ရင်ဘက်ပေါ်က အလုံးကလေး

” ဟာ ရင်ဘက်ကိုစမ်းကြည့်လိုက်တာ အလုံးလေးတစ်လုံးတွေ့တယ်” ဒီကိစ္စဟာအမျိုးသမီးတွေအတွက်တော့ ထိတ်လန့်စရာတစ်ခုပါ။ ရင်သားအကျိတ်ဆိုတာ
ရိုးရိုးအကျိတ်လည်းရှိသလို ဆန်းဆန်းပြားပြားကင်ဆာအကျိတ်လည်း ဖြစ်နေနိုင်တာကိုး။ ဒါဆို ရိုးရိုးလား ဆန်းဆန်းလား ခွဲခြားဖို့ဆို ဖြစ်လေ့ရှိတဲ့ ရိုးရိုးရင်သားအကျိတ်လေးအကြောင်း သိထားဖို့လိုမယ်နော်။ စမ်းမိလိုက်တဲ့ အလုံးလေးဟာ

  • အရွယ်အစားအားဖြင့် သိပ်မကြီးဘူး။
  • ကိုင်ကြည့်လိုက်ရင် သစ်သားကိုကိုင်သလို မာမနေဘူး။ ရော်ဘာလုံးလေးလို အိအိလေးဖြစ်နေမယ်။
  • ချောချော လုံးလုံးလေးဖြစ်နေမယ်။
  • ဟိုဘက်ဒီဘက် လက်ညှိုးလက်မနဲ့ ကိုင်လှုပ်ကြည့်ရင် လွယ်လွယ်ကူကူ လှုပ်လို့ရနေမယ်။ ( ဒီလို အကျိတ်လေးတွေဟာ အရမ်းကို ရွေ့လွန်းလို့ Breast Mouse” ရင်သား ကြွက်ကလေး” လို့တောင်
    တင်စားခေါ်ကြပါတယ်)
  • အလုံးရှိတဲ့ ဘက် ဒါမှမဟုတ် အခြားတစ်ဘက်ရဲ့ ဂျိုင်းကြားနေရာမှာ အလုံးအကြိတ်ထပ်မစမ်းမိဘဲရှိမယ်။
  • အခြား ပါးစပ်ပျက်တာ၊ ကိုယ်အလေးချိန်သိသိသာသာကျပြီး ပိန်သွားတာမျိုး မရှိဘူး ဆိုရင်တော့ ဒါ ရိုးရိုး ရင်သားအကျိတ်လို့ အကြမ်းဖျင်းမှတ်ယူနိုင်ပါတယ်။

** သတိထားစေချင်တာကတော့ ဘယ်လိုရင်သားအကျိတ်မျိုးမဆို ဆရာဝန် စမ်းသပ်ပြီးမှသာ အတည်ပြူစေချင်ပါတယ်နော်**

ဒီလို ရိုးရိုးရင်သားအကျိတ်လေးတွေဟာ အဓိကအားဖြင့် အမျိုးသမီးဟော်မုန်းဖြစ်တဲ့ အီစတိုဂျင်၊ ပရိုဂျက်စတိုဂျင် ဟော်မုန်း (၂) မျိုး မညီမျှတာကြောင့် ရင်သားမှာရှိတဲ့ အဆီလေးတွေ ပွားပြီး ခဲလာတာကြောင့်ဖြစ်လေ့ရှိပါတယ်။ ဒါကြောင့်ဖြစ်ပွားတတ်တဲ့အသက်အရွယ်ကို ကြည့်မယ်ဆိုရင် အများအားဖြင့် အသက်ငယ်ငယ် ၃၀အောက်တွေမှာအဖြစ်များပါတယ်။ ပိုဖြစ်န်ုင်ချေရှိတဲ့အခြေအနေတွေကတော့

  • အပျိုဖော်ဝင်ကာစ
  • အသက် ၅၀အောက်
  • ကိုယ်ဝန်ဆောင်ချိန် ( ရင်သားဖွံ့ဖြိုးခြင်းကြောင့်)
  • တားဆေးသောက်သုံးချ်န်( ဟော်မုန်းကြောင့်)
  • ကော်ဖီအသောက်များသူတွေ
  • မျိုးရိုးထဲမှာ ရိုးရိုးရင်သားအကျိတ်ရှိဘူးသူတွေ
  • မျိုးရိုးထဲမှာ ကင်ဆာ ရင်သားအကျိတ်ရှိသူတွေမှာအဖြစ်များပါတယ်။ ဒီလိုရင်သားအကျိတ်ရှိသူတွေ အနေနဲ့ ဆရာဝန်နဲ့ ပြကြည့်လို့ ရိုးရိုးအကျိတ်သေချာပြီဆိုရင်
  • ရင်သားစစ်ဆေးမှုလုပ်ပေးတာ
  • Mamogram ရိုက်ခိုင်းတာ
  • ကွန်ပြုတာဓာတ်မှန်( ultrasound) ရိုက်ခိုင်းတာ တွေနဲ့ သေချာအောင်စစ်ဆေးနိုင်ပါတယ်။ ရိုးရိုးအကျိတ်သေချာတယ်ဆိုရင်တော့.
  • အရွယ်အစားနဲ့ ခံစားရတဲ့လက္ခဏာပေါ်မူတည်ပြီး ခွဲစိတ်ကုသရတာမျိုးရှိနိုင်ပါတယ်။

ဒါဆို ရင်သားအကျိတ်လေးများရှိခဲ့ရင် ဒီအချက်လေးတွေနဲ့တိုက်ဆိုင်စစ်ဆေးကြည့်ပါလို့။

မယ်တင်( ဆေး ၁)

ရင္ဘက္ေပၚက အလံုးကေလး

” ဟာ ရင္ဘက္ကိုစမ္းၾကည့္လိုက္တာ အလံုးေလးတစ္လံုးေတြ႕တယ္” ဒီကိစၥဟာအမ်ိဳးသမီးေတြအတြက္ေတာ့ ထိတ္လန္႔စရာတစ္ခုပါ။ ရင္သားအက်ိတ္ဆိုတာ
ရိုးရိုးအက်ိတ္လည္းရွိသလို ဆန္းဆန္းျပားျပားကင္ဆာအက်ိတ္လည္း ျဖစ္ေနႏိုင္တာကိုး။ ဒါဆို ရိုးရိုးလား ဆန္းဆန္းလား ခြဲျခားဖို႔ဆို ျဖစ္ေလ့ရွိတဲ့ ရိုးရိုးရင္သားအက်ိတ္ေလးအေၾကာင္း သိထားဖို႔လိုမယ္ေနာ္။ စမ္းမိလိုက္တဲ့ အလံုးေလးဟာ

  • အရြယ္အစားအားျဖင့္ သိပ္မႀကီးဘူး။
  • ကိုင္ၾကည့္လိုက္ရင္ သစ္သားကိုကိုင္သလို မာမေနဘူး။ ေရာ္ဘာလံုးေလးလို အိအိေလးျဖစ္ေနမယ္။
  • ေခ်ာေခ်ာ လံုးလံုးေလးျဖစ္ေနမယ္။
  • ဟိုဘက္ဒီဘက္ လက္ညိႇုးလက္မနဲ႔ ကိုင္လႈပ္ၾကည့္ရင္ လြယ္လြယ္ကူကူ လႈပ္လို႔ရေနမယ္။ ( ဒီလို အက်ိတ္ေလးေတြဟာ အရမ္းကို ေရြ႕လြန္းလို႔ Breast Mouse” ရင္သား ႂကြက္ကေလး” လို႔ေတာင္
    တင္စားေခၚၾကပါတယ္)
  • အလံုးရွိတဲ့ ဘက္ ဒါမွမဟုတ္ အျခားတစ္ဘက္ရဲ႕ ဂ်ိဳင္းၾကားေနရာမွာ အလံုးအႀကိတ္ထပ္မစမ္းမိဘဲရွိမယ္။
  • အျခား ပါးစပ္ပ်က္တာ၊ ကိုယ္အေလးခ်ိန္သိသိသာသာက်ၿပီး ပိန္သြားတာမ်ိဳး မရွိဘူး ဆိုရင္ေတာ့ ဒါ ရိုးရိုး ရင္သားအက်ိ္တ္လို႔ အၾကမ္းဖ်င္းမွတ္ယူႏိုင္ပါတယ္။

** သတိထားေစခ်င္တာကေတာ့ ဘယ္လိုရင္သားအက်ိတ္မ်ိဳးမဆို ဆရာဝန္ စမ္းသပ္ၿပီးမွသာ အတည္ျပဴေစခ်င္ပါတယ္ေနာ္**

ဒီလို ရိုးရိုးရင္သားအက်ိတ္ေလးေတြဟာ အဓိကအားျဖင့္ အမ်ိဳးသမီးေဟာ္မုန္းျဖစ္တဲ့ အီစတိုဂ်င္၊ ပရိုဂ်က္စတိုဂ်င္ ေဟာ္မုန္း (၂) မ်ိဳး မညီမၽွတာေၾကာင့္ ရင္သားမွာရွိတဲ့ အဆီေလးေတြ ပြားၿပီး ခဲလာတာေၾကာင့္ျဖစ္ေလ့ရွိပါတယ္။ ဒါေၾကာင့္ျဖစ္ပြားတတ္တဲ့အသက္အရြယ္ကို ၾကည့္မယ္ဆိုရင္ အမ်ားအားျဖင့္ အသက္ငယ္ငယ္ ၃၀ေအာက္ေတြမွာအျဖစ္မ်ားပါတယ္။ ပိုျဖစ္ႏ္ုင္ေခ်ရွိတဲ့အေျခအေနေတြကေတာ့

  • အပ်ိဳေဖာ္ဝင္ကာစ
  • အသက္ ၅၀ေအာက္
  • ကိုယ္ဝန္ေဆာင္ခ်ိန္ ( ရင္သားဖြံ႕ၿဖိဳးျခင္းေၾကာင့္)
  • တားေဆးေသာက္သံုးခ်္န္( ေဟာ္မုန္းေၾကာင့္)
  • ေကာ္ဖီအေသာက္မ်ားသူေတြ
  • မ်ိဳးရိုးထဲမွာ ရိုးရိုးရင္သားအက်ိတ္ရွိဘူးသူေတြ
  • မ်ိဳးရိုးထဲမွာ ကင္ဆာ ရင္သားအက်ိတ္ရွိသူေတြမွာအျဖစ္မ်ားပါတယ္။ ဒီလိုရင္သားအက်ိတ္ရွိသူေတြ အေနနဲ႔ ဆရာဝန္နဲ႔ ျပၾကည့္လို႔ ရိုးရိုးအက်ိတ္ေသခ်ာၿပီဆိုရင္
  • ရင္သားစစ္ေဆးမႈလုပ္ေပးတာ
  • Mamogram ရိုက္ခိုင္းတာ
  • ကြန္ျပဳတာဓာတ္မွန္( ultrasound) ရိုက္ခိုင္းတာ ေတြနဲ႔ ေသခ်ာေအာင္စစ္ေဆးႏိုင္ပါတယ္။ ရိုးရုိးအက်ိတ္ေသခ်ာတယ္ဆိုရင္ေတာ့.
  • အရြယ္အစားနဲ႔ ခံစားရတဲ့လကၡဏာေပၚမူတည္ၿပီး ခြဲစိတ္ကုသရတာမ်ိဳးရွိႏိုင္ပါတယ္။

ဒါဆို ရင္သားအက်ိ္တ္ေလးမ်ားရွိခဲ့ရင္ ဒီအခ်က္ေလးေတြနဲ႔တိုက္ဆိုင္စစ္ေဆးၾကည့္ပါလို႔။

မယ္တင္( ေဆး ၁)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *