မေမေတို့အတွက် နို့ညှစ်စက်ဘယ်လို
ကလေးမွေးပြီး နို့တိုက်ဖို့ရာကို အချိန်ပြည့် ထိုင်တိုက်နေစရာမလိုတော့ပါဘူး။ဒါပေမယ့် နို့မှုန့်ဖျော်ပြီး နို့ဗူးတိုက်ရမှာလည်းမဟုတ်ပြန်ပါဘူး။ ဒါဆိုဘယ်လိုများလဲ။
လွယ်လွယ်လေးပါ။ မိခင်နို့ကို နို့ညှစ်စက်နဲ့ညှစ်မယ်။ သန့်သန့်ရှင်းရှင်း နို့ရည်သိမ်းအိတ်လေးတွေနဲ့ထုတ်ပိုးသိမ်းဆည်းထားမယ်။ ပြီးရင် တစ်နေ့တာအတွက်ဆို အခန်းအပူချိန်မှာထား၊ နောက်ရက်တွေပါသုံးချင်ရင် ရေခဲသေတ္တာထဲသိမ်းထားပြီး နွှေးပြီးတိုက်ရုံပဲ။ အဲ့လောက်ကို လွယ်ကူပါတယ်။ဒါဆို နို့ညှစ်စက်လို့ခေါ်တဲ့ Breast Pump လေးအကြောင်းသိဖို့လိုလာပြီပေါ့နော်။Breast Pump ၂ မျိုးရှိပါတယ်။ Manual (လက်အသုံးပြုပြီးညှစ်ရတာ) နဲ့ Electric ( လျှပ်စစ်ဓာတ်သုံးပြီးညှစ်ရတာ) ဆိုပြီးတော့ပါ။တကယ်တော့ နို့ညှစ်စက်သုံးတာဟာ အလေ့အကျင့်နဲ့ သင့်တော်တဲ့အမျိုးအစားရွေးချယ်မှုလိုပါတယ်။ဒါမှသာ အချိန်တိုတိုနဲ့ အဆင်ပြေပြေလုပ်ဆောင်နိုင်မှာပါ။ဘာတွေကြည့်ပြီးရွေးဝယ်မလဲဆိုရင်…
_ အဓိကက နို့ညှစ်စက်ရဲ့ နို့အုံကို ငုံပြီး ညှစ်ရမယ့်( Breast Shield) လို့ခေါ်တဲ့ စုပ်ခွက်လေးက မိမိရင်သားအရွယ်အစားနဲ့တသားတည်း ကျနေမှသာ အသုံးပြုရ အဆင်ပြေမှာပါ။ကိုယ်နဲ့အဆင်ပြေမပြေ ခန့်မှန်းဖို့ဆိုရင် နို့သီးခေါင်းအမဲကွင်းနဲ့ ၄ mm လောက်ပိုကြီးသင့်ပါတယ်။( ဥပမာ.. နို့သီးခေါင်းအမဲကွင်းက ၂၂mm ဆို ၂၆ mm ရှိတဲ့ Breast Shield ကိုရွေးဝယ်သင့်ပါတယ်။ကျန်တာတော့ ကိုယ်ကြိုက်တဲ့အမျိုးအစားပေါ့နော်။ဘယ်လိုသုံးရမလဲဆိုရင်…
_ အရင်ဆုံး လမ်းညွှန် Manual ကို သေချာဖတ်ပါ။ ပစ္စည်းအစုံကို စနစ်တကျဆင်ပြီး စမ်းကြည့်ပါ။ပြီးရင် စိတ်သက်သက်သာသာရှိတဲ့အချိန်မှာ စသုံးကြည့်ပါ။ အရင်ဆုံး ရင်သားကို အသာအယာ နှိပ်နယ်ပေးပါ။Breast pump မကိုင်ခင် လက်ဆေးပါ။ Breast shield စုပ်ခွက်ကို ပိုမြဲစေချင်ရင် စုပ်ခွက်အတွင်းကိုရေအနည်းငယ်သုတ်ပေးပါ။ နာရင် ရပ်လိုက်ပြီး အနာသက်သာမှပြန်လုပ်ပါ။အကြံပေးချင်တာက လိုတဲ့အချိန်မှ ကပ်ပြီးညှစ်ရင် လိုသလောက် နို့ပမာဏ မရရင် စိတ်ညစ်ရပါလိမ့်မယ်။
Breast pump လေးတွေကို ဘယ်လိုဆေးကြောမလဲ?
ဒီ ကလေးငယ်လေးသောက်ဖို့ နို့ညှစ်စက်သာ မသန့်ရှင်းဘူးဆိုရင် ပိုးမွှားတွေဟာ နို့နဲ့ အတူ ကလေးဗိုက်လေးထဲကို လျှောကနဲ ဝင်သွားမှာပါ။ ဒါဆို ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ပျို့အန်တာတွေဖြစ်မှာပေါ့နော်။ ဒါကြောင့်မေမေတို့ရေ Breast pump လေးတွေက အမြဲသန့်နေဖို့ မဖြစ်မနေလိုပါတယ်။သန့်ရှင်းရမယ့်အဆင့်လေးတွေရှိပါတယ်နော်။အရင်ဆုံးနို့ညှစ်ပြီးတာနဲ့စီးကျနေတဲ့ ဘုံဘိုင်ရေနဲ့ဆေးပါ။ ( ရေသေဆို ပိုးတွေပြန်ကပ်နိုက်လို့ပါ)ပြီးရင်သန့်စင်တဲ့ ဇလုံတစ်ခုထဲကို ရေနွေး လေးထည့်ပြီး စက်ကို ၅မိနစ်ခန့်စိမ်ထားလိုက်ပါ။ပြီးမှ နို့ညှစ်စက်ကို ရေစစ်ထားလိုက်ပြီး အဖုံးပါတဲ့ ဗူးလေးနဲ့ဖုံမဝင်အောင်ထည့်ထားပေးပါ။နို့မညှစ်ခင် စက်ကို မကိုင်ခင် လက်ဆေးပြီးမှ ကိုင်ပါ။မော်တာပါတဲ့လျှပ်စစ်နဲ့ညှစ်တာမျိုးဆိုရင်တော့ ရေနဲ့ဆေးလို့ရမှာမဟုတ်ဘဲ သန့်စင်ဆေးရည်ရယ် အဝတ်သန့်လေးတွေရယ်နဲ့ပဲအခြောက်သန့်ရှင်းရေးလုပ်ပေးရမှာပါ။ဒါဆို Breast Pump သုံးရတာအလွယ်လေးပေါ့နော်။
မယ်တင်( ဆေး ၁)
ေမေမတို႔အတြက္ ႏို႔ညႇစ္စက္ဘယ္လို
ကေလးေမြးၿပီး ႏို႔တိုက္ဖို႔ရာကို အခ်ိန္ျပည့္ ထိုင္တိုက္ေနစရာမလိုေတာ့ပါဘူး။ဒါေပမယ့္ ႏို႔မႈန္႔ေဖ်ာ္ၿပီး ႏို႔ဗူးတိုက္ရမွာလည္းမဟုတ္ျပန္ပါဘူး။ ဒါဆိုဘယ္လိုမ်ားလဲ။
လြယ္လြယ္ေလးပါ။ မိခင္ႏို႔ကို ႏို႔ညႇစ္စက္နဲ႔ညႇစ္မယ္။ သန္႔သန္႔ရွင္းရွင္း ႏို႔ရည္သိမ္းအိတ္ေလးေတြနဲ႔ထုတ္ပိုးသိမ္းဆည္းထားမယ္။ ၿပီးရင္ တစ္ေန႔တာအတြက္ဆို အခန္းအပူခ်ိန္မွာထား၊ ေနာက္ရက္ေတြပါသံုးခ်င္ရင္ ေရခဲေသတၱာထဲသိမ္းထားၿပီး ေႏႊးၿပီးတိုက္ရံုပဲ။ အဲ့ေလာက္ကို လြယ္ကူပါတယ္။ဒါဆို ႏို႔ညႇစ္စက္လို႔ေခၚတဲ့ Breast Pump ေလးအေၾကာင္းသိဖို႔လိုလာၿပီေပါ့ေနာ္။Breast Pump ၂ မ်ိဳးရွိပါတယ္။ Manual (လက္အသံုးျပဳၿပီးညႇစ္ရတာ) နဲ႔ Electric ( လၽွပ္စစ္ဓာတ္သံုးၿပီးညႇစ္ရတာ) ဆိုၿပီးေတာ့ပါ။တကယ္ေတာ့ ႏို႔ညႇစ္စက္သံုးတာဟာ အေလ့အက်င့္နဲ႔ သင့္ေတာ္တဲ့အမ်ိဳးအစားေရြးခ်ယ္မႈလိုပါတယ္။ဒါမွသာ အခ်ိန္တိုတိုနဲ႔ အဆင္ေျပေျပလုပ္ေဆာင္ႏိုင္မွာပါ။ဘာေတြၾကည့္ၿပီးေရြးဝယ္မလဲဆိုရင္…
_ အဓိကက ႏို႔ညႇစ္စက္ရဲ႕ ႏို႔အံုကို ငံုၿပီး ညႇစ္ရမယ့္( Breast Shield) လို႔ေခၚတဲ့ စုပ္ခြက္ေလးက မိမိရင္သားအရြယ္အစားနဲ႔တသားတည္း က်ေနမွသာ အသံုးျပဳရ အဆင္ေျပမွာပါ။ကိုယ္နဲ႔အဆင္ေျပမေျပ ခန္႔မွန္းဖို႔ဆိုရင္ ႏို႔သီးေခါင္းအမဲကြင္းနဲ႔ ၄ mm ေလာက္ပိုႀကီးသင့္ပါတယ္။( ဥပမာ.. ႏို႔သီးေခါင္းအမဲကြင္းက ၂၂mm ဆို ၂၆ mm ရွိတဲ့ Breast Shield ကိုေရြးဝယ္သင့္ပါတယ္။က်န္တာေတာ့ ကိုယ္ႀကိဳက္တဲ့အမ်ိဳးအစားေပါ့ေနာ္။ဘယ္လိုသံုးရမလဲဆိုရင္…
_ အရင္ဆံုး လမ္းညႊန္ Manual ကို ေသခ်ာဖတ္ပါ။ ပစၥည္းအစံုကို စနစ္တက်ဆင္ၿပီး စမ္းၾကည့္ပါ။ၿပီးရင္ စိတ္သက္သက္သာသာရွိတဲ့အခ်ိန္မွာ စသံုးၾကည့္ပါ။ အရင္ဆံုး ရင္သားကို အသာအယာ ႏွိပ္နယ္ေပးပါ။Breast pump မကိုင္ခင္ လက္ေဆးပါ။ Breast shield စုပ္ခြက္ကို ပိုၿမဲေစခ်င္ရင္ စုပ္ခြက္အတြင္းကိုေရအနည္းငယ္သုတ္ေပးပါ။ နာရင္ ရပ္လိုက္ၿပီး အနာသက္သာမွျပန္လုပ္ပါ။အၾကံေပးခ်င္တာက လိုတဲ့အခ်ိန္မွ ကပ္ၿပီးညႇစ္ရင္ လိုသေလာက္ ႏို႔ပမာဏ မရရင္ စိတ္ညစ္ရပါလိမ့္မယ္။
Breast pump ေလးေတြကို ဘယ္လိုေဆးေၾကာမလဲ?
ဒီ ကေလးငယ္ေလးေသာက္ဖို႔ ႏို႔ညႇစ္စက္သာ မသန္႔ရွင္းဘူးဆိုရင္ ပိုးမႊားေတြဟာ ႏို႔နဲ႔ အတူ ကေလးဗိုက္ေလးထဲကို ေလၽွာကနဲ ဝင္သြားမွာပါ။ ဒါဆို ဝမ္းပ်က္ဝမ္းေလၽွာျဖစ္တာ၊ ပ်ိဳ႕အန္တာေတြျဖစ္မွာေပါ့ေနာ္။ ဒါေၾကာင့္ေမေမတို႔ေရ Breast pump ေလးေတြက အၿမဲသန္႔ေနဖို႔ မျဖစ္မေနလိုပါတယ္။သန္႔ရွင္းရမယ့္အဆင့္ေလးေတြရွိပါတယ္ေနာ္။အရင္ဆံုးႏို႔ညႇစ္ၿပီးတာနဲ႔စီးက်ေနတဲ့ ဘံုဘိုင္ေရနဲ႔ေဆးပါ။ ( ေရေသဆို ပိုးေတြျပန္ကပ္ႏိုက္လို႔ပါ)ၿပီးရင္သန္႔စင္တဲ့ ဇလံုတစ္ခုထဲကို ေရေႏြး ေလးထည့္ၿပီး စက္ကို ၅မိနစ္ခန္႔စိမ္ထားလိုက္ပါ။ၿပီးမွ ႏို႔ညႇစ္စက္ကို ေရစစ္ထားလိုက္ၿပီး အဖံုးပါတဲ့ ဗူးေလးနဲ႔ဖံုမဝင္ေအာင္ထည့္ထားေပးပါ။ႏို႔မညႇစ္ခင္ စက္ကို မကိုင္ခင္ လက္ေဆးၿပီးမွ ကိုင္ပါ။ေမာ္တာပါတဲ့လၽွပ္စစ္နဲ႔ညႇစ္တာမ်ိဳးဆိုရင္ေတာ့ ေရနဲ႔ေဆးလို႔ရမွာမဟုတ္ဘဲ သန္႔စင္ေဆးရည္ရယ္ အဝတ္သန္႔ေလးေတြရယ္နဲ႔ပဲအေျခာက္သန္႔ရွင္းေရးလုပ္ေပးရမွာပါ။ဒါဆို Breast Pump သံုးရတာအလြယ္ေလးေပါ့ေနာ္။
မယ္တင္( ေဆး ၁)