ဦးနှောက်အကျိတ်၊ ဦးနှောက်ကင်ဆာ
ဒီတစ်ခါမှာတော့ ဦးနှောက်ကင်ဆာအကြောင်းရေးသားဖော်ပြပေးချင်ပါတယ်။ ဦးနှောက်ကင်ဆာအကြောင်းပြောမယ်ဆိုရင် ဦးနှောက်ထဲက အကျိတ်တွေအကြောင်းကို အရင်ပြောရပါတယ်။ ဦးနှောက်အကျိတ်ဆိုတာဟာ ဦးနှောက်ထဲကဆဲလ်တွေ ပုံမမှန်ဘဲကြီးထွားရာကနေ ဖြစ်လာတဲ့ အစိုင်အခဲပါ။
ဦးနှောက်အကျိတ်မှာ ကင်ဆာမဟုတ်တဲ့ရိုးရိုးအကျိတ် (Benign tumour) နဲ့ ကင်ဆာဖြစ်မယ့်အကျိတ် (Cancerous/malignant) ဆိုပြီး ရှိပါတယ်။
နောက်ပြီး ဦးနှောက်အတွင်းမှာပဲ စပြီးဖြစ်ပေါ်တဲ့အကျိတ်ကို Primary Brain Tumour လို့ခေါ်ပြီး
တခြားနေရာမှာကင်ဆာရောဂါဖြစ်ပွားတာကနေ ပျံ့နှံ့ပြီးဦးနှောက်ထဲရောက်လာတဲ့ အကျိတ်ကင်ဆာကိုတော့ Secondary or Metastatic Brain Tumour လို့ခေါ်ပါတယ်။
ဘယ်လိုလူတွေမှာပိုဖြစ်နိုင်သလဲ?
Primary Brain Tumour ရှိတဲ့လူတွေကို ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့အကြောင်းအရင်းစမ်းစစ်ရာမှာ အဖြေအတိအကျမရပါဘူး။ ဒါပေမယ့် ဆရာဝန်တွေကတော့ ဘယ်လိုအကြောင်းအချက်တွေဟာ ဦးနှောက်အကျိတ်/ဦးနှောက်ကင်ဆာ ဖြစ်စေတဲ့နှုန်းကို များနိုင်သလဲဆိုတာကို ရှာဖွေသတ်မှတ်ထားပါတယ်။
(၁)ဓာတ်ရောင်ခြည်များနှင့်ထိတွေ့ခြင်း
Ionzing Radiation လို့ခေါ်တဲ့ဓာတ်ရောင်ခြည်နဲ့ ထိတွေ့တဲ့လူတွေမှာ ဦးနှောက်အကျိတ်ပိုဖြစ်နိုင်ပါတယ်။ Ionizing radiation ဟာဘယ်လိုမျိုးလဲလို့ ဥပမာပေးရရင် ကင်ဆာရောဂါကုသရာမှာသုံးတဲ့ ဓာတ်ရောင်ခြည်ကုသထုံး ( Radiation Therapy ) နဲ့ အနုမြူဗုံးပေါက်ကွဲရာကနေထွက်တဲ့ ဓာတ်ရောင်ခြည်တွေကို ဆိုလိုတာဖြစ်ပါတယ်။
(၂)မိသားစုထဲတွင်အလားတူရောဂါဖြစ်ဖူးခြင်း
ဦးနှောက်အကျိတ်ဟာ မိသားစုထဲမှာ အလားတူဦးနှောက်အကျိတ်ရှိဖူးတာ သို့မဟုတ် မျိုးဗီဇဆိုင်ရာပြဿနာတွေမိသားစုထဲမှာရှိနေတယ်ဆိုရင် ပိုဖြစ်နိုင်ချေရှိတယ်လို့ဆိုပါတယ်။
ရောဂါလက္ခဏာများ
ဦးနှောက်အကျိတ်ရဲ့ရောဂါလက္ခဏာတွေကတော့ အကျိတ်ရဲ့တည်နေရာ၊ အရွယ်အစား နဲ့ကြီးထွားနှုန်း အပေါ်မူတည်ပြီး အများကြီး ပြောင်းလဲနိုင်ပါတယ်။ယေဘုယျရောဂါလက္ခဏာတွေကတော့-
- ရုတ်တရက်ခေါင်းကိုက်ခြင်း သို့မဟုတ် ခေါင်းကိုက်ခြင်းဝေဒနာပုံစံအမျိုးမျိူးနှင့်ပြောင်းလဲလာခြင်း
- ခေါင်းကိုက်ခြင်းဟာ အရေအတွက်ပိုစိပ်ပြီး ပိုပြင်းထန်လာခြင်း
- အကြောင်းရင်းမရှိဘဲ ပျို့တတ်ခြင်း၊ အန်ခြင်း
- အမြင်အာရုံချို့ယွင်းမှုများ (ဥပမာ-အမြင်ဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း၊ ဘေးဘီကိုမမြင်နိုင်ခြင်း)
- လက်နှင့်ခြေထောက်တွင် အာရုံခံစားမှုနှင့် လှုပ်ရှားနိုင်မှုများ တဖြည်းဖြည်းဆုံးရှုံးလာခြင်း
- ဟန်ချက်မထိန်းနိုင်တော့ခြင်း
- စကားအပြောအဆို ခက်ခဲလာခြင်း
- နေ့စဉ်ကိစ္စရပ်များကို ရှုပ်ထွေးလာခြင်း၊မှတ်သားသားရခက်ခဲလာခြင်း
- ပင်ကိုယ်စရိုက်၊ ကိုယ်ရည်ကိုယ်သွေးနှင့် အမူအကျင့်ပိုင်းပြောင်းလဲလာခြင်း
- အတက်ရောဂါ ယခင်ကမရှိဘဲ နောက်ပိုင်းမှ အတက်ရောဂါရှိလာခြင်း
- အကြားအာရုံချို့ယွင်းလာခြင်း စသည်တို့ဖြစ်ပါတယ်။
ဘယ်အချိန်မှာ ဆေးကုသမှုခံယူမလဲ?
အထက်ဖော်ပြပါလက္ခဏာတွေဟာ သင့်မှာရှိနေပြီ ပြီးတော့ မကြာခဏဖြစ်နေပြီ တောက်လျောက်ဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ပြသပြီး ဆေးကုသမှုခံယူရပါမယ်။
ကုသရန်နည်းလမ်းများ
ဦးနှောက်ကင်ဆာကို ကုသဖို့နည်းလမ်းတွေဟာ ကင်ဆာအကျိတ်ရဲ့ အရွယ်အစား၊တည်နေရာ၊ အမျိုးအစား၊ လူနာရဲ့ အသက်၊ ယေဘုယျကျန်းမာရေးစတဲ့အချက်တွေအပေါ် မူတည်ပါတယ်။
ကုသမယ့်နည်းလမ်းတွေကတော့
- ခွဲစိတ်ကုသခြင်း (Brain Cancer Surgery)
- ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း ( RadiationTherapy for Brain Cancer)
- ကင်ဆာဆေးသွင်းကုသခြင်း ( Chemotherapy for Brain Cancer) နှင့်
- အခြားသော ကင်ဆာကုထုံး နည်းသစ်များ ( New Brain Cancer Treatment) စသည်တို့ဖြစ်ပါတယ်။
အထက်ပါအချက်တွေကတော့ ဦးနှောက်ကင်ဆာနဲ့ဦးနှောက်အကျိတ်အမျိုးအစား၊ ဘာကြောင့်ပိုဖြစ်ရသလဲ( Risk Factors)၊ ရောဂါလက္ခဏာများ နဲ့ ကုသမှုနည်းလမ်းများအကြောင်းကို ရေးသားပေးခဲ့တာဖြစ်ပါတယ်။
အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။
မောင်(ဆေး-၁)
ဦးေႏွာက္အက်ိတ္၊ ဦးေႏွာက္ကင္ဆာ
ဒီတစ္ခါမွာေတာ့ ဦးေႏွာက္ကင္ဆာအေၾကာင္းေရးသားေဖာ္ျပေပးခ်င္ပါတယ္။ ဦးေႏွာက္ကင္ဆာအေၾကာင္းေျပာမယ္ဆိုရင္ ဦးေႏွာက္ထဲက အက်ိတ္ေတြအေၾကာင္းကို အရင္ေျပာရပါတယ္။ ဦးေႏွာက္အက်ိတ္ဆိုတာဟာ ဦးေႏွာက္ထဲကဆဲလ္ေတြ ပံုမမွန္ဘဲႀကီးထြားရာကေန ျဖစ္လာတဲ့ အစိုင္အခဲပါ။
ဦးေႏွာက္အက်ိတ္မွာ ကင္ဆာမဟုတ္တဲ့႐ိုး႐ိုးအက်ိတ္ (Benign tumour) နဲ႔ ကင္ဆာျဖစ္မယ့္အက်ိတ္ (Cancerous/malignant) ဆိုၿပီး ရွိပါတယ္။
ေနာက္ၿပီး ဦးေႏွာက္အတြင္းမွာပဲ စၿပီးျဖစ္ေပၚတဲ့အက်ိတ္ကို Primary Brain Tumour လို႔ေခၚၿပီး
တျခားေနရာမွာကင္ဆာေရာဂါျဖစ္ပြားတာကေန ပ်ံ႕ႏွံ႕ၿပီးဦးေႏွာက္ထဲေရာက္လာတဲ့ အက်ိတ္ကင္ဆာကိုေတာ့ Secondary or Metastatic Brain Tumour လို႔ေခၚပါတယ္။
ဘယ္လိုလူေတြမွာပိုျဖစ္ႏိုင္သလဲ?
Primary Brain Tumour ရွိတဲ့လူေတြကို ဘာေၾကာင့္ျဖစ္ရသလဲဆိုတဲ့အေၾကာင္းအရင္းစမ္းစစ္ရာမွာ အေျဖအတိအက်မရပါဘူး။ ဒါေပမယ့္ ဆရာဝန္ေတြကေတာ့ ဘယ္လိုအေၾကာင္းအခ်က္ေတြဟာ ဦးေႏွာက္အက်ိတ္/ဦးေႏွာက္ကင္ဆာ ျဖစ္ေစတဲ့ႏႈန္းကို မ်ားႏိုင္သလဲဆိုတာကို ရွာေဖြသတ္မွတ္ထားပါတယ္။
(၁)ဓာတ္ေရာင္ျခည္မ်ားႏွင့္ထိေတြ႕ျခင္း
Ionzing Radiation လို႔ေခၚတဲ့ဓာတ္ေရာင္ျခည္နဲ႔ ထိေတြ႕တဲ့လူေတြမွာ ဦးေႏွာက္အက်ိတ္ပိုျဖစ္ႏိုင္ပါတယ္။ Ionizing radiation ဟာဘယ္လိုမ်ိဳးလဲလို႔ ဥပမာေပးရရင္ ကင္ဆာေရာဂါကုသရာမွာသံုးတဲ့ ဓာတ္ေရာင္ျခည္ကုသထံုး ( Radiation Therapy ) နဲ႔ အႏုျမဴဗံုးေပါက္ကြဲရာကေနထြက္တဲ့ ဓာတ္ေရာင္ျခည္ေတြကို ဆိုလိုတာျဖစ္ပါတယ္။
(၂)မိသားစုထဲတြင္အလားတူေရာဂါျဖစ္ဖူးျခင္း
ဦးေႏွာက္အက်ိတ္ဟာ မိသားစုထဲမွာ အလားတူဦးေႏွာက္အက်ိတ္ရွိဖူးတာ သို႔မဟုတ္ မ်ိဳးဗီဇဆိုင္ရာျပႆနာေတြမိသားစုထဲမွာရွိေနတယ္ဆိုရင္ ပိုျဖစ္ႏိုင္ေခ်ရွိတယ္လို႔ဆိုပါတယ္။
ေရာဂါလကၡဏာမ်ား
ဦးေႏွာက္အက်ိတ္ရဲ႕ေရာဂါလကၡဏာေတြကေတာ့ အက်ိတ္ရဲ႕တည္ေနရာ၊ အရြယ္အစား နဲ႔ႀကီးထြားႏႈန္း အေပၚမူတည္ၿပီး အမ်ားႀကီး ေျပာင္းလဲႏိုင္ပါတယ္။ေယဘုယ်ေရာဂါလကၡဏာေတြကေတာ့-
- ႐ုတ္တရက္ေခါင္းကိုက္ျခင္း သို႔မဟုတ္ ေခါင္းကိုက္ျခင္းေဝဒနာပံုစံအမ်ိဳးမ်ိဴးႏွင့္ေျပာင္းလဲလာျခင္း
- ေခါင္းကိုက္ျခင္းဟာ အေရအတြက္ပိုစိပ္ၿပီး ပိုျပင္းထန္လာျခင္း
- အေၾကာင္းရင္းမရွိဘဲ ပိ်ဳ႕တတ္ျခင္း၊ အန္ျခင္း
- အျမင္အာရံုခ်ိဳ႕ယြင္းမႈမ်ား (ဥပမာ-အျမင္ေဝဝါးျခင္း၊ ႏွစ္ထပ္ျမင္ျခင္း၊ ေဘးဘီကိုမျမင္ႏိုင္ျခင္း)
- လက္ႏွင့္ေျခေထာက္တြင္ အာရံုခံစားမႈႏွင့္ လႈပ္ရွားႏိုင္မႈမ်ား တျဖည္းျဖည္းဆံုးရွံုးလာျခင္း
- ဟန္ခ်က္မထိန္းႏိုင္ေတာ့ျခင္း
- စကားအေျပာအဆို ခက္ခဲလာျခင္း
- ေန႔စဥ္ကိစၥရပ္မ်ားကို ရႈပ္ေထြးလာျခင္း၊မွတ္သားသားရခက္ခဲလာျခင္း
- ပင္ကိုယ္စ႐ိုက္၊ ကိုယ္ရည္ကိုယ္ေသြးႏွင့္ အမူအက်င့္ပိုင္းေျပာင္းလဲလာျခင္း
- အတက္ေရာဂါ ယခင္ကမရွိဘဲ ေနာက္ပိုင္းမွ အတက္ေရာဂါရွိလာျခင္း
- အၾကားအာရံုခ်ိဳ႕ယြင္းလာျခင္း စသည္တို႔ျဖစ္ပါတယ္။
ဘယ္အခ်ိန္မွာ ေဆးကုသမႈခံယူမလဲ?
အထက္ေဖာ္ျပပါလကၡဏာေတြဟာ သင့္မွာရွိေနၿပီ ၿပီးေတာ့ မၾကာခဏျဖစ္ေနၿပီ ေတာက္ေလ်ာက္ျဖစ္ေနၿပီဆိုရင္ ဆရာဝန္နဲ႔ျပသၿပီး ေဆးကုသမႈခံယူရပါမယ္။
ကုသရန္နည္းလမ္းမ်ား
ဦးေႏွာက္ကင္ဆာကို ကုသဖို႔နည္းလမ္းေတြဟာ ကင္ဆာအက်ိတ္ရဲ႕ အရြယ္အစား၊တည္ေနရာ၊ အမ်ိဳးအစား၊ လူနာရဲ႕ အသက္၊ ေယဘုယ်က်န္းမာေရးစတဲ့အခ်က္ေတြအေပၚ မူတည္ပါတယ္။
ကုသမယ့္နည္းလမ္းေတြကေတာ့
- ခြဲစိတ္ကုသျခင္း (Brain Cancer Surgery)
- ဓာတ္ေရာင္ျခည္ျဖင့္ ကုသျခင္း ( RadiationTherapy for Brain Cancer)
- ကင္ဆာေဆးသြင္းကုသျခင္း ( Chemotherapy for Brain Cancer) ႏွင့္
- အျခားေသာ ကင္ဆာကုထံုး နည္းသစ္မ်ား ( New Brain Cancer Treatment) စသည္တို႔ျဖစ္ပါတယ္။
အထက္ပါအခ်က္ေတြကေတာ့ ဦးေႏွာက္ကင္ဆာနဲ႔ဦးေႏွာက္အက်ိတ္အမ်ိဳးအစား၊ ဘာေၾကာင့္ပိုျဖစ္ရသလဲ( Risk Factors)၊ ေရာဂါလကၡဏာမ်ား နဲ႔ ကုသမႈနည္းလမ္းမ်ားအေၾကာင္းကို ေရးသားေပးခဲ့တာျဖစ္ပါတယ္။
အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။
ေမာင္(ေဆး-၁)