နှာခေါင်းပိတ်ခြင်း
ဖျားနာပြီး နှာခေါင်းပိတ်၊နှာစေးတာ လူတိုင်းကြုံဖူးကြမှာပါ။သာမန် ရာသီတုပ်ကွေးကြောင့် နှာခေါင်းပိတ်၊နှာစေးခြင်းရှိသလို တစ်ခြားအကြောင်းတွေကြောင့်လည်း နှာခေါင်းပိတ်နိုင်ပါတယ်။သာမန် ရာသီတုပ်ကွေးဖျားနာကြောင့် နှာခေါင်းပိတ်တာဆိုရင် ၁ပတ်လောက်နေရင် သက်သာသွားတတ်ပါတယ်။
နှာခေါင်းပိတ်ရင် ညဘက်အိပ်ရတာ အဆင်မပြေတာကြောင့် သက်တောင့်သက်သာရှိစေရန် ဒါလေးတွေ လုပ်နိုင်ပါတယ်။
- ခေါင်းအုံးမြင့်မြင့် အုံးပါ။
- ရေနွေးငွေ့ကိုရှူခြင်းကလည်း နှာခေါင်းပိတ်တာကို သက်သာစေပါတယ်။
- (Saline spray or Saline drop) နှာခေါင်းထဲ အစက်ချဆေးရည် သုံးနိုင်ပါတယ်။
- Cetrizine, Loratadine ကဲ့သို့ ဆေးများ ညဘက်အိပ်ရာမဝင်ခင် သောက်နိုင်ပါတယ်။
ဆရာဝန်နဲ့ စနစ်တကျ ကုသဆွေးနွေးသင့်တဲ့ အခြေအနေကတော့
- ၇ရက်ထက် ကြာရှည်တဲ့ နှာခေါင်းပိတ်၊နှာစေးခြင်းများ
- အစိမ်းရောင် သို့မဟုတ် အဝါရောင် နှာရည်များ၊အကျိအချွဲများ ထွက်ခြင်း
- ထိပ်ခံနာရောဂါများ
- ပန်းနာရင်ကျပ်ကြောင့် အသက်ရှူမဝခြင်းများ တို့ဖြစ်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခုပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည် (ဆေး ၂)
ႏွာေခါင္းပိတ္ျခင္း
ဖ်ားနာၿပီး ႏွာေခါင္းပိတ္၊ႏွာေစးတာ လူတိုင္းၾကံဳဖူးၾကမွာပါ။သာမန္ ရာသီတုပ္ေကြးေၾကာင့္ ႏွာေခါင္းပိတ္၊ႏွာေစးျခင္း႐ွိသလို တစ္ျခားအေၾကာင္းေတြေၾကာင့္လည္း ႏွာေခါင္းပိတ္ႏိုင္ပါတယ္။သာမန္ ရာသီတုပ္ေကြးဖ်ားနာေၾကာင့္ ႏွာေခါင္းပိတ္တာဆိုရင္ ၁ပတ္ေလာက္ေနရင္ သက္သာသြားတတ္ပါတယ္။
ႏွာေခါင္းပိတ္ရင္ ညဘက္အိပ္ရတာ အဆင္မေျပတာေၾကာင့္ သက္ေတာင့္သက္သာ႐ွိေစရန္ ဒါေလးေတြ လုပ္ႏိုင္ပါတယ္။
- ေခါင္းအံုးျမင့္ျမင့္ အံုးပါ။
- ေရေႏြးေငြ႕ကို႐ွဴျခင္းကလည္း ႏွာေခါင္းပိတ္တာကို သက္သာေစပါတယ္။
- (Saline spray or Saline drop) ႏွာေခါင္းထဲ အစက္ခ်ေဆးရည္ သံုးႏိုင္ပါတယ္။
- Cetrizine, Loratadine ကဲ့သို႔ ေဆးမ်ား ညဘက္အိပ္ရာမဝင္ခင္ ေသာက္ႏိုင္ပါတယ္။
ဆရာဝန္နဲ႔ စနစ္တက် ကုသေဆြးေႏြးသင့္တဲ့ အေျခအေနကေတာ့
- ၇ရက္ထက္ ၾကာ႐ွည္တဲ့ ႏွာေခါင္းပိတ္၊ႏွာေစးျခင္းမ်ား
- အစိမ္းေရာင္ သို႔မဟုတ္ အဝါေရာင္ ႏွာရည္မ်ား၊အက်ိအခြၽဲမ်ား ထြက္ျခင္း
- ထိပ္ခံနာေရာဂါမ်ား
- ပန္းနာရင္က်ပ္ေၾကာင့္ အသက္႐ွဴမဝျခင္းမ်ား တို႔ျဖစ္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခုပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္ (ေဆး ၂)