“သုတ်ရည်ထဲကသွေး”
“ငါ သုတ်ရည်ထဲမှာ သွေးပါလို့”
ငယ်သူငယ်ချင်းတစ်ယောက် ဆေးခန်းကိုရောက်လာပြီး တိုင်ပင်တာပါ။ သွေးတွေ့တယ်ဆိုတော့ သူလည်း လန့်မှာပေါ့လေ။
သုတ်ရည်ထဲ သွေးပါရတဲ့ အကြောင်းရင်းကတော့ အမျိုးသားရဲ့ ဆီးလမ်းကြောင်းနဲ့ မျိုးပွား အင်္ဂါလမ်းကြောင်းတွေဖြစ်တဲ့ ဆီးအိတ် ၊ဆီးပြွန်၊ ဝှေးစေ့ ၊သုတ်ပို့ပြွန် စတဲ့ အစိတ်အပိုင်းတွေမှာ ထိခိုက်မှုဒဏ်တစ်ခုခု ရှိနေလို့ပါ။
ဆီးကျိတ်လို့ခေါ်တဲ့ prostate gland အတွက် အသားစ ထုတ်ယူပြီးတဲ့အခါမှာလည်းတွေ့ရတတ်ပါတယ်။
၁။ ဘာကြောင့် ဖြစ်ရတာလဲ။
များသောအားဖြင့် ဆီးကျိတ်ကို အသားစယူပြီးတဲ့အခါမျိုးမှာ ၃ပတ်ကနေ ၄ပတ်အတွင်း သုတ်ရည်ထဲမှာ သွေးပါနိုင်ပါတယ်။
Vasectomy လို့ခေါ်တဲ့ သားကြောဖြတ်ခြင်းလုပ်ဆောင်ပြီး တစ်ပတ်အတွင်းမှာလည်း သုတ်ရည်ထဲ သွေးပါနိုင်ပါတယ်။ အကျိတ် ကင်ဆာစတဲ့ အရာတွေကြောင့်လည်း ဖြစ်နိုင်ပေမယ့် ရှားပါတယ်။ လူငယ်တွေဆိုရင် ဖြစ်နိုင်ချေ ပိုနည်းပါတယ်။
ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ရာဂါပိုးတွေဖြစ်တဲ့ Chlamydia , herpesvirus cytomegalovirus နဲ့ trichomoniasis တွေမှာလည်း ဖြစ်နိုင်ချေရှိပါတယ်။ ဆီးကျိတ်ရောင်ရမ်းတာ ဆီးပြွန်ရောင်ယမ်းတာ ဆီးကျောက်တည်တာတွေကလည်း ထည့်သွင်းစဉ်းစားရမယ့် အချက်တွေပါပဲ။
၂။ ဘာရောဂါ လက္ခဏာတွေ တွဲဖက်တွေ့ရနိုင်သလဲ ?
ဆီးသွားရင် ပူတာနာကျင်တာ
- ဖျားတာ
- ဆီးထဲမှာ သွေးပါတာ
- ကျောအောင့်တာ စတာတွေကိုလည်း ဖြစ်တဲ့ရောဂါပေါ်မှာ လိုက်ပြီး တွဲဖက်တွေ့ရှိနိုင်ပါတယ်။
၃။ ဘယ်လိုကုသမလဲ ?
ဖြစ်တဲ့ရောဂါအခြေခံကို မူတည်ပြီး ကုသမှုပေးရမှာ ဖြစ်တွဲဖက်မခံစားရရောဂါပိုးကြောင့်ဆိုရင် ပိုးသတ်ဆေးပေးပြီး ကုသမှုမျိုးပါ။
ဆီးကျိတ်ရောင်နေတဲ့အခါမှာလည်း သုတ်ရည်ထဲမှာ သွေးပါတတ်ပါတယ်။ တကယ်လို့ တခြားသော ရောဂါလက္ခဏာတွေ တွဲဖက်မခံစားရဘူးဆိုရင်တော့ တဖြည်းဖြည်း သူ့ဘာသာ ပြန်လည်ပျောက်ကင်းပါတယ်လို့ ဆိုပါတယ်။
သတိပြုရမှာကတော့ တကယ်လို့ တစ်လကျော်လို့မှ မပျောက်ကင်းတာ သုတ်ရည်ထဲမှာ သွေးပါမြဲ ပါနေတာ ဆိုရင်တော့ ဆရာဝန်နဲ့ ပြသပြီး ဆေးကုသမှု ခံယူရမှာဖြစ်ပါတယ်။
လူငယ်တွေမှာ သုတ်ရည်ထဲသွေးပါခြင်းဟာ များသောအားဖြင့်တော့ ဆီးနဲ့ မျိုးပွားလမ်းကြောင်း ရောင်ယမ်းတာကြောင့် ဖြစ်လေ့ရှိပြီး ကုသမှု မလိုဘဲ ပျောက်ကင်းပါတယ်။ လူငယ်တွေမှာဆိုရင် ကင်ဆာ အကျိတ်တို့ ဖြစ်နိုင်ချေကလည်း အလွန်ပဲရှားပါတယ်။
#ခွန်းညိုသွေး
“သုတ္ရည္ထဲကေသြး”
“ငါ သုတ္ရည္ထဲမွာ ေသြးပါလို႔”
ငယ္သူငယ္ခ်င္းတစ္ေယာက္ ေဆးခန္းကိုေရာက္လာၿပီး တိုင္ပင္တာပါ။ ေသြးေတြ႕တယ္ဆိုေတာ့ သူလည္း လန္႔မွာေပါ့ေလ။
သုတ္ရည္ထဲ ေသြးပါရတဲ့ အေၾကာင္းရင္းကေတာ့ အမ်ိဳးသားရဲ႕ ဆီးလမ္းေၾကာင္းနဲ႔ မ်ိဳးပြား အဂၤါလမ္းေၾကာင္းေတြျဖစ္တဲ့ ဆီးအိတ္ ၊ဆီးႁပြန္၊ ေဝွးေစ့ ၊သုတ္ပို႔ႁပြန္ စတဲ့ အစိတ္အပိုင္းေတြမွာ ထိခိုက္မႈဒဏ္တစ္ခုခု ရွိေနလို႔ပါ။
ဆီးက်ိတ္လို႔ေခၚတဲ့ prostate gland အတြက္ အသားစ ထုတ္ယူၿပီးတဲ့အခါမွာလည္းေတြ႕ရတတ္ပါတယ္။
၁။ ဘာေၾကာင့္ ျဖစ္ရတာလဲ။
မ်ားေသာအားျဖင့္ ဆီးက်ိတ္ကို အသားစယူၿပီးတဲ့အခါမ်ိဳးမွာ ၃ပတ္ကေန ၄ပတ္အတြင္း သုတ္ရည္ထဲမွာ ေသြးပါႏိုင္ပါတယ္။
Vasectomy လို႔ေခၚတဲ့ သားေၾကာျဖတ္ျခင္းလုပ္ေဆာင္ၿပီး တစ္ပတ္အတြင္းမွာလည္း သုတ္ရည္ထဲ ေသြးပါႏိုင္ပါတယ္။ အက်ိတ္ ကင္ဆာစတဲ့ အရာေတြေၾကာင့္လည္း ျဖစ္ႏိုင္ေပမယ့္ ရွားပါတယ္။ လူငယ္ေတြဆိုရင္ ျဖစ္ႏိုင္ေခ် ပိုနည္းပါတယ္။
ဘက္တီးရီးယားနဲ႔ ဗိုင္းရပ္စ္ရာဂါပိုးေတြျဖစ္တဲ့ Chlamydia , herpesvirus cytomegalovirus နဲ႔ trichomoniasis ေတြမွာလည္း ျဖစ္ႏိုင္ေခ်ရွိပါတယ္။ ဆီးက်ိတ္ေရာင္ရမ္းတာ ဆီးႁပြန္ေရာင္ယမ္းတာ ဆီးေက်ာက္တည္တာေတြကလည္း ထည့္သြင္းစဥ္းစားရမယ့္ အခ်က္ေတြပါပဲ။
၂။ ဘာေရာဂါ လကၡဏာေတြ တြဲဖက္ေတြ႕ရႏိုင္သလဲ ?
ဆီးသြားရင္ ပူတာနာက်င္တာ
- ဖ်ားတာ
- ဆီးထဲမွာ ေသြးပါတာ
- ေက်ာေအာင့္တာ စတာေတြကိုလည္း ျဖစ္တဲ့ေရာဂါေပၚမွာ လိုက္ၿပီး တြဲဖက္ေတြ႕ရွိႏိုင္ပါတယ္။
၃။ ဘယ္လိုကုသမလဲ ?
ျဖစ္တဲ့ေရာဂါအေျခခံကို မူတည္ၿပီး ကုသမႈေပးရမွာ ျဖစ္တြဲဖက္မခံစားရေရာဂါပိုးေၾကာင့္ဆိုရင္ ပိုးသတ္ေဆးေပးၿပီး ကုသမႈမ်ိဳးပါ။
ဆီးက်ိတ္ေရာင္ေနတဲ့အခါမွာလည္း သုတ္ရည္ထဲမွာ ေသြးပါတတ္ပါတယ္။ တကယ္လို႔ တျခားေသာ ေရာဂါလကၡဏာေတြ တြဲဖက္မခံစားရဘူးဆိုရင္ေတာ့ တျဖည္းျဖည္း သူ႔ဘာသာ ျပန္လည္ေပ်ာက္ကင္းပါတယ္လို႔ ဆိုပါတယ္။
သတိျပဳရမွာကေတာ့ တကယ္လို႔ တစ္လေက်ာ္လို႔မွ မေပ်ာက္ကင္းတာ သုတ္ရည္ထဲမွာ ေသြးပါၿမဲ ပါေနတာ ဆိုရင္ေတာ့ ဆရာဝန္နဲ႔ ျပသၿပီး ေဆးကုသမႈ ခံယူရမွာျဖစ္ပါတယ္။
လူငယ္ေတြမွာ သုတ္ရည္ထဲေသြးပါျခင္းဟာ မ်ားေသာအားျဖင့္ေတာ့ ဆီးနဲ႔ မ်ိဳးပြားလမ္းေၾကာင္း ေရာင္ယမ္းတာေၾကာင့္ ျဖစ္ေလ့ရွိၿပီး ကုသမႈ မလိုဘဲ ေပ်ာက္ကင္းပါတယ္။ လူငယ္ေတြမွာဆိုရင္ ကင္ဆာ အက်ိတ္တို႔ ျဖစ္ႏိုင္ေခ်ကလည္း အလြန္ပဲရွားပါတယ္။
#ခြန္းညိဳေသြး