ဆားဝက်ခြံ
ဆားဝက်ခြံဆိုတာ အရေပြားက မွှေးညှင်းပေါက်လေးတွေမှာ အဆီ၊ဆဲလ်အသေနဲ့ အညစ်အကြေးတွေ ပိတ်ဆို့မှုကြောင့် ဖြစ်လာတာဖြစ်ပြီးအမဲရောင်အစက်လေးတွေအဖြစ် အရေပြားပေါ်မှာ မြင်တွေ့ရတတ်ပါတယ်။
မျက်နှာမှာတင်မက လည်ပင်း၊ရင်ဘတ်၊ကျောနဲ့ လက်မောင်းတွေမှာပါ ဆားဝက်ခြံတွေကို တွေ့ရတတ်ပါတယ်။ဆားဝက်ခြံတွေက ဝက်ခြံအပျော့စားတစ်မျိုးဖြစ်ပေမဲ့ ဝက်ခြံလို နာကျင်ရောင်ရမ်းမှုတော့မရှိပါဘူး။
မြီးကောင်ပေါက်အရွယ် ဟိုမုန်းအပြောင်းအလဲ နဲ့ Androgen(ယောကျာ်းဟိုမုန်း) တွေက အဆီထွက်ခြင်းကို အားပေးလို့ ယောကျာ်းလေးတွေနဲ့ အပျို၊လူပျို ဝင်ကာစအရွယ်တွေမှာ ဆားဝက်ခြံပိုထွက်တတ်ပါတယ်။
အခြားဆားဝက်ခြံ ထွက်စေတဲ့အကြောင်းတွေကတော့
- ချွေးအလွန်အကျွံထွက်ခြင်း
- မိတ်ကပ် အလွန်လိမ်းခြင်းကြောင့် ချွေးပေါက်များပိတ်ဆို့ခြင်း
- Polycystic ovarian syndrome စသည့်ရောဂါရှိသူများ
- Corticosteriods,Lithium,Androgen စသည့်ဆေးဝါးများ မှီဝဲနေသူများ တို့မှာဖြစ်တတ်ပါတယ်။
ဆားဝက်ခြံသက်သာအောင် ဒါတွေလုပ်နိုင်ပါတယ်။
- Exfoliation အာနိသင်ရှိတဲ့ မျက်နှာသစ်ဆေးအပျော့စားနဲ့ တစ်နေ့နှစ်ကြိမ် မျက်နှာသစ်သင့်ပါတယ်။
- Non-comedogenic,oil-free အမျိုးအစားမိတ်ကပ်နဲ့ cosmetics တွေသုံးပါ။
- Chemical peeling လုပ်ခြင်းကလည်း ဆဲလ်အသေနဲ့ အဆီတွေကို ဖယ်ရှားပေးနိုင်လို့ ဆားဝက်ခြံသက်သာစေပါတယ်။
- ဆားဝက်ခြံ သက်သာစေတဲ့ လေဆာနဲ့ အလင်းကုထုံးတွေလည်း ပြုလုပ်နိုင်ပါတယ်။
- Salicylic acid,Benzoyl peroxide စတဲ့ လိမ်းဆေး အမျိုးအစားတွေလည်း သုံးနိုင်ပါတယ်။
- စိတ်ဖိစီးမှုများခြင်းကလည်း အဆီထွက်များစေပြီး ဆားဝက်ခြံတွေပိုဆိုးစေတတ်လို့ စိတ်ဖိစီးမှုတွေ ရှောင်ပြီး ကောင်းမွန်တဲ့ အနားယူခြင်းမျိုးရှိသင့်ပါတယ်။
ကျန်းမာလှပသော ဘဝတစ်ခုပိုင်ဆိုင်စေရန် ရည်ရွယ်လျက်
ပွင့်ရည် (ဆေး ၂)
ဆားဝက္ျခံ
ဆားဝက္ျခံဆိုတာ အေရျပားက ေမႊးညႇင္းေပါက္ေလးေတြမွာ အဆီ၊ဆဲလ္အေသနဲ႔ အညစ္အေၾကးေတြ ပိတ္ဆို႔မႈေၾကာင့္ ျဖစ္လာတာျဖစ္ၿပီးအမဲေရာင္အစက္ေလးေတြအျဖစ္ အေရျပားေပၚမွာ ျမင္ေတြ႕ရတတ္ပါတယ္။
မ်က္ႏွာမွာတင္မက လည္ပင္း၊ရင္ဘတ္၊ေက်ာနဲ႔ လက္ေမာင္းေတြမွာပါ ဆားဝက္ျခံေတြကို ေတြ႕ရတတ္ပါတယ္။ဆားဝက္ျခံေတြက ဝက္ျခံအေပ်ာ့စားတစ္မ်ိဳးျဖစ္ေပမဲ့ ဝက္ျခံလို နာက်င္ေရာင္ရမ္းမႈေတာ့မ႐ွိပါဘူး။
ၿမီးေကာင္ေပါက္အရြယ္ ဟိုမုန္းအေျပာင္းအလဲ နဲ႔ Androgen(ေယာက်ာ္းဟိုမုန္း) ေတြက အဆီထြက္ျခင္းကို အားေပးလို႔ ေယာက်ာ္းေလးေတြနဲ႔ အပ်ိဳ၊လူပ်ိဳ ဝင္ကာစအရြယ္ေတြမွာ ဆားဝက္ျခံပိုထြက္တတ္ပါတယ္။
အျခားဆားဝက္ျခံ ထြက္ေစတဲ့အေၾကာင္းေတြကေတာ့
- ေခြၽးအလြန္အကြၽံထြက္ျခင္း
- မိတ္ကပ္ အလြန္လိမ္းျခင္းေၾကာင့္ ေခြၽးေပါက္မ်ားပိတ္ဆို႔ျခင္း
- Polycystic ovarian syndrome စသည့္ေရာဂါ႐ွိသူမ်ား
- Corticosteriods,Lithium,Androgen စသည့္ေဆးဝါးမ်ား မွီဝဲေနသူမ်ား တို႔မွာျဖစ္တတ္ပါတယ္။
ဆားဝက္ျခံသက္သာေအာင္ ဒါေတြလုပ္ႏိုင္ပါတယ္။
- Exfoliation အာနိသင္႐ွိတဲ့ မ်က္ႏွာသစ္ေဆးအေပ်ာ့စားနဲ႔ တစ္ေန႔ႏွစ္ႀကိမ္ မ်က္ႏွာသစ္သင့္ပါတယ္။
- Non-comedogenic,oil-free အမ်ိဳးအစားမိတ္ကပ္နဲ႔ cosmetics ေတြသံုးပါ။
- Chemical peeling လုပ္ျခင္းကလည္း ဆဲလ္အေသနဲ႔ အဆီေတြကို ဖယ္႐ွားေပးႏိုင္လို႔ ဆားဝက္ျခံသက္သာေစပါတယ္။
- ဆားဝက္ျခံ သက္သာေစတဲ့ ေလဆာနဲ႔ အလင္းကုထံုးေတြလည္း ျပဳလုပ္ႏိုင္ပါတယ္။
- Salicylic acid,Benzoyl peroxide စတဲ့ လိမ္းေဆး အမ်ိဳးအစားေတြလည္း သံုးႏိုင္ပါတယ္။
- စိတ္ဖိစီးမႈမ်ားျခင္းကလည္း အဆီထြက္မ်ားေစၿပီး ဆားဝက္ျခံေတြပိုဆိုးေစတတ္လို႔ စိတ္ဖိစီးမႈေတြ ေ႐ွာင္ၿပီး ေကာင္းမြန္တဲ့ အနားယူျခင္းမ်ိဳး႐ွိသင့္ပါတယ္။
က်န္းမာလွပေသာ ဘဝတစ္ခုပိုင္ဆိုင္ေစရန္ ရည္ရြယ္လ်က္
ပြင့္ရည္ (ေဆး ၂)