သားမွေးပြွန်ထည့်ကွင်း
စက်ဝိုင်းပုံသဏ္ဍာန် ရာဘာကွင်းလေး တစ်ကွင်းက သန္ဓေတားနိုင်စွမ်းရှိတာကို သိကြလား။
ကိုယ်ဝန်ကို ဘယ်လိုတားပေးတာလဲ။
- ဒီကွင်းလေးဟာ မဟော်မုန်းတွေပါဝင်ပြီး တစ်စိမ့်စိမ့်ထွက်ရှိပေးတဲ့အတွက် သားဥကြွေခြင်းကို တားပေးတယ်။
- ကွင်းထည့်ထားတဲ့ တစ်ဝိုက်မှာလည်း ချွဲမြှေးတွေ ထူစေပြီး သုတ်ပိုးများ သားအိမ်အတွင်း ဝင်ရောက်ခြင်းကို တားမြစ်ပေးပြီး ကိုယ်ဝန်မရအောင် တားပေးပါတယ်။
ဘယ်လိုသုံးရတာလဲ။
- ဒီကွင်းလေးကို သားမွေးလမ်းကြောင်းအတွင်း စနစ်တကျ မှန်မှန်ကန်ကန် ထည့်ထားရမှာပါ။
- အသုံးပြုရလဲလွယ်ကူပြီး မှန်မှန်ကန်ကန် ထည့်ထားရင် ၉၉ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိစေပါတယ်။
- ရာသီလာပြီးစ ၅ရက် အတွင်းမှာထည့်သင့်ပါတယ်။
ဘယ်သူတွေ သုံးသင့်သလဲ။
- သုံးတဲ့ အမျိုးအစားပေါ်မူတည်ပြီး တစ်လမှ သုံးလအထိ ခံတော့ ဆေးပုံမှန်မသောက်ချင်သူ၊ ဆေးမထိုးဘဲ ကြာရှည်ခံစေချင်သူတွေအတွက် ရွေးချယ်သင့်တဲ့ နည်းလမ်းတစ်ခုပေါ့။
- အတူနေတဲ့အခါမှာလည်း အနှောင့်အယှက်မဖြစ်စေသလို၊ အသုံးပြုမှုရပ်တာနဲ့ ကိုယ်ဝန်ပြန်ရစေတော့ ကာလတို သန္ဓေတားချင်သူတွေအတွက်လည်း သင့်တော်တယ်လေ။
ဘာတွေ သတိထားဖို့ လိုအပ်မလဲ။
ဒါကြောင့် ဆေးမသောက်ချင်တော့ဘူး၊ ဆေးထိုးရကြောက်တယ်၊ လက်မောင်းလည်း အခွဲမခံချင်ဘူး ဆိုသူ မမတို့ရေ ဒီနည်းလမ်းကိုသာ ရွေးချယ်လိုက်ကြပေတော့နော်။
(မှတ်ချက်။ ။MyDoctorR အပလီကေးရှင်းပေါ်ရှိ ဆရာဝန်တစ်ဦးဦးသို့ဆက်သွယ်အကူအညီ တောင်းခံနိုင်ပါသည်။ ညွှန်ကြားချက်များကိုတသွေမသိမ်းလိုက်နာဆောင်ရွက်ရန်အထူးလိုအပ်ပါသည်။)
ရီချို(ဆေး ၁)
သားေမြးျပြန္ထည့္ကြင္း
စက္ဝိုင္းပံုသ႑ာန္ ရာဘာကြင္းေလး တစ္ကြင္းက သေႏၶတားနိုင္စြမ္းရွိတာကို သိၾကလား။
ကိုယ္ဝန္ကို ဘယ္လိုတားေပးတာလဲ။
- ဒီကြင္းေလးဟာ မေဟာ္မုန္းေတြပါဝင္ျပီး တစ္စိမ့္စိမ့္ထြက္ရွိေပးတဲ့အတြက္ သားဥေၾကြျခင္းကို တားေပးတယ္။
- ကြင္းထည့္ထားတဲ့ တစ္ဝိုက္မွာလည္း ခၽြဲေျမွးေတြ ထူေစျပီး သုတ္ပိုးမ်ား သားအိမ္အတြင္း ဝင္ေရာက္ျခင္းကို တားျမစ္ေပးျပီး ကိုယ္ဝန္မရေအာင္ တားေပးပါတယ္။
ဘယ္လိုသံုးရတာလဲ။
- ဒီကြင္းေလးကို သားေမြးလမ္းေၾကာင္းအတြင္း စနစ္တက် မွန္မွန္ကန္ကန္ ထည့္ထားရမွာပါ။
- အသံုးျပဳရလဲလြယ္ကူျပီး မွန္မွန္ကန္ကန္ ထည့္ထားရင္ ၉၉ ရာခိုင္ႏွဳန္းအထိ ထိေရာက္မွဳရွိေစပါတယ္။
- ရာသီလာျပီးစ ၅ရက္ အတြင္းမွာထည့္သင့္ပါတယ္။
ဘယ္သူေတြ သံုးသင့္သလဲ။
- သံုးတဲ့ အမ်ိဳးအစားေပၚမူတည္ျပီး တစ္လမွ သုံးလအထိ ခံေတာ့ ေဆးပံုမွန္မေသာက္ခ်င္သူ၊ ေဆးမထိုးဘဲ ၾကာရွည္ခံေစခ်င္သူေတြအတြက္ ေရြးခ်ယ္သင့္တဲ့ နည္းလမ္းတစ္ခုေပါ့။
- အတူေနတဲ့အခါမွာလည္း အေႏွာင့္အယွက္မျဖစ္ေစသလို၊ အသံုးျပဳမွဳရပ္တာနဲ႔ ကိုယ္ဝန္ျပန္ရေစေတာ့ ကာလတို သေႏၶတားခ်င္သူေတြအတြက္လည္း သင့္ေတာ္တယ္ေလ။
ဘာေတြ သတိထားဖို႔ လုိအပ္မလဲ။
ဒါေၾကာင့္ ေဆးမေသာက္ခ်င္ေတာ့ဘူး၊ ေဆးထိုးရေၾကာက္တယ္၊ လက္ေမာင္းလည္း အခြဲမခံခ်င္ဘူး ဆိုသူ မမတို႔ေရ ဒီနည္းလမ္းကိုသာ ေရြးခ်ယ္လုိက္ၾကေပေတာ့ေနာ္။
(မွတ္ခ်က္။ ။MyDoctorR အပလီေကးရွင္းေပၚရွိ ဆရာ၀န္တစ္ဦးဦးသို႕ဆက္သြယ္အကူအညီ ေတာင္းခံႏိုင္ပါသည္။ ညႊန္ၾကားခ်က္မ်ားကိုတေသြမသိမ္းလိုက္နာေဆာင္ရြက္ရန္အထူးလိုအပ္ပါသည္။)
ရီခ်ိဳ(ေဆး ၁)