“ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံး အချိန်”

ကိုယ်ဝန်ဆောင်ဖို့ ဘယ်အချိန်က အကောင်းဆုံးပါလဲ ဆိုရင်တော့ သဘာဝအတိုင်းဆိုရင် သားဥအိမ်က ကြွေကျတဲ့သားဥနဲ့ ကိုယ့်အိမ်ထောင်ဘက်ရဲ့သုတ်ပိုးနဲ့ အတူတကွ ရှိနေနိုင်သလောက် ရှိနေပေးခြင်းပါပဲ။

အကာအကွယ်မသုံးဘူး သန္ဓေမတားထားဘူး ပြီးတော့ မကြာခဏ အတူနေဖြစ်ဆက်ဆံဖြစ်တယ်ဆိုရင် အသက်၄၀အောက်မှာရှိတဲ့ ဘယ်အမျိုးသား အမျိုးသမီးစုံတွဲ မဆို ၂နှစ်အတွင်းမှာ ကိုယ်ဝန်ရယူနိုင်ပါတယ်။

သားဥကြွေချိန်ကို စနစ်တကျ တွက်ချက်ပြီး အမျိုးသားနဲ့ အတူနေနိုင်ဖို့အထိ မလုပ်နိုင်ရင်လည်း ကိစ္စမရှိပါဘူး။ ၂ရက်ခြား သို့မဟုတ် ၃ရက်ခြား အိမ်ထောင်ဘက်နဲ့ အတူချစ်တင်းနှောပေးတာဟာ ကိုယ်ဝန်ရစေမယ့် အခွင့်အရေးကို တိုးမြင့်စေနိုင်ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ သုတ်ရည်သုတ်ပိုးဟာ ၂ရက်ကနေ ၃ရက်အထိ မိန်းမမျိုးပွားလမ်းကြောင်းအတွင်း နေထိုင်နိုင်တာမို့ သားဥ ကြွေတဲ့ အခါ ပေါင်းစပ်ပြီး ကိုယ်ဝန်ရရှိစေမှာပါပဲ။

အဓိကကတော့ စိတ်ဖိစီးမှု လျှော့ချပြီး အိမ်ထောင်ဘက်နဲ့ အတူတူ ပျော်ပျော်ရွှင်ရွှင် နေမယ်ဆိုရင်လည်း ဒါက အထောက်အကူဖြစ်စေတဲ့ တစ်ချက်ပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ဖို့ အကောင်းဆုံးနဲ့ ကိုယ်ဝန်ဆောင်နိုင်တဲ့ အခွင့်အလမ်းတိုးမြင့်ဖို့ကတော့ ၂ရက်ခြား တစ်ခါ သို့မဟုတ် ၃ရက်ခြား တစ်ခါမှာ ကိုယ်ရဲ့ အိမ်ထောင်ဘက်နဲ့ ပုံမှန် လိင်ဆက်ဆံမှု ရှိဖို့ပဲ ဖြစ်ပါတယ်။

ဘယ်လိုပုံစံနဲ့ လိင်ဆက်ဆံခြင်းက ပိုပြီး ကိုယ်ဝန်ရဖို့ အခွင့်အလမ်းမြန်စေတယ်ဆိုတာက မဟုတ်ပါဘူး။ မည်သည့် ပုံစံနဲ့ လိင်ဆက်ဆံသည်ပဲ ဖြစ်စေ အမျိုးသားရဲ့ သုတ်ရည်ဟာ အမျိုးသမီးရဲ့ မိန်းမကိုယ်လမ်းကြောင်းအတွင်း ထုတ်ပေးထားသရွေ့ ကိုယ်ဝန်ဆောင်စေနိုင်မှာပါပဲ။ သုတ်ရည်ဟာ မိန်းမကိုယ်လမ်းကြောင်းမှ တဆင့် သားအိမ်ခေါင်း၊ သားအိမ် ထို့နောက် ဥသယ်ပြွန်အထိ အဆင့်ဆင့် ကူးခတ်သွားမှာပဲ ဖြစ်ပါတယ်။

လိင်ဆက်ဆံမှု ပြီးတဲ့အခါ သုတ်ရည်တွေကို မိန်းမကိုယ်လမ်းကြောင်းထဲကို ကောင်းစွာဝင်ရောက်နိုင်ဖို့ အမျိုးသမီးရဲ့ ခန္ဓာကိုယ်အောက်ပိုင်းကို မြှောက်ထား ခြေထောက်ကိုမြှောက်ထားပေးရတယ် ဆိုတာလည်း မှန်ကန်တဲ့ သက်သေ အထောက်အထား မရှိပါဘူး။ မိန်းမကိုယ်မှ သားအိမ်အထိ လမ်းကြောင်းဟာ တဖြောင့်တည်းမဟုတ်ဘဲ ကွေ့ဝိုက်တဲ့အတွက် သုတ်ရည်ဟာပြန်ထွက်ကျလာမလားရယ်လို့လည်း စိုးရိမ်စရာ မရှိပါဘူူး။

သားဥကြွေတဲ့အချိန်ကို ခန့်မှန်းရမယ်ဆိုရင်တော့ ရာသီလာပြီး ဆယ်ရက်ကနေ ၁၆ရက်အတွင်း ဖြစ်တဲ့ အတွက် ကိုယ့်ရာသီလာပြီးချိန်ကို သိတာကလည်း သားဥကြွေတာကို ခန့်မှန်းရာမှာ အထောက်အကူဖြစ်စေပါတယ်။

သားဥကြွေခြင်းကို ဟန့်တားထားတဲ့ သန္ဓေတားဆေးသုံးနေတဲ့အခါ နဲ့ ရာသီစက်ဝန်း ပုံမမှန်တဲ့အခါ တွေမှာတော့ သားဥကြွေခြင်းကို ခန့်မှန့်လို့ မရနိုင်ပြန်ပါဘူး။ဒါပေမယ့် ရာသီစက်ဝန်းပုံမှန် မဖြစ်တဲ့ အမျိုးသမီးတွေလည်း ကိုယ်ဝန်ဆောင်နိုင်ပါတယ်။ ရာသီစက်ဝန်းပုံမှန် မဖြစ်တဲ့အတွက် သားဥကြွေတာလည်း ပုံမှန်မကြွေတာ ကြွေချိန်မမှန်တာတွေ ရှိတဲ့အခါမို့ ပုံမှန်စက်ဝန်းရှိသူ တွေထက်တော့ နှောင့်နှေးနိုင်ပါတယ်။ လိုအပ်တယ်ဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသတိုင်ပင်လို့ရပါတယ်။

#ခွန်းညိုသွေး

“ကိုယ္ဝန္ေဆာင္ဖို႔ အေကာင္းဆံုး အခ်ိန္”

ကိုယ္ဝန္ေဆာင္ဖို႔ ဘယ္အခ်ိန္က အေကာင္းဆံုးပါလဲ ဆိုရင္ေတာ့ သဘာဝအတိုင္းဆိုရင္ သားဥအိမ္က ေႂကြက်တဲ့သားဥနဲ႔ ကိုယ့္အိမ္ေထာင္ဘက္ရဲ ႔သုတ္ပိုးနဲ႔ အတူတကြ ရွိေနႏိုင္သေလာက္ ရွိေနေပးျခင္းပါပဲ။

အကာအကြယ္မသံုးဘူး သေႏၶမတားထားဘူး ၿပီးေတာ့ မၾကာခဏ အတူေနျဖစ္ဆက္ဆံျဖစ္တယ္ဆိုရင္ အသက္၄၀ေအာက္မွာရွိတဲ့ ဘယ္အမ်ိဳးသား အမ်ိဳးသမီးစံုတြဲ မဆို ၂ႏွစ္အတြင္းမွာ ကိုယ္ဝန္ရယူႏိုင္ပါတယ္။

သားဥေႂကြခ်ိန္ကို စနစ္တက် တြက္ခ်က္ၿပီး အမ်ိဳးသားနဲ႔ အတူေနႏိုင္ဖို႔အထိ မလုပ္ႏိုင္ရင္လည္း ကိစၥမရွိပါဘူး။ ၂ရက္ျခား သို႔မဟုတ္ ၃ရက္ျခား အိမ္ေထာင္ဘက္နဲ႔ အတူခ်စ္တင္းေႏွာေပးတာဟာ ကိုယ္ဝန္ရေစမယ့္ အခြင့္အေရးကို တိုးျမင့္ေစႏိုင္ပါတယ္။

ဘာျဖစ္လို႔လဲ ဆိုေတာ့ သုတ္ရည္သုတ္ပိုးဟာ ၂ရက္ကေန ၃ရက္အထိ မိန္းမမ်ိဳးပြားလမ္းေၾကာင္းအတြင္း ေနထိုင္ႏိုင္တာမို႔ သားဥ ေႂကြတဲ့ အခါ ေပါင္းစပ္ၿပီး ကိုယ္ဝန္ရရွိေစမွာပါပဲ။

အဓိကကေတာ့ စိတ္ဖိစီးမႈ ေလွ်ာ့ခ်ၿပီး အိမ္ေထာင္ဘက္နဲ႔ အတူတူ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနမယ္ဆိုရင္လည္း ဒါက အေထာက္အကူျဖစ္ေစတဲ့ တစ္ခ်က္ပဲ ျဖစ္ပါတယ္။

ဒါေၾကာင့္ ကိုယ္ဝန္ေဆာင္ဖို႔ အေကာင္းဆံုးနဲ႔ ကိုယ္ဝန္ေဆာင္ႏိုင္တဲ့ အခြင့္အလမ္းတိုးျမင့္ဖို႔ကေတာ့ ၂ရက္ျခား တစ္ခါ သို႔မဟုတ္ ၃ရက္ျခား တစ္ခါမွာ ကိုယ္ရဲ႕ အိမ္ေထာင္ဘက္နဲ႔ ပံုမွန္ လိင္ဆက္ဆံမႈ ရွိဖို႔ပဲ ျဖစ္ပါတယ္။

ဘယ္လိုပံုစံနဲ႔ လိင္ဆက္ဆံျခင္းက ပိုၿပီး ကိုယ္ဝန္ရဖို႔ အခြင့္အလမ္းျမန္ေစတယ္ဆိုတာက မဟုတ္ပါဘူး။ မည္သည့္ ပံုစံနဲ႔ လိင္ဆက္ဆံသည္ပဲ ျဖစ္ေစ အမ်ိဳးသားရဲ႕ သုတ္ရည္ဟာ အမ်ိဳးသမီးရဲ႕ မိန္းမကိုယ္လမ္းေၾကာင္းအတြင္း ထုတ္ေပးထားသေရြ႕ ကိုယ္ဝန္ေဆာင္ေစႏိုင္မွာပါပဲ။ သုတ္ရည္ဟာ မိန္းမကိုယ္လမ္းေၾကာင္းမွ တဆင့္ သားအိမ္ေခါင္း၊ သားအိမ္ ထို႔ေနာက္ ဥသယ္ႁပြန္အထိ အဆင့္ဆင့္ ကူးခတ္သြားမွာပဲ ျဖစ္ပါတယ္။

လိင္ဆက္ဆံမႈ ၿပီးတဲ့အခါ သုတ္ရည္ေတြကို မိန္းမကိုယ္လမ္းေၾကာင္းထဲကို ေကာင္းစြာဝင္ေရာက္ႏိုင္ဖို႔ အမ်ိဳးသမီးရဲ႕ ခႏၶာကိုယ္ေအာက္ပိုင္းကို ေျမႇာက္ထား ေျခေထာက္ကိုေျမႇာက္ထားေပးရတယ္ ဆိုတာလည္း မွန္ကန္တဲ့ သက္ေသ အေထာက္အထား မရွိပါဘူး။ မိန္းမကိုယ္မွ သားအိမ္အထိ လမ္းေၾကာင္းဟာ တေျဖာင့္တည္းမဟုတ္ဘဲ ေကြ႕ဝိုက္တဲ့အတြက္ သုတ္ရည္ဟာျပန္ထြက္က်လာမလားရယ္လို႔လည္း စိုးရိမ္စရာ မရွိပါဘူူး။

သားဥေႂကြတဲ့အခ်ိန္ကို ခန္႔မွန္းရမယ္ဆိုရင္ေတာ့ ရာသီလာၿပီး ဆယ္ရက္ကေန ၁၆ရက္အတြင္း ျဖစ္တဲ့ အတြက္ ကိုယ့္ရာသီလာၿပီးခ်ိန္ကို သိတာကလည္း သားဥေႂကြတာကို ခန္႔မွန္းရာမွာ အေထာက္အကူျဖစ္ေစပါတယ္။

သားဥေႂကြျခင္းကို ဟန္႔တားထားတဲ့ သေႏၶတားေဆးသံုးေနတဲ့အခါ နဲ႔ ရာသီစက္ဝန္း ပံုမမွန္တဲ့အခါ ေတြမွာေတာ့ သားဥေႂကြျခင္းကို ခန္႔မွန္႔လို႔ မရႏိုင္ျပန္ပါဘူး။ဒါေပမယ့္ ရာသီစက္ဝန္းပံုမွန္ မျဖစ္တဲ့ အမ်ိဳးသမီးေတြလည္း ကိုယ္ဝန္ေဆာင္ႏိုင္ပါတယ္။ ရာသီစက္ဝန္းပံုမွန္ မျဖစ္တဲ့အတြက္ သားဥေႂကြတာလည္း ပံုမွန္မေႂကြတာ ေႂကြခ်ိန္မမွန္တာေတြ ရွိတဲ့အခါမို႔ ပံုမွန္စက္ဝန္းရွိသူ ေတြထက္ေတာ့ ေႏွာင့္ေႏွးႏိုင္ပါတယ္။ လိုအပ္တယ္ဆိုရင္ေတာ့ သားဖြားမီးယပ္ဆရာဝန္နဲ႔ ျပသတိုင္ပင္လို႔ရပါတယ္။

#ခြန္းညိဳေသြး

Related posts
All Articlesကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Complication of lack of antenatal care

1 Mins read
ကိုယ်ဝန်မအပ်ခြင်းရဲ့ ပြဿနာများ မိမိရင်သွေးလေးတွေ ကျန်းကျန်းမာမာနဲ့ မွေးဖွားကြီးပြင်းလာစေချင်တာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပဲဖြစ်ပါတယ်။ ကျန်းမာသန်စွမ်းတဲ့ ကလေးငယ်တွေအဖြစ် ကြီးပြင်းလာစေဖို့ ကိုယ်ဝန်ဆောင်စဉ် အချိန်တည်းက ဂရုစိုက်သင့်ပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ကျန်းမာရေး စောင့်ရှောက်သူများနဲ့ စောလျင်စွာ ကိုယ်ဝန်အပ်ခြင်း၊ ညွှန်ကြားချက်များ လိုက်နာခြင်း၊ စနစ်တကျ ကိုယ်ဝန်စောင့်ရှောက်မှုများ…
ကိုယ်ဝန်ဆောင်နှင့်မိခင် ကျန်းမာရေးမိခင်နှင့်ကလေးကျန်းမာရေး

Why do doctors ask for an ultrasound during pregnancy?

1 Mins read
ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ အာလ်ထရာဆောင်းရိုက်ခိုင်းတာ ဘာကြောင့်လဲ ❓ ~~~~~~~~~ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဆိုရင်…. သင့်ကိုယ်ဝန်ကို စောင့်ရှောက်ပေးတဲ့ သားဖွားမီးယပ်အထူးကု သို့မဟုတ် ဆရာဝန် ဆရာမက…. သင့်ကို အာလ်ထရာဆောင်းရိုက်ခိုင်းပါလိမ့်မယ်… ဒါကဘာအတွက်လဲ…. အာလ်ထရာဆောင်းရိုက်တာက ဘာတွေအကျိုးရှိသလဲ ဆိုရင် 👉(1) သင့်ဗိုက်ထဲက ကလေးငယ်ဟာ…
ကလေးကျန်းမာရေးစားသောက်မှုပုံစံဆီးချိုရောဂါမိခင်နှင့်ကလေးကျန်းမာရေးအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

Why Children Should Avoid Energy Drinks

1 Mins read
“Energy drink နဲ့ ကလေး” “ကလေးနဲ့Energy drink” တိုက်သင့်ရဲ့လားဆိုရင် 📌အဆုံးထိမဖတ်ချင်တဲ့လူတွေအတွက် အတိုချုပ်ပြောရရင် “နိုး” ပါ။ လုံးဝမတိုက်သင့်ပါဘူး။ ~~~~~~~~~~~~~~~~~~~~~~~~~~ ♦️ Energy drinks တွေဟာ ဈေးကွက်ထဲမှာ ဆိုရင်ဖြင့် ဒီဇိုင်း၊ ကာလာ၊ ဘာညာ…

Leave a Reply

Your email address will not be published. Required fields are marked *