ကြေကွဲနာကျ သင့်နှလုံးသား
စာစုခေါင်းစဉ်မြင်လိုက်ပြီး အသည်းကွဲတဲ့အကြောင်းတွေများလားလို့ သင်ထင်မြင်မိကောင်း ထင်မြင်နိုင်ပေမယ့် တကယ်တော့ ဒါဟာရောဂါလက္ခဏာတစ်ခုပါ ။ Broken Heart Syndrome လို့ခေါ်တဲ့ ဒီရောဂါဟာ စိတ်မချမ်းမြေ့စရာအဖြစ်အပျက်တွေကြောင့် ယာယီနှလုံးမှာ ထိခိုက်ရတဲ့ရောဂါတစ်ခုပါပဲ ။ ကိုယ်ချစ်ရတဲ့သူတစ်ယောက်သေဆုံးတာမျိုး အခြေအနေမျိုးတွေမှာ တွေ့ရလေ့ရှိပါတယ် ။ တခြားအခြေအနေများအနေနဲ့ ခန္ဓာကိုယ်မှရောဂါများ ခွဲစိတ်ကုသမှုများကနေလဲ ဖြစ်ပွားနိုင်ပါတယ် ။ ဒီရောဂါခံစားရပြီဆို လက္ခဏာရပ်များအနေနဲ့ ရင်ဘတ်အောင့်တာ ကဲ့သို့ တကယ့် heart attack လက္ခဏာများ ခံစားရနိုင်ပါတယ် ။
ဘာကြောင့်လဲဆိုတော့ ဒီ syndrome ဟာ နှလုံးရဲ့ သွေးညှစ်ထုတ်တဲ့ နေရာတစ်နေရာဟာ ယာယီမူမမှန်မှုဖြစ်သွားတဲ့အတွက်ဖြစ်ပါတယ် ။ အဲ့အတွက် များသောအားဖြင့် ကျန်တဲ့ အစိတ်အပိုင်းတွေဟာ ပိုညှစ်ရတာမျိုး ဖြစ်လာပါတယ် ။ အဓိကဖြစ်ပွားစေသည့်အချက်မှာ ခန္ဓာကိုယ်တွင်း စိတ်ဖီစီးမှုမြင့်တက်စေသည့် ( stress hormone ) များမြင့်တက်လာ၍ ဖြစ်သည် ။
အဓိကဖြစ်စေသည့် အကြောင်းခြင်းရာများအနေဖြင့်
* မိမိချစ်ခင်ရသူ မိဘမောင်နှမများ သူငယ်ချင်းအသိမိတ်ဆွေများ ရုတ်တရက်ဆုံးပါးကွယ်လွန်ခြင်းသတင်းများ ကြားရခြင်း
* ထိတ်လန့်စရာ ရောဂါတစ်ခုခုရှိကြောင်း သိလိုက်ရချိန်
* အိမ်တွင်းအကြမ်းဖက်ခံရမှုများ
* အကြီးအကျယ် အငြင်းပွားခြင်း ရန်ဖြစ်ခြင်း
* Suprise party များ
* လူအများကြီးရှေ့တွင် ဟောပြောရခြင်းသကဲ့သို့ အခြေအနေများ
* အလုပ်ထုတ်ခံရခြင်း
* ကွာရှင်းပြတ်စဲခြင်း
* ကားမတော်တဆမှုဖြစ်ခြင်း
အစရှိသည့်အခြေအနေများမှ ဖြစ်ပွားနိုင်ပါတယ် ။
အထူးသဖြင့် အမျိုးသမီးများ ၊ သက်ကြီးရွယ်အိုများ ၊ စိတ်ပိုင်းဆိုင်ရာရောဂါရှိသူများတွင် ပိုမိုဖြစ်ပွားနိုင်ပါတယ် ။
လက္ခဏာများအနေဖြင့် heart attack ( နှလုံးရုတ်တရက်ထိခိုက်ခြင်း ) လက္ခာများနှင့်ဆင်တူပြီး အဓိကအားဖြင့်
* ရင်ဘတ်အောင့်တာ
* နှလုံးခုန်နှုန်း စည်းချက်မမှန်တာ
* မောကြပ်လာတာ
* အသက်ရှူရခက်ခဲတာတွေဖြစ်လာပါတယ်
ဒီလိုလက္ခဏာတွေရှိတဲ့အခါ ဒါမှမဟုတ် အချိန်အကြာကြီး ဒီလို လက္ခဏာတွေခံစားရတဲ့အခါ နှလုံးရောဂါ ရှိမရှိ သေချာစေရန်နှင့် ထပ်မံမဖြစ်ပွားစေရန် ဆရာဝန်များနှင့်တိုင်ပင်ကုသ သင့်ပါတယ် ။
အားလုံးကျန်းမာကြပါစေ
ဒေါက်ပီ
ေၾကကြဲနာက် သင့္ႏွလုံးသား
စာစုေခါင္းစဥ္ျမင္လိုက္ၿပီး အသည္းကြဲတ့ဲအေၾကာင္းေတြမ်ားလားလို႔ သင္ထင္ျမင္မိေကာင္း ထင္ျမင္ႏိုင္ေပမယ့္ တကယ္ေတာ့ ဒါဟာေရာဂါလကၡဏာတစ္ခုပါ ။ Broken Heart Syndrome လို႔ေခၚတ့ဲ ဒီေရာဂါဟာ စိတ္မခ်မ္းေျမ႕စရာအျဖစ္အပ်က္ေတြေၾကာင့္ ယာယီႏွလုံးမွာ ထိခိုက္ရတ့ဲေရာဂါတစ္ခုပါပဲ ။ ကိုယ္ခ်စ္ရတ့ဲသူတစ္ေယာက္ေသဆုံးတာမ်ဳိး အေျခအေနမ်ဳိးေတြမွာ ေတြ႕ရေလ့ရွိပါတယ္ ။ တျခားအေျခအေနမ်ားအေနနဲ႔ ခႏၶာကိုယ္မွေရာဂါမ်ား ခြဲစိတ္ကုသမႈမ်ားကေနလဲ ျဖစ္ပြားႏိုင္ပါတယ္ ။ ဒီေရာဂါခံစားရၿပီဆို လကၡဏာရပ္မ်ားအေနနဲ႔ ရင္ဘတ္ေအာင့္တာ က့ဲသို႔ တကယ့္ heart attack လကၡဏာမ်ား ခံစားရႏိုင္ပါတယ္ ။
ဘာေၾကာင့္လဲဆိုေတာ့ ဒီ syndrome ဟာ ႏွလုံးရဲ႕ ေသြးညႇစ္ထုတ္တ့ဲ ေနရာတစ္ေနရာဟာ ယာယီမူမမွန္မႈျဖစ္သြားတ့ဲအတြက္ျဖစ္ပါတယ္ ။ အ့ဲအတြက္ မ်ားေသာအားျဖင့္ က်န္တ့ဲ အစိတ္အပိုင္းေတြဟာ ပိုညႇစ္ရတာမ်ဳိး ျဖစ္လာပါတယ္ ။ အဓိကျဖစ္ပြားေစသည့္အခ်က္မွာ ခႏၶာကိုယ္တြင္း စိတ္ဖီစီးမႈျမင့္တက္ေစသည့္ ( stress hormone ) မ်ားျမင့္တက္လာ၍ ျဖစ္သည္ ။
အဓိကျဖစ္ေစသည့္ အေၾကာင္းျခင္းရာမ်ားအေနျဖင့္
* မိမိခ်စ္ခင္ရသူ မိဘေမာင္ႏွမမ်ား သူငယ္ခ်င္းအသိမိတ္ေဆြမ်ား ႐ုတ္တရက္ဆုံးပါးကြယ္လြန္ျခင္းသတင္းမ်ား ၾကားရျခင္း
* ထိတ္လန္႔စရာ ေရာဂါတစ္ခုခုရွိေၾကာင္း သိလိုက္ရခ်ိန္
* အိမ္တြင္းအၾကမ္းဖက္ခံရမႈမ်ား
* အႀကီးအက်ယ္ အျငင္းပြားျခင္း ရန္ျဖစ္ျခင္း
* Suprise party မ်ား
* လူအမ်ားႀကီးေရွ႕တြင္ ေဟာေျပာရျခင္းသက့ဲသို႔ အေျခအေနမ်ား
* အလုပ္ထုတ္ခံရျခင္း
* ကြာရွင္းျပတ္စဲျခင္း
* ကားမေတာ္တဆမႈျဖစ္ျခင္း
အစရွိသည့္အေျခအေနမ်ားမွ ျဖစ္ပြားႏိုင္ပါတယ္ ။
အထူးသျဖင့္ အမ်ဳိးသမီးမ်ား ၊ သက္ႀကီးရြယ္အိုမ်ား ၊ စိတ္ပိုင္းဆိုင္ရာေရာဂါရွိသူမ်ားတြင္ ပိုမိုျဖစ္ပြားႏိုင္ပါတယ္ ။
လကၡဏာမ်ားအေနျဖင့္ heart attack ( ႏွလုံး႐ုတ္တရက္ထိခိုက္ျခင္း ) လကၡာမ်ားႏွင့္ဆင္တူၿပီး အဓိကအားျဖင့္
* ရင္ဘတ္ေအာင့္တာ
* ႏွလုံးခုန္ႏႈန္း စည္းခ်က္မမွန္တာ
* ေမာၾကပ္လာတာ
* အသက္႐ွဴရခက္ခဲတာေတြျဖစ္လာပါတယ္
ဒီလိုလကၡဏာေတြရွိတ့ဲအခါ ဒါမွမဟုတ္ အခ်ိန္အၾကာႀကီး ဒီလို လကၡဏာေတြခံစားရတ့ဲအခါ ႏွလုံးေရာဂါ ရွိမရွိ ေသခ်ာေစရန္ႏွင့္ ထပ္မံမျဖစ္ပြားေစရန္ ဆရာဝန္မ်ားႏွင့္တိုင္ပင္ကုသ သင့္ပါတယ္ ။
အားလုံးက်န္းမာၾကပါေစ
ေဒါက္ပီ