မိခင်တို့ရဲ့ နို့တိုက်ရင်းဖြစ်တတ်တဲ့ပြဿနာလေးတွေ

နို့စို့ကလေးငယ်ရှိတဲ့မိခင်တွေဟာ အခန့်မသင့်ရင် နို့တိုက်ခြင်းနဲ့ပက်သတ်တဲ့ အဆင်မပြေမှုလေးတွေကြုံရတတ်ပါတယ်။ ဒါကြောင့် ဘာတွေကြုံရတတ်တယ်၊ ဘယ်လိုဖြေရှင်းရမယ် ဆိုတဲ့နည်းလမ်းတွေကို တင်ပြလိုက်ပါတယ်။

၁. နို့တိုက်ချိန်တွင် နို့သီးခေါင်းနာကျင်ခြင်း

ဒါဟာများသောအားဖြင့် ကလေးနို့တိုက်တဲ့ပုံစံမမှန်တဲ့အခါ နို့သီးခေါင်းထိပ်နာကျင်ခြင်းဖြစ်တတ်ပါတယ်။ ကလေးကိုနို့တိုက်တဲ့အခါမှာ ကလေးရဲ့ပါးစပ်ဟာ အမေရဲ့နို့သီးအမည်းကွင်းတစ်ခုလုံးကို ငုံမိတဲ့အထိပုံစံပြောင်းပြီးတိုက်ပေးခြင်းအားဖြင့် ဒီလိုနာကျင်ခြင်းကိုရှောင်ရှားနိုင်မှာဖြစ်ပါတယ်။

၂. နို့သီးခေါင်းအက်ကွဲခြင်း

အကယ်၍နို့သီးခေါင်းအက်ကွဲနေခဲ့မယ်ဆိုရင်တော့ နို့တိုက်တဲ့အခါမှာ အကြိမ်ရေခပ်များများနဲ့ ခဏခဏတိုက်ပေးစေချင်ပါတယ်။ နို့တိုက်ပြီးတဲ့အခါမှာလည်း အက်ကွဲနေတဲ့နေရာတစ်ဝိုက်ကို မိမိနို့ရည်နဲ့အနည်းငယ် ပွတ်ပြီးလိမ်းထားစေချင်ပါတယ်။

၃. နို့ချောင်းပိတ်ခြင်း

နိုချောင်းပိတ်နေတယ်ဆိုရင်တော့ မိခင်တစ်ယောက်ဟာ နာကျင်ခြင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ လုံလောက်စွာအိပ်စက်အနားယူခြင်းနဲ့ နို့အုံတစ်ဝိုက်ကိုကပ်ထုပ်နွေးနွေးနဲ့ချေပေးခြင်း၊ ရေနွေးပုလင်းလှိမ့်ပေးခြင်းတို့ပြုလုပ်ကာ သက်သာစေနိုင်ပါတယ်။

၄. နို့ထွက်တအားများပြီး နို့အုံတင်းခြင်း

နို့ထွက်နှုန်းအရမ်းများတဲ့မိခင်တွေအနေနဲ့ နို့အုံတင်းလာတဲ့အခါ လက်နဲ့နို့ရည်များကိုညှစ်ထုတ်နိုင်ပါတယ်။ ဒါ့အပြင်ကလေးငယ်ကို အကြိမ်ရေများများနို့တိုက်ပေးခြင်းကလည်း နို့အုံတင်းခြင်းကိုသက်သာစေနိုင်ပါတယ်။

၅. နို့အုံပြည်တည်နာဖြစ်ခြင်း

နို့အုံပြည်တည်နာခြင်းဟာ ဘက်တီးရီးယားပိုးများကြောင့်ဖြစ်ရပြီး ကလေးငယ်အတွက်လည်းအန္တရာယ်ရှိတာကြောင့် ပိုးသတ်ဆေးတ်ုက်ကာ ဂရုတစိုက်ကုသရပါမယ်။ ပြည်တည်နာဖြစ်တဲ့ဘက်နဲ့နို့မတိုက်ဘူးဆိုပေမယ့် နို့တင်းခြင်းလည်းမဖြစ်ရ၊ မြန်မြန်လည်းသက်သာရအောင် နို့ရည်ကိုညှစ်ထုတ်ပစ်ဖို့လိုအပ်ပါတယ်။

၆. နို့သီးခေါင်းအထဲဝင်ခြင်း

နို့သီးခေါင်းအထဲဝင်မေတဲ့အခါ ကလေးငယ်အတွက်နို့စို့ရခက်ခဲစေပါတယ်။ ဒီအခါမှာ အမေကနို့မတိုက်ခင် နို့ရည်ကိုအရင်ညှစ်ထုတ်ပြီး နို့ထွက်အားမှန်လာတဲ့အခါတိုက်ကြည့်ပါ။ အဆင်မပြေသေးရင်တော့ နို့သီးခေါင်းအထဲဝင်နေသူများနို့တိုက်ရာမှာအဆင်ပြေစေတဲ့ nipple shieldကိရိယာလေးတပ်ဆင်ပြီးတိုက်နိုက်ပါတယ်။

၇. နို့စို့ရင်းကလေးငယ်အိပ်ပျော်ပျော်သွားခြင်း

မွေးကင်းစ တစ်လနှစ်လအရွယ်လေးတွေဟာ နို့စို့ရင်းအိပ်ပျော်သွားတတ်ပါတယ်။ ဒီလိုအိပ်ပျော်သွားတဲ့အခါမှာ မိခင်နို့ကိုကောင်းကောင်းမရရှိဘဲ အာဟာရလိုအပ်မှုရှိသွားတတ်ပါတယ်။ ကလေးငယ်ရဲ့ခြေဖဝါးကို အသာအယာပွတ်ပေး၊ကုတ်ပေးခြင်းအားဖြင့် အိပ်မပျော်စေပဲနို့ရည်ကိုကောင်းစွာစို့စေနိုင်မှာဖြစ်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

မိခင္တို႔ရဲ႕ ႏို႔တိုက္ရင္းျဖစ္တတ္တဲ့ျပႆနာေလးေတြ

ႏို႔စို႔ကေလးငယ္႐ွိတဲ့မိခင္ေတြဟာ အခန္႔မသင့္ရင္ ႏို႔တိုက္ျခင္းနဲ႔ပက္သတ္တဲ့ အဆင္မေျပမႈေလးေတြၾကံဳရတတ္ပါတယ္။ ဒါေၾကာင့္ ဘာေတြၾကံဳရတတ္တယ္၊ ဘယ္လိုေျဖ႐ွင္းရမယ္ ဆိုတဲ့နည္းလမ္းေတြကို တင္ျပလုိက္ပါတယ္။

၁. ႏို႔တိုက္ခ်ိန္တြင္ ႏို႔သီးေခါင္းနာက်င္ျခင္း

ဒါဟာမ်ားေသာအားျဖင့္ ကေလးႏို႔တိုက္တဲ့ပံုစံမမွန္တဲ့အခါ ႏို႔သီးေခါင္းထိပ္နာက်င္ျခင္းျဖစ္တတ္ပါတယ္။ ကေလးကိုႏို႔တိုက္တဲ့အခါမွာ ကေလးရဲ့ပါးစပ္ဟာ အေမရဲ႕ႏို႔သီးအမည္းကြင္းတစ္ခုလံုးကို ငံုမိတဲ့အထိပံုစံေျပာင္းၿပီးတိုက္ေပးျခင္းအားျဖင့္ ဒီလိုနာက်င္ျခင္းကိုေ႐ွာင္႐ွားႏိုင္မွာျဖစ္ပါတယ္။

၂. ႏို႔သီးေခါင္းအက္ကြဲျခင္း

အကယ္၍ႏို႔သီးေခါင္းအက္ကြဲေနခဲ့မယ္ဆိုရင္ေတာ့ ႏို႔တိုက္တဲ့အခါမွာ အႀကိမ္ေရခပ္မ်ားမ်ားနဲ႔ ခဏခဏတိုက္ေပးေစခ်င္ပါတယ္။ ႏို႔တိုက္ၿပီးတဲ့အခါမွာလည္း အက္ကြဲေနတဲ့ေနရာတစ္ဝိုက္ကို မိမိႏို႔ရည္နဲ႔အနည္းငယ္ ပြတ္ၿပီးလိမ္းထားေစခ်င္ပါတယ္။

၃. ႏို႔ေခ်ာင္းပိတ္ျခင္း

ႏို္ေခ်ာင္းပိတ္ေနတယ္ဆိုရင္ေတာ့ မိခင္တစ္ေယာက္ဟာ နာက်င္ျခင္းဒဏ္ကို ျပင္းျပင္းထန္ထန္ ခံစားရတတ္ပါတယ္။ လံုေလာက္စြာအိပ္စက္အနားယူျခင္းနဲ႔ ႏို႔အံုတစ္ဝိုက္ကိုကပ္ထုပ္ေႏြးေႏြးနဲ႔ေခ်ေပးျခင္း၊ ေရေႏြးပုလင္းလွိမ့္ေပးျခင္းတို႔ျပဳလုပ္ကာ သက္သာေစႏိုင္ပါတယ္။

၄. ႏို႔ထြက္တအားမ်ားၿပီး ႏို႔အံုတင္းျခင္း

ႏို႔ထြက္ႏႈန္းအရမ္းမ်ားတဲ့မိခင္ေတြအေနနဲ႔ ႏို႔အံုတင္းလာတဲ့အခါ လက္နဲ႔ႏို႔ရည္မ်ားကိုညႇစ္ထုတ္ႏိုင္ပါတယ္။ ဒါ့အျပင္ကေလးငယ္ကို အႀကိမ္ေရမ်ားမ်ားႏို႔တိုက္ေပးျခင္းကလည္း ႏို႔အံုတင္းျခင္းကိုသက္သာေစႏိုင္ပါတယ္။

၅. ႏို႔အံုျပည္တည္နာျဖစ္ျခင္း

ႏို႔အံုျပည္တည္နာျခင္းဟာ ဘက္တီးရီးယားပိုးမ်ားေၾကာင့္ျဖစ္ရၿပီး ကေလးငယ္အတြက္လည္းအႏၲရာယ္႐ွိတာေၾကာင့္ ပိုးသတ္ေဆးတ္ုက္ကာ ဂ႐ုတစိုက္ကုသရပါမယ္။ ျပည္တည္နာျဖစ္တဲ့ဘက္နဲ႔ႏို႔မတိုက္ဘူးဆိုေပမယ့္ ႏို႔တင္းျခင္းလည္းမျဖစ္ရ၊ ျမန္ျမန္လည္းသက္သာရေအာင္ ႏို႔ရည္ကိုညႇစ္ထုတ္ပစ္ဖို႔လုိအပ္ပါတယ္။

၆. ႏို႔သီးေခါင္းအထဲဝင္ျခင္း

ႏို႔သီးေခါင္းအထဲဝင္ေမတဲ့အခါ ကေလးငယ္အတြက္ႏို႔စို႔ရခက္ခဲေစပါတယ္။ ဒီအခါမွာ အေမကႏို႔မတုိက္ခင္ ႏို႔ရည္ကိုအရင္ညႇစ္ထုတ္ၿပီး ႏို႔ထြက္အားမွန္လာတဲ့အခါတိုက္ၾကည့္ပါ။ အဆင္မေျပေသးရင္ေတာ့ ႏို႔သီးေခါင္းအထဲဝင္ေနသူမ်ားႏို႔တိုက္ရာမွာအဆင္ေျပေစတဲ့ nipple shieldကိရိယာေလးတပ္ဆင္ၿပီးတိုက္ႏုိက္ပါတယ္။

၇. ႏို႔စို႔ရင္းကေလးငယ္အိပ္ေပ်ာ္ေပ်ာ္သြားျခင္း

ေမြးကင္းစ တစ္လႏွစ္လအရြယ္ေလးေတြဟာ ႏုိ႔စို႔ရင္းအိပ္ေပ်ာ္သြားတတ္ပါတယ္။ ဒီလုိအိပ္ေပ်ာ္သြားတဲ့အခါမွာ မိခင္ႏို႔ကိုေကာင္းေကာင္းမရ႐ွိဘဲ အာဟာရလိုအပ္မႈ႐ွိသြားတတ္ပါတယ္။ ကေလးငယ္ရဲ႕ေျခဖဝါးကို အသာအယာပြတ္ေပး၊ကုတ္ေပးျခင္းအားျဖင့္ အိပ္မေပ်ာ္ေစပဲႏို႔ရည္ကိုေကာင္းစြာစို႔ေစႏိုင္မွာျဖစ္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *