အမျိုးသား ရင်သားကင်ဆာ
ရင်သားကင်ဆာလို့ ကြားလိုက်သည်နှင့် လူတော်တော်များများ မသိမရှိဟု ဆိုရလောက်အောင်ပင် ရင်သားကင်ဆာဖြစ်ပွားမှုမှာ များပြားလာနေသည် ။ အမျိုးသမီးတွေမှာ ဖြစ်တတ်ပါကွာ ငါတို့ယောက်ျားတွေနဲ့ မဆိုင်ပါဘူး ဟု အများစု ထင်နေကြသော်လည်း ရင်သားကင်ဆာဟာ အမျိုးသားတွေမှာ ဖြစ်ပွားနိုင်ပါတယ် ။
အမျိုးသားများမှာ အမျိုးသမီးများကဲ့သို့ ရင်သားမရှိသော်လည်း ရင်သားတစ်ရှူးဆဲလ်များ အနည်းငယ်ရှိနေပါတယ် ။ ကြီးဖော်မဝင်ခင်အထိ ယောက်ျားရော မိန်းမပါ ရင်သားရှိနေမှုဟာ တူတူပဲဖြစ်ပြီး နောက်ပိုင်း အမျိုးသမီးတွေမှာသာ ဖွံဖြိုးမှု ဖြစ်လာပါတယ် ။
ဒါကြောင့်လဲ ယောက်ျားတွေဟာ မိန်းမတွေလို ရင်သားကင်ဆာဖြစ်နိုင်ပြီး အမျိုးသမီးရင်သားကင်ဆာနဲ့ တူတူပဲဖြစ်ပါတယ် ။အရင်က အမျိုးသားရင်သားကင်ဆာဟာ အမျိုးသမီးရင်သားကင်ဆာထက် ပိုဆိုးတယ်လို့ ထင်မြင်ယူဆခဲ့ပေမယ့် အခုတော့ တူတူပဲဆိုတာ တွေ့ရှိလာရပါပြီ ။
အမျိုးသားရင်သားကင်ဆာရဲ့အဓိက ပြသနာဟာ အမျိုးသမီး ရင်သားကင်ဆာထက် အများကြီးနောက်ကျပြီး သိရတဲ့အတွက်ဖြစ်ပါတယ် ။ ဖြစ်နိုင်ချေအများစုကတော့ အမျိုးသားတွေဟာ ရင်သားနဲ့ပတ်သတ်ပြီး တစ်ခုခုဖြစ်တဲ့အခါ အမှုအမှတ်မဲ့နေတတ်ကြတာရယ် ရင်သားတစ်ရှူးပမာဏ နည်းလွန်းတာရယ်ကြောင့် မစမ်းမိခြင်း စတာတွေ ကြောင့်လို့ ယူဆရပါတယ် ။
ဘယ်လိုအမျိုးသားတွေမှာ ဖြစ်လေ့ရှိသလဲ ?
အသက် ၃၅ နှစ်အောက် အမျိုးသားတွေမှာ ဖြစ်ခဲပါတယ် ။ အသက်ကြီးလာလေ ရင်သားကင်ဆာဖြစ်ပွားရန် ရာခိုင်နှုန်းများလေးဖြစ်ပြီး အသက် ၆၀ ကနေ ၇၀ မှာ ဖြစ်ပွားမှု အများဆုံးဖြစ်ပါတယ် ။
ရင်သားကင်ဆာ ပိုမိုဖြစ်ပွားစေတဲ့ တခြားအကြောင်းအရင်းများ အနေနဲ့
* ဆွေမျိုးနီးစပ် အမျိုးသမီးတစ်ဦးဦးတွင်ဘရင်သားကင်ဆာဖြစ်ပွားဖူးခြင်း
* ရင်ဘတ်အနီးတဝိုက် ဓာတ်ရောင်ခြည်သင့်ဖူးခြင်း
* ဆေးဝါးများ ဒါမှမဟုတ် ဟော်မုန်းကုထုံးများကြောင့် Gynecomastia လို့ခေါ်တဲ့ အမျိုးသားများ ရင်သားပုံမှန်ထက် စူထွက်နေခြင်းမျိုးရှိနေခြင်း
* အီစထရိုဂျင် ( မဟော်မုန်းဓာတ် )များ သုံးစွဲခြင်း
* အသည်းခြောက်ခြင်း
ဘာလက္ခဏာတွေပြမလဲ ?
လက္ခဏာအနေနဲ့ အမျိုးသမီး ရင်သားကင်ဆာလက္ခဏာများနဲ့ အတူတူပဲဖြစ်ပြီး များသောအားဖြင့် ရင်သားတစ်ဝိုက်တွင် အဖု အလုံး အကြိတ်ကို စမ်းမိရာမှတဆင့် ရင်သားကင်ဆာကို သိရှိကြပါတယ် ။
ဒီနေရာမှာ အမျိုးသားများအနေနဲ့ ရှက်ကြောက်မနေဘဲ သံသယရှိပါက ဆရာဝန်တစ်ဦးဦးနဲ့အမြန်ဆုံးပြသရန်လိုအပ်ပါတယ် ။ ရှက်ရွံ့စိုးရိမ်ရာမှ ဒီတိုင်းနေနေတတ်ပြီး နို့သီးခေါင်းထိပ်မှ သွေးရည်များထွက်လာခြင်း အထိ ရောဂါအခြေအနေ ပိုမိုဆိုးဝါးလာချိန်တွင်မှ ဆရာဝန်နှင့်ပြသလေ့ရှိကြပါတယ် ။ ထိုအချိန်တွင် ကုသရန် အလွန်နောက်ကျနေတတ်ပြီး ကင်ဆာဟာ ခန္ဓာကိုယ်ရဲ့ တခြား နေရာတော်တော်များများကို ပျံ့နှံ့နေတတ်ပြီး ဖြစ်နေတတ်ပါတယ် ။
ဘယ်လို ကုသမလဲ ?
အမျိုးသားရင်သားကင်ဆာ ကုထုံးဟာ အမျိုးသမီးများနဲ့ တူတူပဲဖြစ်ပြီး ရောဂါရှာဖွေရာတွင် အလုံးအကြိတ်ရှိရာ ရင်သားအပါအဝင် တခြားရောဂါလက္ခဏာများရှိမရှိ စမ်းသပ်ခြင်း ၊ အသားစယူခြင်း ၊ ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း အစရှိသည့်နည်းလမ်းများကို အသုံးပြုပါတယ် ။
ကုထုံးအနေနဲ့ ခွဲစိတ်ခြင်း ၊ ဓာတ်ရောင်ခြည်ကုထုံး ၊ ဟော်မုန်းကုထုံး ၊ ကင်ဆာဆေးသွင်းကုသနည်း ကုထုံး အစရှိသည်တို့ကို ရောဂါအဆင့်အလိုက် ကုသနိုင်ပါတယ် ။ အဓိက ကွဲပြားချက်အနေဖြင့် ဟော်မုန်းကုထုံးဟာ အမျိုးသားရင်သားကင်ဆာမှာ အမျိုးသမီးရင်သားကင်ဆာထက် ပိုမိုကောင်းမွန်တဲ့ တုံ့ပြန်မှုရှိတာပဲ ဖြစ်ပါတယ် ။
အားလုံး ကျန်းမာကြပါစေ
ဒေါက်ပီ
အမ်ိဳးသား ရင္သားကင္ဆာ
ရင္သားကင္ဆာလို႔ ၾကားလိုက္သည္ႏွင့္ လူေတာ္ေတာ္မ်ားမ်ား မသိမရွိဟု ဆိုရေလာက္ေအာင္ပင္ ရင္သားကင္ဆာျဖစ္ပြားမႈမွာ မ်ားျပားလာေနသည္ ။ အမ်ဳိးသမီးေတြမွာ ျဖစ္တတ္ပါကြာ ငါတို႔ေယာက္်ားေတြနဲ႔ မဆိုင္ပါဘူး ဟု အမ်ားစု ထင္ေနၾကေသာ္လည္း ရင္သားကင္ဆာဟာ အမ်ဳိးသားေတြမွာ ျဖစ္ပြားႏိုင္ပါတယ္ ။
အမ်ဳိးသားမ်ားမွာ အမ်ဳိးသမီးမ်ားက့ဲသို႔ ရင္သားမရွိေသာ္လည္း ရင္သားတစ္႐ွဴးဆဲလ္မ်ား အနည္းငယ္ရွိေနပါတယ္ ။ ႀကီးေဖာ္မဝင္ခင္အထိ ေယာက္်ားေရာ မိန္းမပါ ရင္သားရွိေနမႈဟာ တူတူပဲျဖစ္ၿပီး ေနာက္ပိုင္း အမ်ဳိးသမီးေတြမွာသာ ဖြံၿဖိဳးမႈ ျဖစ္လာပါတယ္ ။
ဒါေၾကာင့္လဲ ေယာက္်ားေတြဟာ မိန္းမေတြလို ရင္သားကင္ဆာျဖစ္ႏိုင္ၿပီး အမ်ဳိးသမီးရင္သားကင္ဆာနဲ႔ တူတူပဲျဖစ္ပါတယ္ ။အရင္က အမ်ဳိးသားရင္သားကင္ဆာဟာ အမ်ဳိးသမီးရင္သားကင္ဆာထက္ ပိုဆိုးတယ္လို႔ ထင္ျမင္ယူဆခ့ဲေပမယ့္ အခုေတာ့ တူတူပဲဆိုတာ ေတြ႕ရွိလာရပါၿပီ ။
အမ်ဳိးသားရင္သားကင္ဆာရဲ႕အဓိက ျပသနာဟာ အမ်ဳိးသမီး ရင္သားကင္ဆာထက္ အမ်ားႀကီးေနာက္က်ၿပီး သိရတ့ဲအတြက္ျဖစ္ပါတယ္ ။ ျဖစ္ႏိုင္ေခ်အမ်ားစုကေတာ့ အမ်ဳိးသားေတြဟာ ရင္သားနဲ႔ပတ္သတ္ၿပီး တစ္ခုခုျဖစ္တ့ဲအခါ အမႈအမွတ္မ့ဲေနတတ္ၾကတာရယ္ ရင္သားတစ္႐ွဴးပမာဏ နည္းလြန္းတာရယ္ေၾကာင့္ မစမ္းမိျခင္း စတာေတြ ေၾကာင့္လို႔ ယူဆရပါတယ္ ။
ဘယ္လိုအမ်ဳိးသားေတြမွာ ျဖစ္ေလ့ရွိသလဲ ?
အသက္ ၃၅ ႏွစ္ေအာက္ အမ်ဳိးသားေတြမွာ ျဖစ္ခဲပါတယ္ ။ အသက္ႀကီးလာေလ ရင္သားကင္ဆာျဖစ္ပြားရန္ ရာခိုင္ႏႈန္းမ်ားေလးျဖစ္ၿပီး အသက္ ၆၀ ကေန ၇၀ မွာ ျဖစ္ပြားမႈ အမ်ားဆံုးျဖစ္ပါတယ္ ။
ရင္သားကင္ဆာ ပိုမိုျဖစ္ပြားေစတ့ဲ တျခားအေၾကာင္းအရင္းမ်ား အေနနဲ႔
* ေဆြမ်ဳိးနီးစပ္ အမ်ဳိးသမီးတစ္ဦးဦးတြင္ဘရင္သားကင္ဆာျဖစ္ပြားဖူးျခင္း
* ရင္ဘတ္အနီးတဝိုက္ ဓာတ္ေရာင္ျခည္သင့္ဖူးျခင္း
* ေဆးဝါးမ်ား ဒါမွမဟုတ္ ေဟာ္မုန္းကုထံုးမ်ားေၾကာင့္ Gynecomastia လို႔ေခၚတ့ဲ အမ်ဳိးသားမ်ား ရင္သားပံုမွန္ထက္ စူထြက္ေနျခင္းမ်ဳိးရွိေနျခင္း
* အီစထ႐ိုဂ်င္ ( မေဟာ္မုန္းဓာတ္ )မ်ား သံုးစြဲျခင္း
* အသည္းေျခာက္ျခင္း
ဘာလကၡဏာေတြျပမလဲ ?
လကၡဏာအေနနဲ႔ အမ်ဳိးသမီး ရင္သားကင္ဆာလကၡဏာမ်ားနဲ႔ အတူတူပဲျဖစ္ၿပီး မ်ားေသာအားျဖင့္ ရင္သားတစ္ဝိုက္တြင္ အဖု အလံုး အႀကိတ္ကို စမ္းမိရာမွတဆင့္ ရင္သားကင္ဆာကို သိရွိၾကပါတယ္ ။
ဒီေနရာမွာ အမ်ဳိးသားမ်ားအေနနဲ႔ ရွက္ေၾကာက္မေနဘဲ သံသယရွိပါက ဆရာဝန္တစ္ဦးဦးနဲ႔အျမန္ဆံုးျပသရန္လိုအပ္ပါတယ္ ။ ရွက္ရြံ႕စိုးရိမ္ရာမွ ဒီတိုင္းေနေနတတ္ၿပီး ႏို႔သီးေခါင္းထိပ္မွ ေသြးရည္မ်ားထြက္လာျခင္း အထိ ေရာဂါအေျခအေန ပိုမိုဆိုးဝါးလာခ်ိန္တြင္မွ ဆရာဝန္ႏွင့္ျပသေလ့ရွိၾကပါတယ္ ။ ထိုအခ်ိန္တြင္ ကုသရန္ အလြန္ေနာက္က်ေနတတ္ၿပီး ကင္ဆာဟာ ခႏၶာကိုယ္ရဲ႕ တျခား ေနရာေတာ္ေတာ္မ်ားမ်ားကို ပ်ံ႕ႏွံ့ေနတတ္ၿပီး ျဖစ္ေနတတ္ပါတယ္ ။
ဘယ္လို ကုသမလဲ ?
အမ်ဳိးသားရင္သားကင္ဆာ ကုထံုးဟာ အမ်ဳိးသမီးမ်ားနဲ႔ တူတူပဲျဖစ္ၿပီး ေရာဂါရွာေဖြရာတြင္ အလံုးအႀကိတ္ရွိရာ ရင္သားအပါအဝင္ တျခားေရာဂါလကၡဏာမ်ားရွိမရွိ စမ္းသပ္ျခင္း ၊ အသားစယူျခင္း ၊ ကြန္ပ်ဴတာဓာတ္မွန္႐ိုက္ျခင္း အစရွိသည့္နည္းလမ္းမ်ားကို အသံုးျပဳပါတယ္ ။
ကုထံုးအေနနဲ႔ ခြဲစိတ္ျခင္း ၊ ဓာတ္ေရာင္ျခည္ကုထံုး ၊ ေဟာ္မုန္းကုထံုး ၊ ကင္ဆာေဆးသြင္းကုသနည္း ကုထံုး အစရွိသည္တို႔ကို ေရာဂါအဆင့္အလိုက္ ကုသႏိုင္ပါတယ္ ။ အဓိက ကြဲျပားခ်က္အေနျဖင့္ ေဟာ္မုန္းကုထံုးဟာ အမ်ဳိးသားရင္သားကင္ဆာမွာ အမ်ဳိးသမီးရင္သားကင္ဆာထက္ ပိုမိုေကာင္းမြန္တ့ဲ တံု႔ျပန္မႈရွိတာပဲ ျဖစ္ပါတယ္ ။
အားလံုး က်န္းမာၾကပါေစ
ေဒါက္ပီ