သားမဲ့သန္ဓေ

သားမဲ့သန္ဓေဆိုတာ မျိုးအောင်ပြီး မမျိုးဥဟာ သားအိမ်နရံကိုတွယ်ကပ်ပေမယ့် သန္ဓေသားအဖြစ် ဖွံဖြိုးမှုမရှိလာခြင်းကိုခေါ်ပါတယ် ။ ဒီကိစ္စဟာ ကိုယ်ဝန်အစောပိုင်း သားပျက်သားလျှောခြင်းဖြစ်စဉ်တွေထဲမှာ အဓိကအဖြစ်များဆုံးပဲဖြစ်ပါတယ် ။ တစ်ခါတစ်ရံ စောလွန်းတဲ့အတွက် ကိုယ်ဝန်ရှိမှန်းတောင် မသိလိုက်သည်အထိ ဖြစ်ပွားပါတယ် ။

ဒီသားမဲ့သန္ဓေဖြစ်စဉ်ဟာ ကိုယ်ဝန်ဆောင်ပထမ သုံးလပတ်အတွင်း ကိုယ်ဝန်ပျက်ကျခြင်း နှစ်ကြိမ်လျှင် တစ်ကြိမ် ဟာ ဒီဖြစ်စဉ်ကြောင့်ဖြစ်သာ်အထိ များပြားပါတယ် ။

အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရှိတဲ့အခါ မျိုးအောင်ပြီးတဲ့ မမျိုးဥဟာ သားအိမ်နံရံကို တွယ်ကပ်ပြီး ငါးပတ်ကနေ ခြောက်ပတ်ကြာတဲ့အချိန်မှာ သန္ဓေသားလောင်းလေးအဖြစ် စရှိသင့်နေပါပြီ ။ ဒီသားမဲ့သန္ဓေဖြစ်တဲ့အခါ သန္ဓေသားကို ဝန်းရံပြီး အုပ်ထားတဲ့ ရေမွှာအိတ်ဟာ ကြီးလာပေမယ့် အထဲမှာ သန္ဓေသားဟာ မဖွံ့ဖြိုးလာဘဲ ရှိနေပါတယ် ။

ဘာကြောင့်ဖြစ်ပွားရသလဲ ?

အဓိကမှာ Genes မျိုးရိုးဗီဇကြောင့်ဖြစ်ပါတယ် ။ တစ်ခါတစ်ရံ မမျိုးဥ သုတ်ပိုးကောင် အရည်အသွေးအားနည်းတာကြောင့်လဲဖြစ်နိုင်ပါတယ် ။

အဓိကမှတ်သားရန်မှာ ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းဟာ သင့်အနေအထိုင်အပြုအမူ သင့်ကြောင့်လုံးဝမဟုတ်သလို ကာကွယ်လို့လဲမရပါဘူး ။ အမျိုးသမီးအများစုမှာ ဒီလိုသားမဲ့သန္ဓေဟာ အနည်းဆုံးတစ်ကြိမ်တော့ဖြစ်ပွားပါတယ် ။

ရောဂါလက္ခဏာများ

ဒီလိုသားမဲ့သန္ဓေဖြစ်တဲ့အခါ သင့်အနေနဲ့ ပုံမှန်ကိုယ်ဝန်ဆောင်သကဲ့သို့ လက္ခဏာများခံစားတွေ့ရှိရနိုင်ပါတယ် ။ ဆီးစစ်ကြည့်တဲ့အခါမှာလဲ ကိုယ်ဝန်ရှိကြောင်း ပြနိုင်ပါတယ် ။

ထိုကဲ့သို့လက္ခဏာရပ်များပြပြီး မကြာမီ သားပျက်သားလျှော လက္ခဏာတွေ ခံစားရနိုင်ပါတယ် ။ လက္ခဏာရပ်များအနေနဲ့

* ဗိုက်အောင့်တာ

* သွေးဆင်းတာ အစက်အပျောက်တွေစွန်းတာ

* ပုံမှန်ထက်သွေးဆင်းမှု များပြားတာ

ဒီလိုလက္ခတွေတွေ့ရှိရပြီဆို သင့်အနေနဲ့ ပျက်ကျခြင်းအခြေအနေဖြစ်နေပါပြီ ။

ဒီရောဂါကိုသိရှိစေရန်နှင့် သေချာရောဂါနာမည်တပ်နိုင်စေရန် အတွက် သွေးအတွင်း hCG ပမာဏကိုတိုင်းနိုင်ပြီး Ultrasounds နှင့် ကြည့်ရှုစမ်းသပ်ရန် လိုအပ်ပါတယ် ။

ဒါကြောင့်သင့်အနေနဲ့ သံသယရှိတဲ့အခါ အချိန်မရွေး ဆရာဝန်နှင့် လျင်လျင်မြန်မြန်ပြသရန်လိုအပ်ပြီး သက်ဆိုင်ရာဆရာဝန်မှ သားအိမ်ထဲတွင် အန္တရာယ်ရှိပစ္စည်းများမကျန်ရန် သားအိမ်ခြစ်ခြင်းကဲ့သို့ လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မှာပဲ ဖြစ်ပါတယ် ။

အားလုံးကျန်းမာကြပါစေ

ဒေါက်ပီ

Related posts
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

မေမေတို့အတွက် အမြွှာပူး ရနိုင်သောအခြေအနေများ

1 Mins read
အမြွှာဖြစ်ရခြင်းဟာ မျိုးရိုးဗီဇ၊ ဟော်မုန်းဓာတ်နှင့် ပတ်ဝန်းကျင်ဆိုင်ရာအချက်များ ပေါင်းစပ်လွှမ်းမိုးထားတာ ဖြစ်ပြီး အမြွှာကလေးရစေမယ့် အာမခံချက် သို့မဟုတ် အမြွှာရဖို့ ထိန်းချုပ်နိုင်သော အရာဆိုပြီး မရှိပါဘူး။ အမြွှာပူး ဖြစ်နိုင်ခြေကို တိုးစေနိုင်တဲ့ အကြောင်းရင်းအချို့ရှိပေမယ့် အမြွှာရဖို့ သေချာစေတဲ့ နည်းလမ်း မရှိဘူး ဆိုတာ…
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…