ဆေးရုံတွေ သွားတိုင်း နောက်မှီလေးတွေနဲ့ လူနာတွေ တွေ့တွေ့နေရပါတယ်။ ဘာဖြစ်လို့ နောက်မှီလေးတွေနဲ့ ဖြစ်နေရတာပါလဲ?
နောက်မှီ နဲ့ နေရတဲ့ လူနာအများစုဟာ လှဲအိပ်လို့ မရတဲ့ လူနာတွေပါ။ သူတို့ဟာ လှဲအိပ်ရင် မွန်းတတ်ကြပါတယ်။ အဓိကအားဖြင့် နှလုံးအမောဖောက်ပြီး အဆုတ်ကို ရေလွှမ်းတဲ့ လူနာတွေဟာ လှဲမအိပ်နိုင်လို့ နောက်မှီလေးတွေနဲ့ နေကြရပါတယ်။ သူတို့ဟာ နှလုံးက ညှစ်အား မကောင်းတဲ့အတွက် အဆုတ်ထဲမှာ သွေးရည်ကြည်တွေ ဖုံးလာတတ်ပါတယ်။ ဒီလို ရောဂါရှင်တွေဟာ လှဲအိပ်လိုက်ရင် နှလုံးကို သွေးပြန်တဲ့ပမာဏများပြိး ပိုပို မောလာတတ်လို့ ညဘက်ဆို ငုတ်တုတ်ကလေးတွေ အိပ်ကြရပါတယ်။ ဒါကြောင့် နောက်မှီလေးနဲ့မှ အဆင်ပြေပါတယ်။
တစ်ခါ နှလုံးကို အရည်ဖိတဲ့ လူနာတွေ (Cardiac temponade)၊ အချို့ မွေးရာပါ နှလုံးဝေဒနာရှင်တွေ၊ နှလုံးအဆို့ရှင် အရမ်းကျဉ်းသွားတဲ့လူနာတွေလည်း ဒီလို အခြေအနေမျိုး ဖြစ်တတ်ပါတယ်။
နောက် အဆုတ် ဝေဒနာရှင် အချို့လည်း တူတူပါပဲ။ သူတို့ကတော့ လှဲအိပ်လိုက်ရင် ကြပ်သလို ခံစားရပြိး လှဲမအိပ်နိုင်ကြပါဘူး။ နောက်မှီလေးနဲ့မှ နေသာထိုင်သာ ရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ နောက်မှီနဲ့ ထိုင်နေတာ စတိုင်ထုတ်နေတာ မဟုတ်ပါဘူး။ လူနာရဲ့ ပင်ပန်းမှု နဲ့ ရောဂါဒဏ်ခံရမှု အခြေအနေတွေကို ပြနေပါတယ်။
လူနာပြုစုတော့မယ် ဆိုရင်လည်း နောက်မှီတစ်ခုတော့ ကောင်းကောင်း သုံးတတ်ဖို့ လိုပါတယ်။ တွေ့တွေ့ချင်းတော့ ဘာကြိးမှန်း မသိပေမယ့် သုံးတတ်သွားရင် Dreambed လိုပါပဲ။ သူက အရင်ဆုံး ကျောမှီမယ့်နေရာကို လူနာဘက်ကိုထားပြီး အောက်ဘက်က လက်တံကို ဖွင့်ချရပါတယ်။ အဲဒီလက်တံမှာ ပက်လက်ကုလားထိုင်မှာလို အထစ်လေးတွေ ပါပါတယ်။ အဲဒီ အထစ်လေးတွေထဲက လူနာနဲ့ သင့်တော်မယ့် အထစ်ထဲကို နောက်လက်တံကို အံချရတာပါ။
လူနာ နားနေဖို့ဆိုရင် ၄၅ ဒီဂရီက အကောင်းဆုံးပါ။ ဒါပေမယ့် လူနာက သိပ်မောနေရင် တို့၊ ထမင်းစားဖို့တို့ဆို ဒီ့ထက် မတ်လို့ ရပါတယ်။
ကိုယ်ကျန်းမာလို့ စိတ်ချမ်းသာကြပါစေ။
ဒေါက်တာယမင်း
ေဆးရံုေတြ သြားတိုင္း ေနာက္မွီေလးေတြနဲ႔ လူနာေတြ ေတြ႕ေတြ႕ေနရပါတယ္။ ဘာျဖစ္လို႔ ေနာက္မွီေလးေတြနဲ႔ ျဖစ္ေနရတာပါလဲ?
ေနာက္မွီ နဲ႔ ေနရတဲ့ လူနာအမ်ားစုဟာ လွဲအိပ္လို႔ မရတဲ့ လူနာေတြပါ။ သူတို႔ဟာ လွဲအိပ္ရင္ မြန္းတတ္ၾကပါတယ္။ အဓိကအားျဖင့္ နွလံုးအေမာေဖာက္ၿပီး အဆုတ္ကို ေရလႊမ္းတဲ့ လူနာေတြဟာ လွဲမအိပ္နိုင္လို႔ ေနာက္မွီေလးေတြနဲ႔ ေနၾကရပါတယ္။ သူတို႔ဟာ နွလံုးက ညႇစ္အား မေကာင္းတဲ့အတြက္ အဆုတ္ထဲမွာ ေသြးရည္ၾကည္ေတြ ဖံုးလာတတ္ပါတယ္။ ဒီလို ေရာဂါရွင္ေတြဟာ လွဲအိပ္လိုက္ရင္ နွလံုးကို ေသြးျပန္တဲ့ပမာဏမ်ားၿပိး ပိုပို ေမာလာတတ္လို႔ ညဘက္ဆို ငုတ္တုတ္ကေလးေတြ အိပ္ၾကရပါတယ္။ ဒါေၾကာင့္ ေနာက္မွီေလးနဲ႔မွ အဆင္ေျပပါတယ္။
တစ္ခါ နွလံုးကို အရည္ဖိတဲ့ လူနာေတြ (Cardiac temponade)၊ အခ်ိဳ႕ ေမြးရာပါ နွလံုးေဝဒနာရွင္ေတြ၊ နွလံုးအဆို႔ရွင္ အရမ္းက်ဥ္းသြားတဲ့လူနာေတြလည္း ဒီလို အေျခအေနမ်ိဳး ျဖစ္တတ္ပါတယ္။
ေနာက္ အဆုတ္ ေဝဒနာရွင္ အခ်ိဳ႕လည္း တူတူပါပဲ။ သူတို႔ကေတာ့ လွဲအိပ္လိုက္ရင္ ၾကပ္သလို ခံစားရၿပိး လွဲမအိပ္နိုင္ၾကပါဘူး။ ေနာက္မွီေလးနဲ႔မွ ေနသာထိုင္သာ ရွိပါတယ္။ ဒါေၾကာင့္ တစ္ခါတစ္ေလ ေနာက္မွီနဲ႔ ထိုင္ေနတာ စတိုင္ထုတ္ေနတာ မဟုတ္ပါဘူး။ လူနာရဲ႕ ပင္ပန္းမႈ နဲ႔ ေရာဂါဒဏ္ခံရမႈ အေျခအေနေတြကို ျပေနပါတယ္။
လူနာျပဳစုေတာ့မယ္ ဆိုရင္လည္း ေနာက္မွီတစ္ခုေတာ့ ေကာင္းေကာင္း သံုးတတ္ဖို႔ လိုပါတယ္။ ေတြ႕ေတြ႕ခ်င္းေတာ့ ဘာႀကိးမွန္း မသိေပမယ့္ သံုးတတ္သြားရင္ Dreambed လိုပါပဲ။ သူက အရင္ဆံုး ေက်ာမွီမယ့္ေနရာကို လူနာဘက္ကိုထားၿပီး ေအာက္ဘက္က လက္တံကို ဖြင့္ခ်ရပါတယ္။ အဲဒီလက္တံမွာ ပက္လက္ကုလားထိုင္မွာလို အထစ္ေလးေတြ ပါပါတယ္။ အဲဒီ အထစ္ေလးေတြထဲက လူနာနဲ႔ သင့္ေတာ္မယ့္ အထစ္ထဲကို ေနာက္လက္တံကို အံခ်ရတာပါ။
လူနာ နားေနဖို႔ဆိုရင္ ၄၅ ဒီဂရီက အေကာင္းဆံုးပါ။ ဒါေပမယ့္ လူနာက သိပ္ေမာေနရင္ တို႔၊ ထမင္းစားဖို႔တို႔ဆို ဒီ့ထက္ မတ္လို႔ ရပါတယ္။
ကိုယ္က်န္းမာလို႔ စိတ္ခ်မ္းသာၾကပါေစ။
ေဒါက္တာယမင္း