နို့ချောင်းပိတ်ခြင်း

နို့ချောင်းပိတ်တယ်ဆိုတာ….

နို့ချောင်းခေါ် နို့ပြွန်တွေဟာ….. နို့တွေကို သင့်ရင်သားရဲ့အောက်ခြေတစ်သျှူးတွေဆီကနေ နို့သီးခေါင်းထိပ်ဆီကို ပို့ပေးတဲ့ ပြွန်တွေဖြစ်ပါတယ်..။ ဒီပြွန်တွေထဲက တချိူ့ဖြစ်ဖြစ် ပိတ်တဲ့အခါ အဲဒီ နို့လမ်းကြောင်းမှာ နို့ကောင်းကောင်းမထွက်တော့ဘဲ… နို့တွေက နောက်ပြန်သွားပါတယ်..။ အဲဒီအခါ ရင်သားကဖောင်းလာပြီး မိခင်ကို နာကျင်ခြင်းနဲ့ မသက်မသာဖြစ်ခြင်းကိုခံစားရနိုင်ပါတယ်..။ ဒီပိတ်ဆို့နေတဲ့ နို့တွေကို ကောင်းကောင်းထွက်အောင်မလုပ်နိုင်ရင် ရင်သားရောင်ယမ်းခြင်းနဲ့ ပိုးဝင်ခြင်းကိုပါ ဖြစ်စေနိုင်တာမို့ မပေါ့ဆသင့်ပါဘူး..။

ဘာကြောင့် နို့ချောင်းပိတ်ရတာလဲ

သင့်ကလေးက နို့မကြာမဏ မစို့တဲ့အခါ…. သင်က ခဏခဏတိုက်မပေးတာပဲဖြစ်ဖြစ်… ကလေးက အကြောင်းတစ်ခုခုကြောင့်မစို့တာပဲဖြစ်ဖြစ် အဲလိုအခါမျိူးမှာ နို့ချောင်းပိတ်တတ်ပါတယ်.။
သင့်ကလေးက လုံလုံလောက်လောက်များများမစို့တဲ့အခါ…. သင့်ရင်သားတွေ အရမ်းတင်းနေရင်ဖြစ်ဖြစ် …. နို့သီးခေါင်းအထဲဝင်နေရင်ဖြစ်ဖြစ်…. ဒါမှမဟုတ် သင့်ကလေးမှာ လျှာခင်တွဲနေတာမျိူးရှိရင်ဖြစ်ဖြစ် ကလေးက သင့်နို့တွေကို လ့ုလောက်အောင်မစို့တဲ့အခါ နို့ချောင်းပိတ်တတ်ပါတယ်…။
သင်အဝတ်တွေကိုတင်းတင်းကြပ်ကြပ်ဝတ်ထားမိပြီး ရင်သားကို ဖိထားသလိုဖြစ်တဲ့အခါ ပိတ်တတ်ပါတယ်…။

နို့ချောင်းပိတ်ရင် ဘာလုပ်ရမလဲ

သင့်နို့သီးခေါင်းထိပ်ကို သန့်ရှင်းရေးလုပ်ပေးပါ..။ ရေချိူးပြီးခါစအချိန်မျိူးမှာ နူးညံံ့တဲ့တဘက် ဒါမှမဟုတ် ဖလန်နယ်လို အစမျိူးကိုရေနွေးနွေးမှာ စိမ်ပြီး ခပ်ဖြည်းဖြည်းပွတ်တိုက်ပေးပါ..။

နို့ချောင်းပိတ်တဲ့ဖက်က ရင်သားကိုလည်း သင့်ကလေးဆက်စို့ပါစေ…ဒါက ပိတ်နေတဲ့နို့တွေမြန်မြန်စီးဆင်းသွားနိုင်ဖို့ ကူညီပေးပါလိမ့်မယ်..။
မကြာခဏ နို့တိုက်ပေးပါ..။ နို့တိုက်ချိန် တစ်ခါနဲ့တစ်ခါကြားမကြာပါစေနဲ့..။ လိုအပ်ရင် သင့်ကလေးအိပ်နေရင်တောင် ကလေးကိုနှိူးပြီးတော့တိုက်ပေးပါ..။ ကလေးမစို့သေးတဲ့ ကြားချိန်မှာလည်း နို့တွေကို သင့်ဖာသာ လက်နဲ့ညှစ်ပြီး နို့ရည်တွေ ထွက်သွားအောင်လုပ်ပေးပါ..။

ကလေးကို နို့တိုက်ပုံတိုက်နည်း မှန်ကန်ပါစေ..။ လိုအပ်ရင် ဆရာဝန် ဆရာမရဲ့ အကူအညီရယူပါ..။

သင့်ကလေးက အကြောင်းတစ်ခုခုကြောင့် နို့သေချာမစို့နိုင်ဘူးဆိုရင် …. သင့်ဖာသာ လက်နဲ့ နို့ကိုညှစ်ထုတ်ပေးပါ..။ နို့ညှစ်တဲ့ အကူကိရိယာ ဒါမှမဟုတ် နို့ညှစ်စက်ကို လည်း သုံးနိုင်ပါတယ်..။

နာကျင်မှူသက်သာစေဖို့

ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးပုလင်း ဒါမှမဟုတ် ရေနွေးဆွတ်ထားတဲ့ ဖလန်နယ်စနဲ့ သင့်ရင်သားကို ဖိကပ်ပေးပါ…။ ရေချိူးတဲ့အခါ ရေနွေးနွေးနဲ့ ချိူးပါ…။ ရေနွေးက အရောင်လျော့စေနိုင်ပါတယ်..။

လက်ဖဝါးပြင်နဲ့ ရင်သားကို နှိပ်နယ်ပေးပါ..။

ကလေးကို ပုံစံပြောင်းပြီးနို့တိုက်ပါ..။ ဥပမာ ထိုင်ရက်အနေအထားအပြင် ဘေးတစောင်းလှဲပြီး ကလေးကို သင့်လက်မောင်းအောက်မှာထားပြီး နို့တိုက်တာမျူးိလုပ်နိုင်ပါတယ်…။

ပါရာစီတမော ဒါမှမဟုတ် ibuprofen လို အကိုက်အခဲပျောက်ဆေးမျိူး လိုအပ်ရင်သောက်နိုင်ပါတယ်..။

အပေါ်မှာပြောခဲ့တဲ့နည်းလမ်းတွေကို လုပ်ကြည့်လို့ ဆယ့်နှစ်နာရီကနေ နှစ်ဆယ့်လေးနာရီအတွင်း သက်သာမလာရင်… ဒါမှမဟုတ် ရင်သားနီရဲရောင်ယမ်းတာ …..ဖျားတာ စတာတွေရှိရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှူခံယူသင့်ပါတယ်…..။ ဆရာဝန်က လိုအပ်ရင် သင့်ကို ပိုးသတ်ဆေးပေးပါလိမ့်မယ်…။

မေတ္တာဖြင့်

ဒေါက်တာ စိမ်းမိုးစက်

Ref…..
https://www.babycentre.co.uk/a8494/blocked-ducts-during-breastfeeding

နို႕ေခ်ာင္းပိတ္ျခင္း

နို႕ေခ်ာင္းပိတ္တယ္ဆိုတာ….

နို႕ေခ်ာင္းေခၚ နို႕ျပြန္ေတြဟာ….. နိုု႕ေတြကို သင့္ရင္သားရဲ႕ေအာက္ေျခတစ္သ်ွဴးေတြဆီကေန နို႕သီးေခါင္းထိပ္ဆီကို ပို႕ေပးတဲ႕ ျပြန္ေတြျဖစ္ပါတယ္..။ ဒီျပြန္ေတြထဲက တခ်ိဴ႕ျဖစ္ျဖစ္ ပိတ္တဲ႕အခါ အဲဒီ နို႕လမ္းေၾကာင္းမွာ နို႕ေကာင္းေကာင္းမထြက္ေတာ့ဘဲ… နို႕ေတြက ေနာက္ျပန္သြားပါတယ္..။ အဲဒီအခါ ရင္သားကေဖာင္းလာျပီး မိခင္ကို နာက်င္ျခင္းနဲ႕ မသက္မသာျဖစ္ျခင္းကိုခံစားရနိုင္ပါတယ္..။ ဒီပိတ္ဆို႕ေနတဲ႕ နို႕ေတြကို ေကာင္းေကာင္းထြက္ေအာင္မလုပ္နိုင္ရင္ ရင္သားေရာင္ယမ္းျခင္းနဲ႕ ပိုး၀င္ျခင္းကိုပါ ျဖစ္ေစနိုင္တာမို႕ မေပါ့ဆသင့္ပါဘူး..။

ဘာေၾကာင့္ နို႕ေခ်ာင္းပိတ္ရတာလဲ

သင့္ကေလးက နို႕မၾကာမဏ မစို႕တဲ႕အခါ…. သင္က ခဏခဏတိုက္မေပးတာပဲျဖစ္ျဖစ္… ကေလးက အေၾကာင္းတစ္ခုခုေၾကာင့္မစို႕တာပဲျဖစ္ျဖစ္ အဲလိုအခါမ်ိဴးမွာ နို႕ေခ်ာင္းပိတ္တတ္ပါတယ္.။
သင့္ကေလးက လံုလံုေလာက္ေလာက္မ်ားမ်ားမစို႕တဲ႕အခါ…. သင့္ရင္သားေတြ အရမ္းတင္းေနရင္ျဖစ္ျဖစ္ …. နို႕သီးေခါင္းအထဲ၀င္ေနရင္ျဖစ္ျဖစ္…. ဒါမွမဟုတ္ သင့္ကေလးမွာ လွ်ာခင္တြဲေနတာမ်ိဴးရွိရင္ျဖစ္ျဖစ္ ကေလးက သင့္နို႕ေတြကို လ့ုေလာက္ေအာင္မစို႕တဲ႕အခါ နို႕ေခ်ာင္းပိတ္တတ္ပါတယ္…။
သင္အ၀တ္ေတြကိုတင္းတင္းၾကပ္ၾကပ္၀တ္ထားမိျပီး ရင္သားကို ဖိထားသလိုျဖစ္တဲ႕အခါ ပိတ္တတ္ပါတယ္…။

နို႕ေခ်ာင္းပိတ္ရင္ ဘာလုပ္ရမလဲ

သင့္နို႕သီးေခါင္းထိပ္ကို သန့္ရွင္းေရးလုပ္ေပးပါ..။ ေရခ်ိဴးျပီးခါစအခ်ိန္မ်ိဴးမွာ နူးညံံ႕တဲ႕တဘက္ ဒါမွမဟုတ္ ဖလန္နယ္လို အစမ်ိဴးကိုေရေႏြးေႏြးမွာ စိမ္ျပီး ခပ္ျဖည္းျဖည္းပြတ္တိုက္ေပးပါ..။

နို႔ေခ်ာင္းပိတ္တဲ႔ဖက္က ရင္သားကိုလည္း သင့္ကေလးဆက္စို႕ပါေစ…ဒါက ပိတ္ေနတဲ႕နို႕ေတြျမန္ျမန္စီးဆင္းသြားနိုင္ဖို႕ ကူညီေပးပါလိမ့္မယ္..။
မၾကာခဏ နို႔တိုက္ေပးပါ..။ နို႕တိုက္ခ်ိန္ တစ္ခါနဲ႕တစ္ခါၾကားမၾကာပါေစနဲ႕..။ လိုအပ္ရင္ သင့္ကေလးအိပ္ေနရင္ေတာင္ ကေလးကိုနိွူးျပီးေတာ့တိုက္ေပးပါ..။ ကေလးမစို႕ေသးတဲ႕ ၾကားခ်ိန္မွာလည္း နို႕ေတြကို သင့္ဖာသာ လက္နဲ႕ညွစ္ျပီး နို႕ရည္ေတြ ထြက္သြားေအာင္လုပ္ေပးပါ..။

ကေလးကို နို႔တိုက္ပံုတိုက္နည္း မွန္ကန္ပါေစ..။ လိုအပ္ရင္ ဆရာ၀န္ ဆရာမရဲ႕ အကူအညီရယူပါ..။

သင့္ကေလးက အေၾကာင္းတစ္ခုခုေၾကာင့္ နို႕ေသခ်ာမစို႕နိုင္ဘူးဆိုရင္ …. သင့္ဖာသာ လက္နဲ႕ နို႕ကိုညွစ္ထုတ္ေပးပါ..။ နို႕ညွစ္တဲ႕ အကူကိရိယာ ဒါမွမဟုတ္ နို႕ညွစ္စက္က္ို လည္း သံုးနိုင္ပါတယ္..။

နာက်င္မွူသက္သာေစဖို႕

ေရေႏြးအိတ္ ဒါမွမဟုတ္ ေရေႏြးပုလင္း ဒါမွမဟုတ္ ေရေႏြးဆြတ္ထားတဲ႕ ဖလန္နယ္စနဲ႕ သင့္ရင္သားကို ဖိကပ္ေပးပါ…။ ေရခ်ိဴးတဲ႕အခါ ေရေႏြးေႏြးနဲ႕ ခ်ိဴးပါ…။ ေရေႏြးက အေရာင္ေလ်ာ့ေစနိုင္ပါတယ္..။

လက္ဖ၀ါးျပင္နဲ႕ ရင္သားကို နွိပ္နယ္ေပးပါ..။

ကေလးကို ပံုစံေျပာင္းျပီးနို႕တိုက္ပါ..။ ဥပမာ ထိုင္ရက္အေနအထားအျပင္ ေဘးတေစာင္းလွဲျပီး ကေလးကို သင့္လက္ေမာင္းေအာက္မွာထားျပီး နို႕တိုက္တာမ်ဴးိလုပ္နိုင္ပါတယ္…။

ပါရာစီတေမာ ဒါမွမဟုတ္ ibuprofen လို အကိုက္အခဲေပ်ာက္ေဆးမ်ိဴး လိုအပ္ရင္ေသာက္နိုင္ပါတယ္..။

အေပၚမွာေျပာခဲ႕တဲ႕နည္းလမ္းေတြကို လုပ္ၾကည့္လို႕ ဆယ့္နွစ္နာရီကေန နွစ္ဆယ့္ေလးနာရီအတြင္း သက္သာမလာရင္… ဒါမွမဟုတ္ ရင္သားနီရဲေရာင္ယမ္းတာ …..ဖ်ားတာ စတာေတြရွိရင္ေတာ့ ဆရာ၀န္နဲ႕ျပသျပီး ကုသမွူခံယူသင့္ပါတယ္…..။ ဆရာ၀န္က လိုအပ္ရင္ သင့္ကို ပိုးသတ္ေဆးေပးပါလိမ္႕မယ္…။

ေမတၱာျဖင့္

ေဒါက္တာ စိမ္းမိုးစက္

Ref…..
https://www.babycentre.co.uk/a8494/blocked-ducts-during-breastfeeding

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…

Leave a Reply

Your email address will not be published. Required fields are marked *