All Articlesသွားကျန်းမာရေး

Bruxism

1 Mins read

ညဘက်သွားကြိတ်တတ်ခြင်းအကြောင်း

ညဘက်အိပ်ပျော်နေတဲ့အချိန် သွားကြိတ်ခြင်းဖြစ်တတ်တဲ့သူအများစုဟာ ကိုယ့်ဘာသာ ဖြစ်လို့ ဖြစ်နေမှန်း မသိတတ်ကြပါဘူး။ ကိုယ်နဲ့အတူအိပ်တဲ့ မိသားစုဝင်တွေ ပြောမှသာ သိရှိကြတတ်တာမျိုးပါ။ တစ်ခါတစ်ရံတော့ အိပ်ရာနိုးတဲ့အချိန် သွားတွေ ကျိန်းနေတာတွေ၊ မေးရိုးအဆစ်တွေနာနေတာ ညောင်းနေတာတွေခံစားရတတ်ပေမယ့် သွားကြိတ်တာကြောင့် အဲ့လိုခံစားနေရတာဆိုတာကို သတိပြုမိတဲ့သူလည်းရှားပါတယ်။ သွားဆေးခန်းကို တစ်ခြားရောဂါနဲ့သွားပြရင်း သွားတွေ အချင်းချင်းကြိတ်ထားပြီး ပြုန်းတီးနေတာတွေကို သွားဆရာဝန်က သတိပြုမိပြီး ပြောပြမှသာ သိရှိတဲ့သူတွေ တစ်ပုံကြီးပါ။

ညဘက်အိပ်နေတုန်း သွားကြိတ်တဲ့ အဓိကအကြောင်းရင်းကတော့ စိတ်ဖိစီးမှုပါ။ အလုပ်ခွင်မှာ စိတ်ပင်ပန်းတာတွေ၊ လူမှုရေး စီးပွားရေး အခြားနယ်ပယ်အသီးသီးမှာ စိတ်ဖိစီးမှုတွေများလာရင် ညဘက်အိပ်ပျော်နေတဲ့အခါမှာ မသိစိတ်ရဲ့စေခိုင်းချက်အရ သွားတွေက အချင်းချင်းဖိကြိတ်တတ်ကြပါတယ်။ ကာယကံရှင်က မသိပေမယ့် ဘေးကကြားနေရတဲ့သူအဖို့တော့ ကျလွိ ကျလွိ နဲ့ ကြက်သီးထစရာကောင်းပါတယ်။

ညဘက်သွားကြိတ်တာကို သက်သာစေချင်ရင်တော့ ပင်ပန်းတယ် စိတ်ဖိစီးမှုများတယ် လို့ ခံစားရတဲ့နေ့တွေမှာ Enervon-C သောက်ပေးလို့ရပါတယ်။ မိမိပြသနေကျ သွားဘက်ဆိုင်ရာ ဆရာဝန်ထံမှာ night guard လို့ ခေါ်တဲ့ အံကပ်အကြည်လေးတွေ ပြုလုပ်ပြီး ညအိပ်ချိန်မှာ တပ်အိပ်ပေးလို့ရပါတယ်။ အသေးစိတ်ကိုတော့ သွားဘက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ညဘက်သွားကြိတ်ခြင်းဟာ အရမ်းပြင်းထန်ဆိုးဝါးတဲ့ ရောဂါကြီးတစ်ခုမဟုတ်ပေမယ့် ဂရုမစိုက်ဘဲ ပစ်ထားရင် အချိန်ကြာလာတဲ့အခါ သွားသွားချင်း ပွတ်တိုက်တဲ့နေရာတွေက ပြုန်းတီးပြီး သွားကျင်လာတာတွေ မေးရိုးနာလာတာတွေ ခံစားရတတ်တာမို့ သတိပြုစေချင်ပါတယ်။

မေတ္တာဖြင့်

သုဈာန်

ညဘက္သြားႀကိတ္တတ္ျခင္းအေၾကာင္း

ညဘက္အိပ္ေပ်ာ္ေနတဲ့အခ်ိန္ သြားႀကိတ္ျခင္းျဖစ္တတ္တဲ့သူအမ်ားစုဟာ ကိုယ့္ဘာသာ ျဖစ္လို႔ ျဖစ္ေနမွန္း မသိတတ္ၾကပါဘူး။ ကိုယ္နဲ႔အတူအိပ္တဲ့ မိသားစုဝင္ေတြ ေျပာမွသာ သိရွိၾကတတ္တာမ်ိဳးပါ။ တစ္ခါတစ္ရံေတာ့ အိပ္ရာႏိုးတဲ့အခ်ိန္ သြားေတြ က်ိန္းေနတာေတြ၊ ေမး႐ိုးအဆစ္ေတြနာေနတာ ေညာင္းေနတာေတြခံစားရတတ္ေပမယ့္ သြားႀကိတ္တာေၾကာင့္ အဲ့လိုခံစားေနရတာဆိုတာကို သတိျပဳမိတဲ့သူလည္းရွားပါတယ္။ သြားေဆးခန္းကို တစ္ျခားေရာဂါနဲ႔သြားျပရင္း သြားေတြ အခ်င္းခ်င္းႀကိတ္ထားၿပီး ျပဳန္းတီးေနတာေတြကို သြားဆရာဝန္က သတိျပဳမိၿပီး ေျပာျပမွသာ သိရွိတဲ့သူေတြ တစ္ပုံႀကီးပါ။

ညဘက္အိပ္ေနတုန္း သြားႀကိတ္တဲ့ အဓိကအေၾကာင္းရင္းကေတာ့ စိတ္ဖိစီးမႈပါ။ အလုပ္ခြင္မွာ စိတ္ပင္ပန္းတာေတြ၊ လူမႈေရး စီးပြားေရး အျခားနယ္ပယ္အသီးသီးမွာ စိတ္ဖိစီးမႈေတြမ်ားလာရင္ ညဘက္အိပ္ေပ်ာ္ေနတဲ့အခါမွာ မသိစိတ္ရဲ႕ေစခိုင္းခ်က္အရ သြားေတြက အခ်င္းခ်င္းဖိႀကိတ္တတ္ၾကပါတယ္။ ကာယကံရွင္က မသိေပမယ့္ ေဘးကၾကားေနရတဲ့သူအဖို႔ေတာ့ က်လြိ က်လြိ နဲ႔ ၾကက္သီးထစရာေကာင္းပါတယ္။

ညဘက္သြားႀကိတ္တာကို သက္သာေစခ်င္ရင္ေတာ့ ပင္ပန္းတယ္ စိတ္ဖိစီးမႈမ်ားတယ္ လို႔ ခံစားရတဲ့ေန႔ေတြမွာ Enervon-C ေသာက္ေပးလို႔ရပါတယ္။ မိမိျပသေနက် သြားဘက္ဆိုင္ရာ ဆရာဝန္ထံမွာ night guard လို႔ ေခၚတဲ့ အံကပ္အၾကည္ေလးေတြ ျပဳလုပ္ၿပီး ညအိပ္ခ်ိန္မွာ တပ္အိပ္ေပးလို႔ရပါတယ္။ အေသးစိတ္ကိုေတာ့ သြားဘက္ဆိုင္ရာ ဆရာဝန္က ၫႊန္ၾကားေပးပါလိမ့္မယ္။ ညဘက္သြားႀကိတ္ျခင္းဟာ အရမ္းျပင္းထန္ဆိုးဝါးတဲ့ ေရာဂါႀကီးတစ္ခုမဟုတ္ေပမယ့္ ဂ႐ုမစိုက္ဘဲ ပစ္ထားရင္ အခ်ိန္ၾကာလာတဲ့အခါ သြားသြားခ်င္း ပြတ္တိုက္တဲ့ေနရာေတြက ျပဳန္းတီးၿပီး သြားက်င္လာတာေတြ ေမး႐ိုးနာလာတာေတြ ခံစားရတတ္တာမို႔ သတိျပဳေစခ်င္ပါတယ္။

ေမတၱာျဖင့္

သုဈာန္

Related posts
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
သွားကျန်းမာရေး

သွားပိုးစားခြင်း ဆိုတာ (Tooth Decay/Caries)

1 Mins read
သွားပိုးစားခြင်း (သို့) သွားအခေါင်းပေါက်များဖြစ်ခြင်းဟာ ကလေးသူငယ်များတွင်သာမက အချို့သောလူကြီးများမှာပါ ကြုံတွေ့ရတတ်တဲ့ သွားရောဂါတစ်မျိုးပါ။ ဒါကြောင့် သွားပိုးစားခြင် ဟာ ဘယ်လိုအကြောင်းကြောင့်ဖြစ်ရသလဲဆိုတာကို ဗဟုသုတအဖြစ်ဝေမျှပေးချင်ပါတယ်။ ဘာကြောင့်သွားပိုးစားရသလိုဆိုရင် …. ခံတွင်းထဲကိုရောက်ရှိလာတဲ့ ဘက်တီးရီးယားတွေကနေ သွားကိုထိခိုက်စေတဲ့အက်ဆစ်ဓာတ်တစ်မျိုးကို ထုတ်လုပ်လိုက်တဲ့အတွက်ကြောင့်ပါ။ ဒီလိုဘက်တီးရီးယားတွေဘာကြောင့်ဝင်လာရသလဲဆိုတော့… – သွားတိုက်တဲ့အခါ သွားကိုနှံ့စပ်အောင်မတိုက်ခြင်းကြောင့်…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…