နွားနို့သောက်ခြင်းက ကလေးကို အသားဖြူစေသလား
“သားသမီး ရတနာ” ဆိုသလို.. မိဘတိုင်းရဲ့ ရင်ထဲမှာ ကိုယ့်သားသမီးလေးတွေကို ဘာမဆို အကောင်းချည်းပဲ ဖြစ်စေချင်တာ သဘာဝပါ… လူလားမြောက်ပြီး ကျောင်းနေ၊အလုပ်လုပ်၊အိမ်ထောင်ပြုပြီးထိ စိတ်မချ တဖွဖွနဲ့ လိုက်ကြည့်ရှုနေသလို … မမွေးဖွားခင် ဝမ်းကြာတိုက်တည်းက ဂရုတစိုက်နေခဲ့ကြတာပါ.. ဒါကြောင့် ခု မမဗိုက်တချို့သိချင်နေကြတဲ့ .. “ကိုယ်ဝန်သည်မိခင်တစ်ယောက် မမွေးဖွားခင် နွားနို့သောက်ခြင်းက ကလေးအသားဖြူစေနိုင်သလား” ဆိုတဲ့အကြောင်းလေး ပြောချင်ပါတယ်
ကလေးတစ်ယောက်ရဲ့ အသားအရောင်ဟာ မိခင်ရဲ့ ကိုယ်ဝန်စရှိချိန်မှာပေါ်လာတဲ့ သူရဲ့ မျိုးစေ့ဗီဇ(gene)ပေါ်မှာ မူတည်ပြီး ဖြူသည် ညိုသည် .. ဒီလို ကွဲပြားသွားတာပါ.. ဆိုတော့ ကလေး အသားဖြူခြင်း ညိုခြင်းကို မိဘတွေ အနေနဲ့ ဆုံးဖြတ်ပြုလုပ်လို့မရပါဘူး…နိုင်ငံ၊မွေးဖွားရာ၊မိဘ၊လူမျိုးစု စတဲ့ပေါ်မှာလဲ မူတည်ပြီး ကွဲပြားသွားနိုင်ပါသေးတယ်
ဒါပြင် ကလေးရဲ့ မွေးဖွားလာကာစ အသားအရေကို ကြည့်ုပြီး အသားညိုတယ်ဖြူတယ် ဆုံးဖြတ်လို့မရသေးပါဘူး.. ကလေးဟာ ဝမ်းကြာတိုက်ထဲမှာ ကြာရှည်စွာနေရတယ်.. အပူရှိန်ကြောင့် နီမြန်းနေတာမျိုးဖြစ်နိုင်သလို အပြင်သို့ရောက်ရှိတဲ့အခါမှာ အအေးဒဏ်ကြောင့် ပြာဖျော့ဖျော့ ဖြစ်နေတတ်ပါတယ်… ကလေးအရမ်းငိုတဲ့အခါမှာလဲ ပြာနေတတ်သလို.. တခါတရံမှာ ရေဓာတ်ဆုံးရှုံးခဲ့ရလို အသားဟာ ညိုညစ်ညစ် ဖြစ်နေတတ်ပါတယ်..ဒီလိုအချက်တွေကို ကုသပြုပြင်လိုက်တဲ့အခါမှာ ကလေးရဲ့အသားအရောင်ဟာ ကာလအတန်ကြာမှာ ပုံမှန်အနေအထားကို ပြန်လည်ရောက်ရှိသွားနိုင်ပါတယ်..မွေးဖွားပြီးကာစ ကလေးရဲ့အသားအရောင်ကို ကွဲပြားစေနိုင်သော တခြားအချက်ပေါင်းများစွာတော့ ကရှိပါသေးတယ်..
ခုဆက်ပြောချင်တာကတော့ “နွားနို့ဟာ ကလေးကို အသားဖြူစေလား” .. ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ နွားနို့သောက်ရင် နွားနို့ထဲမှာပါတဲ့ ကယ်ဆီယမ်၊ ပရိုတင်း၊ ဗိုက်တာမင် D အစရှိတဲ့ ဓာတ်တွေကြောင့် မိခင်ကို အားရှိစေမယ်၊ ကလေးရဲ့ အရပ်အမောင်းကောင်းစေမယ်၊ မိခင်နို့ထွက်ကောင်းစေမယ်၊ မွေးဖွားတဲ့အခါ ပေါင်မပြည့်တာ၊ကလေးအာဟာရချို့တဲ့ခြင်းတွေ နည်းစေမယ် စတဲ့ အကျိုးအားနိသင်တွေ ရရှိစေနိုင်ပါတယ်…သို့သော် ကလေးရဲ့ အသားအရောင်ကိုတော့ သက်ရောက်ခြင်း မရှိပါဘူး..
ဒ့ါပြင် တချို့လူကြီးတွေ အကြံပေးကြတဲ့ .. ” ကလေးမွေးဖွားလာပြီးနောက် ကလေးကို မကျိုချက်ထားသော နွားနို့စိမ်းနှင့် လိမ်းရင် အသားဖြူ /အသားလတ်စေတယ် ” ဆိုတာ မှားယွင်းတဲ့ အချက်ပါ… မကျိုချက်ထားတဲ့အတွက် နွားနို့စိမ်းထဲမှာ ဝမ်းကိုက်/ ဝမ်းလျှောစေနိုင်သောပိုးတွေများစွာ ပါဝင်နေနိုင်ပါတယ်..ကလေးကို ဝမ်းပျက် ဝမ်းလျှော ရောဂါတွေ ဖြစ်စေနိုင်ပါတယ်..
ထို့အတူ နနွင်းမှုန့်များဖြင့်လိမ်းတဲ့အခါမှာလဲ ကလေးရဲ့ အရေပြားကို အဖုအပိန့်တွေ၊ ယားယံတာတွေ ဖြစ်စေနိုင်ပါတယ်.. တချို့မေမေတွေမှာ ကလေးကို အသားဖြူစေချင်တဲ့အတွက် ပေါင်ဒါမှုန့်ကို အလွန်အမင်းသုံးတတ်ပါတယ်.. ဒါမှာ အချည်းနှီးပဲ ဖြစ်ပါတယ်.. တခါတရံမှာ ကလေးကို ယားယံခြင်း၊ နေထိုင်ရ ခက်ခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်
ဒါကြောင့် ကလေးတစ်ယောက်ရဲ့ အသားအရောင်ကို ဂရုစိုက်နေခြင်းထက်.. ကိုယ်ဝန်ဆောင်နှင့် သန္ဓေသား၏ ကျန်းမာရေး၊ မွေးဖွားပြီး ကလေးနှင့် မိခင်၏ ကျန်းမာရေးကို ပိုမို အလေးပေးသင့်ပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်..
သားသားမီးမီးရတနာလေးများကို ပိုင်ဆိုင်ကြပါစေလို့ တောင်းဆုပြုလျက်
ပိုင်နီမောင်
ႏြားႏို႔ေသာက္ျခင္းက ကေလးကို အသားျဖဴေစသလား
“သားသမီး ရတနာ” ဆိုသလို.. မိဘတိုင္းရဲ႕ ရင္ထဲမွာ ကုိယ့္သားသမီးေလးေတြကို ဘာမဆို အေကာင္းခ်ည္းပဲ ျဖစ္ေစခ်င္တာ သဘာဝပါ… လူလားေျမာက္ၿပီး ေက်ာင္းေန၊အလုပ္လုပ္၊အိမ္ေထာင္ျပဳၿပီးထိ စိတ္မခ် တဖြဖြနဲ႔ လိုက္ၾကည့္႐ႈေနသလို … မေမြးဖြားခင္ ဝမ္းၾကာတိုက္တည္းက ဂ႐ုတစိုက္ေနခဲ့ၾကတာပါ.. ဒါေၾကာင့္ ခု မမဗိုက္တခ်ိဳ႕သိခ်င္ေနၾကတဲ့ .. “ကုိယ္ဝန္သည္မိခင္တစ္ေယာက္ မေမြးဖြားခင္ ႏြားႏို႔ေသာက္ျခင္းက ကေလးအသားျဖဴေစႏိုင္သလား” ဆိုတဲ့အေၾကာင္းေလး ေျပာခ်င္ပါတယ္
ကေလးတစ္ေယာက္ရဲ႕ အသားအေရာင္ဟာ မိခင္ရဲ႕ ကုိယ္ဝန္စ႐ွိခ်ိန္မွာေပၚလာတဲ့ သူရဲ႕ မ်ိဳးေစ့ဗီဇ(gene)ေပၚမွာ မူတည္ၿပီး ျဖဴသည္ ညိဳသည္ .. ဒီလို ကဲြျပားသြားတာပါ.. ဆိုေတာ့ ကေလး အသားျဖဴျခင္း ညိဳျခင္းကို မိဘေတြ အေနနဲ႔ ဆံုးျဖတ္ျပဳလုပ္လို႔မရပါဘူး…ႏိုင္ငံ၊ေမြးဖြားရာ၊မိဘ၊လူမ်ိဳးစု စတဲ့ေပၚမွာလဲ မူတည္ၿပီး ကဲြျပားသြားနိုင္ပါေသးတယ္
ဒါျပင္ ကေလးရဲ႕ ေမြးဖြားလာကာစ အသားအေရကို ၾကည့္ုၿပီး အသားညိဳတယ္ျဖဴတယ္ ဆံုးျဖတ္လို႔မရေသးပါဘူး.. ကေလးဟာ ဝမ္းၾကာတိုက္ထဲမွာ ၾကာ႐ွည္စြာေနရတယ္.. အပူ႐ွိန္ေၾကာင့္ နီျမန္းေနတာမ်ိဳးျဖစ္ႏိုင္သလို အျပင္သို႔ေရာက္ရွိတဲ့အခါမွာ အေအးဒဏ္ေၾကာင့္ ျပာေဖ်ာ့ေဖ်ာ့ ျဖစ္ေနတတ္ပါတယ္… ကေလးအရမ္းငိုတဲ့အခါမွာလဲ ျပာေနတတ္သလို.. တခါတရံမွာ ေရဓာတ္ဆံုးရံႈးခဲ့ရလို အသားဟာ ညိဳညစ္ညစ္ ျဖစ္ေနတတ္ပါတယ္..ဒီလိုအခ်က္ေတြကို ကုသျပဳျပင္လိုက္တဲ့အခါမွာ ကေလးရဲ႕အသားအေရာင္ဟာ ကာလအတန္ၾကာမွာ ပံုမွန္အေနအထားကို ျပန္လည္ေရာက္႐ွိသြားႏိုင္ပါတယ္..ေမြးဖြားၿပီးကာစ ကေလးရဲ႕အသားအေရာင္ကို ကဲြျပားေစႏိုင္ေသာ တျခားအခ်က္ေပါင္းမ်ားစြာေတာ့ က႐ွိပါေသးတယ္..
ခုဆက္ေျပာခ်င္တာကေတာ့ “ႏြားႏုိ႔ဟာ ကေလးကို အသားျဖဴေစလား” .. ကုိယ္ဝန္ေဆာင္တစ္ေယာက္ဟာ ႏြားႏို႔ေသာက္ရင္ ႏြားႏို႔ထဲမွာပါတဲ့ ကယ္ဆီယမ္၊ ပ႐ိုတင္း၊ ဗိုက္တာမင္ D အစ႐ွိတဲ့ ဓာတ္ေတြေၾကာင့္ မိခင္ကို အား႐ွိေစမယ္၊ ကေလးရဲ႕ အရပ္အေမာင္းေကာင္းေစမယ္၊ မိခင္ႏို႔ထြက္ေကာင္းေစမယ္၊ ေမြးဖြားတဲ့အခါ ေပါင္မျပည့္တာ၊ကေလးအာဟာရခ်ိဳ႕တဲ့ျခင္းေတြ နည္းေစမယ္ စတဲ့ အက်ိဳးအားနိသင္ေတြ ရ႐ွိေစႏိုင္ပါတယ္…သို႔ေသာ္ ကေလးရဲ႕ အသားအေရာင္ကိုေတာ့ သက္ေရာက္ျခင္း မ႐ွိပါဘူး..
ဒ့ါျပင္ တခ်ိဳ႕လူႀကီးေတြ အၾကံေပးၾကတဲ့ .. ” ကေလးေမြးဖြားလာၿပီးေနာက္ ကေလးကို မက်ိဳခ်က္ထားေသာ ႏြားႏို႔စိမ္းႏွင့္ လိမ္းရင္ အသားျဖဴ /အသားလတ္ေစတယ္ ” ဆိုတာ မွားယြင္းတဲ့ အခ်က္ပါ… မက်ိဳခ်က္ထားတဲ့အတြက္ ႏြားႏို႔စိမ္းထဲမွာ ဝမ္းကိုက္/ ဝမ္းေလွ်ာေစႏိုင္ေသာပိုးေတြမ်ားစြာ ပါဝင္ေနႏိုင္ပါတယ္..ကေလးကို ဝမ္းပ်က္ ဝမ္းေလွ်ာ ေရာဂါေတြ ျဖစ္ေစႏိုင္ပါတယ္..
ထို႔အတူ နႏြင္းမႈန္႔မ်ားျဖင့္လိမ္းတဲ့အခါမွာလဲ ကေလးရဲ႕ အေရျပားကို အဖုအပိန္႔ေတြ၊ ယားယံတာေတြ ျဖစ္ေစႏိုင္ပါတယ္.. တခ်ိဳ႕ေမေမေတြမွာ ကေလးကို အသားျဖဴေစခ်င္တဲ့အတြက္ ေပါင္ဒါမႈန္႔ကို အလြန္အမင္းသံုးတတ္ပါတယ္.. ဒါမွာ အခ်ည္းႏွီးပဲ ျဖစ္ပါတယ္.. တခါတရံမွာ ကေလးကို ယားယံျခင္း၊ ေနထိုင္ရ ခက္ျခင္းကိုေတာင္ ျဖစ္ေစႏိုင္ပါတယ္
ဒါေၾကာင့္ ကေလးတစ္ေယာက္ရဲ႕ အသားအေရာင္ကို ဂ႐ုစုိက္ေနျခင္းထက္.. ကုိယ္ဝန္ေဆာင္ႏွင့္ သေႏၶသား၏ က်န္းမာေရး၊ ေမြးဖြားၿပီး ကေလးႏွင့္ မိခင္၏ က်န္းမာေရးကို ပုိမို အေလးေပးသင့္ပါတယ္လို႔ တိုက္တြန္းလိုက္ရပါတယ္..
သားသားမီးမီးရတနာေလးမ်ားကို ပိုင္ဆိုင္ၾကပါေစလို႔ ေတာင္းဆုျပဳလ်က္
ပိုင္နီေမာင္