ဘာကြောင့်ပါလိမ့်? (အပိုင်း ၂)
ခုရက်ပိုင်း ရာသီဥတုလေးလည်းကောင်းတော့ လူတွေလည်း အဖျားအနာသိပ်မရှိကြ…..
ဆေးခန်းလေး လူနာပါးပေမယ့် လူတွေကျန်းမာနေကြတာတွေ့ရတော့လည်း တစ်မျိုးစိတ်ချမ်းသာရပါတယ်….
ဟော….ပြောရင်းဆိုရင်းလာပါပြီ…..လူနာတော့မဟုတ်….ထုံးစံအတိုင်း ဦးတုတ်ကြီး……
တလောက လူနာလာလို့စကားစပြတ်သွားတာနဲ့ သူမေးချင်တာတွေ အကုန်မမေးလိုက်ရတော့…. ဒီနေ့လူနာအရှင်းစောင့်ပြီး လာတာနေမယ်….
ကျွန်တော် – အရင်တစ်ခေါက်က စကားစပြန်ဆက်ဖို့လားဗျ….
ဦးတုတ်ကြီး – ဟုတ်ပဗျာ…..ဘယ်ဆိုးလို့လဲ….ဆရာက မှတ်မိသားပဲ
ကျွန်တော် – မှတ်မိပါ့ဗျာ၊ ကဲ… လူနာရှင်းတုန်း သိချင်သမျှ အကြိုက်သာမေးပေတော့….
ဦးတုတ်ကြီး – ဟဲဟဲ…ဆရာက မေးဆိုတော့လည်း မေးပြီဗျာ….
ဒီလိုလေဆရာရဲ့….အချို့တွေ တားဆေးနေ့တိုင်းသောက်နေရဲ့နဲ့ ကိုယ်ဝန်ရသွားတာမျိုးကြားဖူးတယ်ဗျ….အဲ့ဆေးကရော စိတ်မချရဘူးလားဗျ?
ဆရာဝန်တွေကတော့ ညွှန်းကြတာပါပဲ…
ဒါပေမယ့် ကလေးရတဲ့သူလည်း ရသွားတာပတ်ဝန်းကျင်မှာ တွေ့နေရတော့ ကျွန်တော်တော့ဖြင့် ဒီဆေးကို သိပ်သဘောမတွေ့လှဘူး။
ကျွန်တော် – အင်း….ဆေးကတော့စိတ်ချရပါတယ်ဗျ….တစ်ခုရှိတာက …..ပထမဆုံးအနေနဲ့ သက်တမ်းကုန်ဆုံးရက်က စပြောမယ်ဗျာ။ ဒီဆေးလည်း ကွန်ဒုံးတို့ အခြားကုန်ပစ္စည်းတို့လိုပဲ သက်တမ်းကုန်ဆုံးရက်(Expired Date)ရှိတယ်ဗျ….
ရက်လွန်နေတဲ့ဆေးသောက်မိရင်တော့ ဆေးအာနိသင်က လျော့နည်းသွားပြီမို့ ကိုယ်ဝန်မတားနိုင်တော့ရင် ဆေးကိုအပြစ်ပြောလို့ မရဘူးလေ။အဲ့တော့ ပထမဆုံးပြောချင်တာကတော့ ဆေးဝယ်ရင် သက်တမ်းကုန်ဆုံးရက် (Expired Date)လေးစစ်ဆေးပြီးမှ ဝယ်သောက်ကြဖို့ပါ။
ဦးတုတ်ကြီး – ဟုတ်ကဲ့ပါဆရာ
ကျွန်တော် – နောက်ထပ်အဖြစ်များတဲ့ အကြောင်းရင်း (၄)ခုရှိသေးတယ်။ကျွန်တော်လည်း ဒီလိုလူနာပါးတဲ့ရက်လေး ပြောပြရတာ….
ကဲ…ဦးတုတ်ကြီး…စိတ်ရှည်လက်ရှည်နားထောင်ဖို့သာ ပြင်ထားတော့၊ အချိန်ရတယ်မလား?
ဦးတုတ်ကြီး – ရတာပေါ့ဆရာရယ်….ကိုယ့်ဆရာကတောင် ကျွန်တော့်ကို တကူးတက အချိန်ပေးပြီးရှင်းပြသေးတာပဲ…. ကျွန်တော်ကနားထောင်ရမှာပေါ့….ပြီးရင် အခြားအသိမိတ်ဆွေတွေကိုလည်း တစ်ဆင့်တဆင့်ပြန်မျှဝေလို့ရတာပေါ့….ပြောသာပြောပါဆရာ….
ကျွန်တော် – ကဲ…ပြောဆိုတော့လည်း…ပြောပြီဗျာ
နံပါတ် ၁ ကခုနကပြောတဲ့ Expired Date စစ်ဆေးပြီးဝယ်ဖို့ပေါ့။
နံပါတ် ၂ ကတော့ ဆေးကို အချိန်မှန်သောက်ဖို့ပေါ့…နေ့တိုင်းတော့ ဆေးသောက်ပါရဲ့ ….ဒီနေ့မနက်သောက်လိုက်..နောက်နေ့ကျနေ့လည်သောက်…နောက်တစ်ရက်ကျ ညသောက်….အဲ့လိုမျိုးဆေးသောက်တော့သောက်တယ်….အချိန်ကိုမှန်မှန်ကန်ကန် မသောက်တော့ကျ ဆေးအာနိသင်က စွမ်းသင့်သလောက်မစွမ်းတော့ဘူးပေါ့ဗျာ။အဲ့တော့ ဆေးသောက်ချိန်လေးကို ဂရုတစိုက်နဲ့မှန်မှန်လေးသောက်ရင်တော့ စိတ်ချရတာပေါ့ဗျာ။
ဦးတုတ်ကြီး – ဟုတ်ကဲ့ပါဆရာ…..နောက်အချက်တွေ ဆက်ပြောပါဦးဗျ
….ဆရာ့ဆီတစ်ခါတစ်ခါလာရင် အတော်ဗဟုသုတရသဗျာ….
ကျွန်တော် – နံပါတ် ၃ အချက်ကတော့ ဆေးစသောက်တဲ့ရက်…
ရာသီစလာလာချင်းရက်မှာစသောက်တယ်ဆိုရင် ဆေးစသောက်တဲ့ရက်မှာတင် အမျိုးသားနဲ့အတူနေလို့ရတယ်။အဲ့လိုမဟုတ်ဘဲ ရာသီစက်ဝန်းရဲ့ အခြားရက်မှာစသောက်တာဆိုရင်တော့ ပိုစိတ်ချရအောင် တစ်ပတ်လောက်ရှောင်ရင်ရှောင်၊ဒါမှမဟုတ်….အဲ့ဆေးစသောက်တဲ့ တစ်ပတ်အတွင်း အကာအကွယ်(ကွန်ဒုံး)သုံးပြီး အတူနေသင့်တယ်။
နံပါတ် ၄ အချက်ကတော့ တစ်ကဒ်ကုန်တာနဲ့ နောက်တစ်ကဒ်အဆက်မပြတ်ဆက်သောက်ဖို့ပဲ။ပထမတစ်ကဒ်ကုန်လို့ နောက်တစ်ကဒ်ဆက်တိုက ်ဆက်သောက်တာဆိုရင်တော့ အပေါ်ကပြောသလို တစ်ပတ်ရှောင်စရာမလိုတော့ဘူး။
နောက်ဆုံး နံပါတ် ၅ အချက်ကတော့ ဆေးသောက်ဖို့မေ့တဲ့ကိစ္စ….
ဆေးသောက်ဖို့မေ့သွားမှတော့ အာနိသင်ကလျော့ပြီလေ….
ဦးတုတ်ကြီး – တစ်ရက်လောက်မေ့သွားရင်ရော မရဘူးလားဗျ…
တစ်ရက်သောက်ဖို့မေ့တာနဲ့ ကိုယ်ဝန်ရသွားနိုင်ရောလား?
ဘယ်လိုမှပြန်လုပ်လို့မရတော့ဘူးလားဆရာ?
ကျွန်တော် – အဲ့လိုတော့လည်း မဟုတ်ပါဘူး။ တစ်လုံးမေ့တာ၊ နှစ်လုံးမေ့တာ၊သုံးလုံးမေ့တာ…နောက်ပြီး ဆေးကဒ်ရဲ့ ပထမတန်းမှာမေ့တာ၊ ဒုတိယတန်းမှာမေ့တာ၊တတိယတန်းမှာနေ့တာ၊နောက်ဆုံးတန်းမှာမေ့တာ…စတာတွေပေါ်မူတည်ပြီး ဆေးပြန်သောက်ရမှာတွေ၊အခြားလုပ်ရမှာတွေရှိတယ်။အဲ့ဒါတော့ ခုပြောလည်း
ဦးတုတ်ကြီးမှတ်မိမှာမဟုတ်လို့် နောက်မှ ကျွန်တော်ဆောင်းပါးတစ်ပုဒ် ရေးပြီး လူအများသိအောင် အင်တာနက်ကနေမျှဝေမယ်ဗျာ။
ဦးတုတ်ကြီး – ဟာ…ကောင်းတာပေါ့ဆရာရယ်…အင်တာနက်ကဆိုတော့ လူအများကြီးဆီရောက်တာပေါ့…
ကျွန်တော် – ဟုတ်တယ်ဗျ…အချို့မိန်းကလေးတွေက မသိတာ ရော…မမေးရဲတာရောနဲ့ မလိုချင်ဘဲကိုယ်ဝန်တွေရသွားတာဗျ။
အင်တာနက်မှာဆိုတော့ သူတို့လေးတွေဖတ်မိရင် သူတို့လည်း အကျိုးရှိ၊ ကျွန်တေယ်လည်း ကုသိုလ်ရတာပေါ့ဗျာ။
ကဲ….ဒီနေ့တော့နည်းနည်းနောက်ကျနေပြီ…နောက်တစ်ရက်လောက် အားရင်လာခဲ့ပါဦးဗျာ….
အခြား သားအိမ်တွင်းထည့်တဲ့ပစ္စည်းတွေကို စနစ်တကျမသုံးရင် ကိုယ်ဝန်ရနိုင်တာကြောင်း ကျွန်တော်ထပ်ရှင်းပြပါဦးမယ်။
ဦးတုတ်ကြီး – စိတ်ချဆရာ….ဆရာ့ဆေးခန်းလူရှင်းတာနဲ့ ကျွန်တော်ဝင်လာခဲ့ပါမယ်…..
ဒေါက်တာမျိုး (UM1)
ဘာေၾကာင့္ပါလိမ့္? (အပိုင္း ၂)
ခုရက္ပိုင္း ရာသီဥတုေလးလည္းေကာင္းေတာ့ လူေတြလည္း အဖ်ားအနာသိပ္မ႐ွိၾက…..
ေဆးခန္းေလး လူနာပါးေပမယ့္ လူေတြက်န္းမာေနၾကတာေတြ႔ရေတာ့လည္း တစ္မ်ိဳးစိတ္ခ်မ္းသာရပါတယ္….
ေဟာ….ေျပာရင္းဆိုရင္းလာပါၿပီ…..လူနာေတာ့မဟုတ္….ထံုးစံအတိုင္း ဦးတုတ္ႀကီး……
တေလာက လူနာလာလို႔စကားစျပတ္သြားတာနဲ႔ သူေမးခ်င္တာေတြ အကုန္မေမးလိုက္ရေတာ့…. ဒီေန႔လူနာအ႐ွင္းေစာင့္ၿပီး လာတာေနမယ္….
ကြၽန္ေတာ္ – အရင္တစ္ေခါက္က စကားစျပန္ဆက္ဖို႔လားဗ်….
ဦးတုတ္ႀကီး – ဟုတ္ပဗ်ာ…..ဘယ္ဆိုးလို႔လဲ….ဆရာက မွတ္မိသားပဲ
ကြၽန္ေတာ္ – မွတ္မိပါ့ဗ်ာ၊ ကဲ… လူနာ႐ွင္းတုန္း သိခ်င္သမ်ွ အႀကိဳက္သာေမးေပေတာ့….
ဦးတုတ္ႀကီး – ဟဲဟဲ…ဆရာက ေမးဆိုေတာ့လည္း ေမးၿပီဗ်ာ….
ဒီလိုေလဆရာရဲ႕….အခ်ိဳ႕ေတြ တားေဆးေန႔တိုင္းေသာက္ေနရဲ႕နဲ႔ ကိုယ္ဝန္ရသြားတာမ်ိဳးၾကားဖူးတယ္ဗ်….အဲ့ေဆးကေရာ စိတ္မခ်ရဘူးလားဗ်?
ဆရာဝန္ေတြကေတာ့ ၫႊန္းၾကတာပါပဲ…
ဒါေပမယ့္ ကေလးရတဲ့သူလည္း ရသြားတာပတ္ဝန္းက်င္မွာ ေတြ႔ေနရေတာ့ ကြၽန္ေတာ္ေတာ့ျဖင့္ ဒီေဆးကို သိပ္သေဘာမေတြ႔လွဘူး။
ကြၽန္ေတာ္ – အင္း….ေဆးကေတာ့စိတ္ခ်ရပါတယ္ဗ်….တစ္ခု႐ွိတာက …..ပထမဆံုးအေနနဲ႔ သက္တမ္းကုန္ဆံုးရက္က စေျပာမယ္ဗ်ာ။ ဒီေဆးလည္း ကြန္ဒံုးတို့ အျခားကုန္ပစၥည္းတို့လိုပဲ သက္တမ္းကုန္ဆံုးရက္(Expired Date)႐ွိတယ္ဗ်….
ရက္လြန္ေနတဲ့ေဆးေသာက္မိရင္ေတာ့ ေဆးအာနိသင္က ေလ်ာ့နည္းသြားၿပီမို႔ ကိုယ္ဝန္မတားႏိုင္ေတာ့ရင္ ေဆးကိုအျပစ္ေျပာလို႔ မရဘူးေလ။အဲ့ေတာ့ ပထမဆံုးေျပာခ်င္တာကေတာ့ ေဆးဝယ္ရင္ သက္တမ္းကုန္ဆံုးရက္ (Expired Date)ေလးစစ္ေဆးၿပီးမွ ဝယ္ေသာက္ၾကဖို႔ပါ။
ဦးတုတ္ႀကီး – ဟုတ္ကဲ့ပါဆရာ
ကြၽန္ေတာ္ – ေနာက္ထပ္အျဖစ္မ်ားတဲ့ အေၾကာင္းရင္း (၄)ခု႐ွိေသးတယ္။ကြၽန္ေတာ္လည္း ဒီလိုလူနာပါးတဲ့ရက္ေလး ေျပာျပရတာ….
ကဲ…ဦးတုတ္ႀကီး…စိတ္႐ွည္လက္႐ွည္နားေထာင္ဖို႔သာ ျပင္ထားေတာ့၊ အခ်ိန္ရတယ္မလား?
ဦးတုတ္ႀကီး – ရတာေပါ့ဆရာရယ္….ကိုယ့္ဆရာကေတာင္ ကြၽန္ေတာ့္ကို တကူးတက အခ်ိန္ေပးၿပီး႐ွင္းျပေသးတာပဲ…. ကြၽန္ေတာ္ကနားေထာင္ရမွာေပါ့….ၿပီးရင္ အျခားအသိမိတ္ေဆြေတြကိုလည္း တစ္ဆင့္တဆင့္ျပန္မ်ွေဝလို႔ရတာေပါ့….ေျပာသာေျပာပါဆရာ….
ကြၽန္ေတာ္ – ကဲ…ေျပာဆိုေတာ့လည္း…ေျပာၿပီဗ်ာ
နံပါတ္ ၁ ကခုနကေျပာတဲ့ Expired Date စစ္ေဆးၿပီးဝယ္ဖို႔ေပါ့။
နံပါတ္ ၂ ကေတာ့ ေဆးကို အခ်ိန္မွန္ေသာက္ဖို႔ေပါ့…ေန႔တိုင္းေတာ့ ေဆးေသာက္ပါရဲ႕ ….ဒီေန႔မနက္ေသာက္လိုက္..ေနာက္ေန႔က်ေန႔လည္ေသာက္…ေနာက္တစ္ရက္က် ညေသာက္….အဲ့လိုမ်ိဳးေဆးေသာက္ေတာ့ေသာက္တယ္….အခ်ိန္ကိုမွန္မွန္ကန္ကန္ မေသာက္ေတာ့က် ေဆးအာနိသင္က စြမ္းသင့္သေလာက္မစြမ္းေတာ့ဘူးေပါ့ဗ်ာ။အဲ့ေတာ့ ေဆးေသာက္ခ်ိန္ေလးကို ဂ႐ုတစိုက္နဲ႔မွန္မွန္ေလးေသာက္ရင္ေတာ့ စိတ္ခ်ရတာေပါ့ဗ်ာ။
ဦးတုတ္ႀကီး – ဟုတ္ကဲ့ပါဆရာ…..ေနာက္အခ်က္ေတြ ဆက္ေျပာပါဦးဗ်
….ဆရာ့ဆီတစ္ခါတစ္ခါလာရင္ အေတာ္ဗဟုသုတရသဗ်ာ….
ကြၽန္ေတာ္ – နံပါတ္ ၃ အခ်က္ကေတာ့ ေဆးစေသာက္တဲ့ရက္…
ရာသီစလာလာခ်င္းရက္မွာစေသာက္တယ္ဆိုရင္ ေဆးစေသာက္တဲ့ရက္မွာတင္ အမ်ိဳးသားနဲ႔အတူေနလို႔ရတယ္။အဲ့လိုမဟုတ္ဘဲ ရာသီစက္ဝန္းရဲ႕ အျခားရက္မွာစေသာက္တာဆိုရင္ေတာ့ ပိုစိတ္ခ်ရေအာင္ တစ္ပတ္ေလာက္ေ႐ွာင္ရင္ေ႐ွာင္၊ဒါမွမဟုတ္….အဲ့ေဆးစေသာက္တဲ့ တစ္ပတ္အတြင္း အကာအကြယ္(ကြန္ဒံုး)သံုးၿပီး အတူေနသင့္တယ္။
နံပါတ္ ၄ အခ်က္ကေတာ့ တစ္ကဒ္ကုန္တာနဲ႔ ေနာက္တစ္ကဒ္အဆက္မျပတ္ဆက္ေသာက္ဖို႔ပဲ။ပထမတစ္ကဒ္ကုန္လို႔ ေနာက္တစ္ကဒ္ဆက္တိုက ္ဆက္ေသာက္တာဆိုရင္ေတာ့ အေပၚကေျပာသလို တစ္ပတ္ေ႐ွာင္စရာမလိုေတာ့ဘူး။
ေနာက္ဆံုး နံပါတ္ ၅ အခ်က္ကေတာ့ ေဆးေသာက္ဖို႔ေမ့တဲ့ကိစၥ….
ေဆးေသာက္ဖို႔ေမ့သြားမွေတာ့ အာနိသင္ကေလ်ာ့ၿပီေလ….
ဦးတုတ္ႀကီး – တစ္ရက္ေလာက္ေမ့သြားရင္ေရာ မရဘူးလားဗ်…
တစ္ရက္ေသာက္ဖို႔ေမ့တာနဲ႔ ကိုယ္ဝန္ရသြားႏိုင္ေရာလား?
ဘယ္လိုမွျပန္လုပ္္လို႔မရေတာ့ဘူးလားဆရာ?
ကြၽန္ေတာ္ – အဲ့လိုေတာ့လည္း မဟုတ္ပါဘူး။ တစ္လံုးေမ့တာ၊ ႏွစ္လံုးေမ့တာ၊သံုးလံုးေမ့တာ…ေနာက္ၿပီး ေဆးကဒ္ရဲ႕ ပထမတန္းမွာေမ့တာ၊ ဒုတိယတန္းမွာေမ့တာ၊တတိယတန္းမွာေန႔တာ၊ေနာက္ဆံုးတန္းမွာေမ့တာ…စတာေတြေပၚမူတည္ၿပီး ေဆးျပန္ေသာက္ရမွာေတြ၊အျခားလုပ္ရမွာေတြ႐ွိတယ္။အဲ့ဒါေတာ့ ခုေျပာလည္း
ဦးတုတ္ႀကီးမွတ္မိမွာမဟုတ္လို္႔ ေနာက္မွ ကြၽန္ေတာ္ေဆာင္းပါးတစ္ပုဒ္ ေရးၿပီး လူအမ်ားသိေအာင္ အင္တာနက္ကေနမ်ွေဝမယ္ဗ်ာ။
ဦးတုတ္ႀကီး – ဟာ…ေကာင္းတာေပါ့ဆရာရယ္…အင္တာနက္ကဆိုေတာ့ လူအမ်ားႀကီးဆီေရာက္တာေပါ့…
ကြၽန္ေတာ္ – ဟုတ္တယ္ဗ်…အခ်ိဳ႕မိန္းကေလးေတြက မသိတာ ေရာ…မေမးရဲတာေရာနဲ႔ မလိုခ်င္ဘဲကိုယ္ဝန္ေတြရသြားတာဗ်။
အင္တာနက္မွာဆိုေတာ့ သူတို႔ေလးေတြဖတ္မိရင္ သူတို႔လည္း အက်ိဳး႐ွိ၊ ကြၽန္ေတယ္လည္း ကုသိုလ္ရတာေပါ့ဗ်ာ။
ကဲ….ဒီေန႔ေတာ့နည္းနည္းေနာက္က်ေနၿပီ…ေနာက္တစ္ရက္ေလာက္ အားရင္လာခဲ့ပါဦးဗ်ာ….
အျခား သားအိမ္တြင္းထည့္တဲ့ပစၥည္းေတြကို စနစ္တက်မသံုးရင္ ကိုယ္ဝန္ရႏိုင္တာေၾကာင္း ကြၽန္ေတာ္ထပ္႐ွင္းျပပါဦးမယ္။
ဦးတုတ္ႀကီး – စိတ္ခ်ဆရာ….ဆရာ့ေဆးခန္းလူ႐ွင္းတာနဲ႔ ကြၽန္ေတာ္ဝင္လာခဲ့ပါမယ္…..
ေဒါက္တာမ်ိဳး (UM1)