မွေးရာပါ အမည်းရောင်အမှတ်အကြီးကြီးတွေ….

အချို့သောကလေးတွေမှာ မွေးရာပါအမှတ် အမည်းရောင်အကြီးကြီးတွေပါလာတတ်ပါတယ်။ အဲဒီအမှတ်ပေါ်မှာ အမွေးအထူကြီးလည်း ဖုံးလွှမ်းနေတတ်ပါတယ်။ အဲလိုအမွေးအမျှင်တွေဖုံးနေတဲ့ အမည်းရောင် အမှတ်အကြီးကြီးကို Giant Congenital Nevus လို့ခေါ်ပါတယ်။
အဲဒီအမှတ်ဟာ မွေးကာစမှာ သေးပေမယ့် ကလေးခန္ဓာကိုယ်ဖွံဖြိုးကြီးထွားလာတာနဲ့အမျှ အမှတ်ဟာလည်း ကြီးလာပါတယ်။

ဒီအမှတ်တွေဘယ်ကဖြစ်?

လူမျိုးမရွေး ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆို ဖြစ်တတ်ပါတယ်။ သန္ဓေသားရဲ့ မျိုးဗီဇပြောင်းလဲမှုကြောင့် melanocytes တွေ အများကြီး ပွားပြီးဖြစ်လာတာပါ။ melanocytes ဆိုတာ လူ့အသားအရောင် skin tone နဲ့သက်ဆိုင်တဲ့ဆဲလ်တွေဖြစ်ပါတယ်။ melanocyte များလေလေ အသားညိုလေလေပါပဲ။

ဘာတွေဆက်ဖြစ်နိုင်သလဲ?

အမှတ်ရှိတဲ့နေရာမှာ ခြောက်သွေ့ယားယံမှု ခံစားရနိုင်ပါတယ်။ ဒီအမှတ်ပါတဲ့သူရဲ့ ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်းကတော့ Neurocutaneous melanocytosis ရောဂါနဲ့တွဲတတ်ပါတယ်။ Neurocutaneous melanocytosis ဆိုတာဟာ ဦးနှောက်နဲ့ အာရုံကြောမကြီးမှာ melanocytes တွေအလွန်အကြူးစုပုံတဲ့ရောဂါပါ။ အဲဒီရောဂါနဲ့တွဲဖြစ်ပြီဆိုရင် ဦးနှောက်အာရုံကြောဆိုင်ရာ ရောဂါလက္ခဏာတွေပြတတ်ပါတယ်။
ဒီအမှတ်တွေရှိရင် အရေပြားကင်ဆာတစ်မျိုးဖြစ်တဲ့ Malignant Melanoma ရောဂါဖြစ်ဖို့ ဆိုးကျိုးဟာ သာမန်လူထက်များပါတယ်။

ဘယ်လိုကုသမလဲ?

ကုသမှုဟာ ဒီအချက်တွေပေါ်မူတည်ပါတယ်။

  1. လူနာရဲ့အသက်
  2. အမှတ်ရဲ့တည်နေရာ
  3. အရွယ်အစားနဲ့
  4. အထူအပါး စသည်တို့ဖြစ်ပါတယ်။

တကယ်လို့ အဲဒီအမှတ်ဟာ ကင်ဆာဖြစ်မယ်လို့ သံသယရှိရင် ခွဲစိတ်ကုသမှုလိုအပ်ပါတယ်။ အမှတ်ကိုဖြတ်ထုတ်ပြီး ခွဲစိတ်ကြပါတယ်။ အရွယ်အစားသေးရင်တော့ အမှတ်ကိုဖြတ်ထုတ်ပြီး ဘေးက အရေပြားကို ဆွဲပြီးပြန်ချုပ်လို့ရပါတယ်။ အမှတ်က အရွယ်အစားကြီးမားနေရင်တော့ ခွဲစိတ်ပြီးရင် အရေပြားအစားထိုးပြီး ပြန်ချုပ်ရပါတယ်။

ခွဲစိတ်ကုသမှုမဖြစ်နိုင်ခဲ့ရင် အပေါ်ယံအရေပြားကိုခြစ်ထုတ်ခြင်း ၊ လေဆာနဲ့ကုသခြင်းတို့က အမှတ်ရဲ့ အရောင်မည်းမည်းကြီးကိုလျော့စေပါတယ်။ အမွေးတွေကိုလည်း နည်းစေပါတယ်။ ဒါပေမယ့် သက်သာစေရုံပဲဖြစ်ပါတယ်။အလုံးစုံကောင်းသွားမှာမဟုတ်ပါဘူး။

ဒီလိုအမှတ်တွေပါလာခဲ့ရင်…?

ဒီအမှတ်တွေရှိခဲ့ရင် မိမိကိုယ်တိုင်လည်းဂရုစိုက်ပြီး စစ်ဆေးနေရပါမယ်။ အရေပြားစစ်ဆေးမှုပုံမှန်ခံယူရပါမယ်။ အဲဒီလိုပုံမှန်စစ်ဆေးခြင်းအားဖြင့် ဆေးကုသမှုခံယူတဲ့အခါမှာလည်း ကုသမှုကို လိုအပ်သလို တိုးမြှင့်ပြောင်းလဲပေးလို့ရပါတယ်။ ဆေးကုသမှုကို အထောက်အပံ့ဖြစ်ပါတယ်။

နောက်ဆုံးအချက်ကတော့ ဒီအမှတ်တွေပါတဲ့ ကလေးငယ်တွေမှာ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု၊ သိမ်ငယ်ရှက်ရွံ့မှုတို့ခံစားရတတ်လို့ သူတို့ကို အဖက်ဖက်က စာနာအားပေးသင့်ပါတယ်လို့ ရေးသားဖော်ပြလိုက်ရပါတယ်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)

ေမြးရာပါ အမည္းေရာင္အမွတ္အႀကီးႀကီးေတြ….

အခ်ိဳ႕ေသာကေလးေတြမွာ ေမြးရာပါအမွတ္ အမည္းေရာင္အႀကီးႀကီးေတြပါလာတတ္ပါတယ္။ အဲဒီအမွတ္ေပၚမွာ အေမြးအထူႀကီးလည္း ဖံုးလႊမ္းေနတတ္ပါတယ္။ အဲလိုအေမြးအမွ်င္ေတြဖံုးေနတဲ့ အမည္းေရာင္ အမွတ္အႀကီးႀကီးကို Giant Congenital Nevus လို႔ေခၚပါတယ္။
အဲဒီအမွတ္ဟာ ေမြးကာစမွာ ေသးေပမယ့္ ကေလးခႏၶာကိုယ္ဖြံၿဖိဳးႀကီးထြားလာတာနဲ႔အမွ် အမွတ္ဟာလည္း ၾကီးလာပါတယ္။

ဒီအမွတ္ေတြဘယ္ကျဖစ္?

လူမ်ိဳးမေရြး ျဖစ္တတ္ပါတယ္။ ခႏၶာကိုယ္ရဲ႕ ဘယ္ေနရာမွာမဆို ျဖစ္တတ္ပါတယ္။ သေႏၶသားရဲ႕ မ်ိဳးဗီဇေျပာင္းလဲမႈေၾကာင့္ melanocytes ေတြ အမ်ားႀကီး ပြားၿပီးျဖစ္လာတာပါ။ melanocytes ဆိုတာ လူ႔အသားအေရာင္ skin tone နဲ႔သက္ဆိုင္တဲ့ဆဲလ္ေတြျဖစ္ပါတယ္။ melanocyte မ်ားေလေလ အသားညဳိေလေလပါပဲ။

ဘာေတြဆက္ျဖစ္ႏိုင္သလဲ?

အမွတ္ရွိတဲ့ေနရာမွာ ေျခာက္ေသြ႕ယားယံမႈ ခံစားရႏိုင္ပါတယ္။ ဒီအမွတ္ပါတဲ့သူရဲ႕ ငါးရာခိုင္ႏႈန္းကေန ဆယ္ရာခိုင္ႏႈန္းကေတာ့ Neurocutaneous melanocytosis ေရာဂါနဲ႔တြဲတတ္ပါတယ္။ Neurocutaneous melanocytosis ဆိုတာဟာ ဦးေႏွာက္နဲ႔ အာရံုေၾကာမႀကီးမွာ melanocytes ေတြအလြန္အၾကဴးစုပံုတဲ့ေရာဂါပါ။ အဲဒီေရာဂါနဲ႔တြဲျဖစ္ၿပီဆိုရင္ ဦးေႏွာက္အာရံုေၾကာဆိုင္ရာ ေရာဂါလကၡဏာေတြျပတတ္ပါတယ္။
ဒီအမွတ္ေတြရွိရင္ အေရျပားကင္ဆာတစ္မ်ိဳးျဖစ္တဲ့ Malignant Melanoma ေရာဂါျဖစ္ဖို႔ ဆိုးက်ိဳးဟာ သာမန္လူထက္မ်ားပါတယ္။

ဘယ္လိုကုသမလဲ?

ကုသမႈဟာ ဒီအခ်က္ေတြေပၚမူတည္ပါတယ္။

  1. လူနာရဲ႕အသက္
  2. အမွတ္ရဲ႕တည္ေနရာ
  3. အရြယ္အစားနဲ႔
  4. အထူအပါး စသည္တို႔ျဖစ္ပါတယ္။

တကယ္လို႔ အဲဒီအမွတ္ဟာ ကင္ဆာျဖစ္မယ္လို႔ သံသယရွိရင္ ခြဲစိတ္ကုသမႈလိုအပ္ပါတယ္။ အမွတ္ကိုျဖတ္ထုတ္ၿပီး ခြဲစိတ္ၾကပါတယ္။ အရြယ္အစားေသးရင္ေတာ့ အမွတ္ကိုျဖတ္ထုတ္ၿပီး ေဘးက အေရျပားကို ဆြဲၿပီးျပန္ခ်ဳပ္လို႔ရပါတယ္။ အမွတ္က အရြယ္အစားႀကီးမားေနရင္ေတာ့ ခြဲစိတ္ၿပီးရင္ အေရျပားအစားထိုးၿပီး ျပန္ခ်ဳပ္ရပါတယ္။

ခြဲစိတ္ကုသမႈမျဖစ္ႏိုင္ခဲ့ရင္ အေပၚယံအေရျပားကိုျခစ္ထုတ္ျခင္း ၊ ေလဆာနဲ႔ကုသျခင္းတို႔က အမွတ္ရဲ႕ အေရာင္မည္းမည္းႀကီးကိုေလ်ာ့ေစပါတယ္။ အေမြးေတြကိုလည္း နည္းေစပါတယ္။ ဒါေပမယ့္ သက္သာေစရံုပဲျဖစ္ပါတယ္။အလံုးစံုေကာင္းသြားမွာမဟုတ္ပါဘူး။

ဒီလိုအမွတ္ေတြပါလာခဲ့ရင္…?

ဒီအမွတ္ေတြရွိခဲ့ရင္ မိမိကိုယ္တိုင္လည္းဂ႐ုစိုက္ၿပီး စစ္ေဆးေနရပါမယ္။ အေရျပားစစ္ေဆးမႈပံုမွန္ခံယူရပါမယ္။ အဲဒီလိုပံုမွန္စစ္ေဆးျခင္းအားျဖင့္ ေဆးကုသမႈခံယူတဲ့အခါမွာလည္း ကုသမႈကို လိုအပ္သလို တိုးျမႇင့္ေျပာင္းလဲေပးလို႔ရပါတယ္။ ေဆးကုသမႈကို အေထာက္အပံ့ျဖစ္ပါတယ္။

ေနာက္ဆံုးအခ်က္ကေတာ့ ဒီအမွတ္ေတြပါတဲ့ ကေလးငယ္ေတြမွာ စိတ္ပိုင္းဆိုင္ရာ မလံုျခံဳမႈ၊ သိမ္ငယ္ရွက္ရြ႕ံမႈတို႔ခံစားရတတ္လို႔ သူတို႔ကို အဖက္ဖက္က စာနာအားေပးသင့္ပါတယ္လို႔ ေရးသားေဖာ္ျပလိုက္ရပါတယ္။

အားလံုးက်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ေမာင္(ေဆး-၁)

MyDoctor Telemedicine Application
Related posts
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများအထွေထွေ

ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ...

1 Mins read
ရာသီတုပ်ကွေးအဖြစ်များတတ်တဲ့ ဆောင်းအခါသမယ… ရာသီတုပ်ကွေးရောဂါပိုးဆိုတာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုးတစ်မျိုးဝင်တဲ့ရောဂါပါ။ ကိုယ်ခံအားသာကောင်းရင် သူ့ဟာသူ ပြန်ကောင်းသွားနိုင်ပေမယ့် ပြန်သာမကောင်းခဲ့ဘူးဆိုရင် ပန်းနာပြန်ထတာ၊ အဆုတ်ရောင် ရောဂါ၊ အဆုတ်လေပြွန်ရောင်တာ၊ နားပိုးဝင်တာ၊ နှလုံးပြဿနာတွေနဲ့ အသက်ရှုရခက်တာတွေပါဖြစ်လာတတ်ပါတယ်။ ဒီရာသီတုပ်ကွေးရောဂါဟာ…. အသက်အရမ်းငယ်လွန်း၊ ကြီးလွန်းတဲ့အခါ အသက် ၁၉ နှစ်အောက်တည်းကစပြီး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါဖိုးဖိုးဖွားဖွား ကျန်းမာရေး

ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ

1 Mins read
ဆီးချိုကြောင့်ဖြစ်တတ်တဲ့ ရေတိမ်၊ အတွင်းတိမ်ဆိုတာ ဘယ်လိုမျိုးလဲ ❗ ဆီးချိုရောဂါဟာ အချိန်ကြာလာတဲ့အခါ သေချာသာမထိန်းနိုင်ဘူးဆိုရင် နှလုံး၊ကျောက်ကပ်၊ အာရုံကြောတွေသာမက မျက်လုံးကိုပါထိခိုက်လာနိုင်ပါတယ်။ မျက်လုံးမှာ ရေတိမ်၊ အတွင်းတိမ်ဖြစ်ရာကနေ တဆင့် နောက်ဆုံး မျက်စိအမြင်အာရုံဆုံးရှုံးသွားတဲ့ထိတောင်ဖြစ်နိုင်ပါတယ်။ အတွင်းတိမ်ဖြစ်တဲ့အခါ စစချင်းမှာ အမြင်အာရုံကိုနှောင့်ယှက်တာမျိုးမရှိပေမယ့် ကြာလာတဲ့အခါ အမြင်ဝါးလာတာမျိုး…
All Articlesကျန်းမာရေးဆိုင်ရာ ဆောင်းပါးများဆီးချိုရောဂါ

သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်

1 Mins read
သင့်ဆီးချိုရောဂါနဲ့ ကျောက်ကပ်လေးရဲ့အနာဂတ်… ဆီးချိုရောဂါရှည်ကြာလာတဲ့အခါမှာ ခန္တာကိုယ်တွင်း ကျောက်ကပ်ရဲ့ အညစ်အကြေးတွေအရည်တွေကို စွန့်ထုတ်ပေးတဲ့ လုပ်ဆောင်မှုဟာ ကျဆင်းလာပါတယ်။ ဒီလိုလုပ်ဆောင်မှုကျဆင်းတာကနေ ကျောက်ကပ်လုံးဝမလုပ်မလုပ်တော့တဲ့အခြေအနေထိဖြစ်နိုင်ပြီး ကျောက်ကပ်ဆေးရတာ၊ ကျောက်ကပ်အစားထိုးရတာ တွေထိဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် သင့်ဆီးချိုကို သေချာထိန်းသိမ်းပြီး ကုသမှုခံယူဖို့လိုပါလိမ့်မယ်။ ဆီးချိုရောဂါမှာ ကျောက်ကပ်ထိခိုက်နေပြီဆိုရင် စစချင်းမှာ လက္ခဏာသိပ်မပြတတ်ပေမယ့်…

Leave a Reply

Your email address will not be published. Required fields are marked *