Blood clotting problems with Covid19

Covid19နှင့်သွေးခဲခြင်းပြသနာ

Covid 19ရောဂါကိုယ်တိုင်သည် သွေးခဲခြင်းကို ၈ဆမှ ၁ဝဆထိ ဖြစ်နိုင်ချေရှိပါတယ် ဒါကြောင့်မို့ ကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်ပေါ်နိုင်တဲ့ သွေးခဲခြင်းအန္တရာယ်နှင့် ချင့်ချိန်ပြီး ကာကွယ်ဆေးထိုးမထိုးကို ဆုံးဖြတ်ဖို့ရာ လိုအပ်ပါတယ် အထူးသဖြင့် ရောဂါအခံရှိသူတွေမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးနှုန်းမြင့်တာမို့ အထူးသတိပြုကြဖို့လည်းလိုပါတယ်။ ယခုcovidကာကွယ်ဆေးအမျိုးအစားတချို့မှာတော့ သွေးခဲခြင်း သွေးဥမွှားကျခြင်းများ ဖြစ်ပေါ်နိုင်ပါတယ်။ johnson and johnson ကနေထုတ်တဲ့ ကာကွယ်ဆေးကတော့ vector vaccineအမျိုးအစားဖြစ်ပြီး သိုလှောင်ရလွယ်ကူခြင်း တကြိမ်သာထိုးရခြင်း အားသာချက်များ ရှိပါတယ။် စမ်းသပ်ချက်များအရ ကာကွယ်မှုအားကောင်းသော ဆေးတမျိုးဖြစ်ပါတယ် ဧပြီလတွင် ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တွေအရ လူရသန်းအနက် ၆ယောက်မှာတော့ အထူးသဖြင့် ဥိးနှောက်သွေးပြန်ကြောသွေးခဲခြင်းနဲ့ သွေးဥမွှားကျဆင်းခြင်းများ ဖြစ်ပေါ်တတ်ပါတယ်။ တခြားခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်တဲ့ အဆုတ်စသည်တို့မှာလည်း သွေးခဲနိုင်ပါတယ်။

ကာကွယ်ဆေးထိုးပြီး ၂ပတ်ဝန်းကျင်တွင် ခံစားရလေ့ရှိတတ်ပါတယ် နောက်ဆေးတမျိုးမှာ covid shield လို့ လူသိများတဲ့ Oxford Astra Zena ကာကွယ်ဆေးဖြစ်ပါသည် ကောင်းကျိုးမှာ စရိတ်သက်သာပြီး သိုလှောင်ရလွယ်ကူခြင်း အာနိသင်ထိရောက်မှုအပိုင်းမှာလွန်စွာ ကောင်းမွန်ပါတယ်။ carrier vaccine အမျိုးအစားဖြစ်ပါတယ်။ ၄ပတ်မှ ၁၂ ပတ်ခြားပြီး ၂ကြိမ်ထိုးဖို့လိုပါတယ်။  ၁ကြိမ်ထိုးပါက ၇၆ရာခိုင်နှုန်းဝန်းကျင် ကာကွယ်နိုင်ပါတယ်။ ကြေညာချက်များအရ လူ၂၅သန်းမှာ ၆၂ယောက်မျှ ဦးနှောက်တွင် သွေးခဲတတ်ပါတယ်။ ထိုးပြီး ၃ပတ်ဝန်းကျင်မှာ သွေးခဲခြင်း သွေးဥမွှားကျဆင်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ ဦးနှောက်သွေးခဲသူတွေရဲ့ ၉ဝရာခိုင်နှုန်းမှာ ခေါင်းကိုက်ခြင်းကို ခံစားရလေ့ရှိပြီး လေဖြတ်ခြင်းကဲ့သို့ ဖြစ်တတ်ပါတယ်။ 0.00017 ရာခိုင်နှုန်းသာ အန္တရာယ်ရှိပြီး ဆက်လက်သုံးစွဲလျက် ရှိပါတယ်။ ဟော်မုန်းတားဆီးသောက်သုံးသူများ သွေးရောဂါရှိသူများအထူးဂရုစိုက်သင့်ပြီး သွေးခဲခြင်းများဖြစ်ပေါ်လာပါက heparinမပါဝင်သောသွေးကျဲဆေးများအသုံးပြုကာ ကုသနိုင်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီး သွေးခဲခြင်းများဖြစ်ပေါ်လာပါက ဆေးရုံဆေးခန်းသို့ အမြန်သွားရောက်ကြဖို့ရာလိုအပ်ပါတယ်။ covid 19 ရောဂါဟာ ကူးစက်မြန်ပြီး ရောဂါကိုယ်တိုင်ကပင် သွေးခဲတတ်တာကြောင့် အလွန်သတိထားရန် လိုအပ်ပါတယ်။

Related posts
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…
သွေးတိုးနှင့်နှလုံးရောဂါအထွေထွေရောဂါများ

နလုံးခုန် မြန်ခြင်းဟာအန္တရာယ်ရှိလား ❓

1 Mins read
👉နှလုံးခုန်မြန်တယ်ဆိုတာဘာလဲ❓ နှလုံးခုန် မြန်တယ်ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ကတော့ ဆေးပညာသဘောအရ ပုံမှန်အချိန်မှာကို တစ်မိနစ်အတွင်း နှလုံးရဲ့ခုန်တဲ့အကြိမ်အရေအတွက် ၁၀၀ ကျော်တာကိုဆိုလိုပါတယ်။ပြေးလွှား တောင်တက် အားကစားလုပ်တဲ့အချိန် ဘောလုံးကန်တဲ့ အချိန်မျိုးမှာလဲ ၁၀၀ ကျော်တတ်ပေမယ့် ဒါဟာပုံမှန်ပါပဲ။ 👉ဘယ်လိုသိနိုင်မလဲ ❓အခု ကိုဗစ်ကာလတုန်းကတိုင်းတဲ့ spO2…