အသားအရေလှစေသော သတ္တုဓာတ် သို့ ဇင့်
သံချပ်ကာလို ဇင့် သတ္တုဓာတ်သည် ကိုယ်ခန္ဓာကို ကာကွယ်ပေးနေသည်မှာ အမှန်ဖြစ်ပေသည်။ ခုခံအားကိုတက်စေပြီး ပျက်စီးနေသော အရေပြားပြုပြင်ပေးခြင်းဖြင့် နေ့စဉ်ကာကွယ်စောင့်ရှောက်ပေးနေသည်။ ထို့ကြောင့် အချို့သော သမားတော်များပင် ကျန်းမာရေးအတွက် ဇင့်ပါဝင်သော အားဆေး၊ အစားအစာ၊ အလှကုန်ပစ္စည်းများကို အသုံးပြုရန် ညွှန်ကြားတတ်ကြပေသည်။
- ဇင့် သတ္တုသည် ကျန်းမာသန်စွမ်းသော ဆံသား၊ အသားအရေ၊ လက်သည်းခြေသည်းများအတွက် အရေးကြီးပါသည်။
- အသားကွဲပက်ခြင်း၊ ဆံသားနှင့် ခြေသည်းလက်သည်းများ ကျွတ်ဆတ်ခြင်းဖြစ်နေပါက ဤသတ္တုဓာတ်ပိုမိုလိုအပ်နေသည် ဆိုသော အဓိပ္ပာယ်ဖြစ်ပေသည်။ ဝက်ခြံနှင့် အရေပြားယောင်ယမ်း ခြင်းများ ကုသရာတွင်လည်း အရေးပါပါသည်။
- ဝိက်ချရာတွင် အကူအညီပေးသည်။
- ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေသည်။
- ဆဲလ်ကြီးထွားခြင်းနှင့် ပွားခြင်းကို ဖြစ်စေသည်။
- ထို့ကြောင့် ကိုယ်ဝန်ဆောင်ချိန်တွင် သန္ဓေသား ကြီးထွားမှုကို အားပေးသည်။ ထို့ပြင် ကလေးများနှင့် ဆယ်ကျော်သက်များတွင် အရပ်အမောင်းထွက်လာခြင်းနှင့် အရိုးသိပ်သည်းမှုကိုတွင် ပါဝင်ကူညီပေးနေသည်။
- အမြင်အားကို ကောင်းမွန်စေသည်။
- ကလေးရနိုင်အောင် ကူညီပေးသည်။
- ဤသတ္တုဓာတ်သည် သုတ်ပိုး အရေအတွက်ကို များစေပြီး ဆီးကျိတ်ပိုးဝင်ခြင်း၊ ပျက်စီးခြင်းကို ကာကွယ်ပေးသည်။ အမျိုးသမီးများတွင် ဇင့် အားဆေးသောက်သုံးခြင်းဖြင့် ဓမ္မတာလာစဉ် ခံစားရသော ဝေဒနာများကို သက်သာစေသည်။
- စားချင်စိတ်ကို ဖြစ်စေသည်။
- အစားအသောက်ပျက်သော အကြောင်းရင်းများတွင် ဇင့် သတ္တုဓာတ်ချို့တဲ့ခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အနံ့အရသာ ခံစားမှုကို ကောင်းမွန်စေသဖြင့် စားသောက် ကောင်းခြင်းကို ဖြစ်ပေါ်စေသည်။
ထိုသို့ အကျိုးများသော သတ္တုဓာတ်ကို အောက်ပါ အစားအစာများကို စားသုံးခြင်းဖြင့် ရရှိနိုင်ပါသည်။
- အနီရောင်ရှိသော အသားများ
- ဝက်သား
- ဥအမျိုးမျိုး
- ငါးနှင့် ပင်လယ်စာများ
- နို့ထွက်ပစ္စည်းများ
- ပေါင်မုန့်
- သကြားနှင့် တာရှည်ခံအစားအစာများ
- အစိမ်းရောင် ဟင်းသီးဟင်းရွက်များ
- အာလူး
- လတ်ဆတ်သော သစ်သီးများ
ထိုအစားအစာများကို နေ့စဉ်ပါဝင်အောင် စားသုံးခြင်းဖြင့် ကျန်းမာသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်သူများ ဖြစ်လာနိုင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ဇင့်ပါသော အားဆေးများသောက်သုံးခြင်းဖြင့်လည်း ရရှိနိုင်ပါသည်။
သို့သော် တစ်နေ့လျှင် ၄၀ မီလီဂရမ်ထက်ပို၍မသောက်သင့်ပါ။ အစားများပါက ပျို့ခြင်း၊ အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်တက်ခြင်း၊ ခေါင်းမူးခြင်းနှင့် ပါးစပ်အတွင်း သတ္တုဓာတ်အရသာ ရခြင်းဖြစ်တတ်ပါသည်။ ထို့ကြောင့် တန်ဆေးလွန်ဘေး သတိပြု၍ သုံးစွဲသင့်ပါသည်။
ရီချို(ဆေး ၁)
အသားအေရလွေစေသာ သတၱဳဓာတ္္ သို႔ ဇင့္
သံခ်ပ္ကာလို ဇင့္ သတၱဳဓာတ္သည္ ကိုယ္ခႏၶာကို ကာကြယ္ေပးေနသည္မွာ အမွန္ျဖစ္ေပသည္။ ခုခံအားကိုတက္ေစျပီး ပ်က္စီးေနေသာ အေရျပားျပဳျပင္ေပးျခင္းျဖင့္ ေန႔စဥ္ကာကြယ္ေစာင့္ေရွာက္ေပးေနသည္။ ထို႔ေၾကာင့္ အခ်ိဳ႕ေသာ သမားေတာ္မ်ားပင္ က်န္းမာေရးအတြက္ ဇင့္ပါဝင္ေသာ အားေဆး၊ အစားအစာ၊ အလွကုန္ပစၥည္းမ်ားကို အသံုးျပဳရန္ ညႊန္ၾကားတတ္ၾကေပသည္။
- ဇင့္ သတၱဳသည္ က်န္းမာသန္စြမ္းေသာ ဆံသား၊ အသားအေရ၊ လက္သည္းေျခသည္းမ်ားအတြက္ အေရးၾကီးပါသည္။
- အသားကြဲပက္ျခင္း၊ ဆံသားႏွင့္ ေျခသည္းလက္သည္းမ်ား ကၽြတ္ဆတ္ျခင္းျဖစ္ေနပါက ဤသတၱဳဓာတ္ပိုမိုလိုအပ္ေနသည္ ဆိုေသာ အဓိပၸာယ္ျဖစ္ေပသည္။ ဝက္ျခံႏွင့္ အေရျပားေယာင္ယမ္း ျခင္းမ်ား ကုသရာတြင္လည္း အေရးပါပါသည္။
- ဝိက္ခ်ရာတြင္ အကူအညီေပးသည္။
- ခုခံအားစနစ္ကို တိုးတက္ေကာင္းမြန္ေစသည္။
- ဆဲလ္ၾကီးထြားျခင္းႏွင့္ ပြားျခင္းကို ျဖစ္ေစသည္။
- ထို႔ေၾကာင့္ ကိုယ္ဝန္ေဆာင္ခ်ိန္တြင္ သေႏၶသား ၾကီးထြားမႈကို အားေပးသည္။ ထို႔ျပင္ ကေလးမ်ားႏွင့္ ဆယ္ေက်ာ္သက္မ်ားတြင္ အရပ္အေမာင္းထြက္လာျခင္းနွင့္ အရိုးသိပ္သည္းမႈကိုတြင္ ပါဝင္ကူညီေပးေနသည္။
- အျမင္အားကို ေကာင္းမြန္ေစသည္။
- ကေလးရနိုင္ေအာင္ ကူညီေပးသည္။
- ဤသတၱဳဓာတ္သည္ သုတ္ပိုး အေရအတြက္ကို မ်ားေစျပီး ဆီးက်ိတ္ပိုးဝင္ျခင္း၊ ပ်က္စီးျခင္းကို ကာကြယ္ေပးသည္။ အမ်ိဳးသမီးမ်ားတြင္ ဇင့္ အားေဆးေသာက္သံုးျခင္းျဖင့္ ဓမၼတာလာစဥ္ ခံစားရေသာ ေဝဒနာမ်ားကို သက္သာေစသည္။
- စားခ်င္စိတ္ကို ျဖစ္ေစသည္။
- အစားအေသာက္ပ်က္ေသာ အေၾကာင္းရင္းမ်ားတြင္ ဇင့္ သတၱဳဓာတ္ခ်ိဳ႕တဲ့ျခင္းသည္လည္း တစ္ခုအပါအဝင္ျဖစ္သည္။ အန႔ံအရသာ ခံစားမႈကို ေကာင္းမြန္ေစသျဖင့္ စားေသာက္ ေကာင္းျခင္းကို ျဖစ္ေပၚေစသည္။
ထိုသို႔ အက်ိဳးမ်ားေသာ သတၱဳဓာတ္ကို ေအာက္ပါ အစားအစာမ်ားကို စားသံုးျခင္းျဖင့္ ရရွိနိုင္ပါသည္။
- အနီေရာင္ရွိေသာ အသားမ်ား
- ဝက္သား
- ဥအမ်ိဳးမ်ိဳး
- ငါးႏွင့္ ပင္လယ္စာမ်ား
- နို႔ထြက္ပစၥည္းမ်ား
- ေပါင္မုန္႔
- သၾကားႏွင့္ တာရွည္ခံအစားအစာမ်ား
- အစိမ္းေရာင္ ဟင္းသီးဟင္းရြက္မ်ား
- အာလူး
- လတ္ဆတ္ေသာ သစ္သီးမ်ား
ထိုအစားအစာမ်ားကို ေန႔စဥ္ပါဝင္ေအာင္ စားသံုးျခင္းျဖင့္ က်န္းမာေသာ ခႏၶာကိုယ္ကို ပိုင္ဆိုင္သူမ်ား ျဖစ္လာနုိင္သည္မွာ အမွန္ပင္ျဖစ္ပါသည္။ ဇင့္ပါေသာ အားေဆးမ်ားေသာက္သံုးျခင္းျဖင့္လည္း ရရွိနိုင္ပါသည္။
သို႔ေသာ္ တစ္ေန႔လွ်င္ ၄၀ မီလီဂရမ္ထက္ပို၍မေသာက္သင့္ပါ။ အစားမ်ားပါက ပ်ိဳ႕ျခင္း၊ အန္ျခင္း၊ ေခါင္းကိုက္ျခင္း၊ ၾကြက္တက္ျခင္း၊ ေခါင္းမူးျခင္းႏွင့္ ပါးစပ္အတြင္း သတၱဳဓာတ္အရသာ ရျခင္းျဖစ္တတ္ပါသည္။ ထို႔ေၾကာင့္ တန္ေဆးလြန္ေဘး သတိျပဳ၍ သံုးစြဲသင့္ပါသည္။
ရီခ်ိဳ(ေဆး ၁)