ရင်သားပြုပြင် ခွဲစိတ်ကုသခြင်း
ရင်သား ပြုပြင်ခွဲစိတ်မှုကို မြန်မာနိုင်ငံမှာ ကုသမှုခံယူသူ သိပ်မရှိသေးပေမယ့် ပြင်ပနိုင်ငံတွေမှာတော့ ဒီခွဲစိတ်ကုသမှုကို 1961 ခုနှစ်လောက်ထဲက စတင်ခဲ့တာဖြစ်ပါတယ် ဒီဆောင်းပါးလေးမှာတော့ မြန်မာလူမျိုးတွေနဲ့ သိပ်အကျွမ်းတစ်ဝင် မရှိသေးတဲ့ ရင်သားခွဲစိတ်ကုသမှုအကြောင်းကို ဗဟုသုတ အနေနဲ့ရေးသားလိုက်ပါတယ်။
ဘယ်လိုလူတွေ ကုသမှုခံယူလေ့ရှိလဲဆိုရင်-
- ရင်သားကင်ဆာ ဝေဒနာခံစားရလို့ ရင်သားဖြတ်ထုတ်လိုက်ရတဲ့သူတွေ
- မိမိရင်သားနဲ့ ပတ်သက်ပြီး ယုံကြည်ချက်မရှိသူတွေ
- မွေးရာပါ ဘယ်ညာမညီသူ, ပုံသဏ္ဌန် မမှန်သူတွေ
- ကိုယ်ဝန်ဆောင်ပြီး ရင်သားသေးသွားသူ, ပုံပျက်သွားသူတွေပဲ ဖြစ်ပါတယ်
ရင်သားခွဲစိတ်ကုသမှုမခံယူခင်မှာ ကျွမ်းကျင်တဲ့ အလှအပရေးရာ ခွဲစိတ်ဆရာဝန်နဲ့ သေသေချာချာလေး တိုင်ပင်ဖို့ လိုအပ်ပါတယ် အခုတစ်လော ကုသမှုမှာ အသုံးများတဲ့ ပစ္စည်းနှစ်မျိုးကတော့ Saline filled implant နဲ့ Silicone filled implant တို့ပဲဖြစ်ပါတယ် Saline filled implant ကတော့ အန္တရာယ်ကင်းပြီး အသက် 18 နှစ်ပြည့်ပြီးသူတိုင်း ကုသမှုခံယူလို့ရပါတယ် Silicone filled implant ကတော့ သဘာဝပိုဆန်ပေမယ့် အထဲမှာ ပေါက်သွားရင် မြန်မြန်သိပြီး ခွဲထုတ်ဖို့လိုအပ်တဲ့အတွက် အနဲဆုံးအသက် ၂၂ ပြည့်ပြီးမှသာ ကုသမှုခံယူသင့်ပါတယ် ခွဲစိတ်မှုခံယူပြီး ၂ နှစ်တစ်ခါ MRI ရိုက်ပြီး စစ်ဆေးဖို့လဲလိုအပ်ပါတယ်။
ရင်သားခွဲစိတ်မှုကို ကျွမ်းကျင် အလှအပဆိုင်ရာ ခွဲစိတ်ဆရာဝန်က ထုံဆေး ဒါမှမဟုတ် မေ့ဆေးပေးပြီး ကုသလေ့ရှိပါတယ် များသောအားဖြင့် ရင်သားအောက်ဘက်နဲ့ လက်မောင်းအောက်ဘက် တို့ကနေ ခွဲရာလေးပေးပြီး မိမိနဲ့ သင့်လျော်တဲ့ အမျိုးအစားနဲ့ အရွယ်ပမာဏကို ခွဲစိတ်ဆရာဝန်က ထည့်ပြီး ချုပ်ရိုးနဲ့ပြန်ချုပ်ပေးတာပဲ ဖြစ်ပါတယ် ရက်အနည်းငယ် ယောင်တာ နာတာတွေနဲ့ သွေးခြေဥတာတွေ ဖြစ်တတ်ပါတယ် ရက်ပိုင်းလောက်နားပြီး အလုပ်ကိုပုံမှန်အတိုင်း ပြန်လုပ်လို့ရတဲ့ ကုသမှုလဲဖြစ်ပါတယ် လေးလံတဲ့ ပစ္စည်းတွေ ကိုတော့ ခွဲစိတ်မှုခံယူပြီး 6 ပတ်အထိ မခြင်း, သယ်ခြင်း မလုပ်ရပါဘူး ဆရာဝန်ပေးတဲ့ ဆေးတွေကိုလဲ ပုံမှန်အတိုင်း ဆက်သောက်ဖို့ လိုအပ်ပါတယ် ကုသမှုခံယူပြီးတဲ့ သူတွေဟာ ပုံမှန်အတိုင်း ကလေးကို နို့တိုက်လို့ရပါတယ်။
ရင်သားခွဲစိတ်ကုသမှုရဲ့ သတိပြုရမယ့် အချက်တွေကတော့ –
- ပြင်ပ ပစ္စည်းအစားထိုးထည့်တာ ဖြစ်တဲ့အတွက် mamogram (ရင်သားဓာတ်မှန်) ရိုက်ရင် သေချာ မမြင်ရပါဘူး
- နောက်တစ်ခုကတော့ ပြင်ပ ပစ္စည်းဖြစ်တဲ့အတွက် ခန္ဓာကိုယ်ကနေ တုံ့ပြန်တဲ့အနေနဲ့ ပုံမမှန်တဲ့ အမျှင်လေးတွေက ခွဲထားတဲ့နေရာ ဒါမှမဟုတ် Silicon မှာ သွားစုတာတွေ ဖြစ်ရင် ခွဲစိတ်မှု ပြန်လုပ်ရတာတွေ ဖြစ်တတ်ပါတယ်
- အထဲမှာ ပေါက်တာတွေ ဖြစ်ခဲ့ရင်လဲ သိအောင် ၂နှစ်တစ်ခါ MRI ရိုက်ပြီး စစ်ဆေးဖို့လိုအပ်ပါတယ်
အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ
ရွှန်းလဲ့ (ဆေး ၂)
ရင္သားျပဳျပင္ ခြဲစိတ္ကုသျခင္း
ရင္သား ျပဳျပင္ခြဲစိတ္မႈကို ျမန္မာနိုင္ငံမွာ ကုသမႈခံယူသူ သိပ္မရွိေသးေပမယ့္ ျပင္ပနိုင္ငံေတြမွာေတာ့ ဒီခြဲစိတ္ကုသမႈကို 1961 ခုနွစ္ေလာက္ထဲက စတင္ခဲ႕တာျဖစ္ပါတယ္ ဒီေဆာင္းပါးေလးမွာေတာ့ ျမန္မာလူမ်ိဳးေတြနဲ႕ သိပ္အက်ြမ္းတစ္ဝင္ မရွိေသးတဲ႕ ရင္သားခြဲစိတ္ကုသမႈအေၾကာင္းကို ဗဟုသုတ အေနနဲ႕ေရးသားလိုက္ပါတယ္။
ဘယ္လိုလူေတြ ကုသမႈခံယူေလ့ရွိလဲဆိုရင္-
- ရင္သားကင္ဆာ ေဝဒနာခံစားရလို႔ ရင္သားျဖတ္ထုတ္လိုက္ရတဲ႕သူေတြ
- မိမိရင္သားနဲ႕ ပတ္သက္ျပီး ယံုၾကည္ခ်က္မရွိသူေတြ
- ေမြးရာပါ ဘယ္ညာမညီသူ, ပံုသဏၭန္ မမွန္သူေတြ
- ကိုယ္ဝန္ေဆာင္ျပီး ရင္သားေသးသြားသူ, ပံုပ်က္သြားသူေတြပဲ ျဖစ္ပါတယ္
ရင္သားခြဲစိတ္ကုသမႈမခံယူခင္မွာ က်ြမ္းက်င္တဲ႕ အလွအပေရးရာ ခြဲစိတ္ဆရာဝန္နဲ႕ ေသေသခ်ာခ်ာေလး တိုင္ပင္ဖို႕ လိုအပ္ပါတယ္ အခုတစ္ေလာ ကုသမႈမွာ အသံုးမ်ားတဲ႕ ပစၥည္းနွစ္မ်ိဳးကေတာ့ Saline filled implant နဲ႕ Silicone filled implant တို႕ပဲျဖစ္ပါတယ္ Saline filled implant ကေတာ့ အႏၲရာယ္ကင္းျပီး အသက္ 18 နွစ္ျပည့္ျပီးသူတိုင္း ကုသမႈခံယူလို႕ရပါတယ္ Silicone filled implant ကေတာ့ သဘာဝပိုဆန္ေပမယ့္ အထဲမွာ ေပါက္သြားရင္ ျမန္ျမန္သိျပီး ခြဲထုတ္ဖို႕လိုအပ္တဲ႕အတြက္ အနဲဆံုးအသက္ ၂၂ ျပည့္ျပီးမွသာ ကုသမႈခံယူသင့္ပါတယ္ ခြဲစိတ္မႈခံယူျပီး ၂ နွစ္တစ္ခါ MRI ရိုက္ျပီး စစ္ေဆးဖို႕လဲလိုအပ္ပါတယ္။
ရင္သားခြဲစိတ္မႈကို က်ြမ္းက်င္ အလွအပဆိုင္ရာ ခြဲစိတ္ဆရာဝန္က ထံုေဆး ဒါမွမဟုတ္ ေမ့ေဆးေပးျပီး ကုသေလ့ရွိပါတယ္ မ်ားေသာအားျဖင့္ ရင္သားေအာက္ဘက္နဲ႕ လက္ေမာင္းေအာက္ဘက္ တို႕ကေန ခြဲရာေလးေပးျပီး မိမိနဲ႕ သင့္ေလ်ာ္တဲ႕ အမ်ိဳးအစားနဲ႕ အရြယ္ပမာဏကို ခြဲစိတ္ဆရာဝန္က ထည့္ျပီး ခ်ဳပ္ရိုးနဲ႕ျပန္ခ်ဳပ္ေပးတာပဲ ျဖစ္ပါတယ္ ရက္အနည္းငယ္ ေယာင္တာ နာတာေတြနဲ႕ ေသြးေျခဥတာေတြ ျဖစ္တတ္ပါတယ္ ရက္ပိုင္းေလာက္နားျပီး အလုပ္ကိုပံုမွန္အတိုင္း ျပန္လုပ္လို႕ရတဲ႕ ကုသမႈလဲျဖစ္ပါတယ္ ေလးလံတဲ႕ ပစၥည္းေတြ ကိုေတာ့ ခြဲစိတ္မႈခံယူျပီး 6 ပတ္အထိ မျခင္း, သယ္ျခင္း မလုပ္ရပါဘူး ဆရာဝန္ေပးတဲ႕ ေဆးေတြကိုလဲ ပံုမွန္အတိုင္း ဆက္ေသာက္ဖို႕ လိုအပ္ပါတယ္ ကုသမႈခံယူျပီးတဲ႕ သူေတြဟာ ပံုမွန္အတိုင္း ကေလးကို နို႔တိုက္လို႕ရပါတယ္။
ရင္သားခြဲစိတ္ကုသမႈရဲ႕ သတိျပဳရမယ့္ အခ်က္ေတြကေတာ့ –
- ျပင္ပ ပစၥည္းအစားထိုးထည့္တာ ျဖစ္တဲ႕အတြက္ mamogram (ရင္သားဓာတ္မွန္) ရိုက္ရင္ ေသခ်ာ မျမင္ရပါဘူး
- ေနာက္တစ္ခုကေတာ့ ျပင္ပ ပစၥည္းျဖစ္တဲ႕အတြက္ ခႏၶာကိုယ္ကေန တံု႕ျပန္တဲ႕အေနနဲ႕ ပံုမမွန္တဲ႕ အမ်ွင္ေလးေတြက ခြဲထားတဲ႕ေနရာ ဒါမွမဟုတ္ Silicon မွာ သြားစုတာေတြ ျဖစ္ရင္ ခြဲစိတ္မႈ ျပန္လုပ္ရတာေတြ ျဖစ္တတ္ပါတယ္
- အထဲမွာ ေပါက္တာေတြ ျဖစ္ခဲ႕ရင္လဲ သိေအာင္ ၂နွစ္တစ္ခါ MRI ရိုက္ျပီး စစ္ေဆးဖို႕လိုအပ္ပါတယ္
အားလံုး က်န္းမာေပ်ာ္ရႊင္ျပီး ၾကည္လင္လွပတဲ႔ အသားအေရေလး ပိုင္ဆိုင္နိုင္ၾကပါေစ
ရႊန္းလဲ႕ (ေဆး ၂)