကွယ်ဖို့လိုအပ်ရင် ကလေးကို ART ဆေးတိုက်ကျွေးဖို့ ဆရာဝန်ကညွှန်ကြားနိုင်ပါတယ်။ဒီအချက်တွေကိုလိုက်နာနိုင်ရင် မိခင်နို့ကိုလည်း တိုက်ကျွေးလို့ရပါတယ်။မိခင်နို့တိုက်ဖို့ရွေးသည်ဖြစ်စေ နို့မှုန့်တိုက်ဖို့ရွေးသည်ဖြစ်စေ အဓိကအားဖြင့်တော့ နှစ်မျိုးလုံးရောမတိုက်ဖို့ပါပဲ။ဥပမာ အစက မိခင်နို့တိုက်ပြီးနောက်နို့ဗူးပြောင်းတိုက်တာ နို့ဗူးတိုက်နေရာမှ မိခင်နို့်ပြောင်းတိုက်တာမျိုးတွေကတော့ ကလေးကို ပိုးကူးနိုင်ခြေများတဲ့အတွက် မလုပ်သင့်ပါဘူး။ဒီလိုနည်းအတိုင်းလိုက်နာနိုင်ရင် ကလေးကို HIV ပိုးကူးနိုင်ချေဟာ လူ ၁၀၀ မှာတစ်ယောက်အောက် နည်းပါးပါတယ်။
HIV Positive ဖြစ်နေသူတွေအနေနဲ့လည်း သာမန်မိသားစုဘဝကိုတည်ဆောက်ရယူနိုင်ပါတယ်။ကျွမ်းကျင်သူကျန်းမာရေးဝန်ထမ်းများနဲ့ ကိုယ်ဝန်မယူခင်တိုင်ပင်ဆွေးနွေးတာ ကိုယ်ဝန်ရပြီး ကလေးမွေးပြီးဆက်လက်အကြံဉာဏ်ယူတာတွေပြုလုပ်ခြင်းဖြင့် မိမိရဲ့အဖော်နဲ့သားသမီးကို HIV ပိုးမကူးစက်အောင်တားဆီးကာကွယ်နိုင်ပါတယ်။ကျန်းမာသာယာသော မိသားစုဘဝများရရှိကြပါစေ။
Dr. ပွင့်ဖြိုးကျော်
သင့္မွာ HIV ရွိေနရင္ ကေလးယူလို႔ျဖစ္ရဲ႕လား။
သင္ကုို္ယ္တိုင္ သို႔မဟုတ္ သင့္ရဲ႕အေဖာ္ သို႔မဟုတ္ ႏွစ္ေယာက္စလံုးမွာ HIV ပိုးရွိေနတယ္ဆိုပါစို႕။ရင္ေသြးေလးေတြယူျပီး မိသားစုဘဝေလးတည္ေဆာက္ခ်င္တယ္ဆိုတဲ႔စိတ္ကူးေလးဟာ အေကာင္အထည္ေဖာ္ဖို႔ျဖစ္နိုင္ရဲ႕လား။
အဓိကအားျဖင့္စိုးရိမ္ပူပန္တတ္ၾကတာကေတာ့ မိမိရဲ႕အေဖာ္ကိုပါ HIV ပိုးကူးသြားမွာ နဲ႔ အေရးၾကီးဆံုးအေနနဲ႔ ရင္ေသြးေလးကိုပါကူးစက္သြားမွာေတြပဲျဖစ္ပါတယ္။
ဒီေနရာမွာအုပ္စုႏွစ္စုခြဲေျပာလိုပါတယ္။
ေယာက်ာ္း သို႔မဟုတ္ မိန္းမတစ္ေယာက္ေယာက္မွာသာ ပိုးရွိေနတာ နဲ႔ ႏွစ္ေယာက္စလံုးပိုးရွိေနတာဆိုတဲ႔ အုပ္စုႏွစ္စုခြဲေျပာရပါမယ္။
(၁)ပထမအုပ္စုမွာက ကေလးယူဖို႔ဆံုးျဖတ္ျပီဆိုရင္ အရင္ဆံုးကိုယ့္အေဖာ္ကိုမကူးေစဖို႔သတိျပဳရတာေလး ပိုပါမယ္။
– ေယာက်ာ္းျဖစ္သူက HIV Negative နဲ႔ မိန္းမျဖစ္သူက HIV Positive ဆိုရင္…
လိင္မဆက္ဆံဘဲ ကိုယ္ဝန္ရေအာင္လုပ္တဲ႔နည္းကေတာ့ အမ်ိဳးသားရဲ႕သုက္ရည္ကို အပ္ျဖဳတ္ထားတဲ႔ေဆးထိုးအပ္နဲ႔႔ယူျပီးအမ်ိဳးသမီးရဲ႕ မိန္းမကိုယ္ထဲထည့္သြင္းတဲ႔နည္းပါ။ဒီနည္းကို မိမိဘာသာအိမ္မွာျပဳလုပ္နိုင္သလို HIV Clinic ေတြမွာကြ်မ္းက်င္သူက်န္းမာေရးဝန္ထမ္းအကူအညီရယူျပီးလည္း လုပ္နိုင္ပါတယ္။
ပံုမွန္အတိုင္းလိင္ဆက္ဆံျခင္းျဖင့္လည္းကိုယ္ဝန္ရယူန္ိုင္ပါတယ္။အမ်ိဳးသမီးရဲ႕ သားဥေၾကြခ်ိန္မွာသာ လိင္ဆက္ဆံျခင္းကိုျပဳလုပ္ျခင္းျဖင့္ ကူးစက္နိုင္ေခ်ကိုေလ်ွာ့ခ်ေပးနိိုင္ပါတယ္။အမ်ိဳးသားျဖစ္သူကိုမကူးစက္ေစဖို႔အတြက္ အမ်ိဳးသမီးဟာ ART ေဆး(Antiretroviral treatment)ကိုရယူေနသူ ေသြးထဲမွာ ပိုးေကာင္ေရမရွိသေလာက္နည္းပါးေအာင္ထိန္းထားနိုင္သူျဖစ္ရပါမယ္။ဒီနည္းဟာေတာ့ အမ်ိဳးသားကိုကူးစက္နိုင္ေခ်ရွိတဲ႔အတြက္ PrEP လို႔ေခၚတဲ႔ HIV ပိုးမကူးေအာင္ၾကိဳတင္ကာကြယ္ေဆးေသာက္ေစတာမ်ိဳးကိုလည္း ဆရာဝန္ကညႊန္ၾကားနိုင္ပါတယ္။
– ေယာက်ာ္းျဖစ္သူက HIV Positive နဲ႔ မိန္းမျဖစ္သူက HIV Negative ဆိုရင္…
ဒီအေျခအေနမ်ိဳးမွာေတာ့ မိန္းမျဖစ္သူကိုမကူးစက္ရေအာင္ ေယာက်ာ္းျဖစ္သူမွာ HIV ပိုးေကာင္ေရမေတြ႕သေလာက္နည္းပါးရမယ့္အျပင္ ART ေဆးကိုပံုမွန္ေသာက္ေနသူလည္းျဖစ္ရပါမယ္။လိုအပ္ရင္ မိန္းမကိုလည္း PrEP လို႔ေခၚတဲ႔ HIV ပိုးမကူးေအာင္ၾကိဳတင္ကာကြယ္ေဆးေသာက္တာမ်ိဳးကိုလည္း ဆရာဝန္ကညႊန္ၾကားနိုင္ပါတယ္။အမ်ိဳးသမီးရဲ႕ သားဥေၾကြခ်ိန္မွာသာ အကာအကြယ္မဲ႕လိင္ဆက္ဆံျခင္းကိုျပဳလုပ္ျခင္းျဖင့္ ကူးစက္နိုင္ေခ်ကိုေလ်ွာ့ခ်ေပးနိိုင္ပါတယ္။
တစ္ခ်ိဳ႕ေသာ နိုင္ငံေတြမွာေတာ့ အမ်ိဳးသားရဲ႕ သုက္ရည္ထဲက သုက္ပိုးကို HIV ပိုးမပါေအာင္ ဓာတ္ခြဲခန္းမွာ ေသခ်ာခြဲယူျပီးမွ အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္ထဲထည့္ေပးတာမ်ဳးိလည္း လုပ္တတ္ၾကပါတယ္။
(၂)ဒုတိယအုပ္စုျဖစ္တဲ႔ ႏွစ္ေယာက္လံုးမွာ HIV ပိုးရွိေနရင္ေရာ ကေလးယူလို႔ျဖစ္ရဲ႕လားဆိုျဖစ္ပါတယ္။ဒီအုပ္စုအေနနဲ႔ကေတာ့ ကေလးကိုမကူးစက္ဖို႕သာ အာရုံထားရမွာျဖစ္ပါတယ္။
အမ်ိဳးသမီးမွာ HIV ပိုးရွိေနရင္ ကိုယ္ဝန္ရသြားျပီးတဲ႔ေနာက္မွာ ကေလးကိုမကူးစက္ေအာင္ ART ေဆးကို ပံုမွန္ဆက္လက္ေသာက္သံုးရပါမယ္။ကေလးေမြးျပီးတဲ႔ေနာက္မွာလည္း ကေလးကိုကူးစက္ျခင္းမွကာကြယ္ဖို႕လိုအပ္ရင္ ကေလးကို ART ေဆးတိုက္ေကြ်းဖို႔ ဆရာဝန္ကညႊန္ၾကားနိုင္ပါတယ္။ဒီအခ်က္ေတြကိုလိုက္နာနိုင္ရင္ မိခင္နို႕ကိုလည္း တိုက္ေကြ်းလို႔ရပါတယ္။မိခင္နို႕တိုက္ဖို႔ေရြးသည္ျဖစ္ေစ နို႔မႈန္႕တိုက္ဖို႔ေရြးသည္ျဖစ္ေစ အဓိကအားျဖင့္ေတာ့ နွစ္မ်ိဳးလံုးေရာမတိုက္ဖို႔ပါပဲ။ဥပမာ အစက မိခင္နုိ႕တုုိက္ျပီးေနာက္နို႔ဗူးေျပာင္းတိုက္တာ နို႔ဗူးတိုက္ေနရာမွ မိခင္နို္႕ေျပာင္းတိုက္တာမ်ိဳးေတြကေတာ့ ကေလးကို ပိုးကူးနိုင္ေျခမ်ားတဲ႔အတြက္ မလုပ္သင့္ပါဘူး။ဒီလိုနည္းအတိုင္းလိုက္နာနိုင္ရင္ ကေလးကို HIV ပိုးကူးနိုင္ေခ်ဟာ လူ ၁၀၀ မွာတစ္ေယာက္ေအာက္ နည္းပါးပါတယ္။
HIV Positive ျဖစ္ေနသူေတြအေနနဲ႔လည္း သာမန္မိသားစုဘဝကိုတည္ေဆာက္ရယူနိုင္ပါတယ္။ကြ်မ္းက်င္သူက်န္းမာေရးဝန္ထမ္းမ်ားနဲ႕ ကိုယ္ဝန္မယူခင္တိုင္ပင္ေဆြးေႏြးတာ ကိုယ္ဝန္ရျပီး ကေလးေမြးျပီးဆက္လက္အၾကံဥာဏ္ယူတာေတြျပဳလုပ္ျခင္းျဖင့္ မိမိရဲ႕အေဖာ္နဲ႔သားသမီးကို HIV ပိုးမကူးစက္ေအာင္တားဆီးကာကြယ္နိုင္ပါတယ္။က်န္းမာသာယာေသာ မိသားစုဘဝမ်ားရရွိၾကပါေစ။
Dr. ပြင့္ျဖိဳးေက်ာ္