နှာခေါင်းဘေးက အမဲစက်ကလေးတွေ

လူတော်တော်များများရဲ့နှာခေါင်းဘေးလေးတွေမှာ အမဲစက်ကလေးတွေရှိကြမှာပါ။အချို့ကအစက်သေးသေးလေးတွေ သိပ်မသိသာဘူး၊အချို့ကျ ထင်းထင်းကြီးပေါ်နေပြီး မျက်နှာအလှပါပျက်တတ်တာမို့ ဒီအမဲစက်ကလေးတွေအကြောင်း အနည်းငယ်ပြောပြချင်ပါတယ်။

နှာခေါင်းဘေးက အမဲစက်ကလေးတွေဆိုတာ ဘာတွေလဲ…
Blackheads(open comedones)ခေါ်တဲ့ ဆားဝက်ခြံ(အမဲစက်ကလေးတွေ)ဟာ ဝက်ခြံအမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။မျက်နှာကထွက်တဲ့အဆီ၊အရေပြားဆဲလ်သေများ၊ဖုန်အညစ်အကြေးများနဲ့ ဘက်တီးရီးယားပိုးလေးတွေဟာ မျက်နှာအသားအရေပေါ်မှာရှိတဲ့မွေးညင်းပေါက်ကလေးတွေမှာပိတ်ပြီး လေနဲ့ထိတွေ့ကာ အမဲရောင်အစက်(ဝက်ခြံ)လေးတွေ အဖြစ် ပေါ်လာတာဖြစ်ပါတယ်။

ဆားဝက်ခြံက ဘာလို့နှာခေါင်းဘေးမှာ ပိုဖြစ်သလဲ…
မျက်နှာအစိတ်အပိုင်းတွေထဲမှာ နှာခေါင်းဟာ အဆီဂလင်းအများဆုံးရှိတဲ့နေရာဖြစ်လို့ပါပဲ။ဆားဝက်ခြံဟာ ခန္ဓာကိုယ်ရဲ့နေရာအနှံ့မှာ ဖြစ်နိုင်ပါတယ်။

ဆားဝက်ခြံတွေကို ဘယ်လိုဖယ်ရှားကြမလဲ…
ဆားဝက်ခြံတွေကို ညှစ်ထုတ်ပစ်လို့ရပေမယ့် ထုတ်ပြီးမကြာခင်ပြန်ပြန်ဖြစ်ပါတယ်။မွေးညင်းပေါက်တွေထဲကို အဆီဂလင်းတွေကနေပြီး အဆီတွေဆက်တိုက်ဝင်ကာပိတ်ဆို့လို့ပဲဖြစ်ပါတယ်။

ဆားဝက်ခြံတွေကို ဖယ်ပစ်လဲဘာမှမထူးဘူးလား…
ဒီလိုတော့လဲ မဟုတ်ပါဘူး။အရင်ဆုံးတော့ စိတ်ရှည်ရပါမယ်။ဆားဝက်ခြံတွေကို ဖယ်ရှားပွတ်ထုတ်ခြင်း(Exfoliation)ဖြင့် သက်သာနိုင်ပါတယ်။လက်နဲ့ညှစ်ခြင်းဟာ ခနတာပျောက်ကင်းမယ့်နည်းလမ်းဖြစ်ပြီး ဘေးပတ်ဝန်းကျင်ကအရေပြားကိုပါထိခိုက်စေကာ အခန့်မသင့်လျှင် ပိုးဝင်တတ်တာကြောင့် သတိထားသင့်ပါတယ်။Facial scrub ဖြင့်မျက်နှာသစ်ခြင်း၊ရေစိုဝတ်၊အညိုရောင်သကြားဖြင့် ပွတ်တိုက်ပေးခြင်းတို့လုပ်ပေးနိုင်ပါတယ်။Exfoliation ကို တစ်ပါတ်၂ကြိမ်၊၃ကြိမ်ထက် ပိုမလုပ်သင့်ပါဘူး။

ဆားဝက်ခြံကို ဘယ်လိုကာကွယ်မလဲ…
Retinoids ပါတဲ့လိမ်းဆေးတွေဟာ ဆားဝက်ခြံဖြစ်ပွားမှုကို လျော့နည်းစေပါတယ်။
ဒါ့အပြင် အရေပြားမခြောက်အောင် moisturizer လိမ်ပေးခြင်း၊မျက်နှာကိုသန့်စင်အောင်ထားခြင်း၊အဆီပြန်ခြင်းကိုထိန်းသိမ်းခြင်းတို့ဟာလဲ အထောက်အကူပြုနိုင်တဲ့ နည်းလမ်းတွေဖြစ်ပါတယ်။

ဆားဝက်ခြံ မသက်သာလျှင်…
မသက်သာလျှင်တော့ အရေပြားအထူးကုဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူသင့်ပါကြောင်းပြောရင်းနဲ့ နှာခေါင်းဘေးကအမဲစက်ကလေးတွေအကြောင်းကို အဆုံးသတ်လိုက်ပါတယ်။

အားလုံးပဲ ကျန်းမာချမ်းသာကြပါစေ။

dr.yelwin mm

Related posts
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ခုခံအားအမြန်ဆုံးတက်စေမယ့် အစားအသောက်(၁၀)မျိုး - Resistance Foods

1 Mins read
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ် ကို အမြန်ဆုံးပြန်လည်မြှင့်တင်ပေးနိုင်မယ့် အစားအသောက်များ (Resistance Foods) တွေကတော့… (1)ကြက်သွန်ဖြူ ကြက်သွန်ဖြူမှာပါဝင်တဲ့ Allicin ဆိုတဲ့ဒြပ်ပေါင်းဟာ ကူးစက်ရောဂါများနဲ့ ဘက်တီးရီးယားအချို့ကိုတိုက်ဖျက်နိုင်ပါတယ်။ (2)ချင်း ချင်းမှာပါဝင်တဲ့ Gingerol လို့ခေါ်တဲ့ဒြပ်ပေါင်းကတော့ ရောင်ရမ်းမှုကိုသက်သာစေပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများပါဝင်ပါတယ်။ (3)ချဉ်သောအသီး Vitamin…
ကျန်းမာရေး( အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

နေ့စဉ်ရက်ဆက်အရက်သောက်ခြင်း - Drinking Alcohol Everyday

1 Mins read
အရက် ( Alcohol )ကို နေ့စဉ်သောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ရေတိုမှာရော၊ ရေရှည်မှာပါ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါတယ်။ အရက်ဟာ ခန္ဓာကိုယ်အပေါ် ရှုပ်ထွေးသောအကျိုးသက်ရောက်မှုများရှိပြီး နှလုံး၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်း၊ သွေးကြောစနစ်နှင့် အသည်းကဲ့သို့သော အင်္ဂါများနှင့်…
ကျန်းမာရေး( က-အ )စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ထမင်းများများစားခြင်း (Excessive Carbohydrate Intake)

1 Mins read
ထမင်းနဲ့ဟင်းဆိုတာ မြန်မာလူမျိုးတိုင်းရဲ့ အဓိကအစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါပေမယ့် ထမင်းကိုအဓိကထားစားကြတာများပါတယ်။ ဒီလိုထမင်းကိုသာအဓိကထား စားကြတဲ့အတွက် ကျန်းမာရေးရှုထောင့်အရ ကောင်းကျိုးများလည်းရှိသလို ဆိုကျိုးများကိုလည်းသိထားသင့်ပါတယ်။ ကောင်းကျိုးများကတော့… (၁) လိုအပ်သောကာဗိုဟိုက်ဒရိတ်အတွက် ကောင်းမွန်သာအစားအစာ ထမင်းဟာ ကာဗွန်ဟိုက်ဒရိတ်ကြွယ်ဝစွာပါဝင်ပြီး ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့စွမ်းအင်ကိုထောက်ပံ့ပေးပါတယ်။ (၂)အဆီပါဝင်မှုနည်းပါးခြင်း ထမင်းရဲ့သဘာဝကိုက အဆီပါဝင်မှုနည်းတဲ့အတွက် အဆီများတဲ့အစားအစာများကို…