GNC Vitamin D3

👵 လူကြီး နှင့် အရိုးပွခြင်း 🦴

Osteoporosis လို့ခေါ်တဲ့ အရိုးပွ ရောဂါကို ရင်းနှီးနေကြလောက်ပြီလို့ထင်ပါတယ်။
အရိုးပွ အရိုးပါးရောဂါဟာ အရိုးမှာရှိတဲ့ tissue တွေ လျော့နည်းဆုံးရှုံးလာစေပြီး အရိုးကို ကြွပ်ဆပ် လွယ်စေလာတာကြောင့် အရိုးပွရာကနေ အရိုးကျိုးခြင်းကို ဖြစ်ပေါ်စေတာပဲ ဖြစ်ပါတယ်။ အသက်ကြီးလေ အရိုးပွလာလေ ဖြစ်ပြီး အထူးသဖြင့် အမျိုးသားများထက် အမျိုးသမီးတွေမှာ အရိုးပွရောဂါကို ပိုမိုကြုံတွေ့ရတယ်လို့ လေ့လာ ဖော်ပြထားကြပါတယ်။ အရိုးတွေမှာ တည်ရှိနေတဲ့ tissue တွေဟာ ပျက်စီး အိုဟောင်းပြီး အသစ် ပြန်လည်ဖွဲစည်းတဲ့အခါ အရိုးဖွဲ့စည်းရာမှာ လိုအပ်တဲ့ Vitamin D လုံလောက်စွာ မရရှိတာကြောင့် အရိုးအသစ် အစားထိုးမပြုလုပ်နိုင်တော့ဘဲ အရိုးပွပြီး ရောဂါဆိုတာ ဖြစ်ပေါ် လာပါတယ်။ အရိုးပွရောဂါ အလွယ်တကူ မဖြစ်စေဖို့ အရိုးအတွက် အဓိက အရေးပါတဲ့ Vitamin D နဲ့ Calcium ဓါတ် မချို့တဲ့အောင် နေထိုင်စားသောက်ရပါမယ်။
အရိုးပွ ရောဂါဖြစ်စေတဲ့ အကြောင်းအရင်း တွေကတော့-

1. အသက်အရွယ် ရ လာခြင်း

2. Vitamin D ချိုတဲ့ခြင်း

3. Calcium , Meganisium Zinc အစရှိတဲ့ ဓါတ်များချိုတဲ့ခြင်း

4. သွေးဆုံးပြီး အမျိုးသမီးဖြစ်ခြင်း

5. နေရောင်ခြည် နှင့် မထိတွေ့ခြင်း

6. ကော်ဖီ သောက်လွန်းခြင်း

7. အရက် ဆေးလိပ် သောက်ခြင်း စတဲ့ အချက်တွေကြောင့်ဖြစ်ပါတယ်။


📌အရိုးပွ ရောဂါကို ဘယ်လို ကာကွယ်နိုင်သလဲ ❓

– Vitamin D3 D2 ပါဝင်တဲ့ Vitamin D အမျိုးအစားကို တစ်နေ့တစ်လုံး ပုံမှန်သောက်သုံးပေးခြင်း
– နေရောင်ခြည်နှင့် တစ်နေ့ 15-20 မိနစ် ထိတွေ့ပေးခြင်း
– ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်ပေးခြင်း
– Vitamin D ကြွယ်ဝသော အစားအစာများ စားခြင်း
– ကဖိန်းဓါတ် လျှော့ချခြင်း
– ဆေးလိပ် အရက်လျှော့ခြင်း
– အာလူး၊ငှက်ပျောသီး၊ဒိန်ချဉ်၊ဒိန်ခဲ၊ထောပတ်၊ချိစ်၊တူနာ အစရှိတဲ့ Vitamin D နဲ့ Calcium ကြွယ်ဝသော အစားအစာများ စားသုံးပေးခြင်း များပြုလုပ်ပြီး စောစီးစွာ ကာကွယ်ပေးနိုင်ပါတယ်။

အရိုးပွရောဂါကို ကာကွယ်ခြင်း အားဖြင့် နောက်ဆက်တွဲ ပြဿနာ များဖြစ်သော အရိုးကြွပ်ဆပ်လွယ်ခြင်း ၊ အရိုးကျိုးခြင်းနဲ့ အရိုးအဆစ် အားနည်းခြင်း ၊ muscle weakness နဲ့ ကြွက်တက် ခြင်းများမှာပါ ကာကွယ်နိုင်မှာဖြစ်တာကြောင့် Vitamin D မချိုတဲ့အောင် နေဖို့ အရေးကြီးပါတယ်နော်။#VitaminD3
#GNCLiveWell
#Dr_John(ဆေး-၂)

MyDoctor Telemedicine Application
Related posts
ကူးစက်တတ်သောရောဂါများစားသောက်မှုပုံစံနေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

🥶 " သတိပြုစရာ ငှက်ဖျားရောဂါ " 🦟

1 Mins read
~~~~~~~~~~~~~ တောထဲဖျား ချမ်းတုန်ဖျား ငှက်ဖျားရှိတဲ့ နေရာဖျားရင် ငှက်ဖျားပဲလို့ တွေးလိုက်ပါ။ငှက်ဖျားရောဂါဟာ တောအုံချုံကြား သာမက သူဖြစ်ပွားလေ့ရှိတတ်တဲ့ နီးစပ်ရာမြို့ဆင်ခြေဖုံးဒေသတွေမှာပါ ဖြစ်ပွားလေ့ရှိပြီး အချိန်မှီ ငှက်ဖျားရောဂါမှန်းမသိပါက ချက်ချင်း ပုံမှန် ချမ်းတုန်ဖျားရာကနေ အသက်ပါ ဆုံးရှူံးနေကြတာ လက်တွေ့ပဲမလို့ မပေါ့ဆ စေချင်ပါဘူး။သာမန်ဖျားနာ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

For Immediate Relief of Back Pain

1 Mins read
ကျောနာခြင်း အမြန်သက်သာစေရန် 👨‍⚕️~~~~~~~~~~~~ ကျောနာတယ်ဆိုတာကို ဆေးပညာမှာ Back Pain ရတယ်လို့သုံးပါတယ်။ အထိုင်များတဲ့အချိန်တွေ အိပ်ယာပေါ်မှာ ရေရှည် လှဲနေရတဲ့ အချိန်တွေမှာ ကျောနာတာကို ခံစားရတတ်ပါတယ်။ တစ်စုံတစ်ခုကြောင့် Injury ရခြင်း၊ Cycle, Car Accident ဖြစ်ခြင်း…
အခြားရောဂါများအထွေထွေရောဂါများ

🩸 သွေးအားနည်းခြင်းကို ဖြစ်စေသော ‌အကြောင်းအရင်း ( ၃ ) ချက်

1 Mins read
🩸 သွေးအားနည်းခြင်းကို ဖြစ်စေသော ‌အကြောင်းအရင်း ( ၃ ) ချက်~~~~~~~~~~~ တကယ်လို သင်ဟာ သွေးအား နည်းနေခဲ့မယ်ဆိုရင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေ ဆီကို သွေး တွေကနေတစ်ဆင့်  အောက်စီဂျင်ကို လုံလောက်အောင် သယ်ယူ လုပ်ဆောင်ပေးနိုင်မှာမဟုတ်တော့ပါဘူး။ 👉ဘာကြောင့်…

Leave a Reply

Your email address will not be published. Required fields are marked *