နှာပိတ်ခြင်း၊နှာခေါင်းပိတ်ခြင်း
ချမ်းအေးလှတဲ့ ဆောင်းရာသီမှာ မနက်ခင်း.. အနွေးထည်ထူထူမဝတ်မိလို့ အအေးမိတာမျိုး၊ ညခင်းဘက် အလည်ထွက်ရင်း လေအေးမိလို့ ဖျားနာတာမျိုး၊ ဒ့ါပြင် ရာသီတုပ်ကွေးမိတာ မျိုး ဖြစ်တတ်လေ့ ရှိပါတယ်… ဖျားနာတာနဲ့ အတူ… နှာစေးတာ ၊ ချောင်းဆိုးတာ၊ နှာပိတ်တာ တွေ တွဲပြီး ဖြစ်တတ်လေ့ရှိကြပါတယ်.. ဒီထဲကမှ နှာပိတ်ခြင်း အကြောင်းကို ပြောပြချင်ပါတယ်…
နှာ ဘာကြောင့်ပိတ်လဲ…
နှာပိတ်တယ်ဆိုတာ… အတော်နေရခက်တဲ့ အမျိုးပါ… အသက်ရှုရခက်ခဲတယ်လို့ ခံစားရသလို.. စကားပြောတဲ့အခါမှာလဲ အသံပြောင်းနေတာကြောင့် ရယ်ချင်စရာ ဖြစ်လို့နေပါတယ်..ဒီအခါမှာ ခံရခက်ပြီး နှာညှစ်သော်ငြား ပိတ်မြဲ ပိတ်လို့နေပါတယ်
ဒီလို နှာပိတ်ခြင်းဟာ.. နှာခေါင်းတွင်းမှာ နှာရည်တွေ များခြင်းကြောင့်လို့ ပိတ်နေတာလို့ လူများစုက ထင်ကြပါတယ်.. သို့သော်.. နှာပိတ်တာဟာ နှာခေါင်းတွင်းက sinus လို့ခေါ်တဲ့ အခေါင်းပေါက်ပုံစံ အခန်းငယ်တွေထဲမှာ သွေးကြောတွေ ရောင်တာကြောင့်ဖြစ်ပါတယ်.. ဒီလို ရောင်ရတာဟာ ပြောခဲ့သလို အအေးမိခြင်း၊ ရာသီတုပ်ကွေး၊ ဓာတ်မတည့်ခြင်းနဲ့.. ရောဂါပိုး တမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်…
နှာပိတ်တာ သက်သာအောင် ပျောက်အောင် ဒီလိုတွေ လုပ်လို့ရပါတယ်…
humidifier ခေါ် ရေငွေ့ပေးစက်ကို မိမိအခန်းတွင်း ဖွင့်ထားခြင်း..
ဒီလို စိုစွတ်တဲ့ အငွေ့ပုံစံမျိုးဟာ သင့်နှာခေါင်းထဲက နှာရည်တွေကို နည်းပါးစေသလို… သွေးကြောရောင်ရမ်းခြင်းတွေကိုလဲ သက်သာစေပါတယ်..
ရေပူရေနွေးနှင့် ရေချိုးခြင်း
– ဒီလို ချိုးလိုက်ခြင်းအားဖြင့် နှာရည်တွေ လျော့ပါးစေသလို အသက်ရှုရ ပိုလွယ်ကူစေပြီး သွေးကြော ရောင်တာတွေကို သက်သာစေနိုင်ပါတယ်
– ရေဓာတ်လုံလောက်အောင် ရေများများသောက်ခြင်း(juice၊ စွပ်ပြုတ်၊sport drink)
ရှုဆေး အသုံးပြုခြင်း
– တချို့သော ရှုဆေးတွေဟာ ဓာတ်မတည့်တာမျိုး ဖြစ်တတ်လို့ မိမိနဲ့သင့်လျော်သော ရှုဆေးကို ဆရာဝန်ဆီမှာ တိုင်ပင်ပီးမှ အသုံးပြုသင့်ပါတယ်..
– ကရားအိုးပုံသဏ္ဏာန်ရှိသော neti pot လို့ခေါ်တဲ့ နှာခေါင်းထဲက နှာရည် အညစ်အကြေးတွေကို ရှင်းလေးပေးနိုင်တဲ့ အရာကို အသုံးပြုနိုင်ပါတယ်..
ရေနွေးအဝတ်ဖြင့် နဖူးနှင့် နှာခေါင်းပေါ် အုပ်ပေးခြင်း
– ဒီလို အုပ်ပေးခြင်းအားဖြင့်.. နှာရည်ကျခြင်းကြောင့် နှာခေါင်းတွင်း နာကျင်တာကို သက်သာစေသလို နှာခေါင်းတွင်း ရောင်တာကိုလဲ သက်သာစေပါတယ်…
Antihistamine or antiallergic ဆေးများ
တချို့ နှာပိတ်ခြင်းတွေဟာ.. ဓာတ်မတည့်တာတွေကြောင့် ဖြစ်တတ်တာမို့.. ဆေးများ အသုံးပြုသင့်ပေမယ့်… မိမိဘာသာ အလွယ်တကူ တော့ မသောက်သုံးသင့်ပါဘူး… သင့်လျော်သော ဆေးကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်သုံးသင့်ပါတယ်…
ဒီလိုနည်းများအားဖြင့် သက်သာခြင်းမရှိတဲ့ ပိတ်မြဲ ပိတ်နေပြီး..
– နှာခေါင်းနာခြင်း
– နားထဲ နားခြင်း
– ချောင်းဆိုးလာခြင်း
– ရင်ကြပ်ခြင်းတွေ ဖြစ်လာခဲ့ပါက ဆရာဝန်နှင့် သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်…
ရာသီကြောင့် ဖြစ်တဲ့ တုပ်ကွေး၊ အအေးမိ ဖျားနာခြင်းကင်းကာ အလုပ်ကိုင် အဆင်ပြေပြီး ဆောင်းတွင်းကာလကို ကျန်းမာစွာ ဖြတ်သန်းနိုင်ကြပါစေလို့ .. တောင်းဆု မေတ္တာပြုလျက်…
ပိုင်နီမောင်
ႏွာပိတ္ျခင္း၊ႏွာေခါင္းပိတ္ျခင္း
ခ်မ္းေအးလွတဲ့ ေဆာင္းရာသီမွာ မနက္ခင္း.. အေႏြးထည္ထူထူမဝတ္မိလို႔ အေအးမိတာမ်ိဳး၊ ညခင္းဘက္ အလည္ထြက္ရင္း ေလေအးမိလို႔ ဖ်ားနာတာမ်ိဳး၊ ဒ့ါျပင္ ရာသီတုပ္ေကြးမိတာ မ်ိဳး ျဖစ္တတ္ေလ့ ႐ွိပါတယ္… ဖ်ားနာတာနဲ႔ အတူ… ႏွာေစးတာ ၊ ေခ်ာင္းဆိုးတာ၊ ႏွာပိတ္တာ ေတြ တဲြၿပီး ျဖစ္တတ္ေလ့႐ွိၾကပါတယ္.. ဒီထဲကမွ ႏွာပိတ္ျခင္း အေၾကာင္းကို ေျပာျပခ်င္ပါတယ္…
ႏွာ ဘာေၾကာင့္ပိတ္လဲ…
ႏွာပိတ္တယ္ဆိုတာ… အေတာ္ေနရခက္တဲ့ အမ်ိဳးပါ… အသက္႐ႈရခက္ခဲတယ္လို႔ ခံစားရသလို.. စကားေျပာတဲ့အခါမွာလဲ အသံေျပာင္းေနတာေၾကာင့္ ရယ္ခ်င္စရာ ျဖစ္လို႔ေနပါတယ္..ဒီအခါမွာ ခံရခက္ၿပီး ႏွာညႇစ္ေသာ္ျငား ပိတ္ျမဲ ပိတ္လို႔ေနပါတယ္
ဒီလို ႏွာပိတ္ျခင္းဟာ.. ႏွာေခါင္းတြင္းမွာ ႏွာရည္ေတြ မ်ားျခင္းေၾကာင့္လို႔ ပိတ္ေနတာလို႔ လူမ်ားစုက ထင္ၾကပါတယ္.. သို႔ေသာ္.. ႏွာပိတ္တာဟာ ႏွာေခါင္းတြင္းက sinus လို႔ေခၚတဲ့ အေခါင္းေပါက္ပံုစံ အခန္းငယ္ေတြထဲမွာ ေသြးေၾကာေတြ ေရာင္တာေၾကာင့္ျဖစ္ပါတယ္.. ဒီလို ေရာင္ရတာဟာ ေျပာခဲ့သလို အေအးမိျခင္း၊ ရာသီတုပ္ေကြး၊ ဓာတ္မတည့္ျခင္းနဲ႔.. ေရာဂါပိုး တမ်ိဳးမ်ိဳးေၾကာင့္ ျဖစ္ႏိုင္ပါတယ္…
ႏွာပိတ္တာ သက္သာေအာင္ ေပ်ာက္ေအာင္ ဒီလိုေတြ လုပ္လို႔ရပါတယ္…
humidifier ေခၚ ေရေငြ႔ေပးစက္ကို မိမိအခန္းတြင္း ဖြင့္ထားျခင္း..
ဒီလို စိုစြတ္တဲ့ အေငြ႔ပံုစံမ်ိဳးဟာ သင့္ႏွာေခါင္းထဲက ႏွာရည္ေတြကို နည္းပါးေစသလို… ေသြးေၾကာေရာင္ရမ္းျခင္းေတြကိုလဲ သက္သာေစပါတယ္..
ေရပူေရေႏြးႏွင့္ ေရခ်ိဳးျခင္း
– ဒီလို ခ်ိဳးလိုက္ျခင္းအားျဖင့္ ႏွာရည္ေတြ ေလ်ာ့ပါးေစသလို အသက္႐ႈရ ပိုလြယ္ကူေစၿပီး ေသြးေၾကာ ေရာင္တာေတြကို သက္သာေစႏိုင္ပါတယ္
– ေရဓာတ္လံုေလာက္ေအာင္ ေရမ်ားမ်ားေသာက္ျခင္း(juice၊ စြပ္ျပဳတ္၊sport drink)
႐ႈေဆး အသံုးျပဳျခင္း
– တခ်ိဳ႕ေသာ ႐ႈေဆးေတြဟာ ဓာတ္မတည့္တာမ်ိဳး ျဖစ္တတ္လို႔ မိမိနဲ႔သင့္ေလ်ာ္ေသာ ႐ႈေဆးကို ဆရာဝန္ဆီမွာ တိုင္ပင္ပီးမွ အသံုးျပဳသင့္ပါတယ္..
– ကရားအိုးပံုသဏၰာန္႐ွိေသာ neti pot လို႔ေခၚတဲ့ ႏွာေခါင္းထဲက ႏွာရည္ အညစ္အေၾကးေတြကို ႐ွင္းေလးေပးႏိုင္တဲ့ အရာကို အသံုးျပဳႏိုင္ပါတယ္..
ေရေႏြးအဝတ္ျဖင့္ နဖူးႏွင့္ ႏွာေခါင္းေပၚ အုပ္ေပးျခင္း
– ဒီလို အုပ္ေပးျခင္းအားျဖင့္.. ႏွာရည္က်ျခင္းေၾကာင့္ ႏွာေခါင္းတြင္း နာက်င္တာကို သက္သာေစသလို ႏွာေခါင္းတြင္း ေရာင္တာကိုလဲ သက္သာေစပါတယ္…
Antihistamine or antiallergic ေဆးမ်ား
တခ်ိဳ႕ ႏွာပိတ္ျခင္းေတြဟာ.. ဓာတ္မတည့္တာေတြေၾကာင့္ ျဖစ္တတ္တာမို႔.. ေဆးမ်ား အသံုးျပဳသင့္ေပမယ့္… မိမိဘာသာ အလြယ္တကူ ေတာ့ မေသာက္သံုးသင့္ပါဘူး… သင့္ေလ်ာ္ေသာ ေဆးကို ဆရာဝန္ ၫႊန္ၾကားတဲ့အတိုင္း ေသာက္သံုးသင့္ပါတယ္…
ဒီလိုနည္းမ်ားအားျဖင့္ သက္သာျခင္းမ႐ွိတဲ့ ပိတ္ျမဲ ပိတ္ေနၿပီး..
– ႏွာေခါင္းနာျခင္း
– နားထဲ နားျခင္း
– ေခ်ာင္းဆိုးလာျခင္း
– ရင္ၾကပ္ျခင္းေတြ ျဖစ္လာခဲ့ပါက ဆရာဝန္ႏွင့္ ေသခ်ာျပသၿပီး ကုသမႈခံယူသင့္ပါတယ္…
ရာသီေၾကာင့္ ျဖစ္တဲ့ တုပ္ေကြး၊ အေအးမိ ဖ်ားနာျခင္းကင္းကာ အလုပ္ကိုင္ အဆင္ေျပၿပီး ေဆာင္းတြင္းကာလကို က်န္းမာစြာ ျဖတ္သန္းႏိုင္ၾကပါေစလို႔ .. ေတာင္းဆု ေမတၱာျပဳလ်က္…
ပိုင္နီေမာင္