ကလေးနို့တိုက်လျှင် ရင်သားအလှပျက်နိုင်လား?

ဒါဟာ မိခင်နို့တိုက်ဖို့ဝန်လေးရတဲ့အကြောင်းရင်းများထဲ တစ်ခုအပါအဝင်ပါ။ကလေးနို့တိုက်တဲ့အခါ ရင်သားတွေလျော့ရဲသွားမလား? ပိန်ရှုံ့သွားမလား? အရင်လိုတင်းရင်းလှပမှုရှိပါတော့မလား? စသဖြင့် စိုးကြောက်တတ်ကြပါတယ်။

ကလေးဖက်ကကြည့်မယ်ဆိုရင် မိခင်နို့ရည်သည်သာ အကောင်းဆုံးအာဟာရဖြစ်ပြီး၊ မိခင်နို့ထက်ကောင်းသော အာဟာရပြည့်ဝသော နို့မှုန့်ဆိုတာ မရှိတော့ပါဘူး။

သဘာဝအလျောက် ခန္ဓာကိုယ်ရဲ့ဖြစ်စဉ်အရ ကိုယ်ဝန်ဆောင်စဉ်မှာ ရင်သားတွေဖွံ့ထွားလာမယ်၊ မီးဖွားပြီး နို့ချိုတိုက်ကျွေးပြီးချိန်မှာ ရင်သားအရွယ်အစားသေးသွားခြင်း၊ တင်းရင်းမှုမရှိဘဲ လျော့တွဲလာခြင်းများ ကြုံတွေ့ရနိုင်ပါတယ်။သို့ပေမယ် ဒါဟာ ကလေးနို့တိုက်ခြင်းတစ်ခုတည်းကြောင့်ကြုံတွေ့ရခြင်းမဟုတ်ဘဲ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံတွေကြောင့်လည်း သက်ရောက်မှုရှိကြောင်းတွေ့ရပါတယ်။

ဒါဖြင့် နို့တိုက်ကျွေးပြီးနောက် ရင်သားတွေ ပုံမပျက်ဘဲ တင်းရင်းလှပနေအောင် ဘယ်လိုလုပ်ကြမလဲ?
အောက်ဖော်ပြပါ ရိုးရှင်းတဲ့ အချက်လေး (၆) ချက်ကို လိုက်နာခြင်းဖြင့် တင်းရင်းလှပတဲ့ ရင်သားတွေကို ထိန်းသိမ်းထားနိုင်မှာ ဖြစ်ပါတယ် :

(1) ကိုယ်ဝန်ဆောင်စဉ်နဲ့ နို့တိုက်ကျွေးစဉ်ကာလများမှာ သင့်တင့်လျောက်ပတ်တဲ့ အတွင်းခံ (ဘော်လီ၊ဘရာစီယာ)ကို ဝတ်ပါ။အတွင်းခံလုံးဝမဝတ်ဘဲ မနေသင့်ပါ။ အတွင်းခံ ဝတ်ပါကလည်း မိမိနှင့်သင့်လျော်မည့် ဆိုဒ်၊ကြိုးအလျော့အတင်း သေချာကျနစွာဝတ်ဆင်ပါ။

(2) ကလေးနို့တိုက်တဲ့အခါ ခန္ဓာကိုယ်မတ်မတ်အနေအထားဖြင့်တိုက်ပါ။လိုအပ်ပါက နို့တိုက်ခေါင်းအုံးအသုံးပြုပြီးတိုက်ပါ။ ကလေးကိုကုန်း၍နို့တိုက်ခြင်းသည် သင့်ရင်သားများကိုလျော့တွဲစေနိုင်သည့် အဓိကအချက်တစ်ချက်ဖြစ်လို့ပါ။

(3) နို့တိုက်စဉ်ကာလအတွင်း လမ်းလျောက်ခြင်း၊ခပ်သွက်သွက်ပြေးခြင်း၊ရေကူးခြင်း စသည့်လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့် သင့်ရင်သားများဆီသို့သွေးလှည့်ပတ်မှုကောင်းစေပြီး လျော့တွဲခြင်းမှ ကာကွယ်ပေးပါတယ်။နောက်ပိုင်းမှာ ရင်သားတင်းရင်းစေမယ့် လေ့ကျင့်ခန်းများကိုပါ စနစ်တကျလိုက်လုပ်နိုင်လျှင်ပိုကောက်းပါတယ်။ ဒီလေ့ကျင့်ခန်းတွေကို Facebook, Youtube တို့မှာ အလွယ်တကူရှာကြည့်ပြီး လိုက်လုပ်နိုင်သလို၊ အားကစားခန်းမတွေမှာလည်း သွားလုပ်နိုင်ပါတယ်။

(4) ရေချိုးသည့်အခါ သင့်ရင်သားများကို ရေခပ်နွေးနွေးဖြင့်တစ်ခါ ရေအေးဖြင့်တစ်ခါ တစ်လှည့်စီ အသာအယာနှိပ်နယ်ပေးပါ။

(5) အဆီအစိမ့်များသော အစားအစာများကို ရှောင်နိုင်သမျှရှောင်ပြီး အသား၊အသီးအနှံ၊ဟင်းသီးဟင်းရွက်များ အလေးပေးစားသုံးပါ။

(6) သင့်ရင်သားများကို အစိုဓာတ်ဖြည့်ခရင်မ်(Moisturizer) ပုံမှန်လိမ်းပေးပါ။

ပိုင်နီမေ
ကေလးႏို႔တိုက္လၽွင္ ရင္သားအလွပ်က္ႏိုင္လား?

ဒါဟာ မိခင္ႏို႔တိုက္ဖို႔ဝန္ေလးရတဲ့အေၾကာင္းရင္းမ်ားထဲ တစ္ခုအပါအဝင္ပါ။ကေလးႏို႔တိုက္တဲ့အခါ ရင္သားေတြေလ်ာ့ရဲသြားမလား? ပိန္ရွံဳ႕သြားမလား? အရင္လိုတင္းရင္းလွပမႈရွိပါေတာ့မလား? စသျဖင့္ စိုးေၾကာက္တတ္ၾကပါတယ္။

ကေလးဖက္ကၾကည့္မယ္ဆိုရင္ မိခင္ႏို႔ရည္သည္သာ အေကာင္းဆံုးအာဟာရျဖစ္ၿပီး၊ မိခင္ႏို႔ထက္ေကာင္းေသာ အာဟာရျပည့္ဝေသာ ႏို႔မႈန္႔ဆိုတာ မရွိေတာ့ပါဘူး။

သဘာဝအေလ်ာက္ ခႏၶာကိုယ္ရဲ႕ျဖစ္စဥ္အရ ကိုယ္ဝန္ေဆာင္စဥ္မွာ ရင္သားေတြဖြံ႕ထြားလာမယ္၊ မီးဖြားၿပီး ႏို႔ခ်ိဳတိုက္ေကြ်းၿပီးခ်ိန္မွာ ရင္သားအရြယ္အစားေသးသြားျခင္း၊ တင္းရင္းမႈမရွိဘဲ ေလ်ာ့တြဲလာျခင္းမ်ား ၾကံဳေတြ႕ရႏိုင္ပါတယ္။သို႔ေပမယ္ ဒါဟာ ကေလးႏို႔တိုက္ျခင္းတစ္ခုတည္းေၾကာင့္ၾကံဳေတြ႕ရျခင္းမဟုတ္ဘဲ မိမိရဲ႕ ေနထိုင္စားေသာက္မႈပံုစံေတြေၾကာင့္လည္း သက္ေရာက္မႈရွိေၾကာင္းေတြ႕ရပါတယ္။

ဒါျဖင့္ ႏို႔တိုက္ေကြ်းၿပီးေနာက္ ရင္သားေတြ ပံုမပ်က္ဘဲ တင္းရင္းလွပေနေအာင္ ဘယ္လိုလုပ္ၾကမလဲ?
ေအာက္ေဖာ္ျပပါ ရိုးရွင္းတဲ့ အခ်က္ေလး (၆) ခ်က္ကို လိုက္နာျခင္းျဖင့္ တင္းရင္းလွပတဲ့ ရင္သားေတြကို ထိန္းသိမ္းထားႏိုင္မွာ ျဖစ္ပါတယ္ :

(1) ကိုယ္ဝန္ေဆာင္စဥ္နဲ႔ ႏို႔တိုက္ေကြ်းစဥ္ကာလမ်ားမွာ သင့္တင့္ေလ်ာက္ပတ္တဲ့ အတြင္းခံ (ေဘာ္လီ၊ဘရာစီယာ)ကို ဝတ္ပါ။အတြင္းခံလံုးဝမဝတ္ဘဲ မေနသင့္ပါ။ အတြင္းခံ ဝတ္ပါကလည္း မိမိႏွင့္သင့္ေလ်ာ္မည့္ ဆိုဒ္၊ႀကိဳးအေလ်ာ့အတင္း ေသခ်ာက်နစြာဝတ္ဆင္ပါ။

(2) ကေလးႏို႔တိုက္တဲ့အခါ ခႏၶာကိုယ္မတ္မတ္အေနအထားျဖင့္တိုက္ပါ။လိုအပ္ပါက ႏို႔တိုက္ေခါင္းအံုးအသံုးျပဳၿပီးတိုက္ပါ။ ကေလးကိုကုန္း၍ႏို႔တိုက္ျခင္းသည္ သင့္ရင္သားမ်ားကိုေလ်ာ့တြဲေစႏိုင္သည့္ အဓိကအခ်က္တစ္ခ်က္ျဖစ္လို႔ပါ။

(3) ႏို႔တိုက္စဥ္ကာလအတြင္း လမ္းေလ်ာက္ျခင္း၊ခပ္သြက္သြက္ေျပးျခင္း၊ေရကူးျခင္း စသည့္ေလ့က်င့္ခန္းမ်ားလုပ္ျခင္းျဖင့္ သင့္ရင္သားမ်ားဆီသို႔ေသြးလွည့္ပတ္မႈေကာင္းေစၿပီး ေလ်ာ့တြဲျခင္းမွ ကာကြယ္ေပးပါတယ္။ေနာက္ပိုင္းမွာ ရင္သားတင္းရင္းေစမယ့္ ေလ့က်င့္ခန္းမ်ားကိုပါ စနစ္တက်လိုက္လုပ္ႏိုင္လၽွင္ပိုေကာက္းပါတယ္။ ဒီေလ့က်င့္ခန္းေတြကို Facebook, Youtube တို႔မွာ အလြယ္တကူရွာၾကည့္ၿပီး လိုက္လုပ္ႏိုင္သလို၊ အားကစားခန္းမေတြမွာလည္း သြားလုပ္ႏိုင္ပါတယ္။

(4) ေရခ်ိဳးသည့္အခါ သင့္ရင္သားမ်ားကို ေရခပ္ေႏြးေႏြးျဖင့္တစ္ခါ ေရေအးျဖင့္တစ္ခါ တစ္လွည့္စီ အသာအယာႏွိပ္နယ္ေပးပါ။

(5) အဆီအစိမ့္မ်ားေသာ အစားအစာမ်ားကို ေရွာင္ႏိုင္သမၽွေရွာင္ၿပီး အသား၊အသီးအႏွံ၊ဟင္းသီးဟင္းရြက္မ်ား အေလးေပးစားသံုးပါ။

(6) သင့္ရင္သားမ်ားကို အစိုဓာတ္ျဖည့္ခရင္မ္(Moisturizer) ပံုမွန္လိမ္းေပးပါ။

ပိုင္နီေမ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…