mydoctor-top-telemedicine

ဘယ်အချိန်မှာ ကလေးကိုနို့ဖြတ်ကြမလဲ

မိခင်နို့ချိုတိုက်ကျွေးခြင်းဟာ မိဘနဲ့သားသမီးအကြား အလွန်ကြီးမားခိုင်မာတဲ့ သံယောဇဉ်ကြိုးတစ်ချောင်းကို တည်ဆောက်ပေးပါတယ်။ ဒါပေမယ့် အချိန်တန်တဲ့အခါမှာတော့ သားသားမီးမီးရဲ့ ဖွံ့ဖြိုးမှုအတွက် အခြားအစားအစာတွေကအဓိက ကျလာတဲ့အခါ၊ မေမေ့ရဲ့အခြားသောအလုပ်နဲ့ လုပ်ငန်းခွင်ကိုပြန်လည်ခြေချဖို့လိုလာတဲ့အခါ နို့ဖြတ်ဖို့လိုအပ်လာပါတော့တယ်။ ဒီတော့ မေမေ့နို့ချို ဘယ်အချိန်ဆိုဘယ်လိုဖြတ်ကြမလဲ..?

ဘယ်အချိန်နို့ဖြတ်ကြမလဲဆိုတာကတော့ မိခင်တစ်ဦးချင်းစီရဲ့သဘောထားနဲ့ ကလေးငယ်ရဲ့ဆက်လက်စို့ချင်စိတ်နဲ့ပဲ အဓိကဆိုင်ပါတယ်။ အရေးကြီးတာက ဖြည့်စွက်စာကိုအဓိကကျွေးရမယ့် ခြောက်လကျော်အချိန်မှာ နို့တစ်မျိုးကိုပဲ တိုက်မနေဖို့ဖြစ်ပါတယ်။ များသောအားဖြင့် မိခင်အများစုဟာ ကလေးအသက်တစ်နှစ်မှနှစ်နှစ်အတွင်းနို့ဖြတ်ကြတာကိုတွေ့ရပါတယ်။

ဒါဆိုရင် ကလေးတွေကို နို့ဘယ်လိုဖြတ်ကြမလဲ?

ကလေးငယ်များဟာ အသက်ကြီးလာတဲ့အခါ သူတို့ခံစားစရာ အရသာတွေစုံစုံလင်လင်သိလာတဲ့အတွက် အချို့ဟာ အလိုလိုနို့ပြတ်သွားတတ်ကြပါတယ်။ ဒီလိုဆိုရင်တော့ မေမေတို့အတွက် အတိုင်းထက်အလွန်အဆင်ပြေတာပေါ့။ အကယ်၍များ အမေကသာ နို့စဖြတ်ခဲ့မယ်ဆိုရင် ရုတ်တရက် တိကနဲမဖြတ်မိဖို့အလွန်အရေးကြီးပါတယ်။ ကလေးကိုမတွေ့ဘဲခရီးထွက်လိုက်ခြင်း၊ နို့ဆွဲနေပေမယ့် နို့တိုက်ရန်ငြင်းဆန်လိုက်ခြင်းဟာ ကလေးအတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ရသွားနိုင်သလို မိခင်မှာလည်း နို့ချောင်းပိတ်ခြင်းဝေဒနာကိုခံရနိုင်ပါတယ်။ ဒါကြောင့် မိခင်တို့အနေနဲ့ နို့ဖြတ်တော့မယ်ဆိုရင်

၁။ နို့တိုက်ချိန်ကို တစ်ချိန်စာ ကျော်ကျော်ပြီးတိုက်ပါ။

ပုံမှန်နို့တိုက်ချိန်မှ တစ်ချိန်စီလျှော့လျှော့သွားမယ်ဆိုရင် ကလေးများအတွက်ရော အမေ့အတွက်ပါအဆင်ပြေလာမှာပါ။

၂။ နို့တိုက်ချိန်လျှော့လိုက်ပါ။

အရင်က နာရီဝက်နို့တိုက်ရင် အခု ဆယ့်ငါးမိနစ်သာတိုက်ပါ။ တစ်ဖြည်းဖြည်းနို့ပြတ်လာမှာပါ။

၃။ နို့တိုက်စဉ်အာရုံလွှဲ၍ဖြတ်ကြည့်ပါ။

နို့တိုက်နေစဉ် ကလေးငယ်အား အရုပ်နှင့်ဖြစ်စေ၊ လူအများနှင့်ဖြစ်စေ မြှူချော့ကာ ရုတ်တရက်အာရုံလွှဲပြီးနို့ဆက်မတိုက်ရန်ကြိုးစားကြည့်ပါ။

ဒီလိုနဲ့ ကလေးငယ်နဲ့မိခင်ရဲ့ ချစ်ခြင်းမေတ္တာတွေမပျက်ယွင်းဘဲ သားသမီးများနို့ပြတ်သွားမှာပါ။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ဘယ္အခ်ိန္မွာ ကေလးကိုႏို႔ျဖတ္ၾကမလဲ

မိခင္ႏို႔ခ်ိဳတိုက္ေကြၽးျခင္းဟာ မိဘနဲ႔သားသမီးအၾကား အလြန္ႀကီးမားခိုင္မာတဲ့ သံေယာဇဥ္ႀကိဳးတစ္ေခ်ာင္းကို တည္ေဆာက္ေပးပါတယ္။ ဒါေပမယ့္ အခ်ိန္တန္တဲ့အခါမွာေတာ့ သားသားမီးမီးရဲ႕ ဖြံ႔ၿဖိဳးမႈအတြက္ အျခားအစားအစာေတြကအဓိက က်လာတဲ့အခါ၊ ေမေမ႔ရဲ႕အျခားေသာအလုပ္နဲ႔ လုပ္ငန္းခြင္ကိုျပန္လည္ေျခခ်ဖို႔လိုလာတဲ့အခါ ႏို႔ျဖတ္ဖို႔လိုအပ္လာပါေတာ့တယ္။ ဒီေတာ့ ေမေမ့ႏို႔ခ်ိဳ ဘယ္အခ်ိန္ဆိုဘယ္လိုျဖတ္ၾကမလဲ..?

ဘယ္အခ်ိန္ႏို႔ျဖတ္ၾကမလဲဆိုတာကေတာ့ မိခင္တစ္ဦးခ်င္းစီရဲ႕သေဘာထားနဲ႔ ကေလးငယ္ရဲ႕ဆက္လက္စို႔ခ်င္စိတ္နဲ႔ပဲ အဓိကဆိုင္ပါတယ္။ အေရးႀကီးတာက ျဖည့္စြက္စာကိုအဓိကေကြၽးရမယ့္ ေျခာက္လေက်ာ္အခ်ိန္မွာ ႏို႔တစ္မ်ိဳးကိုပဲ တိုက္မေနဖို႔ျဖစ္ပါတယ္။ မ်ားေသာအားျဖင့္ မိခင္အမ်ားစုဟာ ကေလးအသက္တစ္ႏွစ္မွႏွစ္ႏွစ္အတြင္းႏို႔ျဖတ္ၾကတာကိုေတြ႔ရပါတယ္။

ဒါဆိုရင္ ကေလးေတြကို ႏို႔ဘယ္လိုျဖတ္ၾကမလဲ?

ကေလးငယ္မ်ားဟာ အသက္ႀကီးလာတဲ့အခါ သူတို႔ခံစားစရာ အရသာေတြစံုစံုလင္လင္သိလာတဲ့အတြက္ အခ်ိဳ႕ဟာ အလိုလိုႏို႔ျပတ္သြားတတ္ၾကပါတယ္။ ဒီလိုဆိုရင္ေတာ့ ေမေမတို႔အတြက္ အတိုင္းထက္အလြန္အဆင္ေျပတာေပါ့။ အကယ္၍မ်ား အေမကသာ ႏို႔စျဖတ္ခဲ့မယ္ဆိုရင္ ႐ုတ္တရက္ တိကနဲမျဖတ္မိဖို႔အလြန္အေရးႀကီးပါတယ္။ ကေလးကိုမေတြ႔ဘဲခရီးထြက္လိုက္ျခင္း၊ ႏို႔ဆြဲေနေပမယ့္ ႏို႔တိုက္ရန္ျငင္းဆန္လိုက္ျခင္းဟာ ကေလးအတြက္ စိတ္ပိုင္းဆိုင္ရာထိခိုက္မႈ ရသြားႏိုင္သလို မိခင္မွာလည္း ႏို႔ေခ်ာင္းပိတ္ျခင္းေဝဒနာကိုခံရႏိုင္ပါတယ္။ ဒါေၾကာင့္ မိခင္တို႔အေနနဲ႔ ႏို႔ျဖတ္ေတာ့မယ္ဆိုရင္

၁။ ႏို႔တိုက္ခ်ိန္ကို တစ္ခ်ိန္စာ ေက်ာ္ေက်ာ္ၿပီးတိုက္ပါ။

ပံုမွန္ႏို႔တိုက္ခ်ိန္မွ တစ္ခ်ိန္စီေလ်ွာ့ေလ်ွာ့သြားမယ္ဆိုရင္ ကေလးမ်ားအတြက္ေရာ အေမ့အတြက္ပါအဆင္ေျပလာမွာပါ။

၂။ ႏို႔တိုက္ခ်ိန္ေလ်ွာ့လိုက္ပါ။

အရင္က နာရီဝက္ႏို႔တိုက္ရင္ အခု ဆယ့္ငါးမိနစ္သာတိုက္ပါ။ တစ္ျဖည္းျဖည္းႏို႔ျပတ္လာမွာပါ။

၃။ ႏို႔တိုက္စဥ္အာရံုလႊဲ၍ျဖတ္ၾကည့္ပါ။

ႏို႔တိုက္ေနစဥ္ ကေလးငယ္အား အ႐ုပ္ႏွင့္ျဖစ္ေစ၊ လူအမ်ားႏွင့္ျဖစ္ေစ ျမႇဴေခ်ာ့ကာ ႐ုတ္တရက္အာရံုလႊဲၿပီးႏို႔ဆက္မတိုက္ရန္ႀကိဳးစားၾကည့္ပါ။

ဒီလိုနဲ႔ ကေလးငယ္နဲ႔မိခင္ရဲ႕ ခ်စ္ျခင္းေမတၱာေတြမပ်က္ယြင္းဘဲ သားသမီးမ်ားႏို႔ျပတ္သြားမွာပါ။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *