ပါဝင်သောဆေး-Biphenyl dimethyl dicarboxylate
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-နာတာရှည်နှင့် ဆက်တိုက် အသည်းရောင်ခြင်း နှင့်အတူ သွေးတွင်းအသည်းဓာတ်များနေခြင်း၊ ဆေးများကြောင့် အသည်းဓာတ်ပမာဏများနေခြင်း။
သုံးစွဲရန်အညွှန်း- ၁-၂ ပြား တစ်နေ့ ၃ ကြိမ်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ရောဂါကြွနေသော နာတာရှည်အသည်းရောင်သူများနှင့် အသည်းခြောက်သူများ သတိပြုသုံးစွဲပါ။ ဆေးသုံးစွဲစဉ် သွေးတွင်းအသည်းဓာတ်များတက်သူများသည် ဤဆေးကို နောက်တစ်ကြိမ်ဆက်သုံးပါက အသည်းဓာတ်ပြန်ကျနိုင်ပါသည်။ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ ကလေးများ၊ အသက်ကြီးသူများ ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သုံးစွဲပါ။
ဘေးထွက်ဆိုးကျိုး-ရေငတ်ခြင်း၊ ပျို့ခြင်း၊ အနီစက်ထွက်ခြင်းများဖြစ်ပါက ဆေးမတည့်လျှင်သုံးသော အလာဂျီ သက်သာသောဆေးများသုံးစွဲသင့်ပါသည်။ ဆေးသုံးစဉ် အသားဝါလာပါက ဆေးသုံးစွဲခြင်းကိုရပ်ရပါမည်။
အခြား ဆေးဝါးများနှင့် ဓာတ်ပြုခြင်းများ-Inosine ဆေးနှင့် တွဲသုံးပါက အသည်းဓာတ် ALT တက်တတ်ပါသည်။
ဒေါက်တာချို(ဆေး ၁)