ကိုယ်အလေးချိန်နဲ့ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှု
လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုဆိုလို့ ဇီဝကတစ်ယောက် လိုင်းပြောင်းပြီး ဖိုမ ကိစ္စများ ရေးတော့မလားဆိုပြီး မထင်လိုက်ပါနဲ့ ။တကယ်ပြောချင်တာက Attraction
ဆိုတဲ့ လူတစ်ယောက်ရဲ့ တစ်ဖက်သားအပေါ် စွဲဆောင်နိုင်မှုကို ပြောချင်တာပါ ။ဥပမာ ပေးပြောရရင် တခြားသူတွေအပေါ်လွှမ်းမိုးမှုရှိတဲ ရုပ်ရှင်မင်းသား ၊မင်းသမီးတွေ ၊အဆိုတော်တွေ အပြင် ၊စာပေဟောပြောသူတွေ စသဖြင့် လူ လူချင်း သူများတွေက သဘောကျလောက်အောင် စွဲဆောင်နိုင်သူတွေ ရှိပါတယ် ။
လူသားတွေအနေနဲ့ တစ်ဖက်သားအပေါ် စွဲဆောင်မှုရှိချင်တာဟာ သဘာဝတရားပါပဲ ။လူတိုင်း သူများတွေ ကိုယ့်အပေါ် အာရုံကျတာမျိုး အနည်းနဲ့ အများ လိုချင်
တတ်ကြတာ ရှေးပဝေသဏီကတည်းကပါ ။
ဒါဆို ဘယ်လိုအချက်တွေက သူများတွေကို စွဲဆောင်နိုင်သလဲ။
- ရုပ်ရည်သွင်ပြင်
- အသံသြဇာ
- ကိုယ်သင်းရနံ့ စတဲ့အချက်တွေက အဓိက အခန်းကဏ္ဍက ပါဝင်ပါတယ် ။
ရုပ်ရည်သွင်ပြင်လို့ ဆိုပေမယ့် တကယ်တမ်းက မျက်နှာပြင်အနေအထား(မျက်ခုံး ၊မျက်လုံး ၊နဖူးကစလို့) ၊အသားအရေ ၊အသားအရောင် ၊ကိုယ်နေဟန်ထား နဲ့
ကိုယ်အလေးချိန် အဆုံး အားလုံးကို ဆိုလိုတာပါ ။ဒီအချက်တွေထဲကမှ အခု ဆောင်းပါး မှာဆွေးနွေးချင်တာကတော့ ကိုယ်အလေးချိန်နဲ့ လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှုအကြောင်း လေးပါ ။
မော်ဒယ်လေးလို ပိန်သွယ်လျတာ ပိုစွဲဆောင်မှု ရှိသလား ၊အကိတ်ကလေးတွေကပိုစွဲဆောင်မှု ရှိသလား…….
ပိန်တာစွဲဆောင်မှု ပိုရှိသလား ၊ပြည့်ပြည့်ဖြိုးဖြိုး အလှတိုးကလေးတွေက ပိုစွဲဆောင်မှုရှိသလားလို့ တကယ်တမ်းပြောကြစတမ်းဆိုရင် တိတိကျကျ အဖြေမရှိပါ။
ဘာလို့လဲဆိုရင် လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့ပါ ။အကြိုက်တွေကလည်း နေရာ ၊ ဒေသ ၊ဓလေ့ထုံးတမ်းအရ ကွာခြားမှု ရှိသလို အချိန်နဲ့ အမျှလည်း ပြောင်းလဲနိုင်လို့ပါ။
ဒီမှာ အမေရိကန်က စစ်တမ်းတစ်ခုကို ပြောပါရစေ ။အမေရိကန်ပြည်ထောင်စုရှိ အမျိုးသမီးတွေကို အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေ ပိန်တာနဲ့ ဝတာ ဘယ်ကိုယ်အလေးချိန်က စွဲဆောင်မှုရှိမယ်လို့ သူတို့စိတ်ထဲဘယ်လိုထင်သလဲလို့ စစ်တမ်းကောက်တဲ့အခါ ပိန်တဲ့သူတွေကို အမျိုးသားတွေ ပိုကြိုက်တယ်ထင်တယ်လို့ အများစုက ဖြေကြပါတယ် ။အမျိုးသားတွေကို စစ်တမ်းပြန်ကောက်ကြည့်တော့ ကိုယ်အလေးချိန် အနေတော် ပြည့်ပြည့်ကလေးကို ကြိုက်ကြပါသတဲ့ ။ဒါ့အပြင် ကိုယ်အလေးချိန်နဲ့ ပတ်သက်ပြီး လူသားတွေရဲ့ စွဲဆောင်မှုရှိတယ်ဆိုတဲ့ အမြင်ပြောင်းလဲလာမှုကိုလည်း ထည့်စဉ်းစားရပါ့မယ် ။ဥပမာ-ဝတဲ့သူများတဲ့ ဒေသတွေမှာ သူတို့မျက်စိထဲမှာ ဝနေတာလည်း လှနေတာပါပဲ ။
ကျန်းမာရေးရှုထောင့်ကတော့ ပိန်တာ ၊ဝတာကို အမြင်တစ်ခု ၊ပေါင်ချိန်တစ်ခုတည်းနဲ့ မဆုံးဖြတ်နိုင်ပါဘူး ။ဘီအမ်အိုင် BMI လို့ခေါ်တဲ့ ကိုယ်အလေးချိန် ညွှန်းတမ်းနဲ့ ဆုံးဖြတ်ပါတယ် ။
ကိုယ်အလေးချိန်ညွှန်းတမ်း BMI ဆိုတာ ဘာလဲ
ကိုယ်အလေးချိန် (ကီလိုဂရမ်)ကို အရပ် (မီတာ) နှစ်ထပ်နဲ့ စားခြင်းဖြင့် သင့် ကိုယ်အလေးချိန်ညွှန်းတမ်းကို သိနိုင်ပါတယ် ။
၁၈.၅ အောက်ဆိုရင် ပိန်လွန်းပါတယ် ။သင့်ကိုယ်အလေးချိန်တက်အောင် ကြိုးစား သင့်ပါတယ် ။
၁၈.၅ နဲ့ ၂၅ ကြားဆိုရင် ကျန်းမာရေး အရ ကျန်းမာသန်စွမ်း စွဲဆောင်မှုရှိတဲ့ ကိုယ်အလေးချိန်ပါ ။
၂၅ကျော်ရင်တော့ သင်ဟာ အဝလွန်နေပါပြီ ။ကျန်းမာရေးအရ စွဲဆောင်မှု မရှိပါ ။ ကိုယ်အလေးချိန်ချသင့်နေပါပြီ ။
ဒါ့အပြင် ခါးနဲ့ တင်ပါးအချိုး Waist Hip ratio နဲ့လည်း ကြည့်ပါသေးတယ်။ ကိုယ်အလေးချိန်အရ သိပ်မသိသာပေမယ့် ဗိုက်ပူ ခါးတုတ်နေရင်လည်း ကျန်းမာရေးအမြင်အရ စွဲဆောင်မှုရှိတယ်လို့ မဆိုနိုင်ပါ ။
ခါးနဲ့ တင်ပါးအချိုး Waist Hip ratio ဆိုတာ ဘာလဲ
ခါးဆိုပေမယ့် တိုင်းရမယ့်နေရာက သင့်ချက်အပေါ် တစ် စင်တီမီတာကနေ တိုင်းပါ ။တင်ပါးနေရာမှာတော့ အကားဆုံး အဖွံ့ဆုံးနေရာကနေ တိုင်းပါ ။ပြီးရင် အချိုးချပါ ။
အမျိုးသားရော အမျိုးသမီးတွေပါ ခါးသေး တင်စွင့်တဲ့သူတွေကို အများအားဖြင့် သဘောကျတတ်ကြပါတယ် ။ဒါဆိုရင် ကျန်းမာရေး ရှုထောင့်ကနေ ကြည့်
ကြရအောင်။
ခါးနဲ့ တင်ပါးအချိုး Waist Hip ratio အမျိုးသမီးတွေမှာ ဝ.၇ နဲ့ အမျိုးသားတွေမှာ ဝ.၉ ဟာ စွဲဆောင်မှု အရှိဆုံးပါ ။ကျန်းမာရေးအရလည်း ကောင်းပါ တယ် ။ထို့ထက်နည်းခြင်း ၊များခြင်းဟာ စွဲဆောင်မှုလည်း မရှိသလို ကျန်းမာရေးအရ လည်း မကောင်းပါ ။မျိုးပွားနိုင်အားပေါ် အကျိုးသက်ရောက်မှု ရှိသလို ရှိသင့်တာထက် ပိုများနေက ၊တစ်နည်း ဗိုက်ပူ ခါးတုတ်တို့မှာ နှလုံးကျန်းမာရေးထိခိုက်နိုင်သလို သွေးချို ဆီးချိုပါ ဝင်ရောက်လာနိုင်ပါတယ် ။
ဒါကြောင့် စွဲဆောင်မှု ရှိဖို့အတွက်ရော ၊ကျန်းမာဖို့ အတွက်ပါ ဘယ်လို ကိုယ်အလေးချိန်ရှိသင့်သလဲဆိုတာ သတိပြုဆင်ခြင်နိုင်ကြပါစေ…………….
ခေတ်သစ် ဇီဝက
ကိုယ္အေလးခ်ိန္နဲ႕ လိင္ပိုင္းဆိုင္ရာ စဲြေဆာင္မႈ
လိင္ပိုု္င္းဆိုင္ရာ စဲြေဆာင္မႈဆိုလို႕ ဇီ၀ကတစ္ေယာက္ လိုင္းေျပာင္းျပီး ဖိုမ ကိစၥမ်ား ေရးေတာ့မလားဆိုျပီး မထင္လိုက္ပါနဲ႕ ။တကယ္ေျပာခ်င္တာက Attraction
ဆိုတဲ့ လူတစ္ေယာက္ရဲ႕ တစ္ဖက္သားအေပၚ စဲြေဆာင္ႏိုင္မႈကို ေျပာခ်င္တာပါ ။ဥပမာ ေပးေျပာရရင္ တျခားသူေတြအေပၚလႊမ္းမိုးမႈရွိတဲ ရုပ္ရွင္မင္းသား ၊မင္းသမီးေတြ ၊အဆိုေတာ္ေတြ အျပင္ ၊စာေပေဟာေျပာသူေတြ စသျဖင့္ လူ လူခ်င္း သူမ်ားေတြက သေဘာက်ေလာက္ေအာင္ စဲြေဆာင္ႏိုင္သူေတြ ရွိပါတယ္ ။
လူသားေတြအေနနဲ႕ တစ္ဖက္သားအေပၚ စဲြေဆာင္မႈရိွခ်င္တာဟာ သဘာ၀တရားပါပဲ ။လူတိုင္း သူမ်ားေတြ ကိုယ့္အေပၚ အာရုံက်တာမ်ိဳး အနည္းနဲ႕ အမ်ား လိုခ်င္
တတ္ႀကတာ ေရွးပေ၀သဏီကတည္းကပါ ။
ဒါဆို ဘယ္လိုအခ်က္ေတြက သူမ်ားေတြကို စဲြေဆာင္ႏိုင္သလဲ။
- ရုပ္ရည္သြင္ျပင္
- အသံႀသဇာ
- ကိုယ္သင္းရနံ႕ စတဲ့အခ်က္ေတြက အဓိက အခန္းက႑က ပါ၀င္ပါတယ္ ။
ရုပ္ရည္သြင္ျပင္လို႕ ဆိုေပမယ့္ တကယ္တမ္းက မ်က္ႏွာျပင္အေနအထား(မ်က္ခုံး ၊မ်က္လုံး ၊နဖူးကစလို႕) ၊အသားအေရ ၊အသားအေရာင္ ၊ကိုယ္ေနဟန္ထား နဲ႕
ကိုယ္အေလးခ်ိန္ အဆုံး အားလုံးကို ဆိုလိုတာပါ ။ဒီအခ်က္ေတြထဲကမွ အခု ေဆာင္းပါး မွာေဆြးေႏြးခ်င္တာကေတာ့ ကိုယ္အေလးခ်ိန္နဲ႕ လိင္ပိုင္းဆိုင္ရာ စဲြေဆာင္မႈအေႀကာင္း ေလးပါ ။
ေမာ္ဒယ္ေလးလို ပိန္သြယ္လ်တာ ပိုစဲြေဆာင္မႈ ရွိသလား ၊အကိတ္ကေလးေတြကပိုစဲြေဆာင္မႈ ရွိသလား…….
ပိန္တာစဲြေဆာင္မႈ ပိုရွိသလား ၊ျပည့္ျပည့္ျဖိဳးျဖိဳး အလွတိုးကေလးေတြက ပိုစဲြေဆာင္မႈရွိသလားလို႕ တကယ္တမ္းေျပာႀကစတမ္းဆိုရင္ တိတိက်က် အေျဖမရွိပါ။
ဘာလို႕လဲဆိုရင္ လူတစ္ကိုယ္ အႀကိဳက္တစ္မ်ိဳးမို႕ပါ ။အႀကိဳက္ေတြကလည္း ေနရာ ၊ ေဒသ ၊ဓေလ့ထုံးတမ္းအရ ကြာျခားမႈ ရွိသလို အခ်ိိန္နဲ႕ အမွ်လည္း ေျပာင္းလဲႏိုင္လို႕ပါ။
ဒီမွာ အေမရိကန္က စစ္တမ္းတစ္ခုကို ေျပာပါရေစ ။အေမရိကန္ျပည္ေထာင္စုရွိ အမ်ိဳးသမီးေတြကို အမ်ိဳးသားေတြအေနနဲ႕ အမ်ိဳးသမီးေတြ ပိန္တာနဲ႕ ၀တာ ဘယ္ကိုယ္အေလးခ်ိိန္က စဲြေဆာင္မႈရွိမယ္လို႕ သူတို႕စိတ္ထဲဘယ္လိုထင္သလဲလို႕ စစ္တမ္းေကာက္တဲ့အခါ ပိန္တဲ့သူေတြကို အမ်ိဳးသားေတြ ပိုႀကိဳက္တယ္ထင္တယ္လို႕ အမ်ားစုက ေျဖႀကပါတယ္ ။အမ်ိဳးသားေတြကို စစ္တမ္းျပန္ေကာက္ႀကည့္ေတာ့ ကိုယ္အေလးခ်ိန္ အေနေတာ္ ျပည့္ျပည့္ကေလးကို ႀကိဳက္ႀကပါသတဲ့ ။ဒါ့အျပင္ ကိုယ္အေလးခ်ိန္နဲ႕ ပတ္သက္ျပီး လူသားေတြရဲ႕ စဲြေဆာင္မႈရွိတယ္ဆိုတဲ့ အျမင္ေျပာင္းလဲလာမႈကိုလည္း ထည့္စဥ္းစားရပါ့မယ္ ။ဥပမာ-၀တဲ့သူမ်ားတဲ့ ေဒသေတြမွာ သူတို႕မ်က္စိထဲမွာ ၀ေနတာလည္း လွေနတာပါပဲ ။
က်န္းမာေရးရွဳေထာင့္ကေတာ့ ပိန္တာ ၊၀တာကို အျမင္တစ္ခု ၊ေပါင္ခ်ိန္တစ္ခုတည္းနဲ႕ မဆုံးျဖတ္ႏုိင္ပါဘူး ။ဘီအမ္အိုင္ BMI လို႕ေခၚတဲ့ ကိုယ္အေလးခ်ိန္ ညႊန္းတမ္းနဲ႕ ဆုံးျဖတ္ပါတယ္ ။
ကိုယ္အေလးခ်ိန္ညႊန္းတမ္း BMI ဆိုတာ ဘာလဲ
ကိုယ္အေလးခ်ိန္ (ကီလိုဂရမ္)ကို အရပ္ (မီတာ) ႏွစ္ထပ္နဲ႕ စားျခင္းျဖင့္ သင့္ ကိုယ္အေလးခ်ိန္ညႊန္းတမ္းကို သိႏိုင္ပါတယ္ ။
၁၈.၅ ေအာက္ဆိုရင္ ပိန္လြန္းပါတယ္ ။သင့္ကိုယ္အေလးခ်ိန္တက္ေအာင္ ႀကိဳးစား သင့္ပါတယ္ ။
၁၈.၅ နဲ႕ ၂၅ ႀကားဆိုရင္ က်န္းမာေရး အရ က်န္းမာသန္စြမ္း စဲြေဆာင္မႈရွိတဲ့ ကိုယ္အေလးခ်ိန္ပါ ။
၂၅ေက်ာ္ရင္ေတာ့ သင္ဟာ အ၀လြန္ေနပါျပီ ။က်န္းမာေရးအရ စဲြေဆာင္မႈ မရွိပါ ။ ကိုယ္အေလးခ်ိန္ခ်သင့္ေနပါျပီ ။
ဒါ့အျပင္ ခါးနဲ႕ တင္ပါးအခ်ိဳး Waist Hip ratio နဲ႕လည္း ႀကည့္ပါေသးတယ္။ ကိုယ္အေလးခ်ိန္အရ သိပ္မသိသာေပမယ့္ ဗိုက္ပူ ခါးတုတ္ေနရင္လည္း က်န္းမာေရးအျမင္အရ စြဲေဆာင္မႈရွိတယ္လို႕ မဆိုႏုိင္ပါ ။
ခါးနဲ႕ တင္ပါးအခ်ိဳး Waist Hip ratio ဆိုတာ ဘာလဲ
ခါးဆိုေပမယ့္ တိုင္းရမယ့္ေနရာက သင့္ခ်က္အေပၚ တစ္ စင္တီမီတာကေန တိုင္းပါ ။တင္ပါးေနရာမွာေတာ့ အကားဆုံး အဖြံ႕ဆုံးေနရာကေန တိုင္းပါ ။ျပီးရင္ အခ်ိဳးခ်ပါ ။
အမ်ိိဳးသားေရာ အမ်ိဳးသမီးေတြပါ ခါးေသး တင္စြင့္တဲ့သူေတြကို အမ်ားအားျဖင့္ သေဘာက်တတ္ႀကပါတယ္ ။ဒါဆုိရင္ က်န္းမာေရး ရွဳေထာင့္ကေန ႀကည့္
ႀကရေအာင္။
ခါးနဲ႕ တင္ပါးအခ်ိဳး Waist Hip ratio အမ်ိိဳးသမီးေတြမွာ ၀.၇ နဲ႕ အမ်ိဳးသားေတြမွာ ၀.၉ ဟာ စဲြေဆာင္မႈ အရွိဆုံးပါ ။က်န္းမာေရးအရလည္း ေကာင္းပါ တယ္ ။ထို႕ထက္နည္းျခင္း ၊မ်ားျခင္းဟာ စဲြေဆာင္မႈလည္း မရွိသလို က်န္းမာေရးအရ လည္း မေကာင္းပါ ။မ်ိိဳးပြားႏုိင္အားေပၚ အက်ိဳးသက္ေရာက္မႈ ရွိသလို ရွိသင့္တာထက္ ပိုမ်ားေနက ၊တစ္နည္း ဗိုက္ပူ ခါးတုတ္တို႕မွာ ႏွလုံးက်န္းမာေရးထိခိုက္ႏိုင္သလို ေသြးခ်ိဳ ဆီးခ်ိဳပါ ၀င္ေရာက္လာႏိုင္ပါတယ္ ။
ဒါေႀကာင့္ စဲြေဆာင္မႈ ရွိဖို႕အတြက္ေရာ ၊က်န္းမာဖို႕ အတြက္ပါ ဘယ္လို ကိုယ္အေလးခ်ိန္ရွိသင့္သလဲဆိုတာ သတိျပဳဆင္ျခင္ႏုိင္ႀကပါေစ…………….
ေခတ္သစ္ ဇီ၀က