ပါဝင်သောဆေး-cefadroxil 500 mg
ဆေးပုံစံ-ဆေးပြားပုံစံ။
အသုံးပြုနိုင်သော ရောဂါများ-ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ပိုးကြောင့် ဖြစ်သောအရေပြားရောဂါများ၊ အာသီးရောင်ခြင်း၊ လည်ချောင်းရောင်ခြင်း။
သုံးစွဲရန်အညွှန်း- ၁-၂ ပြား တစ်နေ့ ၂ ကြိမ်။
အစာနှင့်စားရန်သင့်မသင့်-အစာရှိရှိ မရှိရှိ သောက်သုံးနိုင်ပါသည်။ သို့သော် ဘေးထွက်ဆိုကျိုးနည်းစေရန် အစာနှင့် တွဲသောက်သင့်ပါသည်။
လုံးဝအသုံးမပြုသင့်သောသူများ-ပါဝင်သော ဆေးနှင့်ဓာတ်မတည့်သူများ။
သတိပြုရမည့်အချက်များ-ပင်နီဆလင် ပိုးသတ်ဆေးနှင့် မတည့်သူများ၊ ကျောက်ကပ်အားနည်းသူများ၊ အစာအိမ်နှင့် အူလမ်းကြောင်းရောဂါ ရှိသူများ (ဥပမာ- အူရောင်နေသူများ)၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ ဆရာဝန်၏ညွှန်ကြားချက်ဖြင့် သတိပြုသုံးစွဲပါ။ ကြာရှည် သုံးစွဲပါက ဤဆေးနှင့် မတိုးသောပိုးမွှားများ ပေါက်ပွားစေပါသည်။
ဘေးထွက်ဆိုးကျိုး-အရေပြားတု ဖြစ်သောအူမကြီးရောင်ခြင်း၊ ဝမ်းလျောခြင်း၊ ဓာတ်မတည့်ခြင်း ( အင်ပြင်ထခြင်း၊ ယားယံခြင်း စသည်) ၊ မျိုးပွားအင်္ဂါတစ်ဝိုက် ယားယံခြင်း၊ သားမွေးလမ်းကြောင်း ရောင်ခြင်း၊ ဆေးမတည့်ခြင်း၊ သတိလစ်ခြင်း၊ အရေပြားရောင်ရမ်း အနာများဖြစ်ခြင်း၊ ဖျားခြင်း၊ ဗိုက်အောင့်ခြင်း စသည်။
ရီချို(ဆေး ၁)