မိန်းကလေးများနဲ့တင်ပါးအလှ
မိန်းကလေးတွေမှာ ခန ္တာကိုယ်အချိုးအစား လှပဖို့အတွက် အရေးကြီးတဲ့အချက်ထဲမှာ တင်ပါးအလှလည်းပါဝင်ပါတယ်။ အလှအပကို ဦးစားပေးလာကြတဲ့ ခေတ်ထဲမှာ တင်ပါးပြည့်ချင်သူတွေ၊ အသက်အရွယ်ကြောင့် တင်ပါးလျော့တွဲလာသူတွေ၊ ခန ္တာကိုယ်အချိုးအစား မပြေပြစ်သူတွေအတွက် ဆီလီကွန်ထည့်ကာ စွဲဆောင်မှုရှိတဲ့ တင်ပါးအလှပြုပြင်တဲ့အကြောင်းလေး ပြောပြချင်ပါတယ်။
ဆီလီကွန်ထည့်ပြီး တင်ပါးအလှ ခွဲစိတ်ပြုပြင်မယ်ဆိုရင် အရေးကြီးတဲ့ ပထမဆုံးအချက်ကတော့ ခွဲစိတ်ပြု ပြင်ပေးမယ့်သူဟာ ကျွမ်းကျင်တဲ့ plastic surgeon ဖြစ်ဖို့လိုပါမယ်။ ဆီလီကွန်အရွယ်အစား အမျိုးမျိုးရှိတဲ့အတွက် ကိုယ်လိုချင်တဲ့အတိုင်းအထွာနဲ့ ကိုယ်နဲ့သင့်လျော်မယ့် ဆီလီကွန် အရွယ်အစားကို ဆရာဝန်နဲ့အသေးစိတ် ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
အသေးစားခွဲစိတ်မှုသာဖြစ်ပြီး ကုသချိန် ၂-၃ နာရီကြားသာ ကြာနိုင်ပါတယ်။ သေးငယ်တဲ့ဒေါင်လိုက်ခွဲကြောင်း၂ခု ခွဲလေ့ရှိပြီး ဆီလီကွန်ကို တင်ပါးကြွက်သားအပေါ် (သို့) တင်ပါးကြွက်သားအောက်မှာ ထည့်လေ့ရှိပါတယ်။ ခွဲစိတ်ပြီးရင်တော့ အနာမကျက်ခင် ဆီလီကွန်နေရာရွေ့တာ ပုံစံမကျတာတွေ မဖြစ်အောင်လို့ အထူးပြုလုပ်ထားတဲ့ အတွင်းခံကို ဝတ်ဆင်ဖို့ လိုအပ်ပါမယ်။ခွဲစိတ်မှုပြုပြီးအချိန် ၂ပတ်အတွင်းမှာ အရေးကြီးတဲ့အချက်ကတော့ ဆီလီကွန် အပေါ် အကြာကြီးဖိမထိုင်မိဖို့ပဲ ဖြစ်ပါတယ်။ အထိုင်များတဲ့ အလုပ်အကိုင်လုပ်သူဆိုရင်တော့ အလုပ်၂ပတ်ကျော်နားသင့်ပါတယ်။ gym ကစားခြင်း၊ ပြင်းပြင်းထန်ထန်လှုပ်ရှားခြင်းတွေက ခွဲစိတ်ပြီး ၁လခွဲ ၂လလောက်မှာ ပြန်လည်ပြုလုပ်နိုင်ပါတယ်။ အနာမကျက်ခင် နာကျင်ယောင်ယမ်းမှုအနည်းငယ်ကို အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးများဖြင့် ထိန်းချုပ်နိုင်ပါတယ်။ ချုပ်ရိုးအနာကျက်ပြီး ဆီလီကွန် တင်ပါးထဲမှာ ပုံစံတကျဖြစ်သွားတဲ့အချိန်မှာတော့ စွဲဆောင်မှုရှိတဲ့ တင်ပါးအလှကို တစ်သက်တာ ပိုင်ဆိုင်နိုင်မှာပါ။
ဘေးထွက်ဆိုးကျိုးများအနေနဲ့ ချုပ်ရိုးအနာမကျက်တာ၊ ချုပ်ရိုးပိုးဝင်တာ၊ သွေးထွက်တာ၊ တင်ပါးကြွက်သားနဲ့ အာရုံကြောတွေ ထိခိုက်တတ်ပါတယ်။ ဆီလီကွန် တွေ နေရာရွေ့ပြီး တင်ပါးနှစ်ဖက်မညီတာလည်း ဖြစ်တတ်ပါတယ်။ ဆီလီကွန်ပြန်ပေါက်ထွက်လာတာကတော့ အင်မတန်ရှားပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည်(ဆေး၂)
မိန္းကေလးမ်ားနဲ႔တင္ပါးအလွ
မိန္းကေလးေတြမွာ ခႏ ၱာကိုယ္အခ်ိဳးအစား လွပဖို႔အတြက္ အေရးႀကီးတဲ့အခ်က္ထဲမွာ တင္ပါးအလွလည္းပါဝင္ပါတယ္။ အလွအပကို ဦးစားေပးလာၾကတဲ့ ေခတ္ထဲမွာ တင္ပါးျပည့္ခ်င္သူေတြ၊ အသက္အရြယ္ေၾကာင့္ တင္ပါးေလ်ာ့တြဲလာသူေတြ၊ ခႏ ၱာကိုယ္အခ်ိဳးအစား မေျပျပစ္သူေတြအတြက္ ဆီလီကြန္ထည့္ကာ စြဲေဆာင္မႈ႐ွိတဲ့ တင္ပါးအလွျပဳျပင္တဲ့အေၾကာင္းေလး ေျပာျပခ်င္ပါတယ္။
ဆီလီကြန္ထည့္ၿပီး တင္ပါးအလွ ခြဲစိတ္ျပဳျပင္မယ္ဆိုရင္ အေရးႀကီးတဲ့ ပထမဆံုးအခ်က္ကေတာ့ ခြဲစိတ္ျပဳ ျပင္ေပးမယ့္သူဟာ ကြၽမ္းက်င္တဲ့ plastic surgeon ျဖစ္ဖို႔လိုပါမယ္။ ဆီလီကြန္အရြယ္အစား အမ်ိဳးမ်ိဳးရိွတဲ့အတြက္ ကိုယ္လိုခ်င္တဲ့အတိုင္းအထြာနဲ႔ ကိုယ္နဲ႔သင့္ေလ်ာ္မယ့္ ဆီလီကြန္ အရြယ္အစားကို ဆရာဝန္နဲ႔အေသးစိတ္ ေဆြးေႏြးတိုင္ပင္သင့္ပါတယ္။
အေသးစားခြဲစိတ္မႈသာျဖစ္ၿပီး ကုသခ်ိန္ ၂-၃ နာရီၾကားသာ ၾကာႏိုင္ပါတယ္။ ေသးငယ္တဲ့ေဒါင္လိုက္ခြဲေၾကာင္း၂ခု ခြဲေလ့႐ွိၿပီး ဆီလီကြန္ကို တင္ပါးႂကြက္သားအေပၚ (သို႔) တင္ပါးႂကြက္သားေအာက္မွာ ထည့္ေလ့႐ွိပါတယ္။ ခြဲစိတ္ၿပီးရင္ေတာ့ အနာမက်က္ခင္ ဆီလီကြန္ေနရာေရြ႔တာ ပံုစံမက်တာေတြ မျဖစ္ေအာင္လို႔ အထူးျပဳလုပ္ထားတဲ့ အတြင္းခံကို ဝတ္ဆင္ဖို႔ လိုအပ္ပါမယ္။ခြဲစိတ္မႈျပဳၿပီးအခ်ိန္ ၂ပတ္အတြင္းမွာ အေရးႀကီးတဲ့အခ်က္ကေတာ့ ဆီလီကြန္ အေပၚ အၾကာႀကီးဖိမထိုင္မိဖို႔ပဲ ျဖစ္ပါတယ္။ အထိုင္မ်ားတဲ့ အလုပ္အကိုင္လုပ္သူဆိုရင္ေတာ့ အလုပ္၂ပတ္ေက်ာ္နားသင့္ပါတယ္။ gym ကစားျခင္း၊ ျပင္းျပင္းထန္ထန္လႈပ္႐ွားျခင္းေတြက ခြဲစိတ္ၿပီး ၁လခြဲ ၂လေလာက္မွာ ျပန္လည္ျပဳလုပ္ႏုိင္ပါတယ္။ အနာမက်က္ခင္ နာက်င္ေယာင္ယမ္းမႈအနည္းငယ္ကို အကိုက္အခဲေပ်ာက္ေဆး၊ အေရာင္က်ေဆးမ်ားျဖင့္ ထိန္းခ်ဳပ္ႏိုင္ပါတယ္။ ခ်ဳပ္႐ိုးအနာက်က္ၿပီး ဆီလီကြန္ တင္ပါးထဲမွာ ပံုစံတက်ျဖစ္သြားတဲ့အခ်ိန္မွာေတာ့ စြဲေဆာင္မႈ႐ွိတဲ့ တင္ပါးအလွကို တစ္သက္တာ ပိုင္ဆိုင္ႏိုင္မွာပါ။
ေဘးထြက္ဆိုးက်ိဳးမ်ားအေနနဲ႔ ခ်ဳပ္႐ုိးအနာမက်က္တာ၊ ခ်ဳပ္႐ုိးပိုးဝင္တာ၊ ေသြးထြက္တာ၊ တင္ပါးႂကြက္သားနဲ႔ အာရံုေၾကာေတြ ထိခိုက္တတ္ပါတယ္။ ဆီလီကြန္ ေတြ ေနရာေရြ႔ၿပီး တင္ပါးႏွစ္ဖက္မညီတာလည္း ျဖစ္တတ္ပါတယ္။ ဆီလီကြန္ျပန္ေပါက္ထြက္လာတာကေတာ့ အင္မတန္႐ွားပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခု ပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္(ေဆး၂)