can covid infect again

ကိုရိုနာ နှစ်ခါပြန်ဖြစ်နိုင်လား


ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူတွေပြန်ကောင်းသွားတဲ့အခါ ထပ်မဖြစ်ကြတော့ဘူးလား ကာကွယ်ဆေးထိုးပြီးရင် ရောထပ်မဖြစ်တော့ဘူးလားဆိုတဲ့မေးခွန်းတွေကို လူအများစုမေးလေ့ရှိကြပါတယ် ဒါဟာလည်းမေးသင့်ပါတယ် ဒါပေမယ့် ကုသဆေးမတွေ့မချင်း ဘာကိုမှအာမခံလို့မရဘူးလို့ပဲဖြေချင်ပါတယ်။
ကာကွယ်ဆေးတွေကိုနိုင်ငံတွေကအမျိုးမျိုးစမ်းသပ်နေတာ ထုတ်လုပ်ဖြန့်ဖြူးနေတာတွေရှိနေပေမယ့်လည်း အဲ့ဒီလိုထုတ်လုပ်ဖြန့်ဖြူးနေတဲ့အချိန်မှာပဲ ရောဂါပိုးအသွင်ပြောင်းပြီးပုံစံသစ်တစ်မျိုးနဲ့ ထပ်မံကူးစက်ပြန်ပါတယ်။ရောဂါပျောက်ကင်းလို့ဆေးရုံကဆင်းသွားသူတွေမှာလည်းထပ်ဖြစ်လို့ဆေးရုံပြန်တက်ရတဲ့ သတင်းတွေကိုဖတ်နေရပါတယ်။


ပိုးကူးစက်ခံခဲ့ရသူတွေအနေနဲ့ကူးစက်ပြီးရင် ကာကွယ်ဆေးထိုုးဖို့မလိုလောက်ဘူးလို့ယူဆသူတွေလည်း
ရှိပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပြီးသူတွေမှာ antibodyထွက်နေတဲ့ ၆လအတွင်း ကူးစက်ခံရနိုင်ခြေနည်းပေမယ့် ထပ်မံကူးစက်နိုင်တဲ့ရောဂါဖြစ်လို့ကာကွယ်ဆေးထိုးနေဖို့ကတော့လိုဦးမှာဖြစ်ပါတယ်။ ကာကွယ်ဆေးတွေထဲမှာ Pfizer-BioNTechဆိုရင် ၂ကြိမ်ထိုးရမှာဖြစ်ပြီးတော့ ပထမအကြိမ်ထိုးပြီး ၂၁ရက်ကြာမှာ နောက်တကြိမ်ထိုးရပါမယ်။ Moderna ဆိုရင်လည်းပထမအကြိမ်ထိုးပြီး ၂၈ရက်အကြာမှာ ဒုတိယအကြိမ်ထိုးပေးရမှာဖြစ်ပါတယ်။ ဒီဝေဒနာရဲ့လက္ခဏာတွေဖြစ်တဲ့ဖျားတာ ချောင်းဆိုးတာ အနံ့ပျောက်တာ လည်ချောင်းနာတာ စတာတွေအပြင် ခုနောက်ပိုင်းမှာတော့ဘာလက္ခဏာမှမပြဘဲစစ်ကြည့်မှပိုးရှိနေတာမျိုးတွေထိ လက္ခဏာတွေ ပြောင်းလဲလာပါတယ်။ ကိုဗစ်လူနာတွေထဲကအနည်းဆုံး ၁၄ရာခိုင်နုှန်းဟာ ပိုးမရှိတော့ဘူးဆိုတဲ့ အဖြေရတာတောင် နောက်တစ်ခေါက်ပိုးပြန်တွေ့ရတတ်တယ်လို့ စပိန် အမျိုးသား ဇီဝနည်းပညာဌာနက ဆိုထားပါတယ် ။ ဒါကြောင့် ကိုယ့်ရဲ့ခုခံစွမ်းအားနဲ့ ပိုးဝင်ရောက်နိုင်မှုကဘယ်လိုဆိုတာ ဒီတိုင်းကြည့်လို့မသိနိုင်ပါဘူး ။ ဒီရောဂါပိုးဟာခန္ဒာကိုယ်ထဲမှာ ၃လနဲ့အထက်နေနေနိုင်ပါတယ်။ တချို့ဆိုနေကောင်းလာပြီး အချိန်တိုအတွင်းမှာပဲ ထပ်ဖြစ်တာတွေတောင်ရှိနေပါတယ် ။ ဆီးချိုသွေးချိုဝေဒနာ အခံရှိသူတွေ သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေဟာဆိုရင်လည်း ဒီဝေဒနာအတွက်သတိပြုရမယ့်သူတွေပဲဖြစ်ပါတယ်။


ရောဂါပိုးတွေအမျိုးမျိုးရှိတဲ့ထဲကတချို့ပိုးတွေကကာကွယ်ဆေးတကြိမ်ထိုးလိုက်တာနဲ့တသက်လုံးခုခံအားရနိုင်ပါတယ် ။ ဥပမာ ဝက်သက်လိုမျိုးပါ။ တချို့ပိုးတွေကျတော့ ကာကွယ်ဆေးတွေက အချိန်အတိုင်းအတာတခုထိပဲကာကွယ်နိုင်ပြီးတော့ အချိန်ပြည့်သွားရင်နောက်ထပ်ပြန်ပြီး ထိုးပေးရတတ်ပါတယ်။ တုပ်ကွေးဗိုင်းရပ်စ်ကာကွယ်ဆေးဆိုရင်နှစ်တိုင်းကာကွယ်ဆေးပြန်ထိုးမှစိတ်ချရပါ
တယ်။သဘာဝကဖန်တီးထားတဲ့မျိုးဗီဇဆင့်ပွားပြောင်းလဲကုန်တာကြောင့်ကာကွယ်ဆေးပါလိုက်ပြီး ပြောင်းလဲပေးရတာဖြစ်ပါတယ။် ကိုဗစ်ကာကွယ်ဆေးကိုတော့ မထိုးသင့်သူတွေကိုလည်း သတ်မှတ်ထားပါတယ် ။ ဓာတ်မတည့်သူတွေ ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်တွေ ကလေးငယ်တွေ နာတာရှည် ဝေဒနာရှိနေသူတွေ လောလောဆယ် ကိုဗစ်လက္ခဏာခံစားနေရသူတွေကိုတော့ မထိုးသင့်ဘူးလို့သတ်မှတ်ထားပါတယ် ။


လက်ရှိမှာပြန့်နေတဲ့ ကာကွယ်ဆေးတွေရဲ့ သက်ရောက်ပုံကလည်းမတူညီသလို ကာကွယ်ဆေး ထိန်းသိမ်းမှုမှာလိုအပ်ချက်တွေရှိနေတာကြောင့်လည်း ဆေးရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ လျော့ကျနေတတ်ပါတယ် ဒီကပ်ရောဂါဘေး ကိုအဆုံးသတ်နိုင်ဖို့ကတော့ နှစ်နဲ့ချီပြီးကြာနိုင်ပါသေးတယ် ။ကာကွယ်ဆေးထိုးတဲ့နေရာမှာနာတာ အဖုထတာ ယောင်ယမ်းတာမျိုးတွေက ပုံမှန်ဖြစ်နိုင်တဲ့ လက္ခဏာတွေ ပဲဖြစ်ပါတယ် ကာကွယ်ဆေးရဲ့ side effect တွေဖြစ်တဲ့ ကိုယ်ပူတာ ဖျားတာ ခေါင်းကိုက်တာ နုန်းနေတာ မျိုးတွေလည်းရှိတတ်ပါတယ် အသက်ရှူရခက်ခဲရင်တော့ ခဏနားလိုက် ရှူလိုက်အကျင့်ကိုလုပ်ပေးသင့်ပါတယ်


ဖြည်းညင်းစွာ အသက်ရှူခြင်းက ခန္ဓာကိုယ်အနားယူဖို့ ဦးနှောက်က အချက်ပြခြင်းဖြစ်တာကြောင့် စိတ်ဖိစီးမှုလျှော့ချရန် အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်ပါတယ်။
သင့်ခံစားချက်နှင့် အတွေးများကို ထင်မြင်ချက်မပါဘဲ သတိကပ်ကြည့်ပါ။ ထိုအတွေး သို့မဟုတ် ခံစားချက်များကို စဉ်းစားတုံ့ပြန်ခြင်း သို့မဟုတ် ရုတ်တရက်တုံ့ပြန်ခြင်းထက် ၎င်းတို့ကို မှတ်သားပြီးနောက် မေ့ဖျောက်လိုက်ပါ။ ဒါဟာဆေးရဲ့အရှိန်လေးရှိနေလို့ လို့နားလည်ရပါမယ်။ကိုဗစ်တကြိမ်ဖြစ်ပြီးလည်းပြန်ဖြစ်နိုင်သလို ကာကွယ်ဆေးထိုးပြီးရင်လည်း မပေါ့ဆသင့်တာမို့ ကာကွယ်ရေး အပိုင်းတွေကို မလျော့ကြဖို့နဲ့ စည်းကမ်းတကျစနစ်တကျနေထိုင်ကြဖို့ကို ရေးသားဖော်ပြပေးလိုက်ပါတယ် ။

ဒေါက်တာနိုင်းဆေး(၁)

Related posts
အခြားရောဂါများအထွေထွေရောဂါများ

ရေယုန် ပေါက်ခြင်း (Herpes)

1 Mins read
ရေယုန် (Herpes) ဆိုတာ နာကျင်သော အရည်ကြည်ဖုများ သို့မဟုတ် အနာများကို ဖြစ်စေနိုင်သော အဖြစ်များသော ကူးစက်ရောဂါတစ်မျိုး ဖြစ်ပါတယ်။ Herpes simplex virus (HSV) ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်တာပါ။ အဓိကအားဖြင့် အရေပြားချင်း ထိတွေ့ခြင်းကြောင့် ပျံ့နှံ့တာပါ။…
အခြားရောဂါများအထွေထွေရောဂါများ

အူရောင်ခဲ့သည်ရှိသော် - Inflammatory bowel disease (IBD)

1 Mins read
အူရောင်ခြင်း Inflammatory bowel disease (IBD) ဆိုတာ အများအားဖြင့် ဗိုင်းရပ်စ်၊ ဘက်တီးရီးယား သို့မဟုတ် ကပ်ပါးပိုးဝင်ခြင်း (အစာအဆိပ် သင့်ခြင်း၊ အစာအိမ်ပိုးဝင်ခြင်း) တို့ကြောင့် အူနံရံတွေ ရောင်ရမ်းခြင်း ဖြစ်ပါတယ်။ တစ်ခါတစ်ရံ ဓာတ်ရောင်ခြည်၊ ဆေးဝါးများ သို့မဟုတ်…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…