Body Scan Meditation

Body Scan Meditation သို့မဟုတ် ရုပ်နာမ်ဆက်စပ်ကြည့်ရှုခြင်း

ကျွန်တော်တို့တွေအနေနဲ့ တခါတရံမှာ စိတ်ဖိစီးမှုတွေစိုးရိမ်လွန်မှုတွေကြောင့်ခေါင်းကိုက်ခြင်း၊ နောက်ကျောနဲ့ ပခုံးနာကြင်ခြင်း၊ ကြွက်သားတင်းမာနေသလိုခံစားရခြင်းစတဲ့ရုပ်ပိုင်းဆိုင်ရာ အဆင်မပြေတဲ့ အခြေအနေမျိုးတွေရှိလာတတ်ပါတယ်။ ဒါဟာစိတ်ရဲ့ဖိဆီးမှုတွေကြောင့် ခန္ဓာကိုယ်ကိုလာရောက် ရိုက်ခတ်တာပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို စူးစမ်းလေ့လာပြီး စိတ်ဖိဆီးမှုများကိုသက်သာစေဖို့ လုပ်ဆောင်ပေးလို့ရပါတယ်။  ဘယ်လိုစူးစမ်းလေ့လာရမလဲဆိုရင်တော့  မိမိရဲ့ အာရုံတွေကို scan ဖတ်စက်တစ်ခုလိုသဘောထားပြီး မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တခုချင်းစီ စိတ်နဲ့ဖတ်ရှုလေ့လာခြင်းပဲဖြစ်ပါတယ်။အဲ့ဒီလိုသတိပြုမိခြင်းအားဖြင့် ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းကိုသတိပြုမိပြီး နာကျင်မှု တင်းမာမှုနဲ့ နေထိုင်ရ ခက်ခဲမှုတွေကိုသတိပြုမိလာမှာဖြစ်ပါတယ်။နာကျင်ခံစားမှုကလုံးဝသက်သာသွား စေတာမျိုးမဟုတ်ပေမယ့် စိတ်ပိုင်းဆိုင်ရာရဲ့ရင်ဆိုင်နိုင်မှုစွမ်းအားကိုတော့ တိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။

သုတေသနပြုချက်အရစိတ်ဖိစီးမှုလျှော့ချခြင်းမှာ ခန္ဓာကိုယ်ကိုစိတ်နဲ့Scanဖတ်စစ်ဆေးခြင်းရဲ့ အဓိကအကျိုးကျေးဇူးများအနက်မှတစ်ခုဖြစ်ပြီးပင်ပန်းနွမ်းနယ်ခြင်း၊ အိပ်မပျော်ခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးများရရှိနိုင်ပါတယ်။

အင်္ဂလိပ်လိပ်လိုတော့ Body Scan Meditation လို့ခေါ်ပါတယ်။

ဗုဒ္ဓဘာသာအနေနဲ့ဝိပသနာတရားထိုင်သလိုမျိုး စိတ်ကိုရုပ်ဆီကိုလိုက်ပြီးဝေဒနာပေါ်ရာ ကိုရှုမှတ်ခြင်းနဲ့ တူပါတယ်။

Body Scan Meditation ကိုလုပ်ဆောင်ဖို့အတွက် အရင်ဆုံးသက်တောင့်သက်သာ နေထိုင်ပေး ရမှာဖြစ်ပါတယ်။

လက်မောင်းနဲ့ပခုံးပိုင်းတွေကို ဖြေလျော့ထားရပါမယ်။ပြီးရင်တော့ဝမ်းဗိုက်ပိုင်းမှ လေကိုရှူသွင်းရှူထုတ် ပြုလုပ်ပေးရပါမယ်။ ရှူသွင်းရှူထုတ်ပြုလုပ်နေစဉ်မှာ ဝမ်းဗိုက်ပိုင်းကိုအာရုံစိုက်ထားရပါမယ်။

ပြီးရင်တော့မိမိရဲ့စိတ်ကို ခြေထောက်ပိုင်းတွေဆီကိုရွှေ့ယူပြီးခံစားရတဲ့အခြေအနေတွေကိုလေ့လာရပါမယ်။

မသက်သာတဲ့အခြေအနေတစ်ခုကိုခံစားရတဲ့အခါမှာ အဲ့ဒီနေရာကိုပဲအာရုံစူးစိုက် ထားရပါမယ်။ ခန္ဓာကိုယ်ရဲ့တင်းမာမှုကသက်သာလာတဲ့အခါတခြားအစိတ်အပိုင်းတွေဆီကို ပြောင်းလဲပေးရပါမယ်။ အဲ့ဒီလိုနဲ့ ခြေဖျားကနေဦးခေါင်းထိရောက်အောင်တစ်ဆင့်ခြင်း အာရုံစိုက်ကာ ထွက်လေဝင်လေကိုရှူမှတ်ပေးရမှာပါ။ ခန္ဓာကိုယ်ရဲ့ယားယံခြင်း၊ နာကြဉ်ခြင်း၊ ထုံကျဉ်ခြင်း၊ စူးအောင့်ခြင်း စတဲ့မတူညီတဲ့ အပူအအေးခံစားမှုတွေကို အာရုံစူးစိုက်လေ သိရှိလေပဲဖြစ်ပါတယ်။

ခန္ဓာကိုယ်စူးစမ်းလေ့လာခြင်းက မိမိကိုယ်ကိုသတိပြုခြင်းနဲ့ တွေးတောဆင်ခြင်မှု

အတွက်အထိရောက်ဆုံးနည်းလမ်းဖြစ်ပါတယ်။  တနည်းအားဖြင့် သပ်သပ်စီဖြစ်နေတဲ့ ရုပ်နဲ့နာမ်ကိုပြန်လည်ပြီး ချိတ်ဆက်ပေးခြင်းလည်းဖြစ်ပါတယ်။ နေ့စဉ်လေ့ကျင့်ပေးထားတဲ့ ခန္ဓာကိုယ်စူးစမ်းစစ်ဆေးခြင်းကနေ ကိုယ်ခန္ဓာအားသိရှိစေခြင်း၊ဖိစီးမှုနှင့်တင်းမာမှုကိုလျော့ချနိုင်ခြင်း၊

ကြွက်သားနာကျဉ်မှုကိုသက်သာစေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုရရှိစေပါတယ်။

ဒေါက်တာနိုင်း (ဆေး-၁)

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…