Can Corona happen again?

ကိုရိုနာ နောက်တစ်ကြိမ်ပြီးထပ်ဖြစ်နိုင်ပါလား

ဒီမေးခွန်းကတော့ တော်တော်များများလည်းသိရှိကြပြီးတဲ့ ခေါင်းစဉ်ဖြစ်မယ်လို့ထင်ပါတယ်။ တကြိမ်ဖြစ်ပြီး ထပ်ဖြစ်နိုင်လာဆိုရင်တော့ ထပ်ဖြစ်နိုင်ပါတယ်လို့ပဲဆိုရမှာပါ။ Negativeဖြစ်ပြီး ဆေးရုံက ဆင်းရတဲ့ လူနာတွေ မှာ နောက်တကြိမ်ပြန်ဖြစ်လို့ ဆေးရုံပြန်တက်ရတယ်ဆိုတဲ့သတင်းတွေကိုလည်း တွေ့ရှိရပါတယ်။ ဒါကြောင့် ကုသဆေးကိုမထုတ်လုပ်နိုင်သေးတဲ့အတွက် အားလုံးကသတိထားနေထိုင်မှုကို မမေ့ကြဖို့လိုပါတယ်။ အဲ့ဒီလို ကိုဗစ်ပြန်ဖြစ်သူတွေကိုလေ့လာကြည့်ရာမှာတော့ နောက်ထပ်ကူးစက်တာမျိုးလည်းရှိသလို ယခင်လက်ကျန် ကိုရိုနာဗိုင်းရပ်စ်ကပြန်ပေါ်လာတာမျိုးလည်းရှိတယ်လို့ သုတေသနပြုသူတွေကဆိုပါတယ်။

ပုံမှန်အားဖြင့် ကိုရိုနာဗိုင်းရပ်စ်က ကူးစက်ခံရသူတွေဆီကို ကိုယ်ခံစွမ်းအားတွေထွက်လာစေနိုင်ပါတယ်။ ဒါပေမယ့် တချို့သောလူတွေရဲ့ခုခံစွမ်းအားကတော့ သိပ်ပြီးအားမကောင်းတာကြောင့် ခုခံအားနှေးသွားချိန်မှာ လက်ကျန်ဗိုင်းရပ်စ်ကပြန်ပေါ်လာတာလို့ဆိုပါတယ်။ WHO ကတော့ ဒီဝေဒနာဟာ နောက်တကြိမ်ပြန်မဖြစ်အောင် ခန္ဒာကိုယ်ထဲက ကိုယ်ခံအားစနစ်နဲ့ Antibodies တွေက ကာကွယ်ပေးနိုင်တယ်ဆိုတာမျိုးမရှိသေးဘူးလို့ဆိုထားပါတယ်။ ဒါကလည်း ရောဂါဖြစ်ပြီးပြီ ပျောက်ကင်းပြီ ဆိုပြီး စိတ်ချမနေကြဘဲ နောက်တကြိမ်လူနာတွေကိုပိုးထပ်မံကူးစက်နိုင်တယ်လို့ဆိုလိုတာဖြစ်ပါတယ်။

ရောဂါပိုးတွေအနေနဲ့ ဝက်သက်လို ကျောက်ရောဂါလို ရောဂါတွေက  ကာကွယ်ဆေးတကြိမ်ထိုးရုံနဲ့ ခုခံအားကိုရနိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးလိုမျိုးကတော့ နှစ်တိုင်းထိုးနှံပေးမှစိတ်ချရပါတယ်။ လက်ရှိကိုရိုနာကာကွယ်ဆေးကတော့ ငွေကြေးချမ်းသာတဲ့နိုင်ငံတွေမှာသာ ထိုးနှံပေးနိုင်မှု  မြင့်တက်နေပြီးတော့ ဖွံ့ဖြိုးဆဲနဲ့ မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေမှာတော့ ကာကွယ်ဆေးကိုအပြည့်အဝထိုးနှံနိုင်ဖို့ရာ ကြိုးစားနေကြဆဲဖြစ်ပါတယ်။ တဖက်က ကာကွယ်ဆေးအတွက်လုံးပန်းနေချိန်မှာပဲ သတိထား စောင့်ကြည့်ရမယ့် မျိုးဗီဇသစ်တွေကလည်းထပ်ပြီးထွက်ပေါ်လို့နေပါတယ်။

WHO ကထုတ်ပြန်ထား တဲ့ သတိထားစောင့်ကြည့်ရမယ့်စာရင်းမှာပါဝင်တဲ့ မျိုးရိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်အအမျိုးအစား Mu ကို ပြီးခဲ့တဲ့စက်တင်ဘာလဆန်း က ဂျပန်မှာထပ်မံတွေ့ရှိခဲ့ရပါတယ်။ ဒီအမျိုးအစားက ကိုလံဘီယာနိုင်ငံမှာ ဇန်နဝါရီလ ၂၀၂၁ခုနှစ်မှာ စတင်တွေ့ခဲ့တာဖြစ်ပြီး တောင်အမေရိကနဲ့ဥရောပတို့မှာပါဖြစ်ပွားမှုမကြာခဏရှိလာခဲ့ပါတယ်။ Mu  မျိုးဗီဇဟာ ကိုရိုနာရဲ့ ပဉ္စမမြောက်မျိုးကွဲဖြစ်ပြီး ကာကွယ်ဆေးရဲ့ဒဏ်ကိုလည်းပိုပြီးခံနိုင်ရည်ရှိကာ ပြောင်းလဲမှုများစွာရှိတယ်လို့လည်း သတိပေးထားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇက တစ်မျိုးပြီးတစ်မျိုးပြောင်းလဲနေသလို သူ့ကိုကာကွယ်ဖို့ရာ ထိရောက်တဲ့ကာကွယ်ဆေးကလည်းလိုအပ်နေမှာဖြစ်ပါတယ်။ ကုသဆေးမပေါ်သေးတာမို့ အသွားအလာအနေအထိုင်များအားလုံးကို ဆင်ခြင်နိုင်မှ တော်ကာကျမှာဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ပြောင်းလဲမှုအမျိုးမျိုးက နေ့စဉ်နဲ့အမျှတွေ့နေရတာမို့ လေ့လာစောင့်ကြည့်ပြီးကြိုတင်ပြင်ဆင် ထားသင့်ပါတယ်။ အကောင်းဆုံးကတော့ အခြေခံလိုက်နာရမယ့် ညွှန်ကြားချက်တွေကိုသတိပြုလိုက်နာပြီး တခြားသောဆီးချို၊ သွေးတိုး၊ နှလုံး၊ အဆုတ် စတဲ့ ရောဂါအခံတွေကိုပါ မပေါ့ဆဘဲကုသကြဖို့လိုအပ်ပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read
👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓ နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။ 👉ဘယ်လိုသိနိုင်မလဲ ❓အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2…