ရင်သားကင်ဆာ ဟော်မုန်းဆေးများအသုံးပြုကုသခြင်း
ဆရာရှင့်။ ကျွန်မအမည် ဒေါ်ဝေေ၀ပါ။ လွန်ခဲ့တဲ့သုံးနှစ်က ရင်သားကင်ဆာရောဂါကုသခံရ ပြီး လက်ရှိ Tamoxifen ခေါ်တဲ့ ဟော်မုန်းဆေးကို ငါးနှစ်သောက်နေရပါတယ်ဆရာ။ အခုဆို အဲဒီဆေးသောက်နေတာ နှစ်နှစ်ကျော်လာပြီပေါ့။ ကျွန်မရဲ့မိတ်ဆွေအမျိုးသမီးတစ်ယောက် လည်း လွန်ခဲ့တဲ့ငါးလလောက်က ရင်သားကင်ဆာဖြစ်လို့ ခွဲစိတ်ဖြတ်တောက်ပြီး ကင်ဆာဆေး သွင်းခဲ့ရပါတယ်။ သူ့ကိုပေးတဲ့ဟော်မုန်းဆေးကျတော့ Tamoxifen မဟုတ်တော့ဘူးဆရာ။ Letrozole အမည်ရတဲ့ ဟော်မုန်းဆေးတစ်မျိုးဖြစ်နေပါတယ်။ ကျွန်မသိချင်တာက အဲ့ဒီဆေး ကပိုကောင်းလာဆရာ။ ပြောင်းသောက်ဖို့လိုအပ်ပါသလား။ သောက်မယ်ဆိုရင်လည်း ဘယ် လောက်ကြာကြာသောက်ရမလဲ ရှင်းပြပေးစေချင်ပါတယ်ရှင့်။
ဖြေ။ အရင်ဆုံး ဟော်မုန်းဆေးများကို ဘာအကြောင်းနဲ့ ကင်ဆာရောဂါများမှာ သုံးနောကြ သလဲဆိုတာ ရှင်းပြချင်းပါတယ်။ အများသိတဲ့အတိုင်း ဟော်မုန်းဆိုတဲ့ ခနာကိုယ်ထဲမှာရှိတဲ့ဂ လင်းတွေက သဘာဝအတိုင်းထွက်နေကြတာပေါ့။ ထုတ်လွှတ်ပေးလိုက်တဲ့ဂလင်းတွေဆီက နေ သွားလိုတဲ့အဂါတွေဆီ သွေးထဲကနေတဆင့် သွားရောက်ကြတာဖြစ်ပါတယ်။ အမျိုးသား များမှာ Testosterone ခေါ်တဲ့ ကျားဟော်မုန်းက ဆီးကျိတ်ကင်ဆာမှာ နာမည်ကြီးသလို အ မျိုးသမီးများရဲ့ရင်းသားကင်ဆာမှာလည်း Estrogen နဲ့ Progesterone အမည်ရ မဟော်မုန်း များဟာ နာမည်ကြီးပါတယ်။
ရင်သားကင်ဆာများဟာ Estrogen အမည်ရ အမျိုးသမီးဟော်မုန်းနဲ့တိုက်ရိုက်ဆက်စပ် မှုရှိနေတာကို တွေရှိရတာကစလို့ ဒီမဟော်မုန်းကို ဖိနှိပ်ထားခြင်းအားဖြင့် ရင်သားကင်ဆာကို ထိန်းချုပ်ထားနိုင်တယ်လို့ သိလာကြရတာဖြစ်ပါတယ်။ ရင်သားကင်ဆာတိုင်းမှာတော့ ဒီမ ဟော်မုန်းတွေ ရှိနေကြတာမဟုတ်ပါဘူး။ ရင်သားကင်ဆာများရဲ့ တစ်ဝက်ကျော်လောက်က အဲဒီဟော်မုန်းများနဲ့ ဆက်စပ်မှုရှိနေကြတာကို တွေ့ရပါတယ်။ PE, PR ခေါ်တဲ့ဟော်မုန်းစစ်မှု များကို ခွဲစိတ်ဖြတ်တောက်လိုက်တဲ့ ကင်ဆာဖြစ်သောရင်သားမှာ စစ်ဆေးကြရတာပါ။ ER, PR တွေရှိနေတယ်ဆိုမှ မဟော်မုန်းထိန်းချုပ်ဆေးတွေကို အသုံးပြုဖို့လိုတာဖြစ်ပါတယ်။
Tamoxifen အမည်ရဆေးက မဟော်မုန်းဖြစ်တဲ့ Estrogen ကိုဆန့်ကျင်တဲ့ဆေးဖြစ်ပါ တယ်။ (၁၉၅၀)ဝန်းကျင်ကာလ များကတည်းက ပေါ်လာခဲ့တာပါ။ စတင်ပေါ်စဉ်ကတော့ သား ဆက်ခြားဆေးအဖြစ် အသုံးချဖို့မျှော်မှန်း ခဲ့ပေမယ့်နောက်ပိုင်းမှာ ရင်သားကင်ဆာ ကာကွယ် ကုသဆေး ဖြစ်လာခဲ့ပါတယ်။ Tamoxifenဆေးဟာ ခန္ဒာကိုယ်အတွင်းမှာရှိတဲ့ Estrogen ထုတ်လုပ်ပေးသော နေရာတွေကိုသွားပြီး အဲ့ဒီဟောမုန်းထုတ်လုပ်မှု တွေကိုပိတ်ဆို့လိုက်တာ ဖြစ်ပါတယ်။ ရင်သားကင်ဆာဖြစ်တဲ့ အခါမှာလည်း ရင်သားတွင်းမှာ ရှိတဲ့Estrogen ထုတ်လုပ် ပေးတဲ့နေရာတွေမှာ သွားရောက်ပိတ်ဆို့ လိုက်ခြင်းဖြင့် ရင်သားကင်ဆာ ပြန်မဖြစ်အောင်ကာ ကွယ်နိုင်တာပါ။
ရင်သားကင်ဆာကို တခြားနည်းလမ်းများနဲ့ မကုသဘဲ Tamoxifen ဆေးသောက်တာ နဲ့တင်တစ်နှစ်အတွင်း ကင်ဆာပြန်ကြွလာမှုနှုန်းကို ၃၀%အထိလျော့ချ ပေးနိုင်ပါတယ်။ Tamoxifenကိုတစ်နှစ် နှစ်နှစ်ထဲသောက်တဲ့ လူနာထက်ငါးနှစ်သောက်တဲ့ လူနာများက ရင် သားကင်ဆာပြန်ဖြစ်နှုန်း ပိုနည်းတယ်ဆိုတာ ခိုင်မာတဲ့သက်သေတွေ ရှိပါတယ်။ အဲ. . . . ငါး နှစ်နောက်ပိုင်း ဆယ်နှစ်အထိ သောက်တယ်ဆိုရင်လည်း ပိုပြီးကောင်းတယ်လို့ တချို့သုတေ သနတွေကဆိုတယ်။ ဒါပေမယ့် လက်ရှိကာလအထိတော့ Tamoxifenကို ငါးနှစ်ကျော်တဲ့အ ထိဆက်သောက်သင့်တယ်လို့ မပြောကြသေးဘူး။ အကြောင်းက Tamoxifen ရဲ့ဘေးထွက် ဆိုးကျိုးကြောင့်ပါ။ ခြေထောက်မှာသွေးကြော ပိတ်ပြီးအဲဒီသွေးခဲက ပြုတ်ထွက်လို့အဆုတ်ထဲ ရောက်ပြီးသေနိုင်တယ်။ သားအိမ်ကင်ဆာ (Endomerial cancer) ဖြစ်စေနိုင်တဲ့ အတွက် ကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လောလောဆယ်မှာ လူနာပေါင်း(၅၀၀၀) ပါဝင်တဲ့Tamoxifen ဆယ်နှစ်ကြာသောက်သုံးတဲ့ သုတေသနကြီးတစ်ခုကို ပြုလုပ်နေဆဲဖြစ်ပါတယ်။
ခန္ဒာကိုယ်မှာ သားဏအိမ်ကနေ Estrogenကို အများဆုံးထုတ်ပေးတယ် ဆိုပေမယ့် Estrogenဟော်မုန်းကို တခြားကိုယ်ခန္ဒာအနှံ့အပြား ကနေထုတ်ပေးတာလည်း ရှိပါတယ်။ အဲ ဒီဟော်မုန်းတွေဟာ အဆီဓါတ်တွေကို အခြေခံပြီးဖြစ်လာကြတာ။ ဒါ့ကြောင့်ရင်သား ကင်ဆာ ဟာအဝလွန်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်တယ်လို့ ပြောနေကြတာပေါ့။ Estrogen ဟော်မုန်းကို Androgen ဆိုတဲ့ ကျားဟော်မုန်းကနေလည်း ပြောင်းလဲထုတ်လုပ် ပေးလို့ရတယ်။ Letrozole ဆိုတဲ့ဆေးကတော့ အဲဒီပြောင်းလဲမှုကို ပိတ်တဲ့ဆေးပေါ့။ သွေးမဆုံးသေးတဲ့ အမျိုးသမီးတွေ မှာLetrozole ဆေးက Tamoxifen လောက် Estrogen ကိုမထိန်းချုပ်နိုင်ဘူး။ ဒါ့ကြောင့် Letrozole ကိုသွေးဆုံးပြီးတဲ့ ရင်သားကင်ဆာ အမျိုးသမီးလူနာတွေမှာ ပိုသုံးကြတာပါ။ သွေး ဆုံးတယ်ဆိုတာက သားဥအိမ်အလုပ်မလုပ် တော့တာကိုပြောတာ မဟုတ်လား။ သားဥအိမ်အ လုပ်လုပ်နေသရွေ့ Letrozole ကိုမသုံးချင်ဘူး ဆိုတဲ့သဘောပေါ့။
နောက်တစ်ချက်က ဟော်မုန်းဆေးတွေကို ကင်ဆာဆေးများနဲ့ တွဲပြီးပေးလေ့မရှိဘူး။ ဓါတ်ရောင်ခြည် ပေးနေတဲ့အချိန်မှာ ပေးလေ့မရှိဘူး။ အဲဒီကုသမှုတွေပြီးတော့မှ ငါးနှစ်သောက် ကြရတာဖြစ်ပါတယ်။
တချို့ရင်သားကင်ဆာ လူနာတွေမှာ ဟော်မုန်းဆေးဆိုပြီး သုံးလတစ်ခါဆေး ထိုးရတာ ရှိပါတယ်။ အဲဒါကတော့ LHRH agonist ဆိုတဲ့ဆေးတစ်မျိုးကို ထိုးတာပါ။ခန္ဒာကိုယ်မျာ LH ဆိုတဲ့ဟော်မုန်းက အမျိုးသားတွေမှာ ကျားဟော်မုန်း အမျိုးသမီးတွေမှာ မဟော်မုန်းထွက်လာ အောင်နှိုးဆွပေးရတာ။ ဒီဆေးကိုထိုး လိုက်ခြင်းဖြင့် အဲလိုနှိုးဆွပေးတာ အားလျော့သွားပါ တယ်။အမျိုးသမီးတွေ မှာဆို Estrogenဟော်မုန်းအထွက် နည်းသွားစေလို့ ရင်သားကင်ဆာ အတွက်သုံးလို့ရတယ်။ ဒီဆေးကိုပဲ အမျိုးသားတွေမှာ ထိုးရင် Testrosterone ဟော်မုန်းအ ထွက်နည်းသွားလို့ ဆီးကျိတ်ကင်ဆာ ကုသရေးမှာ အရေးပါတယ်။ ခုနောက်ပိုင်း နိုင်ငံခြားမှာ ဆေးသွားကုပြီး ပြန်လာကြတဲ့ လူနာတွေ အသုံးများကြတာမို့ ဒီနေရာမှာကြုံကြိုက်လို့ ရှင်းပြ လိုက်တာပါ။
ဒေါ်ဝေေ၀က သွေးမဆုံးခင်မှာ ရင်သားကင်ဆာဖြစ်လို့ Tamoxifen ပေးတာဖြစ်ပြီး မိတ်ဆွေအမျိုးသမီးကိုတော့ သွေးဆုံးပြီးမှ ရင်သားကင်ဆာဖြစ်တာမို့ Letrozole ဆေးကိုပေး တာဖြစ်ပါလိမ့်မယ်။ ဆေးတစ်မျိုးချင်းစီမှာ အားသာချက် အားနည်းချက်ကိုယ်စီနဲ့မို့ သက်ဆိုင် ရာဆရာဝန်က ရွေးချယ်ပေးပါလိမ့်မယ်။ ဘယ်လောက်ထိ သောက်ရမလဲဆိုတာ ကတော့အခု လောလောဆယ်အထိတော့ ငါးနှစ်ထိပဲသောက်သုံးပါလို့ ဖြေကြားပေးလိုက်ပါတယ်။
ဒေါက်တာလွှမ်းမိုးဟန်