ခန္ဓာကိုယ်ချေးချွတ်ခြင်း

အခုတစ်ခေါက်မှာတော့ မိန်းကလေးပဲဖြစ်ဖြစ် ယောင်္ကျားလေးပဲဖြစ်ဖြစ် လူမမြင်ကွယ်ရာနေရာ နဲ့ လူမြင်တဲ့နေရာတွေမှာ မဲနေတာတွေ အညိုအမဲကွက် စွဲနေတာတွေ, အမာရွတ်တွေကို ကုသနိုင်တဲ့ Body Chemical Peeling လေးအကြောင်း ပြောပြပေးချင်ပါတယ်။ Body Chemical Peeling ဆိုတာကတော့ အချိန်ကုန်သက်သာတဲ့အပြင် ကုန်ကျစားရိတ်နဲပြီး သိသာတဲ့ရလဒ်ကို ရစေတဲ့ကုသမှုလေးပါပဲ။

အရေပြားအပေါ်ယံက မဲညစ်မှုတွေကို ကွာကျစေရုံသာမက ဖြူစင်ပြီး ကြည်လင်တဲ့ အသားအရေကို ပြောင်းလဲပေးနိုင်တဲ့ ကုသမှုဆိုလဲမမှားပါဘူး

ဘယ်နေရာတွေမှာ ကုသလို့ရလဲဆိုတော့?

ချိုင်းကြား, တံတောင်ဆစ်, ပေါင်ကြား, တင်ပါးနဲ့ ဒူးခေါင်းမဲနေတာတွေ, ခြေမျက်စိမဲနေတာတွေကို ကုသနိုင်တဲ့အပြင် ကျောကုန်းနဲ့ရင်ဘတ်တို့မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ဝက်ခြံကြောင့် ကျန်ခဲ့တဲ့အမာရွတ် အမဲစက်တွေကိုပါ ပျောက်အောင် Body Peeling လုပ်ပြီး ကုသနိုင်ပါတယ်။

ဘယ်သူတွေကုသမှုခံယူလေ့ရှိလဲဆိုရင် ?

မင်္ဂလာဆောင်ခါနီး သတို့သား သတို့သမီးတွေ, နေလောင်ထားတဲ့သူတွေ, အမာရွတ်ရှိတဲ့သူတွေ, အနုပညာရှင်တွေနဲ့ အလှအပကို နှစ်သက်သူများ ကုသမှုခံယူလေ့ရှိပါတယ်။

Body Chemical Peeling ကုသမှုကို တတ်ကျွမ်းနားလည်တဲ့ အလှအပဆရာဝန် ဒါမှမဟုတ် အရေပြားရောဂါ အထူးကုဆရာဝန်တို့နဲ့ ကုသမှုခံယူမှသာ ကောင်းမွန်တဲ့ ရလဒ်ကို ရရှိနိုင်မှာပါနော်။ ခန္ဓာကိုယ် ဖြစ်တဲ့အတွက် မျက်နှာကို အသုံးပြုတဲ့ peeling acid အမျိုးအစားမဟုတ်ပဲ သူ့ထက်နဲနဲ ပြင်းတဲ့အမျိုးအစားတွေကိုသာ အသုံးပြုလေ့ ရှိပါတယ်။

Alpha hydroxy acid, Trichloroacetic acid, Phenol acid, Jessner’s, Lactic acid စတဲ့ acid အမျိုးအစားတွေကို သုံးတဲ့အတွက် သားအရေအမျိုးအစားအလိုက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်က ရွေးချယ်ပြီး ကုသရမှာပဲဖြစ်ပါတယ်။ ကုသမှုခံယူပြီး ၁ပတ် မှ ၂ပတ်အတွင်း မဲနေတဲ့ အရေပြားတွေက တစ်ဖြည်းဖြည်းချင်း ကွာသွားမှာပါ။

moisturizer ကောင်းကောင်းလေးတွေဖြစ်တဲ့ Cetaphil, Eucerin, ဒါမှမဟုတ် သံလွင်ဆီတို့ကို အမြဲလိမ်းပေးနေဖို့တော့ လိုအပ်ပါတယ်နော်။ မဲနေတဲ့အရေပြား အကုန်ကွာသွားပြီ ဆိုရင်တော့ နူးညံ့ပြီး ဖြူအိနေတဲ့ အသားလေးကို ပိုင်ဆိုင်နိုင်မှာပါ။ အရေပြား ကွာနေစဉ်အတွင်းတော့ ကုတ်တာ ဖဲ့တာတွေ, နေပူထဲ တိုက်ရိုက်ထွက်တာတွေ ရှောင်ရမှာပဲဖြစ်ပါတယ်။

မဲနေတာက သိပ်မထူဘူးဆိုရင်တော့ တစ်ကြိမ်ထဲနဲ့ မဲနေတာတွေ ကျွတ်သွားမှာပါ။ ဒါပေမယ့် မဲနေတာက ဂျွတ်လိုမျိုး တစ်အားထူနေရင်တော့ ၆ပတ်ကနေ ၈ပတ်လောက်ထိ ခြားပြီး နောက်ထပ်တစ်ကြိမ် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။

ဘေးထွက်ဆိုးကျိုး အနေနဲ့ ကိုယ်နဲ့ မသင့်တော်တဲ့ peeling အမျိုးအစား သုံးမိတာတွေ (အထူးသဖြင့် အသားညိုတဲ့သူတွေ) ဒါမှမဟုတ် ကုသမှုနည်းလမ်းမှားယွင်း တာတွေဖြစ်ခဲ့မယ်ဆိုရင် ကုရခက်တဲ့ အမဲကွက်တွေ ကျန်ခဲ့နိုင်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ပဲ ကုသဖို့လိုအပ်ပါတယ်နော်

အားလုံး ကျန်းမာပျော်ရွှင်ပြီး ကြည်လင်လှပတဲ့ အသားအရေလေး ပိုင်ဆိုင်နိုင်ကြပါစေ။

ရွှန်းလဲ့ (ဆေး ၂)














ရွှန်းလဲ့ (ဆေး ၂)

MyDoctor Telemedicine Application
Related posts
All ArticlesCovid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

Rainy season and COVID19

1 Mins read
မိုးရာသီနဲ့COVID19 မိုးရာသီက Covid19 ကူးစက်ဖို့ရာ လွယ်ကူနိုင်လားဆိုတာကတော့ ပညာရှင်တေ ွစူးစမ်းအဖြေရှာနေ ဆဲဖြစ်ပါတယ် တချို့သုတေသနပြုသူတွေကတော့ စိုထိုင်းစ မြင့်မားတဲ့ရေငွေ့အခြေအနေက ကိုရိုနာဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကိုနှေးကွေးစေတယ်လို့ဆိုကြပေမယ့်လည်း တချို့သော သုတေသနပြုသူတွေကတော့ အခန်းတွင်းအပူချိန်နိမ့်ကျပြီး စိုထိုင်းစမြင့်မားတဲ့အခြေအနေက ဗိုင်းရပ်စ်ပိုး ပျံ့နှ့ံမှုကို ပိုပြီးဖြစ်ပေါ်aစေတယ်လို့ဆိုပါတယ်။ အဲ့ဒီလိုအခြေအနေကနေ ကမ္ဘာ အနှံ့ပြန့်ပွားဖို့ရာလွယ်ကူနိုင်တယ်လို့လည်းအကြံပြုကြပါတယ်…
All Articlesဖိုးဖိုးဖွားဖွား ကျန်းမာရေး

Monsoon season and elderly

1 Mins read
ဘိုးဘိုးဘွားဘွားတို့နဲ့ မုတ်သုံရာသီ မိုးဦးကျကာလရောက်လာခြင်းနဲ့အတူ ဘိုးဘွားမိဘသက်ကြီးရွယ်အိုတွေကိုစောင့်ရှောက်ကူညီဖို့ရာ ပိုပြီးလိုအပ်ကြမှာပါ။ ဒီကာလမှာ ရာသီတုပ်ကွေး၊ ရင်ကြပ်ရောဂါ၊ ဆင်တုပ်ကွေးစတဲ့ ရောဂါဘယများအပြင် ခြေလက်ကိုက်ခဲတာ၊ ဝမ်းလျောတာ၊ အိပ်ချိန်မမှန်တာမျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။ ရာသီဥတူအပြောင်းအလဲက ကျန်းမာရေးဆိုင်ရာအပြောင်းအလဲတွေကိုဖြစ်လာနိုင်တာမို့ မဖြစ်ခင်ကကြိုတင်ကာကွယ်နိုင်ဖို့အတွက် ဘိုးဘွားမိဘတွေအတွက်ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ဆောင်သင့်တဲ့(၇)ချက်ကို ပြောပြပေးချင်ပါတယ် ၁။ ပူနွေးသောအစားအစာနှင့်ရေများကို စားသောက်ပေးပါ…
All Articlesစိတ်ကျန်းမာရေးအထွေထွေရောဂါများ

Humans that poison the environment part (2)

1 Mins read
လူမှုအသိုင်းအဝိုင်းကို အဆိပ်အတောက်ဖြစ်စေသော လူစားများ (1)       Narcissistic သူများတွေကို blame ဖို့ သီးသန့် မွေးဖွားလာတဲ့ပုံစံဖြစ်ပါတယ်။ ပတ်ဝန်းကျင်က ဘယ်လောက်ပဲ ဝိုင်းပြောနေပါစေ၊ သူကဘယ်တော့မှ မမှားဘူး။ သူနဲ့ ဖြစ်တဲ့သူရဲ့ အမှားသာဖြစ်တယ်။ Narcissistic type တွေဟာ သူတို့ရဲ့…

Leave a Reply

Your email address will not be published. Required fields are marked *