ဖျားနာချိန်မှာ ဘာကြောင့်ပါးစပ်ပျက်သလဲ

မိုးရာသီရောက်တဲ့အချိန်အခါဟာ လူတွေမှာ အအေးမိဖျားနာတုပ်ကွေးအဖြစ်ကြဆုံးအချိန်ပဲဖြစ်ပါတယ်။ ဒီလိုဖျားနာကြပြီဆိုရင် အပူချိန်တက်ခြင်းနဲ့အတူ စားချင်သောက်ချင်စိတ်မရှိဘဲ ပါးစပ်ပျက်ကြခြင်းလည်း တွဲလျက်ဖြစ်ပွားကြတာကိုတွေ့ရပါတယ်။ ဒီလိုပါးစပ်ပျက်ရခြင်း၊ ပါးစပ်ခါးခြင်းဟာ ဘာကြောင့်လဲလို့ ကြည့်ကြရအောင်လား။

အအေးမိတဲ့အခါမှာ နှာစေးနှာပိတ်ခြင်းဟာလည်းတွဲလျက်ပါလာတတ်ပါတယ်။ ဒီအခါ နှာခေါင်းတွင်းမှာ နှာရည်များပိတ်ဆို့ပြီး အနံ့ခံနိုင်စွမ်းလည်းနည်းပါးသွားပါတယ်။ အစားအစာစားသောက်တဲ့အခါ အနံ့နဲ့အရသာဟာ ဦးနှောက်ကို အတူတကွအာရုံခံနိုင်အောင်သတင်းပို့ကြပါတယ်။ အဲဒီအခါဦးနှောက်မှတဆင့် မိမိစားသောက်နေတဲ့အစားအစာရဲ့ အနံ့အရသာရှိမှုကိုပြန်လည်တုန့်ပြန်အသိအမှတ်ပြုပါတယ်။ နှာစေးပြီးဖျားနာတဲ့အခါမှာ အနံ့အာရုံခံနိုင်စွမ်းကျဆင်းသွားတဲ့အတွက် အရသာကိုလည်း ကောင်းကောင်းမခံစားနိုင်တော့ပါဘူး။ ဒီအခါဘာစားစားအရသာမရှိဘဲ စားချင်ဝေါက်ချင်စိတ်ပျက်သွားပါတော့တယ်။

နောက်ထပ် ပါးစပ်ခါးရခြင်းရဲ့အကြောင်းတစ်ခုကတော့ ရေဓာတ်ခန်းခြောက်ခြင်းပါပဲ။ ဖျားတဲ့အခါမှာ အပူချိန်တက်လာလေလေ ရေဓာတ်ခန်းခြောက်လာလေလေဖြစ်တဲ့အတွက် ခန္ဓာကိုယ်ဟာ ရေဓာတ်ကိုသာပိုမိုလိုချင်တဲ့အတွက် အစားအစာများစားရာမှယ မက်မက်စက်စက်မရှိတော့ဘဲ မစားချင်မသောက်ချင်ဖြစ်စေတတ်ပါတယ်။

ဖျားနာခြင်းကိုကုသတဲ့အခါမှာ ပါဝင်တဲ့ ပဋိဇီဝပိုးသတ်ဆေးဝါးများဟာလည်း ပါးစပ်ခါးစေရတဲ့အကြောင်းရင်းများထဲမှတစ်ချက်အပါအဝင်ဖြစ်ပါတယ်။

ဒါ့ကြောင့်နေမကောင်းတဲ့အခါ ပါးစပ်ခါးခြင်း၊ ခံတွင်းပျက်ခြင်းမဖြစ်ရအောင် ရေများများသောက်ပေးမယ်၊ မိမိရဲ့ ဖျားနာခြင်းကိုထိထိရောက်ရောက်ကုမယ်၊ ဗီတာမင်စီပါဝင်တဲ့ အစားအစာ၊ ဗီတာမီစီဆေးများကို ထည့်သွင်းအသုံးပြုမယ်ဆိုရင် ခံတွင်းပျက်ခြင်းသက်သာစေနိုင်ပါကြောင်း တင်ပြလိုက်ပါတယ်။

မေတ္တာဖြင့်

စိုင်းမြတ်သူ

ဖ်ားနာခ်ိန္မွာ ဘာေၾကာင့္ပါးစပ္ပ်က္သလဲ

မိုးရာသီေရာက္တဲ့အခ်ိန္အခါဟာ လူေတြမွာ အေအးမိဖ်ားနာတုပ္ေကြးအျဖစ္ၾကဆံုးအခ်ိန္ပဲျဖစ္ပါတယ္။ ဒီလိုဖ်ားနာၾကၿပီဆိုရင္ အပူခ်ိန္တက္ျခင္းနဲ႔အတူ စားခ်င္ေသာက္ခ်င္စိတ္မ႐ွိဘဲ ပါးစပ္ပ်က္ၾကျခင္းလည္း တြဲလ်က္ျဖစ္ပြားၾကတာကိုေတြ႔ရပါတယ္။ ဒီလိုပါးစပ္ပ်က္ရျခင္း၊ ပါးစပ္ခါးျခင္းဟာ ဘာေၾကာင့္လဲလို႔ ၾကည့္ၾကရေအာင္လား။

အေအးမိတဲ့အခါမွာ ႏွာေစးႏွာပိတ္ျခင္းဟာလည္းတြဲလ်က္ပါလာတတ္ပါတယ္။ ဒီအခါ ႏွာေခါင္းတြင္းမွာ ႏွာရည္မ်ားပိတ္ဆို႔ၿပီး အနံ႔ခံႏိုင္စြမ္းလည္းနည္းပါးသြားပါတယ္။ အစားအစာစားေသာက္တဲ့အခါ အနံ႔နဲ႔အရသာဟာ ဦးေႏွာက္ကို အတူတကြအာရံုခံႏိုင္ေအာင္သတင္းပို႔ၾကပါတယ္။ အဲဒီအခါဦးေႏွာက္မွတဆင့္ မိမိစားေသာက္ေနတဲ့အစားအစာရဲ႕ အနံ႔အရသာ႐ွိမႈကိုျပန္လည္တုန္႔ျပန္အသိအမွတ္ျပဳပါတယ္။ ႏွာေစးၿပီးဖ်ားနာတဲ့အခါမွာ အနံ႔အာရံုခံႏိုင္စြမ္းက်ဆင္းသြားတဲ့အတြက္ အရသာကိုလည္း ေကာင္းေကာင္းမခံစားႏိုင္ေတာ့ပါဘူး။ ဒီအခါဘာစားစားအရသာမ႐ွိဘဲ စားခ်င္ေဝါက္ခ်င္စိတ္ပ်က္သြားပါေတာ့တယ္။

ေနာက္ထပ္ ပါးစပ္ခါးရျခင္းရဲ႕အေၾကာင္းတစ္ခုကေတာ့ ေရဓာတ္ခန္္းေျခာက္ျခင္းပါပဲ။ ဖ်ားတဲ့အခါမွာ အပူခ်ိန္တက္လာေလေလ ေရဓာတ္ခန္းေျခာက္လာေလေလျဖစ္တဲ့အတြက္ ခႏၶာကိုယ္ဟာ ေရဓာတ္ကိုသာပိုမိုလိုခ်င္တဲ့အတြက္ အစားအစာမ်ားစားရာမွယ မက္မက္စက္စက္မ႐ွိေတာ့ဘဲ မစားခ်င္မေသာက္ခ်င္ျဖစ္ေစတတ္ပါတယ္။

ဖ်ားနာျခင္းကိုကုသတဲ့အခါမွာ ပါဝင္တဲ့ ပဋိဇီဝပိုးသတ္ေဆးဝါးမ်ားဟာလည္း ပါးစပ္ခါးေစရတဲ့အေၾကာင္းရင္းမ်ားထဲမွတစ္ခ်က္အပါအဝင္ျဖစ္ပါတယ္။

ဒါ့ေၾကာင့္ေနမေကာင္းတဲ့အခါ ပါးစပ္ခါးျခင္း၊ ခံတြင္းပ်က္ျခင္းမျဖစ္ရေအာင္ ေရမ်ားမ်ားေသာက္ေပးမယ္၊ မိမိရဲ႕ ဖ်ားနာျခင္းကိုထိထိေရာက္ေရာက္ကုမယ္၊ ဗီတာမင္စီပါဝင္တဲ့ အစားအစာ၊ ဗီတာမီစီေဆးမ်ားကို ထည့္သြင္းအသံုးျပဳမယ္ဆိုရင္ ခံတြင္းပ်က္ျခင္းသက္သာေစႏိုင္ပါေၾကာင္း တင္ျပလိုက္ပါတယ္။

ေမတၱာျဖင့္

စိုင္းျမတ္သူ

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
နေထိုင်မှုပုံစံအထွေထွေရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why do bones and joints make noises every time they move?

1 Mins read
အရိုးနှင့် အဆစ် တွေကနေ လှုပ်ရှားလိုက်တိုင်း အသံတွေထွက်နေတာ ဘာကြောင့်လဲ… ကျွန်တော် တို့ရဲ့ အရိုးနှင့် အဆစ်တွေဟာ လှုပ်ရှားမှုလုပ်လိုက်တာနဲ့ အရိုးတွေ အဆစ်တွေကြားထဲကနေ အသံတွေထွက်လာတတ်တာ လူတိုင်း အနည်းနှင့် အများကြုံဘူး သိဘူးကြမှာပါ။ ဘာကြောင့် ဒီလိုအသံတွေ ဖြစ်ရလဲ ဘယ်လို…
Covid - 19ကူးစက်တတ်သောရောဂါများအထွေထွေရောဂါများ

ကိုဗစ်ကာကွယ်ဆေး Booster ဆိုတာဘာလဲ

1 Mins read
လူတိုင်းထိုးစရာလို‌နေပြီလား??? 💉💉💉💉💉💉💉💉💉💉💉💉💉 အရင်ကကာကွယ်ဆေး ကို နှစ်ကြိမ်ထိုးပြီးသူတွေရဲ့ ရှိပြီးသား ကာကွယ်ဆေးအစွမ်းမကျသွားအောင် ခန္ဓာကိုယ်ထဲမှာ တိုက်ပွဲဝင်ဖို့အသင့်ဖြစ်အောင် လေ့ကျင့်တဲ့သဘောနဲ့ ထပ်ပြီးBooster Dose ကို တတိယအကြိမ်(1st booster) သာမက အခု စတ္ထုထအကြိမ် (2nd booster) ပါ တခြားနိုင်ငံတွေမှာထိုးနေကြပြီဖြစ်ပါတယ်။…

Leave a Reply

Your email address will not be published. Required fields are marked *