အနာစိမ်းဆိုတာ

အရေပြားမှာရှိတဲ့ မွေးညှင်းပေါက်လေးတွေမှာ ဘက်တီးရီးယားပိုးဝင်တဲ့အခါ ယောင်ရမ်းပြီး ပြည်တည်လာတတ်ပါတယ်။ အရေပြားအောက်မှာ အဲ့ဒီပြည်ဖုလေးတွေ စုလာတဲ့အခါ အလွန်နာကျင်တဲ့ အနာစိမ်း(ပြည်တည်နာ) ဖြစ်လာပါတယ်။ အနာစိမ်းတွေဟာ လည်ဂုတ်၊ ပုခုံး၊ ဂျိုင်းနဲ့ ပေါင်ခြံတွေမှာ အဖြစ်များပါတယ်။

အနာစိမ်းဟာ Staphylococcus aureus လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးတစ်မျိုးကြောင့်ဖြစ်ပြီး ထိုဘက်တီးရီးယားပိုးဟာ ထိခိုက်ဒဏ်ရာရမှု၊ အင်းဆက်ပိုးမွှားများ ကိုက်သော ဒဏ်ရာများမှတစ်ဆင့် အရေပြားအောက်ထဲကို ဝင်ရောက်ကူးစက်ပြီး ပြည်တည်ကာ အနာစိမ်းတွေကို ဖြစ်စေပါတယ်။

အနာစိမ်း(ပြည်တည်နာ) ဟာ ကြီး၊ငယ်၊ ကျား၊မ မရွေးဖြစ်နိုင်သော်လည်း

-ဆီးချိုရောဂါရှိသူများ

-ကိုယ်ခံအားကျဆင်းနေသူများ/ ခုခံအားကျဆင်းသော ရောဂါရှိသူများ

-အနာစိမ်းရှိသောသူနှင့် အနီးကပ်ထိတွေ့ဆက်ဆံရသူများ

-အရေပြားတွင် ထိခိုက်ဒဏ်ရာရှိသူများ

-ကျောက်ကပ်ရောဂါဝေဒနာသည်များ

-တကိုယ်သန့်ရှင်းမှုအားနည်းသူတွေမှာ တခြားသူတွေထက် ဖြစ်နိုင်ခြေပိုများတာကို တွေ့ရှိရပါတယ်။

အနာစိမ်း(ပြည်တည်နာ)တွေဟာ နာကျင်တဲ့ အနီရောင်အဖုလေးတွေကဆင့် တဖြည်းဖြည်း ပြည်တွေပြည့်လာကြပါတယ်။ တချို့ပြည်တည်နာတွေဟာ အရေပြားမှာ အပေါက်ပေါင်းများစွာပွင့်ပြီး အဝါရောင်၊ အဖြူရောင်၊ ပန်းရောင် ပြည်တွေနဲ့ ရွဲနစ်နေတတ်ပါတယ်။ တစ်ခါတစ်ရံ အနာရှိန်ကြောင့် ဖျားနာခြင်း၊ နှုံးချိခြင်း၊ အနီးရှိ အကျိတ်များ ရောင်ခြင်းတွေနဲ့လည်း တွဲနေတတ်ပါတယ်။

အနာစိမ်းဖြစ်ခြင်းမှ ကာကွယ်ရန်

✔ မိမိလက်များကို မကြာခဏ ဆပ်ပြာဖြင့် သေချာစွာ သန့်စင်ဆေးကြောပါ

✔ ဒဏ်ရာ၊ အနာတရများကို သန့်ရှင်းစွာထားပါ။ ပွန်းပဲ့ဒဏ်ရာနှင့် ပြတ်ရှဒဏ်ရာများကို ပိုးသတ်ထားသော ပတ်တီး၊ အနာကပ်ပလတ်စတာများဖြင့် ကာကွယ်ထားနိုင်ပါတယ်။

✔ တကိုယ်ရည်သုံးပစ္စည်းများကို မျှဝေသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ Staph ဘက်တီးရီးယားပိုးသည် တဘက်၊ သွားပွတ်တံ၊ လက်သည်းညှပ်စတဲ့ တကိုယ်ရည်သုံးပစ္စည်းများမှလည်း တစ်ဆင့်ကူးစက်နိုင်ပါတယ်။

သေးငယ်တဲ့ ပြည်တည်နာလေးတွေကို အနာသက်သာစေရန် ရေနွေးကပ်ခြင်း၊ သဘာဝအတိုင်း ပြည်များပေါက်သွားစေခြင်းဖြင့် အိမ်တွင်ဂရုစိုက်နိုင်ပါတယ်။ ပမာဏကြီးတဲ့ အနာစိမ်းတွေကိုတော့ ကျွမ်းကျင်ဆရာဝန်ဖြင့် တိုင်ပင်၍ ပြည်များဖောက်ထုတ်ခြင်း၊ ပိုးသတ်ဆေးသောက်ခြင်းတို့ ပြုလုပ်သင့်ပါတယ်။

ကျန်းမာလှပသော ဘဝတစ်ခု ပိုင်ဆိုင်စေရန် ရည်ရွယ်လျက်

ပွင့်ရည်(ဆေး၂)

အနာစိမ္​းဆိုတာ

အ​ေရျပားမွာရိွတဲ့ ​ေမြးညႇင္​း​ေပါက္​​ေလး​ေတြမွာ ဘက္​တီးရီးယားပိုးဝင္​တဲ့အခါ ​ေယာင္​ရမ္​းၿပီး ျပည္​တည္​လာတတ္​ပါတယ္​။ အ​ေရျပား​ေအာက္​မွာ အဲ့ဒီျပည္​ဖု​ေလး​ေတြ စုလာတဲ့အခါ အလြန္​နာက်င္​တဲ့ အနာစိမ္​း(ျပည္​တည္​နာ) ျဖစ္​လာပါတယ္​။ အနာစိမ္​း​ေတြဟာ လည္​ဂုတ္​၊ ပုခံုး၊ ဂ်ိဳင္​းနဲ႔ ​ေပါင္​ျခံ​ေတြမွာ အျဖစ္​မ်ားပါတယ္​။

အနာစိမ္​းဟာ Staphylococcus aureus လို႔​ေခၚတဲ့ ဘက္​တီးရီးယားပိုးတစ္​မ်ိဳး​ေၾကာင္​့ျဖစ္​ၿပီး ထိုဘက္​တီးရီးယားပိုးဟာ ထိခိုက္​ဒဏ္​ရာရမႈ၊ အင္​းဆက္​ပိုးမႊားမ်ား ကိုက္​​ေသာ ဒဏ္​ရာမ်ားမွတစ္​ဆင္​့ အ​ေရျပား​ေအာက္​ထဲကို ဝင္​​ေရာက္​ကူးစက္​ၿပီး ျပည္​တည္​ကာ အနာစိမ္​း​ေတြကို ျဖစ္​​ေစပါတယ္​။

အနာစိမ္​း(ျပည္​တည္​နာ) ဟာ ႀကီး၊ငယ္​၊ က်ား၊မ မ​ေရြးျဖစ္​ႏိုင္​​ေသာ္​လည္​း

-ဆီးခ်ိဳ​ေရာဂါ႐ွိသူမ​်ား

-ကိုယ္​ခံအားက်ဆင္​း​ေနသူ​မ်ား/ ခုခံအားက်ဆင္​း​ေသာ ​ေရာဂါရိွသူမ်ား

-အနာစိမ္​းရိွ​ေသာသူႏွင္​့ အနီးကပ္​ထိ​ေတြ႔ဆက္​ဆံရသူမ်ား

-အ​ေရျပားတြင္​ ထိခိုက္​ဒဏ္​ရာရိွသူမ်ား

-​ေက်ာက္​ကပ္​​ေရာဂါ​ေဝဒနာသည္​မ်ား

-တကိုယ္​သန္​႔႐ွင္​းမႈအားနည္​းသူ​ေတြမွာ တျခားသူ​ေတြထက္​ ျဖစ္​ႏိုင္​​ေျခပိုမ်ားတာကို ​ေတြ႔ရိွရပါတယ္​။

အနာစိမ္​း(ျပည္တည္​နာ)​ေတြဟာ နာက်င္​တဲ့ အနီ​ေရာင္​အဖု​ေလး​ေတြကဆင္​့ တျဖည္​းျဖည္​း ျပည္​​ေတြျပည္​့လာၾကပါတယ္​။ တခ်ိဳ႕ျပည္​တည္​နာ​ေတြဟာ အ​ေရျပားမွာ အ​ေပါက္​ေပါင္​းမ်ားစြာပြင္​့ၿပီး အဝါ​ေရာင္​၊ အျဖဴ​ေရာင္​၊ ပန္​း​ေရာင္​ ျပည္​​ေတြနဲ႔ ရြဲနစ္​​ေနတတ္​ပါ​တယ္​။ တစ္​ခါတစ္​ရံ အနာရိွန္​​ေၾကာင္​့ ဖ်ားနာျခင္​း၊ ႏႈံးခ်ိျခင္​း၊ အနီးရိွ အက်ိတ္​မ်ား ​ေရာင္​ျခင္​း​ေတြနဲ႔လည္​း တြဲ​ေနတတ္​ပါတယ္​။

အနာစိမ္​းျဖစ္​ျခင္​းမွ ကာကြယ္​ရန္​

✔ မိမိလက္​မ်ားကို မၾကာခဏ ဆပ္​ျပာျဖင္​့ ​ေသခ်ာစြာ သန္​႔စင္​​ေဆး​ေၾကာပါ

✔ ဒဏ္​ရာ၊ အနာတရမ်ားကို သန္​႔႐ွင္​းစြာထားပါ။ ပြန္​းပဲ့ဒဏ္​ရာႏွင္​့ ျပတ္​႐ွဒဏ္​ရာမ်ားကို ပိုးသတ္​ထား​ေသာ ပတ္​တီး၊ အနာကပ္​ပလတ္​စတာမ်ားျဖင္​့ ကာကြယ္​ထားႏိုင္​ပါတယ္​။

✔ တကိုယ္​ရည္​သံုးပစၥည္​းမ်ားကို မ်ွ​ေဝသံုးစြဲျခင္​းမွ ​ေ႐ွာင္​ၾကဥ္​ပါ။ Staph ဘက္​တီးရီးယားပိုးသည္​ တဘက္​၊ သြားပြတ္​တံ၊ လက္​သည္​းညႇပ္​စတဲ့ တကိုယ္​ရည္​သံုးပစၥည္​းမ်ားမွလည္​း တစ္​ဆင္​့ကူးစက္​ႏိုင္​ပါတယ္​။

​ေသးငယ္​တဲ့ ျပည္​တည္​နာ​ေလး​ေတြကို အနာသက္​သာ​ေစရန္​ ​ေရ​ေႏြးကပ္​ျခင္​း၊ သဘာဝအတိုင္​း ျပည္​မ်ား​ေပါက္​သြား​ေစျခင္​းျဖင္​့ အိမ္​တြင္​ဂ႐ုစိုက္​ႏိုင္​ပါတယ္​။ ပမာဏႀကီးတဲ့ အနာစိမ္​း​ေတြကို​ေတာ့ ကြၽမ္​းက်င္​ဆရာဝန္​ျဖင္​့ တိုင္​ပင္​၍ ျပည္​မ်ား​ေဖာက္​ထုတ္​ျခင္​း၊ ပိုးသတ္​​ေဆး​ေသာက္​ျခင္​းတို႔ ျပဳလုပ္​သင္​့ပါတယ္​။

က်န္​းမာလွပ​ေသာ ဘဝတစ္​ခု ပိုင္​ဆိုင္​​ေစရန္​ ရည္​ရြယ္​လ်က္​

ပြင္​့ရည္​(​ေဆး၂)

Related posts
စားသောက်မှုပုံစံအခြားရောဂါများ

ဓာတ်မတည့်ခြင်းကို ဖြစ်စေနိုင်သော အစားအစာ များ

1 Mins read
အမျိုးမျိုးသော အစားအစာ များဟာ အချို့သူတွေမှာ ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့ အလားအလာရှိပါတယ်။ အချို့ သောအစားအစာများတွင်ပါရှိသော ပရိုတင်းဓာတ်များကို ကိုယ်ခံအားစနစ်က ပုံမှန်မဟုတ်စွာ တုံ့ပြန်တဲ့အခါ အစားအစာနှင့် ဓာတ်မတည့်မှု ဖြစ်ပေါ်တတ်ပါတယ်။ အဖြစ်များတဲ့ ဓာတ်မတည့်ခြင်းရဲ့ လက္ခဏာများ – ပါးစပ် တစ်ဝိုက် ယားယံခြင်း၊…
သွားကျန်းမာရေးအခြားရောဂါများအထွေထွေရောဂါများ

လျှာနာ နေလျှင်

1 Mins read
လျှာနာကျင်မှု ဟာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ပွားနိုင်ပါတယ်။ လျှာနာ ခြင်းရဲ့ အဖြစ်များသော အကြောင်းရင်း အချို့မှာ အောက်ပါအတိုင်းဖြစ်ပါတယ်။ (၁) ဒဏ်ရာများ- လျှာကို မတော်တဆကိုက်မိခြင်း၊ ပူသောအစာ သို့မဟုတ် အရည်များ စားသောက်မိသဖြင့် လျှာပူလောင်ခြင်း၊ သို့မဟုတ် အစာစားနေစဉ် ထိခိုက်ဒဏ်ရာရခြင်းများဟာ…
ကင်ဆာအထွေထွေရောဂါများ

သွေးကင်ဆာ တို့ရဲ့သဘာဝနဲ့လက္ခဏာ

1 Mins read
သွေးကင်ဆာ ဆိုတာ သွေး၊ ရိုးတွင်းခြင်ဆီနှင့် ပြန်ရည်ကြောစနစ် တို့ကို ထိခိုက်စေသော ကင်ဆာအုပ်စုကို ရည်ညွှန်းပါတယ်။ သွေးကင်ဆာများဟာ သွေးဆဲလ်များ (သွေးနီဥများ၊ သွေးဖြူဥများနှင့် သွေးဥမွှားဆဲလ်များ) ကို ထုတ်လုပ်ရန် တာဝန်ရှိတဲ့ ဆဲလ်များမှ စတင်ဖြစ်ပွားပါတယ်။ သွေးကင်ဆာမှာ သွေးဖြူဥကင်ဆာ (Leukemia)…