မျက်စိနာလို့ နို့ရည်ခတ်တယ်တဲ့လား

မွေးကင်းစကလေးငယ်များဟာ ခန္ဓာကိုယ်ဇီဝကမ္မစနစ်နဲ့ကိုယ်ခံအားစနစ်တို့ အပီအပြင်ဖွံ့ဖြိုးမှုမရှိသေးတာကြောင့် အခန့်မသင့်တဲ့အခါ မျက်ရည်လမ်းကြောင်းပိတ်ခြင်း၊ မျက်စိနာခြင်းတို့ဖြစ်တတ်ပါတယ်။ ဒီအခါမှာ မိခင်များက မျက်စိကိုနို့ရည်ခတ်ပေးတတ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့အချို့ဒေသများမှာဆိုရင် ဒါဟာဓလေ့တစ်ခုအနေနဲ့ကျင့်သုံးကြတာကိုလည်းတွေ့ရပါတယ်။

မိခင်နိုဟာ ကလေးငယ်အတွက်တော့ အံ့မခန်းအစွမ်းရှိတဲ့ နတ်ရေကန်ထဲကရေစက်ရေပေါက်တွေလိုပါပဲ။ လေ့လာတွေ့ရှိချက်တွေအရ မိခင်နို့ကိုမျက်စဉ်းသဖွယ်ခတ်ပေးခြင်းက ပိုးသတ်ဆေးခတ်သလို အကျိုးကျေးဇူးရှိတယ်လို့ သိရပါတယ်။ ဒါကြောင့်မျက်စိရဲတဲ့အခါ မိခင်နို့ရည်ခတ်ပေးခြင်းကို သဘောမတူသူများစွာရှိပေမယ့် နိုင်ငံတကာဆရာဝန်အချို့ကိုယ်တိုင် တိုက်တွန်းကြတာလည်းရှိနေပါတယ်။

ဒါပေမယ့်မိခင်နို့ရည်ကို အကြောင်းမရှိဘဲမခတ်သင့်တာကိုတော့ သတိပြုရပါမယ်။ ခတ်တဲ့အခါမှာလည်း လတ်ဆတ်သောမိခင်နို့ကို သန့်ရှင်းသောအရာဝတ္ထုများအသုံးပြု၍သာ မျက်စဉ်းခတ်ပါ။ မိခင်နို့ရည်ဟာ ပိုးသေတဲ့အစွမ်းသတ္တိရှိပေမယ့် မျက်ရည်ချောင်းပိတ်ခြင်းကြောင့်မျက်ဝတ်ထွက်တာကိုတော့ မကုသနိုင်တာကိုသိထားရပါမယ်။ မျက်ရည်ချောင်းပိတ်ခြင်းဟာ တဟ်နှစ်ကျော်ရင်အလိုလိုပြန်ကောင်းသွားနိုင်တာမို့စိတ်မပူဘဲ ပိုးသတ်ဆေး၊ နို့ရည်တို့ခဏခဏမခတ်မိစေဖို့ သတိပြုရပါမယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *