သင် ကိုယ်အလေးချိန်လိုနေလား၊ ပိုနေလား ဆုံးဖြတ်ပေးမယ့် ကိုယ်အလေးချိန်ညွန်းကိန်းအကြောင်း သိပြီးပြီလား?
လမ်းမှာတွေ့လို့ သူငယ်ချင်းအပေါင်းအသင်းတွေက ” ဝလာလိုက်တာ” ” ပိန်သွားလိုက်တာ” လို့ပြောတဲ့အခါ ကိုယ့်ကိုယ်ကို ” ငါ အဝလွန်နေပြီလား” ” ငါ ပိန်လွန်းနေပြီလား” လို့များတွေးမိပါသလား?
ဒါတွေကို အတိအကျ အဖြေထုတ်ဖို့ ကိန်းဂဏန်း တစ်ခုပဲလိုပါတယ်။ သင် သွားနေကျ အားကစားလေ့ကျင့်ရေးစင်တာများ၊ ဆေးခန်းများတွင် ကြားလေ့ရှိသော ညွန်းကိန်းလည်း ဖြစ်ပါသည်။
ကိုယ်အလေးချိန်ညွန်းကိန်း ( BMI = Body Mass Index) ဆိုသည်မှာ အဘယ်နည်း?
အဓိကအားဖြင့် ခန္တာကိုယ်ရှိ ကြွက်သားပမာဏကို တိုင်းတာခြင်းဖြစ်သည်။
BMI ဘယ်လိုတိုင်းမလဲ?
လွယ်ကူစွာတိုင်းနိုင်ပါတယ်။ ??? ပေါင်ချိန်စက်တစ်ခု၊ အရပ်တိုင်းရန်ပေကြိုးသာလိုပါတယ်။
?? အရင်ဆူံး ပေါင်ချိန်ရာတွင် လေးလံသော အဝတ်အစား၊ နာရီ၊ ဖိနပ်တို့ကို ချွတ်ပြီးမှ ချိန်ပါ။ ပေါင်ချိန်ကို Kilogram( kg) နဲ့ မှတ်သားထားပါ။
အရပ်တိုင်းရာတွင် ခြေဖနောင့်ကို နံရံနှင့် ကပ်ထားပါ။ ကျောကုန်း၊ ပခုံးတို့ကို နံရံနှင့် ထိကပ်ထားပါ။ အရပ်အမြင့်ကို meter (m) နှင့်မှတ်ထားပါ။
တွက်ချက်နည်း
BMI= ကိုယ်အလေးချိန် (kg) / အရပ်အမြင့် (m)2
BMI တိုင်းခြင်းဖြင့် ဘာတွေသိရှိနိုင်သလဲ?
သင့်ကိုယ်အလေးချိန်မှာ
- အနေတော်
- ပုံမှန်ထက် လျော့နည်းသည်
- ဝသည်
- အလွန်အမင်းဝသည်
ဟုသိနိုင်သည်။
ဒါအပြင် BMI ပုံမှန်မဟုတ်ခြင်းနောက်ကွယ်က ပြသနာများကိုလည်းသိရှိနိုင်ပါသည်။ အစဉ်ကျန်းမာလှပစေသောစေတနာဖြင့်….
မယ်တင်( ဆေး ၁)
BMI ဘယ်လိုတိုင်းမလဲ?
တွက်ချက်နည်း
- အနေတော်
- ဝသည်
- အလွန်အမင်းဝသည်
ဟုသိနိုင်သည်။
မယ်တင်( ဆေး ၁)