နို့တိုက်မိခင်နှင့်ရင်သားပြည်တည်ခြင်း
နို့တိုက်မိခင်တွေအတွက် ကလေးကို အကောင်းဆုံးသောမေ့မေ့နို့ရည်ချိုကို တိုက်ကျွေးဖို့ဆိုတာ မေမေ တို့ရဲ့ ရင်သား၊ နို့သီးခေါင်းတို့က အဆင်သင့်ဖြစ်နေရပါမယ်။ နို့သီးခေါင်းကွဲရင်ပဲဖြစ်ဖြစ်၊ နို့တင်းပြီး ယောင်နေတာပဲဖြစ်ဖြစ်၊ ရင်သားယောင်ယမ်းပြည်တည်တာကြောင့်ပဲ ဖြစ်ဖြစ် မေမေတို့ နို့တိုက်ဖို့အဆင်မပြေနိုင်တော့ပါဘူး။ ရင် သားပြည် တည်ခြင်း( Breast Abcess) ဟာ အဓိက အားဖြင့် ၂ချိန်မှာဖြစ်ပါတယ်။
၁)ကလေးမွေးပြီးခါစ ၃ပတ်ကနေ ၄ ပတ်အတွင်း ကလေးကို နို့တိုက်တဲ့ ပုံစံမမှန်လို့ဖြစ်နိုင်ပါတယ်။ ( ကလေးက နို့သီးကွင်းကို ကောင်းကောင်းမငုံမိဘဲ နို့သီးခေါင်းကိုဆွဲပြီးစို့တဲ့အခါ ဒဏ်ရာရပြီးပိုးဝင်သွားတာမျိုးပါ။)
၂) ကလေး ၆ လကျော်လို့ ဖြည့်စွက်စာ ကျွေးတဲ့အချိန် ကလေးဟာ ဖြည့်စွက်စာ စားလို့ နို့စို့နည်းသွားချိန်မှာ နို့တင်းပြီးဖြစ်လေ့ရှိပါတယ်။ ဒါ့အပြင် ကလေးသွားလေးတွေကလည်း ထိုးထိုးထောင်ထောင်ဖြစ်လာလို့ နို့သီးခေါင်းကို ဒဏ်ရာရစေပါတယ်။ ရင်သားပြည်တည်ပြီဆိုရင် ခံစားရတဲ့ လက္ခဏာတွေကတော့
- ဖြစ်တဲ့ ရင်သားမှာ ပျော့စိစိ အလုံးလေးစမ်းမိခြင်း
- ဖြစ်တဲ့ ရင်သား အလွန်တင်းပြီးနာကျင်ခြင်း
- ပူပြီး နီမြန်းယောင်ယမ်းခြင်း
- အဖျားကြီးခြင်း၊ ပါးစပ်ပျက်ခြင်း တို့ ခံစားရတတ်ပါတယ်။
ဒီလို ဖြစ်နေတဲ့အချိန်မှာ ဖြစ်နေတဲ့ ရင်သားရှိတဲ့ ဘက်ကို နို့မတိုက်သင့်ပါဘူး။ နာတဲ့တင်းတဲ့ဒဏ်ကို ဖြစ်တဲ့မေမေအနေနဲ့ မခံနိုင်တတ်လို့ပါ။ကျန်တစ်ဖက်နဲ့ပဲ နို့တိုက်ပါ။
အများအားဖြင့်ရင်သားပြည်တည်ခြင်းဟာ ခွဲပြီး ဖြစ်နေတဲ့ နေရာက ပြည်တွေကို ဖောက်ထုတ်လိုက်မှသာ သက်သာလေ့ရှိပါတယ်။ ဆရာဝန်အနေနဲ့ ကိုက်ခဲတာ သက်သာအောင် အကိုက်ခဲပျောက်ဆေးပေးတာ၊ ပိုးသတ်ဆေးပေးတာတွေနဲ့ ပြည်တည်တာ သက်သာအောင်လုပ်ပေးပါလိမ့်မယ်။ ဒီလို ရင်သားပြည်တည်နေချိန်မှာလည်း အောက်ခံဘော်လီ ခပ်ချောင်ချောင်ကို ဝတ်ထားသင့်ပါတယ်။ ဒါမှသာ ရင်သားလှုပ်ရှားချိန် သိပ်မနာမှာဖြစ်ပါတယ်။ ရင်သားတင်းတာကို သက်သာစေဖို့ ရေခဲသေတ္တာထဲထည့်ထားတဲ့ ဂေါ်ဖီထုတ်ကို ရေသန့်စင်အောင်ဆေးပြီး ရင်သားကိုကပ်ပေးခြင်းက နို့ကြောင့် ရင်သားတင်ခြင်းကိုသက်သာစေပါတယ်တဲ့။ နောက်တစ်ခုက ဖြစ်နေတဲ့ ရင်သားကို ပြည်ဖောက်ထုတ်ပြီးရင်တောင် နို့မတင်းစေဖို့ ပုံမှန်လေး နို့ညှစ်စက်နဲ့ ဖြစ်စေ ၊ လက်နဲ့ဖြစ်စေ ခံနိုင်သလောက်ညှစ်ပေးပါ။
ဒါဆို နို့တိုက်မိခင်တွေအတွက် ဗဟုသုတလေးတိုးတာပေါ့နော်။
မယ်တင်( ဆေး ၁)
ႏို႔တိုက္မိခင္ႏွင့္ရင္သားျပည္တည္ျခင္း
ႏို႔တိုက္မိခင္ေတြအတြက္ ကေလးကို အေကာင္းဆံုးေသာေမ့ေမ့ႏို႔ရည္ခ်ိဳကို တိုက္ေကၽြးဖို႔ဆိုတာ ေမေမ တို႔ရဲ႕ ရင္သား၊ ႏို႔သီးေခါင္းတို႔က အဆင္သင့္ျဖစ္ေနရပါမယ္။ ႏို႔သီးေခါင္းကြဲရင္ပဲျဖစ္ျဖစ္၊ ႏို႔တင္းၿပီး ေယာင္ေနတာပဲျဖစ္ျဖစ္၊ ရင္သားေယာင္ယမ္းျပည္တည္တာေၾကာင့္ပဲ ျဖစ္ျဖစ္ ေမေမတို႔ ႏို႔တိုက္ဖို႔အဆင္မေျပႏိုင္ေတာ့ပါဘူး။ ရင္ သားျပည္ တည္ျခင္း( Breast Abcess) ဟာ အဓိက အားျဖင့္ ၂ခ်ိန္မွာျဖစ္ပါတယ္။
၁)ကေလးေမြးၿပီးခါစ ၃ပတ္ကေန ၄ ပတ္အတြင္း ကေလးကို ႏို႔တိုက္တဲ့ ပံုစံမမွန္လို႔ျဖစ္ႏိုင္ပါတယ္။ ( ကေလးက ႏို႔သီးကြင္းကို ေကာင္းေကာင္းမငံုမိဘဲ ႏို႔သီးေခါင္းကိုဆြဲၿပီးစို႔တဲ့အခါ ဒဏ္ရာရၿပီးပိုးဝင္သြားတာမ်ိဳးပါ။)
၂) ကေလး ၆ လေက်ာ္လို႔ ျဖည့္စြက္စာ ေကၽြးတဲ့အခ်ိန္ ကေလးဟာ ျဖည့္စြက္စာ စားလို႔ ႏို႔စို႔နည္းသြားခ်ိန္မွာ ႏို႔တင္းၿပီးျဖစ္ေလ့ရွိပါတယ္။ ဒါ့အျပင္ ကေလးသြားေလးေတြကလည္း ထိုးထိုးေထာင္ေထာင္ျဖစ္လာလို႔ ႏို႔သီးေခါင္းကို ဒဏ္ရာရေစပါတယ္။ ရင္သားျပည္တည္ၿပီဆိုရင္ ခံစားရတဲ့ လကၡဏာေတြကေတာ့
- ျဖစ္တဲ့ ရင္သားမွာ ေပ်ာ့စိစိ အလံုးေလးစမ္းမိျခင္း
- ျဖစ္တဲ့ ရင္သား အလြန္တင္းၿပီးနာက်င္ျခင္း
- ပူၿပီး နီျမန္းေယာင္ယမ္းျခင္း
- အဖ်ားႀကီးျခင္း၊ ပါးစပ္ပ်က္ျခင္း တို႔ ခံစားရတတ္ပါတယ္။
ဒီလို ျဖစ္ေနတဲ့အခ်ိန္မွာ ျဖစ္ေနတဲ့ ရင္သားရွိတဲ့ ဘက္ကို ႏို႔မတိုက္သင့္ပါဘူး။ နာတဲ့တင္းတဲ့ဒဏ္ကို ျဖစ္တဲ့ေမေမအေနနဲ႔ မခံႏိုင္တတ္လို႔ပါ။က်န္တစ္ဖက္နဲ႔ပဲ ႏို႔တိုက္ပါ။
အမ်ားအားျဖင့္ရင္သားျပည္တည္ျခင္းဟာ ခြဲၿပီး ျဖစ္ေနတဲ့ ေနရာက ျပည္ေတြကို ေဖာက္ထုတ္လိုက္မွသာ သက္သာေလ့ရွိပါတယ္။ ဆရာဝန္အေနနဲ႔ ကိုက္ခဲတာ သက္သာေအာင္ အကိုက္ခဲေပ်ာက္ေဆးေပးတာ၊ ပိုးသတ္ေဆးေပးတာေတြနဲ႔ ျပည္တည္တာ သက္သာေအာင္လုပ္ေပးပါလိမ့္မယ္။ ဒီလို ရင္သားျပည္တည္ေနခ်ိန္မွာလည္း ေအာက္ခံေဘာ္လီ ခပ္ေခ်ာင္ေခ်ာင္ကို ဝတ္ထားသင့္ပါတယ္။ ဒါမွသာ ရင္သားလႈပ္ရွားခ်ိန္ သိပ္မနာမွာျဖစ္ပါတယ္။ ရင္သားတင္းတာကို သက္သာေစဖို႔ ေရခဲေသတၱာထဲထည့္ထားတဲ့ ေဂၚဖီထုတ္ကို ေရသန္႔စင္ေအာင္ေဆးၿပီး ရင္သားကိုကပ္ေပးျခင္းက ႏို႔ေၾကာင့္ ရင္သားတင္ျခင္းကိုသက္သာေစပါတယ္တဲ့။ ေနာက္တစ္ခုက ျဖစ္ေနတဲ့ ရင္သားကို ျပည္ေဖာက္ထုတ္ၿပီးရင္ေတာင္ ႏို႔မတင္းေစဖို႔ ပံုမွန္ေလး ႏို႔ညႇစ္စက္နဲ႔ ျဖစ္ေစ ၊ လက္နဲ႔ျဖစ္ေစ ခံႏိုင္သေလာက္ညႇစ္ေပးပါ။
ဒါဆို ႏို႔တိုက္မိခင္ေတြအတြက္ ဗဟုသုတေလးတိုးတာေပါ့ေနာ္။
မယ္တင္( ေဆး ၁)