ဆုံပိုင်းကိုယ်ဝန်များ

နေ့စေ့လစေ့ ကိုယ်ဝန်တွေမှာ များသောအားဖြင့် မိခင်ရဲ့ တင်ပဆုံရိုးကွင်းထဲကို သန္ဓေသားရဲ့ ခေါင်းက တဖြည်းဖြည်း တိုးဝင်လာပြီး သားမွေးလမ်းကြောင်းမှတစ်ဆင့် အပြင်ထွက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ တစ်ချို့ ကိုယ်ဝန်တွေမှာတော့ ထိုကဲ့သို့မဟုတ်ပဲ ကိုယ်ဝန်ရင့်ချိန်မှာ သန္ဓေသားရဲ့ တင်ပါး (သို့) ခြေထောက်အစိတ်အပိုင်းတွေဟာ မိခင်ရဲ့ တင်ပဆုံရိုးကွင်းထဲကို တိုးဝင်လာပါတယ်။ ထိုကဲ့သို့ ကိုယ်ဝန်လစေ့ချိန်မှာ မိခင်ရဲ့ တင်ပဆုံးရိုးထဲကို ခေါင်းနှင့်မဆင်းပဲ တင်ပါးပိုင်း (သို့) ခြေထောက်အစိတ်အပိုင်းတွေနဲ့ ဆင်းတဲ့ကိုယ်ဝန်ကို အရပ်စကားအရ ဆုံပိုင်းကိုယ်ဝန် (breech presentation) လို့ခေါ်ပါတယ်။

Breech presention ဆုံပိုင်းကိုယ်ဝန်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကတော့ ခိုင်ခိုင်လုံလုံမရှိပါဘူး။ ဒါပေမဲ့ အောက်ပါ အချက်တွေနဲ့ ပတ်သက်နေမယ်လို့ ယူဆကြပါတယ်။

-အမွှာကိုယ်ဝန်များ

-လမစေ့မီ ကလေးမွေးဖွားခြင်း

-ရေမွှာရေများလွန်းခြင်း (သို့) နည်းလွန်းခြင်း

-သားအိမ်တွင် အလုံးအကျိတ်များရှိသော ကိုယ်ဝန်ဆောင် များ

-သားအိမ်ပုံသဏ္လာန် ပုံမှန်မဟုတ်ခြင်း

-အချင်းရှေ့ရောက်ခြင်း

Breech presentation ဆုံပိုင်းကိုယ်ဝန်တွေကို ပုံမှန်ကိုယ်ဝန်စောင့်ရှောက်မှု ဆေးခန်းတွေမှာ ကျွမ်းကျင်တဲ့ သားဖွားမီးယပ်ဆရာဝန်၊ ဆရာမများက စမ်းသပ်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပြီး အတည်ပြုရန် Ultrasound ဓာတ်မှန်ရိုက်ကြည့်နိုင်ပါတယ်။ ပုံမှန်အတိုင်း ခေါင်းပိုင်းမှမွေးဖွားနိုင်ရန် ကိုယ်ဝန်ပတ် ၃၆-၃၇ပတ်များတွင် ကျွမ်းကျင်သော သားဖွားမီးယပ်ဆရာဝန်နှင့် External cephalic version ဗိုက်ပြင်နိုင်ပါတယ်။

ဆုံပိုင်းကိုယ်ဝန်တွေကို ရိုးရိုးသားမွေးလမ်းကြောင်းမှ မွေးဖွားခြင်းဟာ အတန်အသင့် ခက်ခဲနိုင်တဲ့အတွက် များသောအားဖြင့် ဆရာဝန်တွေက ခွဲစိတ်မွေးဖွားဖို့ တိုက်တွန်းတတ်ကြပါတယ်။

ဆုံပိုင်းကိုယ်ဝန်တွေကို ရိုးရိုးသားမွေးလမ်းကြောင်းမှ မွေးဖွားလျှင် ဖြစ်တတ်တဲ့ ဆိုးကျိုးတွေကတော့

-အချင်းကျွံခြင်း (Cord prolapse)

-မွေးဖွားချိန် ကြာမြင့်ခြင်း

-ကလေးပုခုံး၊ ခေါင်းများ မွေးဖွားရ ခက်ခြင်း (ကလေးတစ်နေခြင်း)

-စုတ်ပြဲဒဏ်ရာများနိုင်ခြင်း တို့ပဲဖြစ်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)
ဆံုပိုင္​းကိုယ္​ဝန္​မ်ား

​ေန႔​ေစ့လ​ေစ့ ကိုယ္​ဝန္​​ေတြမွာ မ်ား​ေသာအားျဖင္​့ မိခင္​ရဲ႕ တင္​ပဆံု႐ိုးကြင္​းထဲကို သ​ေႏၶသားရဲ႕ ​ေခါင္​းက တျဖည္​းျဖည္​း တိုးဝင္​လာၿပီး သား​ေမြးလမ္​း​ေၾကာင္​းမွတစ္​ဆင္​့ အျပင္​ထြက္​ဖို႔ အဆင္​သင္​့ျဖစ္​​ေနပါတယ္​။ တစ္​ခ်ိဳ႕ ကိုယ္​ဝန္​​ေတြမွာ​ေတာ့ ထိုကဲ့သို႔မဟုတ္​ပဲ ကိုယ္​ဝန္​ရင္​့ခ်ိန္​မွာ သ​ေႏၶသားရဲ႕ တင္ပါး (သို႔) ​ေျခ​ေထာက္​အစိတ္​အပိုင္​း​ေတြဟာ မိခင္​ရဲ႕ တင္​ပဆံု႐ိုးကြင္​းထဲကို တိုးဝင္​လာပါတယ္​။ ထိုကဲ့သို႔ ကိုယ္​ဝန္​လ​ေစ့ခ်ိန္​မွာ မိခင္​ရဲ႕ တင္​ပဆံုး႐ိုးထဲကို ​ေခါင္​းႏွင္​့မဆင္​းပဲ တင္​ပါးပိုင္​း (သို႔) ​ေျခ​ေထာက္​အစိတ္​အပိုင္​း​ေတြနဲ႔ ဆင္​းတဲ့ကိုယ္​ဝန္​ကို အရပ္​စကားအရ ဆံုပိုင္​းကိုယ္​ဝန္​ (breech presentation) လို႔​ေခၚပါတယ္​။

Breech presention ဆံုပိုင္​းကိုယ္​ဝန္​ျဖစ္​ရတဲ့ အ​ေၾကာင္​းအရင္​း​ေတြက​ေတာ့ ခိုင္​ခိုင္​လံုလံုမရိွပါဘူး။ ဒါ​ေပမဲ့ ​ေအာက္​ပါ အခ်က္​​ေတြနဲ႔ ပတ္​သက္​​ေနမယ္​လို႔ ယူဆၾကပါတယ္​။

-အမႊာကိုယ္​ဝန္​မ်ား

-လ​မ​ေစ့မီ က​ေလး​ေမြးဖြားၿခင္​း

-​ေရမႊာ​ေရမ်ားလြန္​းျခင္​း (သို႔) နည္​းလြန္​းျခင္​း

-သားအိမ္​တြင္​ အလံုးအက်ိတ္​မ်ားရိွ​ေသာ ကိုယ္​ဝန္​​ေဆာင္​ မ်ား

-သားအိမ္​ပံုသဏႅာန္​ ပံုမွန္​မဟုတ္​ျခင္​း

-အခ်င္​း​ေ႐ွ႕​ေရာက္​ျခင္​း

Breech presentation ဆံုပိုင္​းကိုယ္​ဝန္​​ေတြကို ပံုမွန္​ကိုယ္​ဝန္​​​ေစာင္​့​ေ႐ွာက္​မႈ ​ေဆးခန္​း​ေတြမွာ ကြၽမ္​းက်င္​တဲ့ သားဖြားမီးယပ္​ဆရာဝန္​၊ ဆရာမမ်ားက စမ္​းသပ္​စစ္​​ေဆးျခင္​းျဖင္​့ သိရိွႏိုင္​ၿပီး အတည္​ျပဳရန္​ Ultrasound ဓာတ္​မွန္​႐ိုက္​ၾကည္​့ႏိုင္​ပါတယ္​။ ပံုမွန္​အတိုင္​း ​ေခါင္​းပိုင္​းမွ​ေမြးဖြားႏိုင္​ရန္​ ကိုယ္​ဝန္​ပတ္​ ၃၆-၃၇ပတ္​မ်ားတြင္ ကြၽမ္​းက်င္​​ေသာ သားဖြားမီးယပ္​ဆရာဝန္​ႏွင္​့ External cephalic version ဗိုက္​ျပင္​ႏိုင္​ပါတယ္​။

ဆံုပိုင္​းကိုယ္​ဝန္​​ေတြကို ႐ိုး႐ိုးသား​ေမြးလမ္​း​ေၾကာင္​းမွ ​ေမြးဖြားျခင္​းဟာ အတန္​အသင္​့ ခက္​ခဲႏိုင္​တဲ့အတြက္​ မ်ား​ေသာအားျဖင္​့ ဆရာဝန္​​ေတြက ခြဲစိတ္​​ေမြးဖြားဖို႔ တိုက္​တြန္​းတတ္​ၾကပါတယ္​။

ဆံုပိုင္​းကိုယ္​ဝန္​​ေတြကို ႐ိုး႐ိုးသား​ေမြးလမ္​း​ေၾကာင္​းမွ ​ေမြးဖြားလ်ွင္​ ျဖစ္​တတ္​တဲ့ ဆိုးက်ိဳး​ေတြက​ေတာ့

-အခ်င္​းကြၽံျခင္​း (Cord prolapse)

-​ေမြးဖြားခ်ိန္​ ၾကာၿမင္​့ျခင္​း

-က​ေလးပုခံုး၊ ​ေခါင္​းမ်ား ​ေမြးဖြားရ ခက္​ျခင္​း (က​ေလးတစ္​​ေနျခင္​း)

-စုတ္​ျပဲဒဏ္​ရာမ်ားႏိုင္​ျခင္​း တို႔ပဲျဖစ္​ပါတယ္​။

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင္​့ရည္​(​ေဆး၂)

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…