စိတ်ကြွ စိတ်ကျရောဂါဆိုတာ
စိတ်ကြွ စိတ်ကျရောဂါလို့ခေါ်ပါတယ် ။ စိတ်အခြေအနေဟာ အစွန်းနှစ်ဖက်ကို ပြောင်းပြောင်းသွားတာမျိုးဖြစ်ပါတယ် ။ အဲ့အတွက်ကို အိပ်ချိန်မမှန်တော့တာ အားအင်ကုန်ခမ်းနေတာ အပြူအမူပိုင်းတွေပြောင်းလဲနေတာ မျိုးတွေဖြစ်လာပါတယ် ။
ဒီရောဂါရှိသူတွေဟာ အလွန်အမင်းပျော်ရွှင်တက်ကြွနေတဲ့ အချိန် စိတ်ဆင်းရဲ စိတ်ဓာတ်တွေကျဆင်း မလှုပ်မကိုင်ချင် နှုံးခွေပြီးနေချင်တဲ့အချိန် ဆိုပြီး အစွန်းနှစ်ဖက်ကို ရောက်ရောက်နေတတ်ပါတယ် ။ ဘယ်လောက်ကြာကြာ တစ်ချိန်စီကဖြစ်သလဲတိုတာ လူတစ်ဦးနဲ့တစ်ဦးမတူပါဘူး ။ ဒီအချိန်နှစ်ခုကြား ပုံမှန်အခြေအနေရောက်သွားလျှင်လည်း ပုံမှန်လူတစ်ဦးလို စဉ်းစားတွေးခေါ်ပြုမူနေနိုင်ပါသေးတယ် ။ ဒါကြောင့်လဲ စိတ်ကြွ စိတ်ကျရောဂါလို့ခေါ်တာပါ ။
အများအားဖြင့် တော့ စိတ်ကျမှုအပိုင်းဟာ စိတ်ကြွမှု အပိုင်းထက် ပိုများပါတယ် ။
ဘယ်လိုလက္ခဏာတွေပြတတ်လဲ ?
တစ်ဦးနဲ့တစ်ဦးမတူပါ ။ ဘယ်အချိန်မှာ စိတ်ကျနေပြီး ဘယ်အချိန်မယ် စိတ်ကြွနေမယ်ဆိုတာ ခန့်မှန်းရခက်ပါတယ် ။ တချို့သူတွေမှာ စိတ်ကျခြင်း စိတ်ကြွခြင်းဟာ တစ်သတ်မှတ်တည်းအချိန်တော်တော်ကြာကြာ ရှိနေတတ်ပြီး နောက်ထပ် စိတ်အခြေအနေကို တော်တော်ကြာမှ ပြောင်းလဲတတ်ပါတယ် ။ ဒီလိုမျိုး အခြေအနေဟာ ရက်တွေ လတွေသာမက နှစ်နဲ့ချီပြီး ကြာနိုင်ပါတယ် ။
ရောဂါအခြေအနေဆိုးလာခြင်းဟာလဲ လူတစ်ဦးနှင်တစ်ဦး မနူသလို အချိန်ကာလလဲ မတူနိုင်ပါ ။
လက္ခဏာရပ်တွေ အနေနဲ့
စိတ်ကြွနေတဲ့အချိန်ဆို
* အလွန်အမင်းပျော်ရွှင်နေမယ် ၊ သာယာနေမယ် ၊ မျှော်လင့်ချက်တွေနဲ့ တက်ကြွလွန်းနေမယ်
* ပျော်ရွှင်နေရာကနေ ချက်ချင်း ဒေါသတကြီး စိတ်တို စိတ်ဆိုးလာမယ်
* ဂဏာမငြိမ်ဖြစ်မယ်
* စကားတွေ ခရားရေလွှတ်ပြောဆိုနေပေမယ့် အာရုံမစိုက်နိုင်တာတွေဖြစ်နေမယ်
* အားအင်တွေအလိုလိုရနေသလိုဖြစ်ပြီး အအိပ်အနေနည်းလာမယ်
* လိင်မှုစိတ်တွေ များနေမယ်
* အလွန်ကြီးမားပြီး လက်တွေ့မဆန်တဲ့ အတွေးတွေ စီမံမှုတွေ လုပ်မယ် ဘဝင်မြင့်မယ်
* ငါဘာလုပ်လုပ်ဖြစ်တယ်ဆိုတဲ့အတွေးတွေရှိနေမယ်
* ဆုံးဖြတ်ချက်ချရာတွေမှာ မှားယွင်းမယ် အားနည်းနေမယ်
* မူးယစ်ဆေးတွေ အရက်တွေ အလွန်အကျွံသုံးစွဲမိမယ်
* ပြောရဆိုရခက်လာမယ်
စိတ်ကျနေချိန်ဆို
* ဝမ်းနည်းနေမယ်
* နှုံးခွေပြီး အားနည်းနေမယ်
* အရာရာဟာ မျှော်လင့်ချက်မဲ့နေမယ်
* စိတ်ဓာတ်အကြီးအကျယ်ကျမယ်
* အရင်ကပျော်ရွှင်ခဲ့တဲ့အရာတွေက အဓိပ္ပာယ်မရှိဖြစ်လာမယ်
* အာရုံစူးစိုက်မရဖြစ်လာမယ်
* အရာရာစိုးရိမ်ပူပန်နေမယ်
* ထိန်းချုပ်မရဘဲ ငိုကြွေးပူဆွေးမှုတွေဖြစ်လာမယ်
* စိတ်မရှည်တာတွေဖြစ်မယ်
* နဂိုကထက် ပိုအိပ်လာမယ်
* ညဘက်အိပ်မပျော်တာတွေဖြစ်မယ်
* စားချင်သောက်ချင်စိတ်ပျောက်သွားတာ ပိုစားလာလာတွေဖြစ်ပြီး ကိုယ်အလေးချိန်ကျဆင်းသွားတာ ဝလာတာတွေဖြစ်လာနိုင်တယ်
* သေချင်စိတ်တွေ သေကြောင်းကြံဖို့အတွေးတွေဖြစ်လာမယ်
* သေကြာင်းကြံဖို့ကြိုးစားလာတာတွေ
ဖြစ်လာနိုင်ပါတယ် ။
ဘယ်သူတွေမှာ ဖြစ်သလဲ ?
လူလတ်ပိုင်းတွေရယ် အသက် ၁၃ ကနေ ၃၀ အတွင်း ပိုင်းရယ်မှာ ပိုတွေ့ရပါတယ် ။ ယောက်ျား မိန်းမ တူတူပဲ ဖြစ်ပွားလေ့ရှိပြီး မိသားစုထဲမှာ မျိုးရိုးကနေ ဆင်းသက်နိုင်ပါတယ် ။ အမျိုးသမီးတွေမှာက စိတ်ကြွစိတ်ကျပြောင်းလဲမှုဟာ ပိုမိုမြန်ဆန်လေ့ရှိပြီး အမျိုးသားတွေထက်ပို စိတ်ကျချိန်ပိုများပါတယ် ။
ဒီအခြေအနေရောဂါရှိတဲ့အများစုဟာ မူးယသ်ဆေးတွေ အရက်တွေအလွန်အကျွံသုံးစွဲကြပါတယ် ။ ဒါတွေကနေပဲ စိတ်ကြွစိတ်ကျရောဂါရှိသူတွေဟာ ပိုမိုပြီး စိတ်ကြွ စိတ်ကျအခြေအနေဟာ ပိုပိုဆိုးလာကြတာပါ ။
ဘာကြောင့်ဖြစ်သလဲ ?
ယခုအချိန်အထိ လေ့လာနေကြဆဲဖြစ်ပြီး အဓိက မျိုးရိုးကြောင့် ဦးနှောက်တွင်းပြောင်းလဲမှုနဲ့ စိတ်ဖီစီးမှုတွေကြောင့်လို့ အကြမ်းဖျင်းယူဆကျပါတယ် ။
ဒီစိတ်ကြွစိတ်ကျရောဂါဖြစ်လာပြီ လက္ခဏာတွေရှိလာတယ်လို့ ခံစားရတယ် မိသားစု အပေါင်းအသင်းတွေက ပြောပြကြတယ်ဆိုရင် မိသားစုဆရာဝန် ဒါမဟုတ် စိတ်ကျန်းမာ ဆရာဝန်နဲ့ပြသသင့်ပါပြီ ။ ပြသတဲ့အခါ စိတ်ကျန်းမာရေးနှင့်ပတ်သတ်သောမေးခွန်းတွေ စိတ်ပူပန်စရာ စိတ်သောကတွေ အကြောင်းရင်း ပြသနာတွေ ကို မေးမြန်းပြီး ရောဂါကိုစစ်ဆေးမှာဖြစ်ပါတယ် ။ ဒီလိုစစ်ဆေးပြီး စိတ်ကြွစိတ်ကျရောဂါလား တစ်ခြားစိတ်ရောဂါလားဆိုတာလဲ ကွဲကွဲပြားပြားသိလာနိုင်ပြီး စနစ်တကျ ကုသမှုခံယူနိုင်မှာပါ ။
မိမိပတ်ဝန်းကျင် မိသားစု အပေါင်းအသင်းများထဲတွင်လဲ စိတ်ကြွစိတ်ကျ လက္ခဏာများ တွေ့ရှိပါက ဆရာဝန်နှင့်ပြသရန် တိုက်တွန်းပါ ။ စိတ်ရောဂါဆိုသည်မှာ ရှက်စရာကြောက်စရာမလိုကြောင်း ဆေးကုလျှင် သက်သာကောင်းမွန်မည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားပါ ဖျောင်းဖျပါ ။
Dr. ရှိန်းသူဟန်
စိတ္ႂကြ စိတ္က်ေရာဂါဆိုတာ
စိတ္ႂကြ စိတ္က်ေရာဂါလို႔ေခၚပါတယ္ ။ စိတ္အေျခအေနဟာ အစြန္းႏွစ္ဖက္ကို ေျပာင္းေျပာင္းသြားတာမ်ဳိးျဖစ္ပါတယ္ ။ အ့ဲအတြက္ကို အိပ္ခ်ိန္မမွန္ေတာ့တာ အားအင္ကုန္ခမ္းေနတာ အျပဴအမူပိုင္းေတြေျပာင္းလဲေနတာ မ်ဳိးေတြျဖစ္လာပါတယ္ ။
ဒီေရာဂါရွိသူေတြဟာ အလြန္အမင္းေပ်ာ္ရႊင္တက္ႂကြေနတ့ဲ အခ်ိန္ စိတ္ဆင္းရဲ စိတ္ဓာတ္ေတြက်ဆင္း မလႈပ္မကိုင္ခ်င္ နံႈးေခြၿပီးေနခ်င္တ့ဲအခ်ိန္ ဆိုၿပီး အစြန္းႏွစ္ဖက္ကို ေရာက္ေရာက္ေနတတ္ပါတယ္ ။ ဘယ္ေလာက္ၾကာၾကာ တစ္ခ်ိန္စီကျဖစ္သလဲတိုတာ လူတစ္ဦးနဲ႔တစ္ဦးမတူပါဘူး ။ ဒီအခ်ိန္ႏွစ္ခုၾကား ပံုမွန္အေျခအေနေရာက္သြားလွ်င္လည္း ပံုမွန္လူတစ္ဦးလို စဥ္းစားေတြးေခၚျပဳမူေနႏိုင္ပါေသးတယ္ ။ ဒါေၾကာင့္လဲ စိတ္ႂကြ စိတ္က်ေရာဂါလို႔ေခၚတာပါ ။
အမ်ားအားျဖင့္ ေတာ့ စိတ္က်မႈအပိုင္းဟာ စိတ္ႂကြမႈ အပိုင္းထက္ ပိုမ်ားပါတယ္ ။
ဘယ္လိုလကၡဏာေတြျပတတ္လဲ ?
တစ္ဦးနဲ႔တစ္ဦးမတူပါ ။ ဘယ္အခ်ိန္မွာ စိတ္က်ေနၿပီး ဘယ္အခ်ိန္မယ္ စိတ္ႂကြေနမယ္ဆိုတာ ခန္႔မွန္းရခက္ပါတယ္ ။ တခ်ဳိ့သူေတြမွာ စိတ္က်ျခင္း စိတ္ႂကြျခင္းဟာ တစ္သတ္မွတ္တည္းအခ်ိန္ေတာ္ေတာ္ၾကာၾကာ ရွိေနတတ္ၿပီး ေနာက္ထပ္ စိတ္အေျခအေနကို ေတာ္ေတာ္ၾကာမွ ေျပာင္းလဲတတ္ပါတယ္ ။ ဒီလိုမ်ဳိး အေျခအေနဟာ ရက္ေတြ လေတြသာမက ႏွစ္နဲ႔ခ်ီၿပီး ၾကာႏိုင္ပါတယ္ ။
ေရာဂါအေျခအေနဆိုးလာျခင္းဟာလဲ လူတစ္ဦးႏွင္တစ္ဦး မႏူသလို အခ်ိန္ကာလလဲ မတူႏိုင္ပါ ။
လကၡဏာရပ္ေတြ အေနနဲ႔
စိတ္ႂကြေနတ့ဲအခ်ိန္ဆို
* အလြန္အမင္းေပ်ာ္ရႊင္ေနမယ္ ၊ သာယာေနမယ္ ၊ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ တက္ျကြလြန္းေနမယ္
* ေပ်ာ္ရႊင္ေနရာကေန ခ်က္ခ်င္း ေဒါသတႀကီး စိတ္တို စိတ္ဆိုးလာမယ္
* ဂဏာမၿငိမ္ျဖစ္မယ္
* စကားေတြ ခရားေရလႊတ္ေျပာဆိုေနေပမယ့္ အာရံုမစိုက္ႏိုင္တာေတြျဖစ္ေနမယ္
* အားအင္ေတြအလိုလိုရေနသလိုျဖစ္ၿပီး အအိပ္အေနနည္းလာမယ္
* လိင္မႈစိတ္ေတြ မ်ားေနမယ္
* အလြန္ႀကီးမားျပီး လက္ေတြ႕မဆန္တ့ဲ အေတြးေတြ စီမံမႈေတြ လုပ္မယ္ ဘဝင္ျမင့္မယ္
* ငါဘာလုပ္လုပ္ျဖစ္တယ္ဆိုတ့ဲအေတြးေတြရွိေနမယ္
* ဆံုးျဖတ္ခ်က္ခ်ရာေတြမွာ မွားယြင္းမယ္ အားနည္းေနမယ္
* မူးယစ္ေဆးေတြ အရက္ေတြ အလြန္အကြ်ံသံုးစြဲမိမယ္
* ေျပာရဆိုရခက္လာမယ္
စိတ္က်ေနခ်ိန္ဆို
* ဝမ္းနည္းေနမယ္
* နံႈးေခြၿပီး အားနည္းေနမယ္
* အရာရာဟာ ေမွ်ာ္လင့္ခ်က္မ့ဲေနမယ္
* စိတ္ဓာတ္အႀကီးအက်ယ္က်မယ္
* အရင္ကေပ်ာ္ရႊင္ခ့ဲတ့ဲအရာေတြက အဓိပၸာယ္မရွိျဖစ္လာမယ္
* အာရံုစူးစိုက္မရျဖစ္လာမယ္
* အရာရာစိုးရိမ္ပူပန္ေနမယ္
* ထိန္းခ်ဳပ္မရဘဲ ငိုေႂကြးပူေဆြးမႈေတြျဖစ္လာမယ္
* စိတ္မရွည္တာေတြျဖစ္မယ္
* နဂိုကထက္ ပိုအိပ္လာမယ္
* ညဘက္အိပ္မေပ်ာ္တာေတြျဖစ္မယ္
* စားခ်င္ေသာက္ခ်င္စိတ္ေပ်ာက္သြားတာ ပိုစားလာလာေတြျဖစ္ၿပီး ကိုယ္အေလးခ်ိန္က်ဆင္းသြားတာ ဝလာတာေတြျဖစ္လာႏိုင္တယ္
* ေသခ်င္စိတ္ေတြ ေသေၾကာင္းၾကံဖို႔အေတြးေတြျဖစ္လာမယ္
* ေသၾကာင္းၾကံဖို႔ႀကိဳးစားလာတာေတြ
ျဖစ္လာႏိုင္ပါတယ္ ။
ဘယ္သူေတြမွာ ျဖစ္သလဲ ?
လူလတ္ပိုင္းေတြရယ္ အသက္ ၁၃ ကေန ၃၀ အတြင္း ပိုင္းရယ္မွာ ပိုေတြ႕ရပါတယ္ ။ ေယာက္်ား မိန္းမ တူတူပဲ ျဖစ္ပြားေလ့ရွိၿပီး မိသားစုထဲမွာ မ်ဳိး႐ိုးကေန ဆင္းသက္ႏိုင္ပါတယ္ ။ အမ်ဳိးသမီးေတြမွာက စိတ္ႂကြစိတ္က်ေျပာင္းလဲမႈဟာ ပိုမိုျမန္ဆန္ေလ့ရွိၿပီး အမ်ဳိးသားေတြထက္ပို စိတ္က်ခ်ိန္ပိုမ်ားပါတယ္ ။
ဒီအေျခအေနေရာဂါရွိတ့ဲအမ်ားစုဟာ မူးယသ္ေဆးေတြ အရက္ေတြအလြန္အကြ်ံသံုးစြဲၾကပါတယ္ ။ ဒါေတြကေနပဲ စိတ္ႂကြစိတ္က်ေရာဂါရွိသူေတြဟာ ပိုမိုၿပီး စိတ္ႂကြ စိတ္က်အေျခအေနဟာ ပိုပိုဆိုးလာၾကတာပါ ။
ဘာေၾကာင့္ျဖစ္သလဲ ?
ယခုအခ်ိန္အထိ ေလ့လာေနၾကဆဲျဖစ္ၿပီး အဓိက မ်ဳိး႐ိုးေၾကာင့္ ဦးေႏွာက္တြင္းေျပာင္းလဲမႈနဲ႔ စိတ္ဖီစီးမႈေတြေၾကာင့္လို႔ အၾကမ္းဖ်င္းယူဆက်ပါတယ္ ။
ဒီစိတ္ႂကြစိတ္က်ေရာဂါျဖစ္လာၿပီ လကၡဏာေတြရွိလာတယ္လို႔ ခံစားရတယ္ မိသားစု အေပါင္းအသင္းေတြက ေျပာျပၾကတယ္ဆိုရင္ မိသားစုဆရာဝန္ ဒါမဟုတ္ စိတ္က်န္းမာ ဆရာဝန္နဲ႔ျပသသင့္ပါၿပီ ။ ျပသတ့ဲအခါ စိတ္က်န္းမာေရးႏွင့္ပတ္သတ္ေသာေမးခြန္းေတြ စိတ္ပူပန္စရာ စိတ္ေသာကေတြ အေၾကာင္းရင္း ျပသနာေတြ ကို ေမးျမန္းၿပီး ေရာဂါကိုစစ္ေဆးမွာျဖစ္ပါတယ္ ။ ဒီလိုစစ္ေဆးၿပီး စိတ္ႂကြစိတ္က်ေရာဂါလား တစ္ျခားစိတ္ေရာဂါလားဆိုတာလဲ ကြဲကြဲျပားျပားသိလာႏိုင္ၿပီး စနစ္တက် ကုသမႈခံယူႏိုင္မွာပါ ။
မိမိပတ္ဝန္းက်င္ မိသားစု အေပါင္းအသင္းမ်ားထဲတြင္လဲ စိတ္ႂကြစိတ္က် လကၡဏာမ်ား ေတြ႕ရွိပါက ဆရာဝန္ႏွင့္ျပသရန္ တိုက္တြန္းပါ ။ စိတ္ေရာဂါဆိုသည္မွာ ရွက္စရာေၾကာက္စရာမလိုေၾကာင္း ေဆးကုလွ်င္ သက္သာေကာင္းမြန္မည္ျဖစ္ေၾကာင္း တိုက္တြန္းေျပာၾကားပါ ေဖ်ာင္းဖ်ပါ ။
Dr. ရွိန္းသူဟန္