ကိုယ်ဝန်ဆောင်နှင့် ကြွက်တက်ခြင်း
ကိုယ်ဝန်ဆောင်ကာလအတွင်း မိခင်လောင်းများ ဖြစ်ပွားလေ့ရှိသည့်အထဲတွင် ကြွက်တက်ခြင်းမှာ တစ်ခုအပါအဝင်ဖြစ်သည် ။ ကြွက်တက်ခြင်းဆိုသည်မှာ ယေဘုယျအားဖြင့် ခြေ လက်ဆန့်ရာမှ ကြွက်သားများ အားနည်းနေမှုမှ အလိုလို တင်းမာလာပြီး နာကျင်မှု ဖြစ်ပေါ်လာခြင်းကို ခေါ်သည် ။ ညဘက် သို့မဟုတ် ညနေဘက်များတွင် အဖြစ်များလေ့ရှိပြီး ကိုယ်ဝန်ဆောင် ဒုတိယ သုံးလပတ် ကာလနှင့် တတိယသုံးလပတ်များတွင် ဖြစ်ပွားလေ့ရှိသည် ။
ကိုယ်ဝန်ဆောင်ကာလအတွင်း ကြွက်တက်ခြင်းအကြောင်းအရင်းကို တိတိကျကျ မသိရသော်လည်း အဓိကအားဖြင့် ကိုယ်ဝန်ဆောင်ကာအတွင်း သန္ဓေသားကြောင့် အလေးချိန်ပိုမိုတက်လာပြီး ခြေထောက်အပေါ်သို့ ဖိအားများ ပိုမိုသက်ရောက်လာမှုကြောင့်ဟု ယူဆရသည် ။
အောက်ပါအဆင့်များကို လုပ်ဆောင်ခြင်းအားဖြင့် ကာကွယ်နိုင်သည် ။
၁ ။ ခြေသလုံးကြွက်သားများ ဆန့်ပေးခြင်း နှိပ်နယ်ပေးခြင်း
ညဘက် အိပ်ယာမဝင်မှီ ခြေသလုံးကြွက်သားများအား ဖြောင့်နေအောင် ဆန့်ပေးခြင်းဖြင့် ကြွက်တက်ခြင်းကို ကာကွယ်နိုင်သည် ။ အထူးသဖြင့် အနားယူသောအခါ ခြေထောက်ကို မြှင့်ထားတားခြင်း နှိပ်နယ်ပေးခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည် ။
၂ ။ လှုပ်လှုပ်ရှားရှားနေပေးခြင်း
ပုံမှန် ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို လုပ်ပေးနေခြင်းကလဲ ကြွက်တက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ် ။ တစ်ခုသတိပြုရန်မှာ လေ့ကျင့်ခန်းလုပ်လျှင် လေ့ကျင့်ခန်းပုံစံများကို သက်ဆိုက်ရာ ကျွမ်းကျင်သူ ဆရာဝန် ကျန်းမာရေးဝန်ထမ်းများနဲ့တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ် ။
၃။ မဂ္ဂနီဆီယမ်ပါဝင်သော ဖြည့်စွက်ဆေးများသာက်ခြင်း
မဂ္ဂနီဆီယမ်ဓာတ်ဟာ ကြွက်တက်ခြင်းကို ကာကွယ်စေတဲ့အတွက် မဂ္ဂနီဆီယမ်ပါသော ဖြည့်စွက်ဆေးများကို ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနဲ့ တိုင်ပင်ပြီး သောက်ခြင်းဖြင့် သက်သာစေပါတယ် ။ ထို့အပြင် မဂ္ဂနီဆီယမ်ဓာတ်ကြွယ်ဝစွာပါတဲ့ အစေ့ အဆ်တွေ ပဲတွေ သစ်သီးခြောက်တွေ စားပေးခြင်းမှလဲ ရရှိနိုင်ပါတယ် ။
၄ ။ ရေများများသောက်ခြင်း
ရေဓာတ်ပြည့်ဝနေမှသာ ကြွက်သားများကို ကြွက်တက်ခြင်းမှ တားဆီးနိုင်မှာပါ ။ ပုံမှန်အားခြင့် ဆီးရောင်က ကြည်လင်နေပြီး အဝါဖျော့ဖျော့လေးရှိမယ်ဆို ရေဓာတ်လုံလောက်တယ် ပြောလို့ရပြီး ဆီးရောင်ရင့်နေမယ်ဆိုရင် ရေဓာတ်နည်းနေတယ်လို့ ပြောလို့ရပါတယ် ။
၅ ။ သင့်တော်သော ဖိနပ်အမျိုးအစားကို ရွေးချယ်ခြင်း
ကိုယ်ဝန်ဆောင်ကာလအတွင်း သက်တောင့်သက်သာရှိပြီး လမ်းလျှောက်ရာတွင် အဆင်ပြေပြေရှိနေစေမယ့် ဖိနပ်အမျိုးအစားကို ရွေးချယ်သင့်ပါတယ် ။ အလွန်အမင်းတင်းကြပ်လွန်းတဲ့ ဖိနပ်တွေ လှုပ်ရှားသွားလာရခက်စေတဲ့ဖိနပ်တွေဟာလဲ ကြွက်တက်စေတဲ့အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ် ။
ကြွက်တက်ခဲ့လျှင် ခြေမအားချိုးခြင်း ၊ အတင်းအကြပ် ခြေထောက်အား ဖိနှိပ်ခြင်းတို့ကို ရှောင်ရှားပါ ။ ကြွက်တက်သည့်ခြေထောက်အား ဆန့်ပေးခြင်း ၊ အသာအယာ နှိပ်နယ်ပေးခြင်း ၊ ခြေထောက်အောက်မှ တစ်ခုခုခံ၍ မြှောက်ထားပေးခြင်းတို့ဖြင့် သက်သာစေနိုင်ပါတယ် ။ ထို့အပြင် ရေနွေးနှင့် ရေချိုးပေးခြင်း ၊ ရေနွေးစိမ်ခြင်း ၊ ရေခဲကပ်ပေးခြင်း ဖြင့်လဲ သက်သာစေနိုင်ပါတယ် ။
Dr. ရှိန်းသူဟန်
ကိုယ္ဝန္ေဆာင္ႏွင့္ ႂကြက္တက္ျခင္း
ကိုယ္ဝန္ေဆာင္ကာလအတြင္း မိခင္ေလာင္းမ်ား ျဖစ္ပြားေလ့ရွိသည့္အထဲတြင္ ႂကြက္တက္ျခင္းမွာ တစ္ခုအပါအဝင္ျဖစ္သည္ ။ ႂကြက္တက္ျခင္းဆိုသည္မွာ ေယဘုယ်အားျဖင့္ ေျခ လက္ဆန္႔ရာမွ ႂကြက္သားမ်ား အားနည္းေနမႈမွ အလိုလို တင္းမာလာၿပီး နာက်င္မႈ ျဖစ္ေပၚလာျခင္းကို ေခၚသည္ ။ ညဘက္ သို႔မဟုတ္ ညေနဘက္မ်ားတြင္ အျဖစ္မ်ားေလ့ရွိၿပီး ကိုယ္ဝန္ေဆာင္ ဒုတိယ သံုးလပတ္ ကာလႏွင့္ တတိယသံုးလပတ္မ်ားတြင္ ျဖစ္ပြားေလ့ရွိသည္ ။
ကိုယ္ဝန္ေဆာင္ကာလအတြင္း ႂကြက္တက္ျခင္းအေၾကာင္းအရင္းကို တိတိက်က် မသိရေသာ္လည္း အဓိကအားျဖင့္ ကိုယ္ဝန္ေဆာင္ကာအတြင္း သေႏၶသားေၾကာင့္ အေလးခ်ိန္ပိုမိုတက္လာၿပီး ေျခေထာက္အေပၚသို႔ ဖိအားမ်ား ပိုမိုသက္ေရာက္လာမႈေၾကာင့္ဟု ယူဆရသည္ ။
ေအာက္ပါအဆင့္မ်ားကို လုပ္ေဆာင္ျခင္းအားျဖင့္ ကာကြယ္ႏိုင္သည္ ။
၁ ။ ေျခသလံုးႂကြက္သားမ်ား ဆန္႔ေပးျခင္း ႏွိပ္နယ္ေပးျခင္း
ညဘက္ အိပ္ယာမဝင္မွီ ေျခသလံုးႂကြက္သားမ်ားအား ေျဖာင့္ေနေအာင္ ဆန္႔ေပးျခင္းျဖင့္ ႂကြက္တက္ျခင္းကို ကာကြယ္ႏိုင္သည္ ။ အထူးသျဖင့္ အနားယူေသာအခါ ေျခေထာက္ကို ျမႇင့္ထားတားျခင္း ႏွိပ္နယ္ေပးျခင္းတို႔ျဖင့္ ကာကြယ္ႏိုင္ပါသည္ ။
၂ ။ လႈပ္လႈပ္ရွားရွားေနေပးျခင္း
ပံုမွန္ ကိုယ္လက္လႈပ္ရွားမႈတစ္ခုခုကို လုပ္ေပးေနျခင္းကလဲ ႂကြက္တက္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္ ။ တစ္ခုသတိျပဳရန္မွာ ေလ့က်င့္ခန္းလုပ္လွ်င္ ေလ့က်င့္ခန္းပံုစံမ်ားကို သက္ဆိုက္ရာ ကြ်မ္းက်င္သူ ဆရာဝန္ က်န္းမာေရးဝန္ထမ္းမ်ားနဲ႔တိုင္ပင္ၿပီးမွ လုပ္သင့္ပါတယ္ ။
၃။ မဂၢနီဆီယမ္ပါဝင္ေသာ ျဖည့္စြက္ေဆးမ်ားသာက္ျခင္း
မဂၢနီဆီယမ္ဓာတ္ဟာ ႂကြက္တက္ျခင္းကို ကာကြယ္ေစတ့ဲအတြက္ မဂၢနီဆီယမ္ပါေသာ ျဖည့္စြက္ေဆးမ်ားကို က်န္းမာေရးဆိုင္ရာ ကြ်မ္းက်င္ပညာရွင္မ်ားနဲ႔ တိုင္ပင္ၿပီး ေသာက္ျခင္းျဖင့္ သက္သာေစပါတယ္ ။ ထို႔အျပင္ မဂၢနီဆီယမ္ဓာတ္ႂကြယ္ဝစြာပါတ့ဲ အေစ့ အဆ္ေတြ ပဲေတြ သစ္သီးေျခာက္ေတြ စားေပးျခင္းမွလဲ ရရွိႏိုင္ပါတယ္ ။
၄ ။ ေရမ်ားမ်ားေသာက္ျခင္း
ေရဓာတ္ျပည့္ဝေနမွသာ ႂကြက္သားမ်ားကို ႂကြက္တက္ျခင္းမွ တားဆီးႏိုင္မွာပါ ။ ပံုမွန္အားျခင့္ ဆီးေရာင္က ၾကည္လင္ေနၿပီး အဝါေဖ်ာ့ေဖ်ာ့ေလးရွိမယ္ဆို ေရဓာတ္လံုေလာက္တယ္ ေျပာလို႔ရၿပီး ဆီးေရာင္ရင့္ေနမယ္ဆိုရင္ ေရဓာတ္နည္းေနတယ္လို႔ ေျပာလို႔ရပါတယ္ ။
၅ ။ သင့္ေတာ္ေသာ ဖိနပ္အမ်ဳိးအစားကို ေရြးခ်ယ္ျခင္း
ကိုယ္ဝန္ေဆာင္ကာလအတြင္း သက္ေတာင့္သက္သာရွိၿပီး လမ္းေလွ်ာက္ရာတြင္ အဆင္ေျပေျပရွိေနေစမယ့္ ဖိနပ္အမ်ဳိးအစားကို ေရြးခ်ယ္သင့္ပါတယ္ ။ အလြန္အမင္းတင္းၾကပ္လြန္းတ့ဲ ဖိနပ္ေတြ လႈပ္ရွားသြားလာရခက္ေစတ့ဲဖိနပ္ေတြဟာလဲ ႂကြက္တက္ေစတ့ဲအေၾကာင္းအရာတစ္ခုပဲ ျဖစ္ပါတယ္ ။
ႂကြက္တက္ခ့ဲလွ်င္ ေျခမအားခ်ဳိးျခင္း ၊ အတင္းအၾကပ္ ေျခေထာက္အား ဖိႏွိပ္ျခင္းတို႔ကို ေရွာင္ရွားပါ ။ ႂကြက္တက္သည့္ေျခေထာက္အား ဆန္႔ေပးျခင္း ၊ အသာအယာ ႏွိပ္နယ္ေပးျခင္း ၊ ေျခေထာက္ေအာက္မွ တစ္ခုခုခံ၍ ေျမႇာက္ထားေပးျခင္းတို႔ျဖင့္ သက္သာေစႏိုင္ပါတယ္ ။ ထို႔အျပင္ ေရေႏြးႏွင့္ ေရခ်ဳိးေပးျခင္း ၊ ေရေႏြးစိမ္ျခင္း ၊ ေရခဲကပ္ေပးျခင္း ျဖင့္လဲ သက္သာေစႏိုင္ပါတယ္ ။
Dr. ရွိန္းသူဟန္