အစားအသောက်မူမမှန်သော စိတ်ရောဂါများ (အပိုင်း ၃)

(၂) အစားအစာ လွန်ကြူးစွာ စားသုံးခြင်း (Bulimia nervosa)
လူအယောက် တစ်ရာတွင် ၁-၂ ယောက်ခန့်တွင် တွေ့ရတတ်ပြီး သက်လတ်ပိုင်း အမျိုးသမီးများတွင် အဖြစ်များပါသည်။
တွေ့ရတတ်သော လက္ခဏာများ

  • အစားအစာများများကို အချိန်တို အတွင်း ခဏခဏ စားသုံးခြင်း (ပုံမှန်စားသုံးသင့်သည်ထက် အလွန်များပြားစွာ စားသုံးခြင်း)
  • ထို့နောက် ကိုယ်အလေးချိန်မတက်စေရန် မသင့်လျော်သော အပြုအမူများဆောင်ရွက်ခြင်း (ဥပမာ- စားထားသောအစာများ အန်ထုတ်ခြင်း၊ ဝမ်းနှုတ်ဆေး၊ ဆီးဆေး၊ အစာစားချင်စိတ်ကို ကျစေသောဆေးများ သုံးစွဲခြင်း)
  • ပြုလုပ်သော ကိုယ်အလေးချိန် မတက်စေသော အပြုအမူပေါ်မူတည်၍ ၂ မျိုးထပ်မံခွဲနိုင်ပါသည်။
  • စားထားသော အစားအစာများ ကိုယ်တွင်းမှ မြန်မြန်ပြန်ထွက်အောင်ပြုလုပ်သူများ
  • အစာပြန်အငတ်ခံကာ လေ့ကျင့်ခန်း လုပ်သူများဟူ၍ ဖြစ်ပါသည်။
  • ရုပ်ရည်အပေါ် အလွန်အမင်း အထင်ကြီးလွန်းခြင်း
  • အမျိုးသမီးများတွင် ဓမ္မတာပုံမှန်လာရုံမက ကိုယ်အလေးချိန်လည်း ပုံမှန်အနေအထားတွင် ရှိတတ်ပါသည်။ ကိုယ်အလေးချိန် ပုံမှန်ထက်ကျနေပါက အစာစားလိုစိတ်မရှိခြင်း ( anorexia nervosa)၏ အမျိုးအစားတစ်ခု ဟု သတ်မှတ်နိုင်ပါသည်။

ကူညီနိုင်သော နည်းလမ်းများ

  • သွေးတွင်း ဆားဓာတ်များစစ်ဆေးကာ လိုအပ်ပါက ကုသမှုပေးရပါမည်။
  • စိတ်ဓာတ်ပိုင်း၊ အသိပညာပိုင်းတွင် ခွန်အားတိုးမြင့်လာအောင် ကူညီထောက်ပံ့ပေးရပါမည်။
  • ဦးဆုံးကုသပေးနိုင်သော နည်းလမ်းများမှာ
  • အကူအညီပေးသော အဖွဲ့ငယ်လေးများနှင့် ဆက်သွယ် ကုသမှုပေးခြင်း၊
  • စိတ်ဓာတ်ကျခြင်းကြောင့်လည်း ဖြစ်တတ်သောကြောင့် စိတ်ဓာတ်ကျခြင်းကို ကုသသောဆေးဖြင့်လည်း ကုသနိုင်ပါသည်။
  • ကုသမှုများတွင် မိသားစု၏ ပါဝင်မှုသည်လည်း အလွန်အရေးကြီးပါသည်။ လိုအပ်ပါက စိတ်ကျန်းမာရေး ဆရာဝန်၊ စိတ်ပညာရှင်များနှင့် တိုင်ပင်ကုသရပါမည်။

ထို့အပြင် စားထားသောအစာများပြန်ထုတ်သော နည်းလမ်းများ သုံးသူများအား

  • အန်သူဖြစ်ပါက- အန်ပြီးတိုင်းသွားတိုက်ရန်၊ အက်ဆစ်ဓာတ်ပါသော ဆေးများ မသောက်ရန်၊ အက်ဆစ်ဓာတ်မပါသော ပါးလုတ်ကျင်းရေများ အသုံးပြုရန် အကြံပေးသင့်ပါသည်။
  • ဝမ်းနှုတ်ဆေးသုံးသူများအား- ဆေးလျော့သုံးရန်နှင့် ဝမ်းနှုတ်ဆေးများသည် ကယ်လိုရီနည်းစေသောနည်းလမ်း မဟုတ်ကြောင်း ဆွေးနွေးအကြံပေးရန် လိုအပ်ပါသည်။

(၃) ထိန်းချုပ်နိုင်မှု ကင်းမဲ့စွာ အလွန်အကြူးစားခြင်း (Binge eating disorder)
ဤအမျိုးအစားသည် အလွန်အကြူးစားသုံးခြင်းတစ်မျိုးဖြစ်ပြီး ဗိုက်ဆာခြင်းမရှိဘဲ များစွာသော အစားအစာများကို အချိန်တိုအတွင်း စားသုံးမိခြင်းဖြစ်ပါသည်။ လူအများတွင် တွေ့ရလေ့ရှိပြီး အသက်အန္တရာယ်ရှိတတ်သောအမျိုးအစားဖြစ်ပေသည်။

  • အစားအစာ၊ ကိုယ်ခန္ဓာ၊ ရုပ်ရည်အပေါ် အလွန်အမင်းစိတ်စွဲမှုများဖြစ်ခြင်း
  • စားသုံးသောပမာဏ အပေါ် အပြစ်တစ်ခုဟု ခံစားနေရခြင်းများနှင့်
  • သတိလက်လွတ်ဖြစ်ကာ များပြားစွာ စားသုံးမိတတ်ခြင်း စသည်တို့နှင့် တွဲကာ ရှိတတ်ပါသည်။

ဤအမျိုးအစားတွင် တွေ့ရတတ်သော ဝိသေသများ

  • ပုံမှန်ထက် လျင်မြန်စွာ စားသုံးခြင်း
  • ဗိုက်မခံမရပ်နိုင်အောင် ပြည့်လာသည်ထိစားသုံးခြင်း
  • ဗိုက်မဆာသော်လည်း အလွန်အကြူးစားသုံးခြင်း
  • အပြစ်ပြောခံရမည် ကြောက်၍ တစ်ကိုယ်တည်းသာ စားသုံးလေ့ရှိခြင်း
  • မိမိကိုယ်မိမိ စိတ်တိုင်းမကျဖြစ်ကာ စိတ်ဓာတ်ကျခြင်း၊ အပြစ်ရှိသည်ဟု ခံစားရခြင်း
  • တစ်ပတ် ၁ကြိမ်ခန့် စားလေ့ရှိပြီး ၃လကျော်အထိ ရှိနေပါက ဤဝေဒနာကို ခံစားရသည်ဟု ဆိုနိုင်ပါသည်။

ရှေ့တွင် ဖော်ပြခဲ့သော ဝေဒနာ ၂ ခုနှင့် မတူသောအချက်မှာ စားသုံးပြီးသော အစာများ ပြန်ထုတ်သောနည်းလမ်း သုံးစွဲမှု မရှိခြင်း ဖြစ်သည်။

ကူညီနိုင်သော နည်းလမ်းများ

  • စိတ်ဓာတ်ပိုင်း၊ အသိပညာပိုင်းတွင် ခွန်အားတိုးမြင့်လာအောင် ကူညီထောက်ပံ့ပေးရပါမည်။
  • ဦးဆုံးကုသပေးနိုင်သော နည်းလမ်းများမှာ
  • အကူအညီပေးသော အဖွဲ့ငယ်လေးများနှင့် ဆက်သွယ် ကုသမှုပေးခြင်း၊
  • စိတ်ဓာတ်ကျခြင်းကြောင့်လည်း ဖြစ်တတ်သောကြောင့် စိတ်ဓာတ်ကျခြင်းကို ကုသသောဆေးဖြင့်လည်း ကုသနိုင်ပါသည်။
  • ကုသမှုများတွင် မိသားစု၏ ပါဝင်မှုသည်လည်း အလွန်အရေးကြီးပါသည်။ လိုအပ်ပါက စိတ်ကျန်းမာရေး ဆရာဝန်၊ စိတ်ပညာရှင်များနှင့် တိုင်ပင်ကုသရပါမည်။
  • အဝလွန်ခြင်း မဖြစ်အောင် လည်းကူညီပေးရတတ်ပါသည်။

ရီချို(ဆေး ၁)

အစားအေသာက္မူမမွန္ေသာ စိတ္ေရာဂါမ်ား (အပိုင္း ၃)

(၂) အစားအစာ လြန္ၾကဴးစြာ စားသံုးျခင္း (Bulimia nervosa)
လူအေယာက္ တစ္ရာတြင္ ၁-၂ ေယာက္ခန္႔တြင္ ေတြ႔ရတတ္ျပီး သက္လတ္ပိုင္း အမ်ိဳးသမီးမ်ားတြင္ အျဖစ္မ်ားပါသည္။
ေတြ႔ရတတ္ေသာ လကၡဏာမ်ား

  • အစားအစာမ်ားမ်ားကို အခ်ိန္တို အတြင္း ခဏခဏ စားသံုးျခင္း (ပံုမွန္စားသံုးသင့္သည္ထက္ အလြန္မ်ားျပားစြာ စားသံုးျခင္း)
  • ထို႔ေနာက္ ကိုယ္အေလးခ်ိန္မတက္ေစရန္ မသင့္ေလ်ာ္ေသာ အျပဳအမူမ်ားေဆာင္ရြက္ျခင္း (ဥပမာ- စားထားေသာအစာမ်ား အန္ထုတ္ျခင္း၊ ဝမ္းႏႈတ္ေဆး၊ ဆီးေဆး၊ အစာစားခ်င္စိတ္ကို က်ေစေသာေဆးမ်ား သံုးစြဲျခင္း)
  • ျပဳလုပ္ေသာ ကိုယ္အေလးခ်ိန္ မတက္ေစေသာ အျပဳအမူေပၚမူတည္၍ ၂ မ်ိဳးထပ္မံခြဲနိုင္ပါသည္။
  • စားထားေသာ အစားအစာမ်ား ကိုယ္တြင္းမွ ျမန္ျမန္ျပန္ထြက္ေအာင္ျပဳလုပ္သူမ်ား
  • အစာျပန္အငတ္ခံကာ ေလ့က်င့္ခန္း လုပ္သူမ်ားဟူ၍ ျဖစ္ပါသည္။
  • ရုပ္ရည္အေပၚ အလြန္အမင္း အထင္ၾကီးလြန္းျခင္း
  • အမ်ိဳးသမီးမ်ားတြင္ ဓမၼတာပံုမွန္လာရံုမက ကိုယ္အေလးခ်ိန္လည္း ပံုမွန္အေနအထားတြင္ ရွိတတ္ပါသည္။ ကိုယ္အေလးခ်ိန္ ပံုမွန္ထက္က်ေနပါက အစာစားလိုစိတ္မရွိျခင္း ( anorexia nervosa)၏ အမ်ိဳးအစားတစ္ခု ဟု သတ္မွတ္နိုင္ပါသည္။

ကူညီနိုင္ေသာ နည္းလမ္းမ်ား

  • ေသြးတြင္း ဆားဓာတ္မ်ားစစ္ေဆးကာ လိုအပ္ပါက ကုသမႈေပးရပါမည္။
  • စိတ္ဓာတ္ပိုင္း၊ အသိပညာပိုင္းတြင္ ခြန္အားတိုးျမင့္လာေအာင္ ကူညီေထာက္ပံ့ေပးရပါမည္။
  • ဦးဆံုးကုသေပးနိုင္ေသာ နည္းလမ္းမ်ားမွာ
  • အကူအညီေပးေသာ အဖြဲ႔ငယ္ေလးမ်ားနွင့္ ဆက္သြယ္ ကုသမႈေပးျခင္း၊
  • စိတ္ဓာတ္က်ျခင္းေၾကာင့္လည္း ျဖစ္တတ္ေသာေၾကာင့္ စိတ္ဓာတ္က်ျခင္းကို ကုသေသာေဆးျဖင့္လည္း ကုသနိုင္ပါသည္။
  • ကုသမႈမ်ားတြင္ မိသားစု၏ ပါဝင္မႈသည္လည္း အလြန္အေရးၾကီးပါသည္။ လိုအပ္ပါက စိတ္က်န္းမာေရး ဆရာဝန္၊ စိတ္ပညာရွင္မ်ားႏွင့္ တိုင္ပင္ကုသရပါမည္။

ထို႔အျပင္ စားထားေသာအစာမ်ားျပန္ထုတ္ေသာ နည္းလမ္းမ်ား သံုးသူမ်ားအား

  • အန္သူျဖစ္ပါက- အန္ျပီးတိုင္းသြားတိုက္ရန္၊ အက္ဆစ္ဓာတ္ပါေသာ ေဆးမ်ား မေသာက္ရန္၊ အက္ဆစ္ဓာတ္မပါေသာ ပါးလုတ္က်င္းေရမ်ား အသံုးျပဳရန္ အၾကံေပးသင့္ပါသည္။
  • ဝမ္းႏႈတ္ေဆးသံုးသူမ်ားအား- ေဆးေလ်ာ့သံုးရန္ႏွင့္ ဝမ္းႏႈတ္ေဆးမ်ားသည္ ကယ္လိုရီနည္းေစေသာနည္းလမ္း မဟုတ္ေၾကာင္း ေဆြးေႏြးအၾကံေပးရန္ လိုအပ္ပါသည္။

(၃) ထိန္းခ်ဳပ္နိုင္မႈ ကင္းမဲ့စြာ အလြန္အၾကဴးစားျခင္း (Binge eating disorder)
ဤအမ်ိဳးအစားသည္ အလြန္အၾကဴးစားသံုးျခင္းတစ္မ်ိဳးျဖစ္ျပီး ဗိုက္ဆာျခင္းမရွိဘဲ မ်ားစြာေသာ အစားအစာမ်ားကို အခ်ိန္တိုအတြင္း စားသံုးမိျခင္းျဖစ္ပါသည္။ လူအမ်ားတြင္ ေတြ႔ရေလ့ရွိျပီး အသက္အႏၱရာယ္ရွိတတ္ေသာအမ်ိဳးအစားျဖစ္ေပသည္။

  • အစားအစာ၊ ကိုယ္ခႏၶာ၊ ရုပ္ရည္အေပၚ အလြန္အမင္းစိတ္စြဲမႈမ်ားျဖစ္ျခင္း
  • စားသံုးေသာပမာဏ အေပၚ အျပစ္တစ္ခုဟု ခံစားေနရျခင္းမ်ားႏွင့္
  • သတိလက္လြတ္ျဖစ္ကာ မ်ားျပားစြာ စားသံုးမိတတ္ျခင္း စသည္တို႔ႏွင့္ တြဲကာ ရွိတတ္ပါသည္။

ဤအမ်ိဳးအစားတြင္ ေတြ႔ရတတ္ေသာ ဝိေသသမ်ား

  • ပံုမွန္ထက္ လ်င္ျမန္စြာ စားသံုးျခင္း
  • ဗိုက္မခံမရပ္နိုင္ေအာင္ ျပည့္လာသည္ထိစားသံုးျခင္း
  • ဗိုက္မဆာေသာ္လည္း အလြန္အၾကဴးစားသံုးျခင္း
  • အျပစ္ေျပာခံရမည္ ေၾကာက္၍ တစ္ကိုယ္တည္းသာ စားသံုးေလ့ရွိျခင္း
  • မိမိကိုယ္မိမိ စိတ္တိုင္းမက်ျဖစ္ကာ စိတ္ဓာတ္က်ျခင္း၊ အျပစ္ရွိသည္ဟု ခံစားရျခင္း
  • တစ္ပတ္ ၁ၾကိမ္ခန္႔ စားေလ့ရွိျပီး ၃လေက်ာ္အထိ ရွိေနပါက ဤေဝဒနာကို ခံစားရသည္ဟု ဆိုနိုင္ပါသည္။

ေရွ႕တြင္ ေဖာ္ျပခဲ့ေသာ ေဝဒနာ ၂ ခုႏွင့္ မတူေသာအခ်က္မွာ စားသံုးျပီးေသာ အစာမ်ား ျပန္ထုတ္ေသာနည္းလမ္း သံုးစြဲမႈ မရွိျခင္း ျဖစ္သည္။

ကူညီနိုင္ေသာ နည္းလမ္းမ်ား

  • စိတ္ဓာတ္ပိုင္း၊ အသိပညာပိုင္းတြင္ ခြန္အားတိုးျမင့္လာေအာင္ ကူညီေထာက္ပံ့ေပးရပါမည္။
  • ဦးဆံုးကုသေပးနိုင္ေသာ နည္းလမ္းမ်ားမွာ
  • အကူအညီေပးေသာ အဖြဲ႔ငယ္ေလးမ်ားနွင့္ ဆက္သြယ္ ကုသမႈေပးျခင္း၊
  • စိတ္ဓာတ္က်ျခင္းေၾကာင့္လည္း ျဖစ္တတ္ေသာေၾကာင့္ စိတ္ဓာတ္က်ျခင္းကို ကုသေသာေဆးျဖင့္လည္း ကုသနိုင္ပါသည္။
  • ကုသမႈမ်ားတြင္ မိသားစု၏ ပါဝင္မႈသည္လည္း အလြန္အေရးၾကီးပါသည္။ လိုအပ္ပါက စိတ္က်န္းမာေရး ဆရာဝန္၊ စိတ္ပညာရွင္မ်ားႏွင့္ တိုင္ပင္ကုသရပါမည္။
  • အဝလြန္ျခင္း မျဖစ္ေအာင္ လည္းကူညီေပးရတတ္ပါသည္။

ရီခ်ိဳ(ေဆး ၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *