ဒိန်ချဉ်မှာ ဘယ်လိုကောင်းကျိုးတွေရှိလဲ

ဒိန်ချဉ်ရဲ့ကောင်းကျိုးကို တော်တော်များများ သိပြီးသားဖြစ်ပါတယ်။ လူသိများတဲ့ အချက်တွေဖြစ်တဲ့ အသားအရေလှစေခြင်း၊ ဝမ်းမှန်စေခြင်း စတဲ့ အချက်တွေရှိတဲ့ အတွက် ကျန်းမာရေး အရ အလွန်ကောင်းတဲ့ အစားအစာတစ်ခု ဖြစ်ပါတယ်။ လူကြီးကစ ကလေးငယ်များ အထိနှစ်သက်ကြပါတယ်။ ဒိန်ချဉ်ကို အစာအဖြစ်ရော ဆေးအဖြစ်ပါ စားသုံးကြတာ တွေ့ရပါတယ်။ နွားနို့ကို တစ်ချို့လူတွေ မတည့်တာတွေ ရှိတတ်ပေမယ့် ဒိန်ချဉ်ကိုတော့ တော်တော်များများ တည့်တာကြောင့် စိတ်ချလက်ချစားတတ်ကြပါတယ်။ ဒိန်ချဉ်ကို ကျန်းမာရေး ရှုထောင့်အရ လေ့လာကြပါမယ်။

ဒိန်ချဉ်မှာ ကိုယ်ခန္တာအတွက် အလွန်ကောင်းမွန်တဲ့ ဓာတ်များစွာ ပါဝင်ပါတယ်။ အသားဓာတ် ကြွယ်ဝပြီး သတ်သတ်လွတ်စားသုံးသူများ အတွက် အလွန်သင့်တော်တဲ့ အစားအစာ တစ်ခု ဖြစ်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းအတွက် အကောင်းဆုံး ဖြစ်ပြီး ဝမ်းချုပ်တာ၊ ခဏခဏ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာတွေကို ကာကွယ်ပေးပြီး အစာချေဖျက်မှုကောင်းစေပါတယ်။ ဝမ်းချုပ်တတ်တဲ့ လူကြီးသူမများနဲ့ ၁ နှစ်အထက် ကလေးများ အတွက် အလွန်ကောင်းမွန်ပါတယ်။ ကယ်လဆီယမ်ဓာတ်၊ ဗီတာမင် D၊ မီးစုန်းဓာတ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝတာကြောင့် အရိုးနဲ့ သွားကို ခိုင်မာစေပြီး အမျိုးသမီးတွေမှာ အဖြစ်များတဲ့ အရိုးပါးခြင်း၊ အရိုးပွခြင်း တို့ကို ကာကွယ်ပေးပါတယ်။ ကလေးများရဲ့ အရိုးအဆစ်များ သန်မာစေပြီး အရပ်ရှည်စေပါတယ်။ ကိုယ်အလေးချိန်ကို လျော့ကျစေပြီး၊ ကိုယ်အလေးချိန်ကို ရေရှည်ထိန်းထားနိုင်မယ်ဆိုရင် နောက်ဆက်တွဲ ရောဂါတွေဖြစ်တဲ့ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနဲ့ကင်ဆာ အမျိုးမျိုးကို ကြိုတင်ကာကွယ်တားဆီး ပြီးသား ဖြစ်သွားပါတယ်။

ဒိန်ချဉ် (Plain) သကြား မပါတဲ့ အလွတ် ၁၀၀ ဂရမ်မှာ ၆၁ ကယ်လိုရီပါဝင်ပြီး အသားဓာတ် ၃.၅ ဂရမ် နဲ့ ကစီဓာတ် ၄.၇ ဂရမ် ပါဝင်ပါတယ်။ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာဖြစ်ပါတယ်။ ၈၈% ထိပါဝင်ပါတယ်။ နိုင်ငံအလိုက်စားသုံးကြတဲ့ ဒိန်ချဉ်အမျိုးအစား အမျိုးမျိုး ကွဲပါတယ်။ ကျမတို့နိုင်ငံမှာ သကြား၊ ထန်းလျက်၊ အုန်းသီး တို့နဲ့တွဲစားကြပေယ့် တခြားနိုင်ငံတွေမှာတော့ ဟင်းထဲ ထည့်ချက်တာတွေ၊ အရွက်သုပ်ထဲ ထည့်သုပ်တာတွေ လုပ်ကြပါတယ်။ အသုံးပြုပုံ ကွာပေမယ့် အကျိုးရှိတာကတော့ အတူတူပါပဲ။ လူကြီးတွေကတော့ အဆီနည်းနို့နဲ့ပြုလုပ်ထားတဲ့ Low fat yoghurt ကို စားသုံးသင့်ပါတယ်။ ဖြစ်နိုင်ရင် ပလိန်းသပ်သပ် က ပိုတောင်ကောင်းပါသေးတယ်။ ကလေးတွေကတော့ မလိုင်ပြည့် ဒိန်ချဉ်သောက်နိုင်ပါတယ် ကလေးတွေကို လည်း ဒိန်ချဉ်ကြိုက်တတ်အောင် သေချာလေ့ကျင့်ထားပေးသင့်ပါတယ် ဒါမှ ဝမ်းချုပ်တာတို့ ဝမ်းမကြာမကြာ လျှောတာတို့ မဖြစ်မှာပါ။

ဆီးချိုရှိတဲ့သူတွေ အနေနဲ့ သကြား၊ ထန်းလျက် မထည့်ဘဲ စားသုံးတာ သင့်တော်ပါတယ်။ ကလေးငယ်များ အကြိုက်တွေ့တာကတော့ အသီး ဒိန်ချဉ်ဖြစ်ပါတယ်။ အသီး တစ်မျိုးမျိုးနဲ့ ရောစပ်ပြီး စားတာ ဖြစ်ဖြစ် Blender နဲ့ကျိတ်တာဖြစ်ဖြစ် ကျန်းမာရေးအရ အလွန်ကောင်းမွန်ပါတယ်။
လူတစ်ယောက်လျှင် တစ်နေ့တာ လိုအပ်ချက်မှာ နို့နဲ့နို့ထွက်ပစ္စည်း ၂ ခွက်ခန့်ဖြစ်တာကြောင့် တစ်နေ့ကို ဒိန်ချဉ် တစ်ခွက် ထည့်သောက်ပေးမယ်ဆို သင့်တော်ပါတယ်။ ဒါကြောင့် နို့သောက်ဖို့ကြိုးစားရင်း၊နို့မကြိုက်သူများ ဒိန်ချဉ်သောက်ကြဖို့တိုက်တွန်းလိုက်ပါတယ်။
ကျန်းမာပျော်ရွှင်သော ဘဝများ ပိုင်ဆိုင်ကြပါစေ။

Dr. Jasmine
ဒိန္ခ်ဥ္မွာ ဘယ္လိုေကာင္းက်ိဳးေတြရွိလဲ

ဒိန္ခ်ဥ္ရဲ ့ေကာင္းက်ိဳးကို ေတာ္ေတာ္မ်ားမ်ား သိျပီးသားျဖစ္ပါတယ္။ လူသိမ်ားတဲ့ အခ်က္ေတြျဖစ္တဲ့ အသားအေရလွေစျခင္း၊ ၀မ္းမွန္ေစျခင္း စတဲ့ အခ်က္ေတြရွိတဲ့ အတြက္ က်န္းမာေရး အရ အလြန္ေကာင္းတဲ့ အစားအစာတစ္ခု ျဖစ္ပါတယ္။ လူၾကီးကစ ကေလးငယ္မ်ား အထိနွစ္သက္ၾကပါတယ္။ ဒိန္ခ်ဥ္ကို အစာအျဖစ္ေရာ ေဆးအျဖစ္ပါ စားသံုးၾကတာ ေတြ ့ရပါတယ္။ ႏြားနို ့ကို တစ္ခ်ိဳ ့လူေတြ မတည့္တာေတြ ရွိတတ္ေပမယ့္ ဒိန္ခ်ဥ္ကိုေတာ့ ေတာ္ေတာ္မ်ားမ်ား တည့္တာေၾကာင့္ စိတ္ခ်လက္ခ်စားတတ္ၾကပါတယ္။ ဒိန္ခ်ဥ္ကို က်န္းမာေရး ရွဳေထာင့္အရ ေလ့လာၾကပါမယ္။

ဒိန္ခ်ဥ္မွာ ကိုယ္ခႏၱာအတြက္ အလြန္ေကာင္းမြန္တဲ့ ဓာတ္မ်ားစြာ ပါ၀င္ပါတယ္။ အသားဓာတ္ ၾကြယ္၀ျပီး သတ္သတ္လြတ္စားသံုးသူမ်ား အတြက္ အလြန္သင့္ေတာ္တဲ့ အစားအစာ တစ္ခု ျဖစ္ပါတယ္။ အစာအိမ္နဲ ့ အူလမ္းေၾကာင္္းအတြက္ အေကာင္းဆံုး ျဖစ္ျပီး ၀မ္းခ်ဳပ္တာ၊ ခဏခဏ ၀မ္းပ်က္၀မ္းေလ်ွာ ျဖစ္တာေတြကို ကာကြယ္ေပးျပီး အစာေခ်ဖ်က္မွုေကာင္းေစပါတယ္။ ၀မ္းခ်ဳပ္တတ္တဲ့ လူၾကီးသူမမ်ားနဲ ့ ၁ နွစ္အထက္ ကေလးမ်ား အတြက္ အလြန္ေကာင္းမြန္ပါတယ္။ ကယ္လဆီယမ္ဓာတ္၊ ဗီတာမင္ D၊ မီးစုန္းဓာတ္ နဲ ့ ပိုတက္ဆီယမ္ ၾကြယ္၀တာေၾကာင့္ အရိုးနဲ ့ သြားကို ခိုင္မာေစျပီး အမ်ိဳးသမီးေတြမွာ အျဖစ္မ်ားတဲ့ အရိုးပါးျခင္း၊ အရိုးပြျခင္း တို ့ကို ကာကြယ္ေပးပါတယ္။ ကေလးမ်ားရဲ ့ အရိုးအဆစ္မ်ား သန္မာေစျပီး အရပ္ရွည္ေစပါတယ္။ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစျပီး၊ ကိုယ္အေလးခ်ိန္ကို ေရရွည္ထိ္န္းထားနိုင္မယ္ဆိုရင္ ေနာက္ဆက္တြဲ ေရာဂါေတြျဖစ္တဲ့ ေသြးတိုး၊ ဆီးခ်ိဳ၊ နွလံုးေရာဂါနဲ ့ကင္ဆာ အမ်ိဳးမ်ိဳးကို ၾကိဳတင္ကာကြယ္တားဆီး ျပီးသား ျဖစ္သြားပါတယ္။

ဒိန္ခ်ဥ္ (Plain) သၾကား မပါတဲ့ အလြတ္ ၁၀၀ ဂရမ္မွာ ၆၁ ကယ္လိုရီပါ၀င္ျပီး အသားဓာတ္ ၃.၅ ဂရမ္ နဲ ့ ကစီဓာတ္ ၄.၇ ဂရမ္ ပါ၀င္ပါတယ္။ ေရဓာတ္ၾကြယ္၀တဲ့ အစားအစာျဖစ္ပါတယ္။ ၈၈% ထိပါ၀င္ပါတယ္။ နိုင္ငံအလိုက္စားသံုးၾကတဲ့ ဒိန္ခ်ဥ္အမ်ိဳးအစား အမ်ိဳးမ်ိဳး ကြဲပါတယ္။ က်မတို ့နိုင္ငံမွာ သၾကား၊ ထန္းလ်က္၊ အုန္းသီး တို ့နဲ ့တြဲစားၾကေပယ့္ တျခားနိုင္ငံေတြမွာေတာ့ ဟင္းထဲ ထည့္ခ်က္တာေတြ၊ အရြက္သုပ္ထဲ ထည့္သုပ္တာေတြ လုပ္ၾကပါတယ္။ အသံုးျပဳပံု ကြာေပမယ့္ အက်ိဳးရွိတာကေတာ့ အတူတူပါပဲ။ လူၾကီးေတြကေတာ့ အဆီနည္းနို ့နဲ ့ျပဳလုပ္ထားတဲ့ Low fat yoghurt ကို စားသံုးသင့္ပါတယ္။ ျဖစ္နိုင္ရင္ ပလိန္းသပ္သပ္ က ပိုေတာင္ေကာင္းပါေသးတယ္။ ကေလးေတြကေတာ့ မလိုင္ျပည့္ ဒိန္ခ်ဥ္ေသာက္ႏိုင္ပါတယ္ ကေလးေတြကို လည္း ဒိန္ခ်ဥ္ႀကိဳက္တတ္ေအာင္ ေသခ်ာေလ့က်င့္ထားေပးသင့္ပါတယ္ ဒါမွ ၀မ္းခ်ဳပ္တာတို႔ ၀မ္းမၾကာမၾကာ ေလၽွာတာတို႔ မျဖစ္မွာပါ။

ဆီးခ်ိဳရွိတဲ့သူေတြ အေနနဲ ့ သၾကား၊ ထန္းလ်က္ မထည့္ဘဲ စားသံုးတာ သင့္ေတာ္ပါတယ္။ ကေလးငယ္မ်ား အၾကိဳက္ေတြ ့တာကေတာ့ အသီး ဒိန္ခ်ဥ္ျဖစ္ပါတယ္။ အသီး တစ္မ်ိဳးမ်ိဳးနဲ ့ ေရာစပ္ျပီး စားတာ ျဖစ္ျဖစ္ Blender နဲ ့က်ိတ္တာျဖစ္ျဖစ္ က်န္းမာေရးအရ အလြန္ေကာင္းမြန္ပါတယ္။
လူတစ္ေယာက္လ်ွင္ တစ္ေန ့တာ လိုအပ္ခ်က္မွာ နို ့နဲ ့နို ့ထြက္ပစၥည္း ၂ ခြက္ခန္ ့ျဖစ္တာေၾကာင့္ တစ္ေန ့ကို ဒိန္ခ်ဥ္ တစ္ခြက္ ထည့္ေသာက္ေပးမယ္ဆို သင့္ေတာ္ပါတယ္။ ဒါေၾကာင့္ နိ္ု ့ေသာက္ဖို ့ၾကိဳးစားရင္း၊နို ့မၾကိဳက္သူမ်ား ဒိန္ခ်ဥ္ေသာက္ၾကဖို ့တိုက္တြန္းလိုက္ပါတယ္။
က်န္းမာေပ်ာ္ရႊင္ေသာ ဘ၀မ်ား ပိုင္ဆိုင္ၾကပါေစ။

Dr. Jasmine

Related posts
နေထိုင်မှုပုံစံအခြားရောဂါများအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

မခံမရပ်နိုင်အောင် ဇက်ကြောတက် နေရခြင်းရဲ့ ဖြစ်နိုင်ခြေရှိသော အကြောင်းအရင်းများ

1 Mins read
ယနေ့ခေတ်လို ကွန်ပျူတာ၊ laptop၊ ဖုန်း၊ tablet စတာတွေကို အသုံးများလာတဲ့ခေတ်မှာ ဇက်ကြောတက် ခြင်းက အဖြစ် များလာတဲ့ ပြဿနာတစ်ခုပဲဖြစ်ပါတယ်။  ဇက်ကြောတက်ခြင်းကို ဖြစ်စေတဲ့အကြောင်းအရင်းတွေ ကတော့- (၁) ကြွက်သားတောင့်တင်းခြင်း သို့မဟုတ် ညောင်းညာခြင်း ကိုယ်ဟန်အနေအထား မမှန်ခြင်း၊ ရုတ်တရက်…
နေထိုင်မှုပုံစံအလှအပအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

ဒေါက်ဖိနပ် အမြဲစီးသူတို့ သိထားသင့်သောအရာများ

1 Mins read
သင်ဟာ ဒေါက်ဖိနပ် အမြဲစီးတတ်တဲ့သူတစ်ယောက်ဆိုရင် သက်တောင့်သက်သာဖြစ်ရေး၊ ဘေးကင်းမှုနဲ့ ကျန်းမာ ရေးအတွက် သင်သိထားသင့်တဲ့ အရေးကြီးအချက်တွေရှိပါတယ်။ ဒေါက်ဖိနပ်စီးခြင်းဟာ အရပ် ရှည်သွားစေ ခြင်း၊ စမတ်ကျခြင်း၊ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေခြင်း၊ ဆွဲဆောင်မှုရှိစေခြင်း စတဲ့အချက်တွေကြောင့် စီးလေ့ ရှိကြပါတယ်။ သို့သော်လည်း တစ်ဖက်မှာတော့…
စားသောက်မှုပုံစံအလှအပနှင့်နေထိုင်စားသောက်မှုပုံစံ

လတ်ဆတ်တဲ့ အသား နဲ့အသားခြောက် တို့မှာကွာခြားချက်ရှိနေလား

1 Mins read
အသား လတ်လတ်ဆတ်ဆတ်နဲ့ အသားခြောက်တို့ကြား သိသာထင်ရှားတဲ့ ကွာခြားချက်ရှိပါတယ်။ အစိုဓာတ် ပါဝင်မှု၊ လျှာပေါ်မှာထိတွေ့ခံစားရတဲ့ အနေအထား၊ ထိန်းသိမ်းမှုနည်းလမ်းများနှင့် ချက်ပြုတ်တဲ့ နည်းလမ်းများမှာ ကွာခြားမှုတွေ ရှိပါတယ်။ အစိုဓာတ်ပါဝင်မှု- လက်ဆတ်တဲ့အသားနဲ့ အသားခြောက်တို့ကြား အဓိကကွာခြားချက်မှာ အစိုဓာတ် ပါဝင်မှုပဲ ဖြစ်ပါတယ်။ လတ်ဆတ်သောအသားတွေမှာ…

Leave a Reply

Your email address will not be published. Required fields are marked *